
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
“ျပည္သူ႔ဒုကၡ၊ ကိုယ့္ဒုကၡ” လို႔သေဘာထားၿပီး ျပည္သူေတြရဲ႕ ထိခိုက္ခံစားရမႈေတြ ေလ်ာ့နည္းသက္သာေစဖို႔ အစိုးရပိုင္းက လိုအပ္တာေတြ ပံ့ပိုးေပးႏိုင္ေအာင္ ႀကိဳးပမ္းေန တယ္လို႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။
ေနျပည္ေတာ္မွာ ဒီေန႔က်င္းပတဲ့ အျပည္ျပည္ဆိုင္ရာ သဘာဝေဘးအႏၲရာယ္ ထိခိုက္ဆုံးရႈံး ႏိုင္ေျခေလွ်ာ့ခ်ေရးေန႔ အခမ္းအနားမွာ ေျပာခဲ့တာ ျဖစ္ပါတယ္။
ဒါ့အျပင္ သူက အစိုးရက ေဘးသင့္ျပည္သူေတြအတြက္ စဥ္းစားေပးၿပီး သူတို႔ဘဝေတြ အျမန္ဆုံးျပန္လည္ ထူေထာင္ႏိုင္ဖို႔ ေဒသမွာရွိတဲ့ အစိုးရအဖြဲ႕ေတြနဲ႔ ခ်ိတ္ဆက္ၿပီး ဦး စားေပး ေဆာင္႐ြက္ေပးေနတယ္လို႔လည္း ေျပာပါတယ္။
“အာဆီယံေဒသတြင္းမွာ ၂၀၀၄ ခုႏွစ္ အင္ဒိုနီးရွားငလ်င္နဲ႔ ဆူနာမီ၊ ၂၀၀၈ ခုႏွစ္ ျမန္မာႏိုင္ငံ နာဂစ္မုန္တိုင္းနဲ႔ ၂၀၁၃ ခုႏွစ္ ဖိလစ္ပိုင္ႏိုင္ငံ ဟိုင္ရန္းတိုက္ဖြန္းမုန္တိုင္းတို႔ဟာ ကမာၻ႔အဆိုး႐ြားဆုံး ေဘးအႏၲရာယ္ေတြစာရင္းမွာ ပါဝင္ခဲ့တယ္။
လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ အတြင္းမွာ အာဆီယံႏိုင္ငံေတြအေနနဲ႔ သဘာဝေဘးေတြေၾကာင့္ အေမရိကန္ေဒၚလာ ၁၃၃ ဘီလီယံခန႔္ ထိခိုက္ဆုံးရႈံးခဲ့တယ္လို႔လည္း ေဒၚေအာင္ ဆန္းစုၾကည္က ေျပာပါတယ္။
“အျပည္ျပည္ဆိုင္ရာ သဘာဝေဘးအႏၲရာယ္ ထိခိုက္ဆုံးရႈံးႏိုင္ေျခ ေလွ်ာ့ခ်ေရးေန႔ အတြက္ ႏွစ္အလိုက္ ေဆာင္ပုဒ္ေတြကို သတ္မွတ္ေပးလ်က္ရွိၿပီး ဒီႏွစ္အတြက္ “ေဘး ဒဏ္ႀကံ့ႀကံ့ခံႏိုင္ဖို႔ အခိုင္ခံ့ဆုံး တည္ေဆာက္စို႔” “Build to Last” ဆိုၿပီး ေဆာင္ပုဒ္ သတ္မွတ္ထားပါတယ္။
၂၀၀၉ ခုႏွစ္မွာ ျပဳလုပ္ခဲ့တဲ့ ကမာၻ႔ကုလသမဂၢ အေထြေထြ ညီလာခံရဲ႕ ဆုံးျဖတ္ခ်က္အရ ႏွစ္စဥ္ ေအာက္တိုဘာလ (၁၃) ရက္ေန႔ကို အျပည္ျပည္ဆိုင္ ရာသဘာဝေဘး အႏၲရာယ္ ထိခိုက္ဆုံးရႈံးႏိုင္ေျခ ေလွ်ာ့ခ်ေရးေန႔ (International Day for Disaster Risk Reduction – IDDRR) အျဖစ္ သတ္မွတ္ခဲ့တာ ျဖစ္ပါတယ္။
ဒီႏွစ္ေအာက္တိုဘာလ ၁၃ ရက္ေန႔ဟာ ဗုဒၶဘာသာဝင္ေတြရဲ႕ ေန႔ထူးေန႔ျမတ္ျဖစ္တဲ့ သီတင္းကြၽတ္လျပည့္ေန႔နဲ႔ တိုက္ဆိုင္ေနတာေၾကာင့္ ေအာက္တိုဘာလ ၁၈ ရက္ေန႔မွာ အစားထိုးက်င္းပတာ ျဖစ္ပါတယ္။
Unicode
“ပြည်သူ့ဒုက္ခ၊ ကိုယ့်ဒုက္ခ”ဟု သဘောထားပြီး ကြိုးပမ်းနေဟု ဒေါ်အောင်ဆန်းစုကြည် ပြော
“ပြည်သူ့ဒုက္ခ၊ ကိုယ့်ဒုက္ခ” လို့သဘောထားပြီး ပြည်သူတွေရဲ့ ထိခိုက်ခံစားရမှုတွေ လျော့နည်းသက်သာစေဖို့ အစိုးရပိုင်းက လိုအပ်တာတွေ ပံ့ပိုးပေးနိုင်အောင် ကြိုးပမ်းနေတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
နေပြည်တော်မှာ ဒီနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားမှာ ပြောခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် သူက အစိုးရက ဘေးသင့်ပြည်သူတွေအတွက် စဉ်းစားပေးပြီး သူတို့ဘဝတွေ အမြန်ဆုံးပြန်လည် ထူထောင်နိုင်ဖို့ ဒေသမှာရှိတဲ့ အစိုးရအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ဦးစားပေး ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။
“အာဆီယံဒေသတွင်းမှာ ၂၀၀၄ ခုနှစ် အင်ဒိုနီးရှားငလျင်နဲ့ ဆူနာမီ၊ ၂၀၀၈ ခုနှစ် မြန်မာနိုင်ငံ နာဂစ်မုန်တိုင်းနဲ့ ၂၀၁၃ ခုနှစ် ဖိလစ်ပိုင်နိုင်ငံ ဟိုင်ရန်းတိုက်ဖွန်းမုန်တိုင်းတို့ဟာ ကမ္ဘာ့အဆိုးရွားဆုံး ဘေးအန္တရာယ်တွေစာရင်းမှာ ပါဝင်ခဲ့တယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းမှာ အာဆီယံနိုင်ငံတွေအနေနဲ့ သဘာဝဘေးတွေကြောင့် အမေရိကန်ဒေါ်လာ ၁၃၃ ဘီလီယံခန့် ထိခိုက်ဆုံးရှုံးခဲ့တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
“အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ အတွက် နှစ်အလိုက် ဆောင်ပုဒ်တွေကို သတ်မှတ်ပေးလျက်ရှိပြီး ဒီနှစ်အတွက် “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံး တည်ဆောက်စို့” “Build to Last” ဆိုပြီး ဆောင်ပုဒ် သတ်မှတ်ထားပါတယ်။
၂၀၀၉ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ ဆုံးဖြတ်ချက်အရ နှစ်စဉ် အောက်တိုဘာလ (၁၃) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ (International Day for Disaster Risk Reduction – IDDRR) အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒီနှစ်အောက်တိုဘာလ ၁၃ ရက်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့နဲ့ တိုက်ဆိုင်နေတာကြောင့် အောက်တိုဘာလ ၁၈ ရက်နေ့မှာ အစားထိုးကျင်းပတာ ဖြစ်ပါတယ်။
====================================
END / 251