
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
တပ်မတော် ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ (အောက်တိုဘာ ၁၄ ရက်)တွင် တစ်ပတ်ကြာ ဂျပန်နိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ဂျပန်ခရီးစဉ် နောက်ဆုံးရက်များတွင် တိုကျိုမြို့၌ တိုင်ဖွန်းမုန်တိုင်း ဘာဂီဘစ်နှင့် ကြုံတွေ့ခဲ့သော်လည်း မြန်မာနိုင်ငံသို့ ယနေ့ပြန်လည် ရောက်ရှိမည်ဖြစ် သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တပ်မတော် ကာကွယ် ရေး ဦးစီးချုပ်တာဝန်ဖြင့် ဂျပန်နိုင်ငံသို့ တတိယအကြိမ် သွားရောက် ခြင်းဖြစ်ပြီး ယခုခရီးစဉ်အတွင်း ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ် ရေးဝန်ကြီး၊ ဂျပန်ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးတွဲစစ် ဦးစီးချုပ်တို့နှင့် သီးခြားစီတွေ့ ဆုံခဲ့သည်။
ထို့အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ခေါင်းဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိပွန်ဖောင်းဒေးရှင်း ဥက္ကဋ္ဌ၊ ဂျပန်-မြန်မာချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ တို့နှင့်လည်း တွေ့ဆုံ ခဲ့သည်။
ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တာချီကာဝါ တပ်စခန်းကို လေ့လာခဲ့ပြီး Jindaiji ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ဖူးမြော်ခဲ့ သည်။ ယင်းနောက် ဂျပန်နိုင်ငံတကာ တက္ကသိုလ်၌ ပညာသင်ကြားနေသည့် မြန်မာကျောင်းသားများနှင့် တွေ့ဆုံအမှာစကား ပြောကြားခဲ့သည်ဟု တပ်မတော်က ထုတ်ပြန်သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် Niigata ခရိုင်ရှိ ရေလှောင်တမံ၊ ရေအားလျှပ်စစ် စက်ရုံများနှင့် Minami Uonuma မြို့ရှိ Hakkaisan ဂျပန်ရိုးရာ အရက်ထုတ်လုပ်မှု စက်ရုံသို့သွားရောက် လေ့လာခဲ့သည်ဟု ဆက်လက် ဖော်ပြသည်။
ဂျပန်အစိုးရအဖွဲ့ခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် တပ်မတော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ တပ်မတော်က တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမှု၊ ခေတ်မီတပ်မတော် တည်ဆောက်ရေးတွင် ဂျပန်က ကူညီပေးနေသည့် အခြေအနေများနှင့် ရခိုင်ပြည်နယ်အရေး ကိစ္စများဆွေးနွေးခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
====================================
END / 251