အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အောင်ဆန်းရုပ်ရှင် ရိုက်ကူးခြင်း အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မျက် နှာကို လေဆာမီးထိုးခံရသည့် ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
7Day Daily သတင်းစာ သတင်းရင်းမြစ်တစ်ဦး၏ ပြော ပြချက်အရ အဆိုပါဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် ညွှန် ကြားထားသည်။
‘‘အထက်က ညွှန်ကြားမှုရှိ တာလားတော့ မသိဘူး။ မှုခင်းပုံ စံဖြစ်တဲ့အတွက် ရန်ကုန်တိုင်းရဲ တပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါ တယ်’’ ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက စက်တင် ဘာ ၂၇ ရက်တွင် ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာကို လေဆာမီးထိုးခံရမှုနှင့် ပတ်သက်၍ ဒီချုပ်ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွှန့်က ‘‘နိုင်ငံ့ ခေါင်းဆောင်တစ်ဦးနဲ့ ပတ်သက် ပြီးတော့ လုံခြုံရေးစည်းကျိုး ပေါက်တယ်လို့ မြင်ပါတယ်။ ဘယ်လိုရည်ရွယ်ချက်ပဲရှိရှိ ဒီလို နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့ မျက် နှာကိုချိန်ရွယ်ပြီး လေဆာမီးနဲ့ ချိန်ရွယ်နိုင်တယ်ဆိုတာ လုံခြုံရေး အတွက် မကောင်းနိုင်ပါဘူး’’ ဟု ပြောသည်။
စက်တင်ဘာ ၂၄ရက်က နိုဗို တယ်ဟိုတယ်၌ ပြုလုပ်သည့် အောင်ဆန်းရုပ်ရှင်စတင်ရိုက်ကူး ခြင်း အခမ်းအနားတွင် ဒေါ် အောင်ဆန်းစုကြည်က သတင်း စာဆရာဦးအုန်းကြိုင်နှင့် မျက်နှာ ချင်းဆိုင် စကားပြောနေစဉ် ဒေါ် အောင်ဆန်းစုကြည်၏ မျက်နှာ အပေါ် လေဆာမီးကျရောက်နေ သည့် ဓာတ်ပုံလူမှုကွန်ရက်တွင် ပျံ့နှံ့နေပြီးထိုဖြစ်ရပ်အပေါ် ဝေ ဖန်မှုများ ရှိနေသည်။
ထို့အပြင် ကင်မရာ ဖလပ် မီးကြောင့် ကျရောက်သည့် လေ ဆာမီးဟုတ်၊ မဟုတ်ရဲတပ်ဖွဲ့က စစ်ဆေးနေသည်။
သို့သော် အတိုင်ပင်ခံပုဂ္ဂိုလ် ၏ မျက်နှာအပေါ် ကျရောက်သည့် အရာသည် ကင်မရာဖလပ်မီးမ ဟုတ်ကြောင်း ဓာတ်ပုံသတင်း ထောက် ကိုငြိမ်းချမ်းနိုင်က မှတ် ချက်ပြုသည်။
ယမန်နေ့က နေပြည်တော် တွင် ပြုလုပ်သည့် ကမ္ဘာ့ခရီးသွား နေ့ အခမ်းအနားသို့ အတိုင်ပင်ခံ ပုဂ္ဂိုလ်တက် ရောက်ခြင်းကြောင့် လုံခြုံရေးတင်းကျပ်ထားပြီး လာရောက် သတင်းယူသော သတင်းထောက်များကိုလည်း ကင်မရာဖလပ်မီးအသုံးပြုခွင့် မပေးခဲ့ပေ။
ထို့အပြင် အရေးကြီးပုဂ္ဂိုလ်များထိုင်သည့် ရှေ့ဆုံးတန်းသို့ သတင်းဓာတ်ပုံရိုက်ကူးသူများကို သက်ဆိုင်ရာ မီဒီယာကတ်များဆွဲစေပြီးမှသာ ခွင့်ပြုခဲ့သည်။
ယခုလပိုင်းအတွင်း နေပြည် တော် ကောင်စီနယ်မြေတွင် ဖောက်ခွဲမှုပြုလုပ်မည့် သတင်း များကြောင့် ရဲတပ်ဖွဲ့က လုံခြုံ ရေးတိုးမြှင့် ဆောင်ရွက်နေသည်။ နေပြည်တော်အပြင် ရန်ကုန်နှင့် မန္တလေးမြို့ကြီးများကိုလည်း လုံ ခြုံရေးတိုးမြှင့်ထားသည်။
====================================
END / 251
ဒေါ်အောင်ဆန်းစုကြည်၏ မျက်နှာလေဆာမီးထိုးခံရမှု ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေ လုံခြုံရေးကျိုးပေါက်မှုဟု ဒီချုပ်ပြောခွင့်ရပုဂ္ဂိုလ်ပြော
၂၈ စက်တင်ဘာ ၂၀၁၉ - ၁၃:၁၉
News ID: 978819
အောင်ဆန်းရုပ်ရှင်ရိုက်ကူးခြင်းအခမ်းအနားတွင်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မျက် နှာ ကို လေဆာမီးထိုးခံရသည့် ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးနေ ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။