၁၅ စက်တင်ဘာ ၂၀၁၉ - ၁၂:၁၂
ဒေါ်အောင်ဆန်းစုကြည်၊ တပ်ချုပ်နှင့် တရုတ်အထူးကိုယ်စားလှယ် သီးခြားစီတွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည် နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေး ရာအထူးကိုယ်စား လှယ် မစ္စတာဆွန်ကော်ရှန်းတို့ စက် တင်ဘာ ၁၃ ရက်က တွေ့ဆုံ ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန အာရှရေးရာအထူးကိုယ်စား လှယ် မစ္စတာဆွန်ကော်ရှန်းတို့ စက်တင်ဘာ ၁၃ ရက်က တွေ့ဆုံ ခဲ့သည်။

နေပြည်တော်တွင် တွေ့ဆုံ စဉ် မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန် လည်သင့်မြတ်ရေး လုပ်ငန်းစဉ် နှင့်ပတ်သက်၍ နောက်ဆုံးဖြစ် ပေါ်တိုးတက်မှု အခြေအနေများ နှင့် မြန်မာနိုင်ငံအစိုးရ၏ ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံက အပြုသဘောဆက်လက်ကူညီဆောင်ရွက်ပေးမည့်ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြောင်း အစိုးရက ထုတ်ပြန်သည်။

 မစ္စတာဆွန်ကော်ရှန်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံပြီးနောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နှင့် သီးခြား ထပ်မံတွေ့ဆုံခဲ့သည်။

သြဂုတ် ၁၅ ရက်က ဖြစ်ပွား ခဲ့သည့် AA, TNLA နှင့် MNDAA အဖွဲ့များ၏ အကြမ်းဖက်တိုက် ခိုက်မှုများကို တရုတ်နိုင်ငံက လက်မခံဘဲ ပြတ်ပြတ်သားသား ကန့်ကွက်ရှုတ်ချသည့် အခြေအ နေများ၊ မြန်မာနိုင်ငံအတွင်း  လက်နက်ကိုင်ပဋိပက္ခများ ချုပ် ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များအပေါ် မြန်မာအစိုးရနှင့် တပ်မတော်၏  ရပ်တည် ဆောင်ရွက်ချက်များကို တရုတ် နိုင်ငံက ကူညီဆောင်ရွက်ပေး သည့်အခြေအနေများ အပါအ၀င်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ တိုး တက်မှုရရှိရေး ဆက်လက်ဆောင် ရွက်မည့်ကိစ္စရပ်များ ဆွေးနွေး ခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။

 တရုတ်အထူးကိုယ်စား လှယ်၏ ယခုခရီးစဉ်သည် စက် တင်ဘာ ၁၆ ရက်၊ ၁၇ ရက်တွင် ကျိုင်းတုံမြို့၌ ပြုလုပ်မည့် အပစ် အခတ်ရပ်စဲရေး ဆွေးနွေးပွဲမတိုင် မီ သုံးရက်အလိုတွင် ပေါ်ပေါက် လာခြင်းဖြစ်သည်။

ထို့အပြင် အဆိုပါဆွေးနွေး ပွဲ၌ တရုတ်နိုင်ငံပါဝင်ရေးဆိုင်ရာ  ကိစ္စတစ်ခုသာ ညှိနှိုင်းရန် ကျန်ရှိ ပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကိုလည်း တပ်မတော်နှင့် မြောက်ပိုင်းလေးဖွဲ့အကြား  အသေးစိတ်ဆွေးနွေးရန် သဘောတူထား ကြောင်း ဆွေးနွေးပွဲနှင့် နီးစပ်သူများက ပြောထားသည်။

====================================

END / 251