၈ အောက်တိုဘာ ၂၀၁၉ - ၀၇:၃၄
အကူအညီလိုအပ်မှုကုလနှင့် နိုင်ငံတကာထံ တိုက်ရိုက်မဆက်သွယ်ရန် အစိုးရညှိနှိုင်းစာအပေါ် အပစ်ရပ် ၁၀ ဖွဲ့ စုပေါင်းပြန်ကြားရန်စီစဉ်

တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအနေဖြင့် အ ကူအ ညီလိုအပ်မှုများနှင့် ပတ် သက်၍ ကုလနှင့်နိုင်ငံတ ကာအ ဖွဲ့များအား တိုက်ရိုက်ဆက်သွယ် ခြင်းမပြုဘဲရယူ လိုသည့် အကူအ ညီများကို အမျိုးသားပြန်လည် သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)ထံ ဦးစွာတင်ပြ ၍ ခွင့်ပြုချက်တောင်းခံရန် ငြိမ်း ချမ်းရေးကော်မရှင်က NCA လက်မှတ်ထိုး ၁၀ ဖွဲ့ထံသို့ညှိနှိုင်း အကြောင်းကြားစာ ပေးပို့ခြင်းအ ပေါ် စုပေါင်းပြန်ကြားရန် စီစဉ် နေကြောင်း ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင်နာယကဗိုလ်မှူးကြီးခွန် ဥက္ကာကပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များအနေဖြင့် အ ကူအညီလိုအပ်မှုများနှင့် ပတ် သက်၍ ကုလနှင့်နိုင်ငံတကာအ ဖွဲ့များအား တိုက်ရိုက်ဆက်သွယ် ခြင်းမပြုဘဲရယူလိုသည့် အကူအ ညီများကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC)ထံ ဦးစွာတင်ပြ ၍ ခွင့်ပြုချက်တောင်းခံရန် ငြိမ်း ချမ်းရေးကော်မရှင်က NCA လက်မှတ်ထိုး  ၁၀ ဖွဲ့ထံသို့ညှိနှိုင်း အကြောင်းကြားစာ ပေးပို့ခြင်းအ ပေါ် စုပေါင်းပြန်ကြားရန် စီစဉ် နေကြောင်း ပအိုဝ်းအဖွဲ့ (PNLO) ဦးဆောင်နာယကဗိုလ်မှူးကြီးခွန် ဥက္ကာကပြောသည်။

အဆိုပါအကြောင်းကြားစာ နှင့်ပတ်သက်၍ မကြာမီကျင်းပ မည့် အပစ်ရပ် ၁၀ ဖွဲ့ ခေါင်း ဆောင်များ၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)  အစည်းအဝေး၌ ဆွေးနွေးမည်ဟု ၎င်းကဆိုသည်။ PPST အစည်း အဝေးကို အောက်တိုဘာ ၁၀ ရက်မှ ၁၂ရက်ထိ ထိုင်းနိုင်ငံ ချင်း မိုင်မြို့၌ ကျင်းပမည်ဖြစ်သည်။

‘‘PPST အစည်းအဝေးကျမှ တပေါင်းတစည်းတည်း ဘယ် လိုဖြစ်သင့်တယ်ဆိုတာ စုပေါင်း အကြောင်းပြန်ဖို့ဆိုပြီး စီစဉ်ထား တယ်။ ဒါကြောင့် ကြိုပြောဖို့ခက် တယ်။ တချို့ကျတော့ ကန့်ကွက် မယ်။ တချို့ကျတော့လည်း ပူး ပေါင်းဆောင်ရွက်မယ်၊ တချို့ကျ တော့လည်း ရှင်းလင်းချက်ပြန် တောင်းမယ်စသည်ဖြင့် အသံအ မျိုးမျိုးထွက်နေတယ်တစ်ဖွဲ့ချင်း က’’ ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ထို့ကြောင့် အပစ်ရပ် ၁၀ ဖွဲ့ခေါင်းဆောင်များ အစည်းအ ဝေးတွင် ဆုံးဖြတ်ချက် တစ်စုံတစ် ရာချမှတ်ပြီး နည်းလမ်းတစ်မျိုးမျိုး ဖြင့် အစိုးရထံတုံ့ပြန်ရန်ရှိနိုင်သည် ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြော သည်။

ပြီးခဲ့သည့် စက်တင်ဘာက တိုင်းရင်းသားအဖွဲ့များထံ ပေးပို့ သည့် ငြိမ်းချမ်းရေး ကော်မရှင် ၏စာတွင် ကုလနှင့်နိုင်ငံတကာအ ဖွဲ့များသို့ တိုက်ရိုက်မဆက်သွယ် ဘဲ NRPC သို့ ဦးစွာတင်ပြခွင့်ပြု ချက်တောင်းခံရန်ဟု ညှိနှိုင်းအ ကြောင်းကြားအပ်သည်ဟုဖော်ပြ သော်လည်း မည်သည့်အတွက် ကြောင့် ထိုသို့အကြောင်းကြား စာပေးပို့သည်ဆိုခြင်းကို အသေး စိတ်ဖော်ပြမထားပေ။

 ပြည်ပနိုင်ငံအဖွဲ့အစည်း များ၏ ထောက်ပံ့ငွေနှင့် ပတ် သက်ပြီး အခြားနိုင်ငံများတွင်စည်း မျဉ်းစည်းကမ်း သတ်မှတ်ချက် များဖြင့် တိတိကျကျဆောင်ရွက် နိုင်သော်လည်း မြန်မာနိုင်ငံ၌ ယင်းသို့မရှိသေးဟု ငြိမ်းချမ်းရေး နှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင် စတီကျုဒ် (MIPS) အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး က ပြောသည်။

 မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး  အခြားနိုင်ငံများက ငွေကြေး ထောက်ပံ့ရာတွင် တရားဝင်နည်း လမ်းတကျ ဆောင်ရွက်ခြင်းမရှိ သည့်ကိစ္စသည် နိုင်ငံ၏အချုပ်အ ခြာအာဏာကို ထိပါးသည့်ကိစ္စဟု အစိုးရဘက်က ရှုမြင်နေနိုင် ကြောင်း ၎င်းကဆိုသည်။ လက်ရှိ မြန်မာနိုင်ငံတွင် နိုင်ငံတကာ အ ထောက်အပံ့များကို တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များ ထက် အရပ်ဘက်လူမှုအဖွဲ့များ က ပိုမိုရရှိနေသည်ဟု မြင် ကြောင်း၊  ယခုအစိုးရကတိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များကို စာပို့ဖိအားပေးသည့် ကိစ္စသည် လည်း နိုင်င်ငံတကာ အလှူရှင် များကို ပြောလိုသည်ဟု ယူဆ ကြောင်း ဒေါက်တာမင်းဇော်ဦးက  မှတ်ချက်ပြုသည်။

‘‘အစိုးရ တုံ့ပြန်မှုကို ကြည့် မယ်ဆိုရင် ဒါကသိပ်တော့အနာနဲ့ ဆေးနဲ့ မတည့်ဘူးလို့ ယူဆတယ်။  ဖြစ်သင့်တဲ့ ကိစ္စက နံပါတ် (၁) ဥပဒေအရ သတ်သတ်မှတ်မှတ်ရှိ ဖို့လိုတယ်။ နံပါတ် (၂) က အစိုးရက သက်ဆိုင်ရာ(Donor) အလှူရှင် အဖွဲ့အစည်းတွေကို အရင်ပြောရမယ်။  ဘာကြောင့်လဲဆိုတော့ အစိုးရနဲ့ သံတမန်ရေးရာအဆက်အသွယ်ရှိတဲ့ နိုင်ငံတွေဖြစ်တယ် ဒါတွေကို သူတို့ပြောရမယ်။ နောက်ဆုံးအ ဆင့်ကျမှ လက်ခံတဲ့ကိုယ့်ပြည် တွင်းက အဖွဲ့အစည်းကို ပြောရ မယ်။ အဲဒီလိုမျိုးသွားသင့်တယ်လို့ ထင်တယ်’’ဟု ဒေါက်တာမင်း ဇော်ဦးက ပြောသည်။

====================================

END / 251