
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဆယ်စုနှစ်များအတွင်း ဂျပန်နိုင်ငံသို့ ဝင်ရောက်သော အဆိုးရွားဆုံး တိုင်ဖွန်းမုန်တိုင်း ဟာဂီဘစ်ကြောင့် အောက်တိုဘာ ၁၅ ရက်အထိ သေဆုံးသူ ၆၆ ဦး ရှိလာသည်။
အင်္ဂါနေ့က ထောင်နှင့်ချီ သော နေအိမ်များ လျှပ်စစ်မီး (သို့ မဟုတ်) ရေပြတ်တောက်နေစဉ် ရှာဖွေကယ်ဆယ်ရေးသမားများ က အပျက်အစီးများ၊ ရွှံ့နွံများ ကြား ပျောက်ဆုံးနေသူများကို နေ့ရော ညပါ ကြိုးပမ်းရှာဖွေနေ သည်။
ဂျပန်အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသသို့ ဟာဂီဘစ် ဝင် ရောက်မွှေနှောက်ပြီး သုံးရက်ကြာ ပြီးနောက် လူ ၁၅ ဦး ပျောက်ဆုံး နေသည်။
မုန်တိုင်းကြောင့် လူ ၂၀၀ ကျော် ဒဏ်ရာရခဲ့သည်။
တိုကျိုမြို့ မြောက်ဘက် ဖူကူရှီးမားစီရင်စုတွင် အသေအ ပျောက်အများဆုံးဖြစ်ပြီး အဘူ ကူးမားမြစ်တစ်လျှောက် အနည်း ဆုံး နေရာ ၁၄ ခုတွင် ရွှံ့နွံရေများ လျှံတက်ဖုံးလွှမ်းခဲ့သည်။
ယင်းစီရင်စုတွင် အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့သည်။
‘‘မြစ်က တစ်ခါမှ ဒီလိုရေ မတက်ဖူးဘူး။ တချို့အိမ်တွေဆို လုံးဝမျောပါသွားတယ်’’ဟု ကိုရီ ယာမာမြို့ခံတစ်ဦးက ပြောသည်။
မုန်တိုင်းကြောင့် စီးပွားရေး အပေါ် ဂယက်ရိုက်ခတ်မှု ကြာမြင့် နိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပါလီမန်တွင် ပြော ကြားသည်။
—Ref: Reuters
++++++++++++++++++++
END / 251