၁၇ နိုဝင်ဘာ ၂၀၂၆ - ၁၅:၅၇
အမေရိကန်၏ MQM-170 မောင်းသူမဲ့လေယာဉ် နဝမမြောက်စင်းကို မပျက်မစီး အရှင်ဖမ်းဆီးရမိခဲ့

အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က စင်တကွန်း (CENTCOM) ၏ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ကိရိယာများသည် အစောင့်တပ်ဖွဲ့၏ အီလက်ထရွန်နစ်စစ်ဆင်ရေးစွမ်းရည်ကို ရင်ဆိုင်ရာတွင် ဆက်လက်ရှုံးနိမ့်နေသည့်အခြေအနေ၌ အမေရိကန်၏ MQM-170 မောင်းသူမဲ့လေယာဉ် နဝမမြောက်စင်းကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) က စင်တကွန်း (CENTCOM) ၏ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ကိရိယာများသည် အစောင့်တပ်ဖွဲ့၏ အီလက်ထရွန်နစ်စစ်ဆင်ရေးကို ရင်ဆိုင်ရာတွင် ဆက်လက်ရှုံးနိမ့်နေသည့်အခြေအနေ၌ အမေရိကန်၏ MQM-170 မောင်းသူမဲ့လေယာဉ် နဝမမြောက်စင်းကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်သော ကြေညာချက်တွင် အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

မကြာသေးမီက အမေရိကန်ကျူးကျော်စစ်တပ်၏ စစ်ဘက်ဆိုင်ရာ ကိရိယာများကို ဆန့်ကျင်၍ အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ဝင် စစ်သည်များက အောင်မြင်စွာ ဆင်နွှဲခဲ့သည့် စစ်ဆင်ရေးများ၏ အဆက်အဖြစ် အမေရိကန်နိုင်ငံပိုင် MQM-170 မောင်းသူမဲ့လေယာဉ်တစ်စင်းကို အစောင့်တပ်ဖွဲ့၏ အာကာသနှင့် လေကြောင်းတပ်ဖွဲ့မှ ကျွမ်းကျင်ပညာရှင်များက တိကျအောင်မြင်သော အီလက်ထရွန်နစ်စစ်ဆင်ရေးတစ်ရပ်ဖြင့် ကွရှ်မ်ကျွန်းတောင်ပိုင်း ကောင်းကင်ယံ၌ ထိန်းချုပ်နိုင်ခဲ့ပြီး လုံးဝမပျက်မစီး မြေပြင်ပေါ်သို့ ဆင်းသက်စေခဲ့ပါတယ်။

ယခု မောင်းသူမဲ့လေယာဉ်ကို ဖမ်းဆီးရမိခဲ့ခြင်းကြောင့် အရှင်ဖမ်းဆီးရမိထားသော MQM-170 မောင်းသူမဲ့လေယာဉ် စုစုပေါင်းမှာ ကိုးစင်းအထိ ရှိလာပြီဖြစ်ပါတယ်။

အမေရိကန်၏ MQM-170 မောင်းသူမဲ့လေယာဉ် နဝမမြောက်စင်းကို မပျက်မစီး အရှင်ဖမ်းဆီးရမိခဲ့

အမေရိကန်၏ အဆင့်မြင့်စစ်ဘက်ဆိုင်ရာ ကိရိယာများကို ဆက်လက်ဖျက်ဆီးခြင်းနှင့် အရှင်ဖမ်းဆီးရမိခြင်းတို့က စင်တကွန်း၏ ဆုံးရှုံးမှုစာရင်းသည် အလွန်အမင်း မြင့်တက်လာသဖြင့် ယင်းဌာနချုပ်၏ တပ်မှူးများပင် ဆုံးရှုံးမှုအရေအတွက်ကို ရေတွက်နိုင်စွမ်း မရှိတော့သည့်အခြေအနေသို့ ရောက်ရှိနေကြောင်း ထင်ရှားစေပါတယ်။

အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ အာကာသနှင့် လေကြောင်းတပ်ဖွဲ့မှ လူငယ်အရာရှိများနှင့် ထူးချွန်သော ပညာရှင်များသည် ပြည်တွင်း၌ တီထွင်ဖန်တီးထားသော အသိပညာနှင့် အီလက်ထရွန်နစ်စစ်ဆင်ရေးနယ်ပယ်ရှိ တီထွင်ကြံဆနိုင်စွမ်းတို့ကို အခြေခံ၍ အမေရိကန်၏ နည်းပညာဆိုင်ရာ သာလွန်မှုဟု ကြွေးကြော်ထားခြင်းသည် ၎င်း၏ စစ်ဘက်ဆိုင်ရာ ကိရိယာများ ဘေးကင်းလုံခြုံမှုရှိမည်ဟု အာမခံချက်မဟုတ်ကြောင်း ထပ်မံသက်သေပြခဲ့ကြပါတယ်။

အီရန်နိုင်ငံ၏ ကောင်းကင်ယံသည် ကျူးကျော်သူများ၏ စမ်းသပ်မှုနှင့် အမှားအယွင်းပြုလုပ်ရာ နေရာတစ်ခု ဖြစ်လာမည်မဟုတ်ပေ။ အမေရိကန်ရန်သူသည် မည်သည့်ရန်လိုသော လှုပ်ရှားမှုမျိုးကိုမဆို နိုင်ငံတော်၏ ကာကွယ်စောင့်ရှောက်သူများထံမှ အင်အားပြင်းထန်သော တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိရှိထားရမည်ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha