အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့အကြား အ ပစ်အခတ်ရပ်စဲရေးဆောင်ရွက် နိုင်ရန် ဆွေးနွေးညှိနှိုင်းမည့် ကျိုင်း တုံဆွေးနွေးပွဲသို့ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC) အဖွဲ့ဝင် တပ်မတော်အရာရှိကြီးများ တက် ရောက်မည်ဟု ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာက အ တည်ပြုသည်။
စက်တင်ဘာ ၁၇ ရက်တွင် ကျင်းပရန် နှစ်ဖက်သဘောတူ သည့် ကျိုင်းတုံဆွေးနွေးပွဲသို့ အစိုးရ၊ တပ်မတော်ဘက်က အ ဆင့်မြင့်ကိုယ်စားလှယ်များ တက် ရောက်မည်ဖြစ်သကဲ့သို့ ကချင် အဖွဲ့(KIA)၊ တအာင်းအဖွဲ့(TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)၊ ရခိုင်အဖွဲ့(AA)တို့မှ အဆင့်မြင့် ကိုယ်စားလှယ်များ တက်ရောက် ရန် အစိုးရက ဖိတ်ကြားထား သည်။
‘‘NRPC အဖွဲ့ဝင်ထဲမှာ ပါတဲ့ တပ်မတော်ကိုယ်စားလှယ် အကြီးအကဲတွေလည်း ပါမယ်’’ ဟု ဦးလမိုင်ဂွန်ဂျာကဆိုသည်။
NRPC ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဥက္ကဋ္ဌအဖြစ် ဦး ဆောင်ပြီး အစိုးရ၊ လွှတ်တော်၊ တပ်မတော်ကိုယ်စားလှယ်များ ဖြင့် ဖွဲ့စည်းထားရာ တပ်မတော် ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ခေါင်း ဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာ ပြည့်၊ ဒုတိယ ဗိုလ်ချုပ်ကြီးမင်း နောင်နှင့် ဗိုလ်ချုပ်အောင်သူတို့ NRPC အဖွဲ့ဝင်များဖြစ်သည်။
အစိုးရနှင့် မြောက်ပိုင်းလက် နက်ကိုင်လေးဖွဲ့သည် Bilateral အပစ်ရပ်စဲရေးဆောင်ရွက်ရန် တပ်မတော်က အပစ်ရပ်ကြေ ညာထားသည့် ၂၀၁၈ ဒီဇင်ဘာ ကတည်းက ဆွေးနွေးညှိနှိုင်းနေ ရာ တရုတ်နိုင်ငံ၊ မူဆယ်၊ မိုင်း လား၊ ကျိုင်းတုံစသည်တို့၌ပြုလုပ် သည့် အလွတ်သဘောဆွေးနွေး ပွဲ၊ တရားဝင်ဆွေးနွေးပွဲများတွင် တပ်မတော် အဆင့်မြင့်အရာရှိ ကြီးများ တက်ရောက်ခြင်းမရှိဘဲ လာမည့် ကျိုင်းတုံဆွေးနွေးပွဲ၌ စတင် တက်ရောက်မည်ဖြစ် သည်။
‘‘အခုကတော့ တပ်မတော် ဘက်က ဒီအစည်းအဝေးကို သူ တို့ကိုယ်စားလှယ်လွှတ်ပြီး ပါမယ် ဆိုတဲ့ သဘောက တပ်မတော် ဘက်က ဒီဆွေးနွေးမှုနဲ့ ပတ်သက် ပြီး အရေးတယူဆောင်ရွက်မှု ရှိတယ်ဆိုတာ တစ်စုံတစ်ရာပြ သတဲ့ သဘောလည်းဖြစ်ပါတယ်’’ ဟု ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုင် ရာ မြန်မာအင်စတီကျူဒ်(MIPS) အမှုဆောင်ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးက မှတ်ချက်ပြုသည်။
တပ်မတော် အနေဖြင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ များအပါအ၀င် NCA မထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် အပစ်ခတ်ရပ်စဲ ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းမှုများ ဆောင်ရွက်ရန်ဆို ကာ ၂၀၁၈ဒီဇင်ဘာ ၂၁ ရက်က စ၍ တိုင်းစစ်ဌာနချုပ်ငါးခုနယ် မြေတွင် အပစ်ရပ်ကြေညာထား ခြင်းကို ယခုနှစ် စက်တင်ဘာ ၂၁ ရက်အထိ အကြိမ်ကြိမ်သက်တမ်း တိုးခဲ့သည်။ ထိုသို့အပစ်ရပ်ကြေ ညာစဉ်က တပ်မတော်ညှိနှိုင်းရေး အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ရာ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်အား အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ပေး အပ်ခဲ့သည်။
လာမည့် ကျိုင်းတုံဆွေးနွေးပွဲ တွင် တပ်မတော်ဘက်က ပါဝင် မည်ဖြစ်၍ ဆွေးနွေးမှုများအဆင် ပြေပါက Bilateral အပစ်အခတ် ရပ်စဲရေး ဆောင်ရွက်ရန် အဆင် ပြေမည်ဟု မျှော်လင့်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး ညှိနှိုင်း ပေးနေသည့် PCGမှ ဦးလမိုင်ဂွန် ဂျာက ပြောသည်။
PCG တာဝန်ရှိသူများသည် ကချစ်နှစ်ခြင်းခရစ်ယာန်အဖွဲ့ ချုပ်(KBC) ဥက္ကဋ္ဌနှင့်အတူ စက် တင်ဘာ ၁၂ ရက်တွင် မန္တလေး မြို့၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ သည်။
ထိုသို့ တွေ့ဆုံစဉ် ကျိုင်းတုံ ဆွေးနွေးပွဲကိစ္စအပါအ၀င် ငြိမ်း ချမ်းရေးဆိုင်ရာကိစ္စများ ထည့် သွင်းဆွေးနွေးခဲ့ကြောင်း KBC ဥက္ကဋ္ဌ ဒေါက်တာခလမ်ဆမ်ဆွန် က ပြောသည်။
‘‘ငြိမ်းချမ်းရေးကတော့PCG (ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုး ဆောင်အဖွဲ့) ကလည်းပါတယ်ဆို တော့ PCG ဘက်ကလည်း အဲဒီ ကျိုင်းတုံမှာ ဆွေးနွေးမယ့်အစည်း အဝေး အချက်တွေ နည်းနည်းပါး ပါး ပြောခဲ့တာတွေရှိပါတယ်’’ ဟု ၎င်းက ဆိုသည်။
PCG သည် ယခင်ကတည်း က အစိုးရနှင့် ကချင်လက်နက် ကိုင်အဖွဲ့(KIO/KIA) အကြား ဆွေးနွေးပွဲများ ဖြစ်မြောက်ရေး အဓိက ကြားဝင်ဆောင်ရွက်နေသည့်အဖွဲ့အစည်းဖြစ်ပြီး ယခု မြောက်ပိုင်းအဖွဲ့များနှင့် ဆွေးနွေး ပွဲ ဖြစ်မြောက်ရေးတွင်လည်း PCG က အဓိက ညှိနှိုင်းဆောင် ရွက်နေသည်။
====================================
END / 251
ကျိုင်းတုံဆွေးနွေးပွဲသို့ တပ်မတော်ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် တက်ရောက်မည် မြောက်ပိုင်းလေးဖွဲ့နှင့် အပစ်ရပ်ညှိနှိုင်းပွဲကိစ္စ တပ်ခ
၁၃ စက်တင်ဘာ ၂၀၁၉ - ၁၇:၂၅
News ID: 975153
အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့အကြား အပစ်အခတ်ရပ်စဲရေးဆောင်ရွက်နိုင်ရန်ဆွေးနွေးညှိ နှိုင်း မည့် ကျိုင်း တုံဆွေးနွေးပွဲသို့ အမျိုးသားပြန် လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန(NRPC) အဖွဲ့ ၀င် တပ်မတော်အရာရှိကြီးများ တက် ရောက်မည်ဟု ငြိမ်းချမ်းရေး ဆွေးနွေးရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက အ တည်ပြုသည်။