အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
إِذَا مَاتَ الْعَالِمُ ثُلِمَ فِي الْإِسْلَامِ ثُلْمَةٌ لَا يَسُدُّهَا شَيْءٌ
အာလင်မ်ပညာရှင်တစ်ဦး ကွယ်လွန်သွားသောအခါ အစ္စလာမ်သာသနာတော်တွင် မည်သည့်အရာနှင့်မျှ ပြန်လည်ဖြည့်ဆည်း၍ မရနိုင်သော ဟာကွက်ကြီးတစ်ခု ဖြစ်ပေါ်သွားပါတယ်။
၂၀၂၆ ခုနှစ်အတွင်း ယခုအချိန်အထိ မရ်ဂျအီယသ်လောက၊ ဖိကဟ် နှင့် ဖိကာဟသ်ပညာလောကတို့သည် ကြီးမြတ်သော ဘာသာရေးခေါင်းဆောင်ကြီး လေးပါးကို ဆုံးရှုံးခဲ့ရပြီဖြစ်ပါတယ်။
ဧကန်စင်စစ် ဤသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာမြင့်သည့်တိုင် ပြန်လည်ဖြည့်ဆည်းနိုင်မည်မဟုတ်သော ဟာကွက်ကြီးတစ်ခု ဖြစ်ပါတယ်။
ကျွန်ုပ်၏ အရှင်သခင်နှင့် ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ်၏ ရှေ့မှောက်တော်တွင် ဆုတောင်းပတ္ထနာပြုအပ်ပါတယ်။ အရှင်မြတ်သည် ဤဖကီးဟ်ပညာရှင်ကြီးများ၏ အဆင့်အတန်းကို မြင့်မြတ်ပြီးဖြစ်သည့်အပြင် ထို့ထက်မက ပိုမိုမြင့်မြတ်သော အဆင့်အတန်းသို့ ချီးမြှင့်တော်မူပါစေ။
၂၀၂၆ ခုနှစ်အတွင်း မရ်ဂျအီယသ်နှင့် ဖိကဟ်ပညာလောကမှ ကြီးမြတ်သော ဘာသာရေးပညာရှင်ကြီး လေးပါး ကတော့
၁။ ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ (ရ.ဟ)
၂။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ရှိက်ခ် အစ်ဟာက် ဖယာဆ် နဂျဖီ (ရ.ဟ)
၃။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် မူစာ ရှိုဗိုင်ရီ ဇန်ဂျာနီ (ရ.ဟ)
၄။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဝဟီးဒ် ခိုရာစာနီ (ရ.ဟ) တို့ဖြစ်ပါတယ်။
တစ်ပါးကတော့ အကြမ်းဖက် အမေရိကန် နှင့် အကြမ်းအစ္စရေးတို့ပူးပေါင်းလုပ်ကြံခြင်း ကို ခံခဲ့ရတာ ဖြစ်ပါတယ်။
ဤမရ်ဂျအ် လေးပါး အတွက် ဆွလ်ဝါသ်တော်များ နှင့် စူရဟ်ဖာသိဟဟ် များ သေလာဝသ် ပြုပေးကြပါရန် အထူး မေတ္တာရပ်ခံအပ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment