အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အိန္ဒိယနိုင်ငံက မြန်မာ နိုင်ငံသို့ ခွေးရူးပြန်ရောဂါကာ ကွယ်ဆေး အလုံးတစ်သောင်း ကို အောက်တိုဘာ ၇ ရက်တွင် လှူဒါန်းခဲ့သည်။
ခွေးရူးပြန်ရောဂါကာကွယ် တိုက်ဖျက်ရေး ကူညီပေးရန်နှင့် အိန္ဒိယနိုင်ငံ၏ ဆေးဝါးလုပ်ငန်း သည် အရည်အသွေးမြင့် ကာ ကွယ်ဆေးများကို သင့်တင့်သော ဈေးနှုန်းဖြင့် ထုတ်လုပ်နိုင်မှု ပြသ ရန် ရည်ရွယ်ချက်ဖြင့် လှူဒါန်းခြင်းဖြစ်သည်။
ထို့အပြင် အိန္ဒိယနိုင်ငံ ဆေး ဘက်ဆိုင်ရာ သုတေသနကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ခွေးရူးပြန်ရောဂါထိန်းချုပ်မှုဆိုင်ရာ လေ့လာချက်များ မျှဝေခြင်းနှင့် မြန်မာနိုင်ငံ ဆရာဝန်များနှင့် ဆေး ဘက်ဆိုင်ရာ အကူများအတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်း စသဖြင့် ထပ်မံပူးပေါင်းဆောင် ရွက်နိုင်မည်ဖြစ်ကြောင်း အိန္ဒိယ သံရုံးမှ ဒုတိယအကြီးအကဲ Dr Sumit Seth က ပြောသည်။
၂၀၁၉ ဇန်နဝါရီမှ ဇွန်လ အထိ ခြောက်လအတွင်း မြန်မာ နိုင်ငံတွင် လူ ၆၀,၀၀၀ ခန့် ခွေး ကိုက်ခံရပြီး တစ်လလျှင် လူ ၁၂,၀၀၀ ခန့် ခွေးကိုက်ခံနေရ သည်။ ယင်းရောဂါကြောင့် သေ ဆုံးသူဦးရေ ၂၀၁၄ တွင် ၁၅၂ ဦး၊ ၂၀၁၅ တွင် ၉၈ ဦး၊ ၂၀၁၆ တွင် ၉၉ ဦး၊ ၂၀၁၇ က ၇၈ ဦးနှင့် ၂၀၁၈ တွင် ၆၉ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ဖော်ပြထားသည်။
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွင်း ခွေးရူးရောဂါကာကွယ်ဆေး (Anti-rabies Vaccine)နှင့် (Rabies Immunoglobulin)အတွက် ကျပ် ၁၅ ဘီလီယံခန့် သုံးစွဲထားကြောင်း ဆိုသည်။
ကမ္ဘာပေါ်တွင် ခွေးရူးပြန် ရောဂါကြောင့် ၁၅ မိနစ်လျှင် တစ်ဦးနှုန်း သေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ် ပြန်ထားသည်။
====================================
END / 251
၉ အောက်တိုဘာ ၂၀၁၉ - ၁၂:၄၈
News ID: 981449
အိန္ဒိယနိုင်ငံက မြန်မာ နိုင်ငံသို့ ခွေးရူးပြန်ရောဂါကာ ကွယ် ဆေး အလုံးတစ်သောင်း ကို အောက်တိုဘာ ၇ ရက်တွင် လှူ ဒါန်းခဲ့သည်။