အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့အကြား Bilateral အပစ်ရပ်စဲရေး နှစ်ဖက်သဘောတူညီဆောင်ရွက်ရာတွင် စာချုပ်၌ ဖော်ပြရန် အဆိုပြုချက် ရှစ်ချက်အနက် နှစ်ဖက်ညှိနှိုင်း ထားသည့် ဆက်လက်ဆွေးနွေး ရန် အချက်ခုနစ်ချက်ကို စက်တင် ဘာ ၁၇ ရက်က ကျင်းပခဲ့သည့် ကျိုင်းတုံဆွေးနွေးပွဲ၏ အစည်း အဝေး မှတ်တမ်းအဖြစ် နှစ်ဖက် ခေါင်းဆောင်များက လက်မှတ် ရေးထိုးခဲ့သည်။
အစိုးရ၊ တပ်မတော်ကိုယ် စားလှယ်များနှင့် ကချင်အဖွဲ့ (KIO/KIA)၊ တအာင်းအဖွဲ့ (TNLA)၊ ကိုးကန့်အဖွဲ့ (MND-AA)၊ ရခိုင်အဖွဲ့ (AA)တို့၏ ဆွေးနွေးချက် အစည်းအဝေး သဘောတူညီချက် အချက်ခုနစ်ချက်ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်း ချမ်းရေးဗဟိုဌာန (NRPC) ဒုဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေ ချုပ် ဦးထွန်းထွန်းဦး၊ KIO အထွေ ထွေအတွင်းရေးမှူး ဦးလန်၊ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဘုန်းကျော်၊ MNDAA ဒုစစ်ဦးစီးချုပ် ရန်ဝင် ကျုံး၊ AA ဒုစစ်ဦးစီးချုပ် ဒေါက် တာညိုထွန်းအောင်တို့က လက် မှတ်ရေးထိုးခဲ့သည်။
‘‘သဘောတူညီချက်ဆိုတာ ထက် ဘာအကြောင်းအရာကို ဆွေးနွေးမယ်ဆိုတာကို နှစ်ဖက်ညှိနှိုင်းခဲ့တာလို့ ပြောလို့ရပါတယ်’’ ဟု ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုဒ် (MIPS)အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက သုံးသပ်သည်။
သဘောတူညီချက်များတွင် (၁) အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင် ရေးနှင့် လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများ လုံးဝချုပ်ငြိမ်းရေး လိုအပ်သည်များ ဆက်လက် ဆွေးနွေးရန် လုပ်ဆောင်မည်၊တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများ မိမိနေရပ်သို့ ပြန်နိုင်ရေး ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးကို အစိုးရ၊ NRPC၊တပ်မတော်တို့နှင့် ညှိနှိုင်းဆွေးနွေးပူးပေါင်းဆောင်ရွက်မည်၊ တပ်နေရာချထား ရေးဆိုင်ရာ ကိစ္စရပ်များ၊ တိုက်ပွဲများ ထပ်မံမဖြစ်ပွားရန် မည်သို့ဆောင်ရွက်မည် ဆိုသည့် နှစ်ဖက်လိုက်နာရမည့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် စပ်လျဉ်း၍ တပ် မတော်ကိုယ်စားလှယ်အဖွဲ့နှင့် ဆက်လက်ဆွေးနွေးရန် ထပ် လောင်း သဘောတူညီသည်ဟု ပါဝင်သည်။
ထို့အပြင် ဆက်သွယ်ရေးစနစ်နှင့် ဆက်ဆံရေးရုံးများ ထား ရှိရေး ဆွေးနွေးဆောင်ရွက်ရန်၊ ယုံကြည်မှု တည်ဆောက်ရေး နှစ် ဖက်ဖမ်းဆီးခြင်း၊ ချုပ်နှောင်ခြင်း၊ အရေးယူခြင်းဆိုင်ရာ ကိစ္စများ ကို ဆက်လက်ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ရန်၊ NCA ဆိုင်ရာ ဆွေးနွေးမှုများကို နှစ်ဦးနှစ်ဖက် လက်ခံနိုင်သည့် လုပ်ငန်းစဉ်ကို ဆက်လက်ဆွေးနွေးရန်၊ အပစ်ရပ်ခိုင်မာရေး ဆောင်ရွက်ရာတွင် စေ့စပ်ညှိနှိုင်းဖြေရှင်း ပေးနိုင်ရေးနှစ်ဖက်သဘောတူလက်ခံသည့် ပဋိ ပက္ခဖြေရှင်းရေးနည်းလမ်းရရှိ ရေး ဆက်လက်ဆွေးနွေးရန်တို့ ဖြစ်သည်။
ယခင်က မြောက်ပိုင်းလက်နက်ကိုင်လေးဖွဲ့ အဆိုပြုခဲ့သည့် အချက်ရှစ်ချက်၌ အပစ်ရပ်စောင့် ကြည့်မှုဆိုင်ရာတွင် တရုတ်နိုင်ငံ ပါဝင်ရေးနှင့် သက်ဆိုင်သည့် အချက်တစ်ချက်လည်း ပါဝင်ခဲ့ သည်။ Bilateral အပစ်ရပ်စဲရေး လက်မှတ်ထိုးနိုင်မည့် အခြေအနေ တွင် အထက်ပါအချက်ကို ဆက်လက်ဆွေးနွေးမည်ဟု သိရကြောင်း ငြိမ်းချမ်းရေးဆွေးနွေးရေး အကျိုး ဆောင်အဖွဲ့ (PCG)မှ ဦးလမိုင်ဂွန်ဂျာကပြောသည်။
စက်တင်ဘာ ၁၈ ရက် ကျိုင်းတုံအစည်းအဝေး သဘော တူညီချက်များသည် လာမည့်အောက်တိုဘာတွင် နှစ်ဖက်ဆွေးနွေးညှိနှိုင်းရန် အချက်များဖြစ် ကြောင်း၊ Bilateral အပစ်ရပ်စဲရေး သဘောတူစာချုပ်တွင် ထည့် သွင်းမည့် အချက်များဖြစ်ကြောင်း အစိုးရ ကိုယ်စားလှယ်အဖွဲ့ ဦးဇော်ဌေးက ပြောကြားထား သည်။
====================================
END / 251
အပစ်ရပ်စာချုပ်တွင် ဖော်ပြမည့်အကြောင်းအရာခုနစ်ချက်ကို ကျိုင်းတုံအစည်းအဝေး သဘောတူညီချက်အဖြစ် လက်မှတ်ထိုး တရုတ်နိုင်ငံပါဝင်မှုဆိုင်ရ
၁၉ စက်တင်ဘာ ၂၀၁၉ - ၁၆:၄၄
News ID: 976843
အစိုးရနှင့် မြောက်ပိုင်း လက်နက်ကိုင်လေးဖွဲ့အကြား Bilateral အပစ်ရပ်စဲရေး နှစ်ဖက်သဘောတူညီဆောင်ရွက်ရာတွင် စာချုပ် ၌ ဖော်ပြရန် အဆိုပြုချက် ရှစ်ချက်အနက် နှစ်ဖက်ညှိနှိုင်း ထား သည့် ဆက်လက်ဆွေးနွေး ရန် အချက်ခုနစ်ချက်ကို စက်တင် ဘာ ၁၇ ရက်က ကျင်းပခဲ့သည့် ကျိုင်းတုံဆွေးနွေးပွဲ၏ အစည်း အဝေး မှတ်တမ်းအဖြစ် နှစ်ဖက် ခေါင်းဆောင်များက လက်မှတ် ရေးထိုးခဲ့သည်။