အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
တပ္မေတာ္စားလႊတ္ေတာ္ ကိုယ္စားလွယ္ေတြမွာ ကိုယ္စားျပဳတဲ့ မဲဆႏၵနယ္ေျမနဲ႔ သူတို႔ကို ကိုယ္စားျပဳတဲ့ မဲဆႏၵရွင္ဆိုတာက မရွိဘူးလို႔ အန္အယ္လ္ဒီလႊတ္ေတာ္အမတ္က ေျပာပါတယ္။
တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ ၿပီးခဲ့တဲ့ ရက္ပိုင္းက ေနျပည္ေတာ္ ေကာင္စီနယ္ေျမ ပုဗၺသီရိၿမိဳ႕နယ္နဲ႔ လယ္ေဝးၿမိဳ႕နယ္က ေက်း႐ြာေတြမွာ ေဒသ ခံျပည္သူေတြနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။
ဒီလို ကိုယ္စားျပဳ မဲဆႏၵနယ္ေျမ၊ မဲဆႏၵရွင္ မရွိသူေတြရဲ႕ ျပည္သူေတြနဲ႔ ေတြ႕ဆုံမႈအေပၚ ပုဗၺသီရိၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးတင္သစ္က အခုလို ေျပာတာပါ။
“ဥပေဒအရ ေျပာမယ္ဆိုရင္ေတာ့ တပ္မေတာ္သားကိုယ္စားလွယ္ေတြ ဒီလို ျပည္သူနဲ႔ ေတြ႕ဆုံခြင့္ရွိတယ္လို႔လည္း ေျပာ မထားသလို မရွိဘူးလို႔လည္း ကန႔္သတ္ထားတာ မရွိဘူးေပါ့။ သို႔ေသာ္ တပ္မေတာ္သားကိုယ္စားလွယ္ဆိုတာက ၂၀၀၈ ဖြဲ႕စည္းပုံေၾကာင့္သာ အခ်ိဳးအစားတစ္ခု အေနနဲ႔ လႊတ္ေတာ္ထဲမွာေရာက္ေနတာကို။ သူ႔မွာ ကိုယ္စားျပဳ တဲ့ မဲဆႏၵနယ္ေျမ၊ သူကိုယ္စားျပဳ တဲ့ မဲဆႏၵရွင္ဆိုတာက မရွိဘူး။ အဲေတာ့ ကိုယ္စားျပဳမႈအရ မဲဆႏၵနယ္ေျမ၊ မဲဆႏၵရွင္ ရွိတာက ျပည္သူ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ရွိမယ္။ ဒီလူေတြကို ေက်ာ္လြန္ၿပီးေတာ့ သို႔မဟုတ္ ဒီလူေတြနဲ႔ အသိေပးညႇိႏႈိင္းျခင္းမရွိဘဲနဲ႔ ဒီလို ေတြ႕ဆုံမႈေတြ လုပ္သင့္ မလုပ္သင့္ ဆိုတာက ဒါက လႊတ္ေတာ္ကိုယ္ စားလွယ္ေတြရဲ႕ က်င့္ဝတ္ကိစၥ ျဖစ္လာတာေပါ့ ” လို႔ ဆိုပါတယ္။
ဒီလို တပ္မေတာ္သားကိုယ္စားလွယ္ေတြရဲ႕ ေတြ႕ဆုံမႈေၾကာင့္ လာမယ့္ ၁၄ ႀကိမ္ေျမာက္ လႊတ္ေတာ္ အစည္းအေဝးေတြ မွာ လႊတ္ေတာ္အခြင့္ေရးေကာ္မတီက တာဝန္ယူ မူၾကမ္းျပဳစုေနတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ဆိုင္ရာ က်င့္ဝတ္ ျပ႒ာန္းဖို႔ ေဆာင္႐ြက္ေနတယ္လို႔လည္း ေျပာပါတယ္။
“လႊတ္ေတာ္ကေန Code of Conduct ေပါ့ က်င့္ဝတ္တစ္ခုျပ႒ာန္းႏိုင္ေအာင္ လုပ္မယ္ဆို တာကလည္း ႀကိဳဆိုရမယ့္ ကိစၥပါပဲ။ ဒီလို က်င့္ဝတ္မ်ိဳး၊ ဥပေဒမ်ိဳးေပၚလာမွလည္း ပိုၿပီးေတာ့ ရွင္းရွင္းလင္းလင္းရွိမယ္။ ျပည္သူက ေ႐ြးေကာက္တင္ ေျမႇာက္ၿပီးေတာ့ ျပည္သူကို ကိုယ္စားျပဳတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္နဲ႔ ၂၀၀၈ အရ အခ်ိဳးအစားတစ္ခုပါ ဝင္ေနတဲ့ ကိုယ္စားလွယ္နဲ႔ဆိုတာ သူ႔ရဲ႕တာဝန္ျခင္း၊ ၀တၱရားျခင္း၊ လုပ္ပိုင္ခြင့္ျခင္းက ဘယ္လိုမွ တစ္ထပ္ထဲမက်ႏိုင္ဘူး။ အဲေတာ့ဒီလို က်င့္ဝတ္မ်ိဳးေပၚေပါက္လာဖို႔က အမွန္ တကယ္ လိုအပ္တယ္လို႔ ျမင္ပါတယ္”လို႔ ဦးတင္သစ္က ဆိုပါတယ္။
ဥပေဒမွာ ဘယ္လိုအခ်က္ေတြ ပါမယ္ဆိုတာမသိေသးမယ့္ တာဝန္၊ ၀တၱရား၊ လုပ္ပိုင္ခြင့္ ပိုင္းျခားတဲ့ အခ်က္ေတြကေတာ့ ပီပီသသပါဝင္သင့္တယ္လို႔ ေျပာပါတယ္။
ေ႐ြးေကာက္ခံကိုယ္စားလွယ္ေတြအေနနဲ႔ သူ႔ရဲ႕ မဲဆႏၵနယ္ေျမက မဲဆႏၵရွင္ေတြနဲ႔ ပုံမွန္ထိေတြ႕ႏိုင္ေအာင္ လုပ္ရတဲ့ ကိစၥဟာ အခ်ိန္၊ ေငြေၾကး၊ လုပ္အား အမ်ားႀကီးေပးၿပီးမွ လုပ္ရတာျဖစ္လို႔ အခု လို တပ္မေတာ္သားကိုယ္စားလွယ္ေတြ တစ္ရက္ ႏွစ္ရက္အတြင္း ဟိုတစ္႐ြာ ဒီတစ္႐ြာ ဆင္း႐ုံနဲ႔ တကယ္ထိေရာက္တဲ့ လုပ္ေဆာင္ခ်က္မ်ိဳးလည္း ျဖစ္မလာႏိုင္ဘူးလို႔ ေျပာပါတယ္။
Unicode
တပ်မတော်သားကိုယ်စားလှယ်များတွင် ကိုယ်စားပြုမဲဆန္ဒရှင်မရှိဟု အန်အယ်ဒီအမတ် ဝေဖန်
တပ်မတော်စားလွှတ်တော် ကိုယ်စားလှယ်တွေမှာ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မြေနဲ့ သူတို့ကို ကိုယ်စားပြုတဲ့ မဲဆန္ဒရှင်ဆိုတာက မရှိဘူးလို့ အန်အယ်လ်ဒီလွှတ် တော်အမတ်က ပြောပါတယ်။
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်နဲ့ လယ်ဝေးမြို့နယ်က ကျေးရွာတွေမှာ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီလို ကိုယ်စားပြု မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင် မရှိသူတွေရဲ့ ပြည်သူတွေနဲ့ တွေ့ဆုံမှုအပေါ် ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်သစ်က အခုလို ပြောတာပါ။
“ဥပဒေအရ ပြောမယ်ဆိုရင်တော့ တပ်မတော်သားကိုယ်စားလှယ်တွေ ဒီလို ပြည်သူနဲ့ တွေ့ဆုံခွင့်ရှိတယ်လို့လည်း ပြော မထားသလို မရှိဘူးလို့လည်း ကန့်သတ် ထားတာမရှိဘူးပေါ့။ သို့သော် တပ်မတော်သားကိုယ်စားလှယ်ဆိုတာက ၂၀၀၈ ဖွဲ့စည်းပုံကြောင့်သာ အချိုးအစားတစ်ခု အနေနဲ့ လွှတ်တော်ထဲမှာရောက်နေတာကို။ သူ့မှာ ကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မြေ၊ သူကိုယ်စားပြု တဲ့ မဲဆန္ဒရှင်ဆိုတာက မရှိဘူး။ အဲတော့ ကိုယ်စားပြုမှုအရ မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင် ရှိတာက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေ ရှိမယ်။ ဒီလူတွေကို ကျော်လွန်ပြီးတော့ သို့မဟုတ် ဒီလူတွေနဲ့ အသိပေး ညှိနှိုင်းခြင်းမရှိဘဲနဲ့ ဒီလို တွေ့ဆုံမှုတွေ လုပ်သင့် မလုပ်သင့်ဆိုတာက ဒါက လွှတ်တော်ကိုယ် စားလှယ်တွေရဲ့ ကျင့်ဝတ်ကိစ္စ ဖြစ်လာတာပေါ့ ” လို့ ဆိုပါတယ်။
ဒီလို တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ တွေ့ဆုံမှုကြောင့် လာမယ့် ၁၄ ကြိမ်မြောက် လွှတ်တော် အစည်းအဝေးတွေ မှာ လွှတ်တော်အခွင့်ရေးကော်မတီက တာဝန်ယူ မူကြမ်းပြုစုနေတဲ့ လွှတ်တော်ကိုယ်စားလှယ်ဆိုင်ရာ ကျင့်ဝတ် ပြဋ္ဌာန်းဖို့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။
“လွှတ်တော်ကနေ Code of Conduct ပေါ့ ကျင့်ဝတ်တစ်ခုပြဋ္ဌာန်းနိုင်အောင် လုပ်မယ်ဆို တာကလည်း ကြိုဆိုရမယ့် ကိစ္စပါပဲ။ ဒီလို ကျင့်ဝတ်မျိုး၊ ဥပဒေမျိုးပေါ်လာမှလည်း ပိုပြီးတော့ ရှင်းရှင်းလင်းလင်းရှိမယ်။ ပြည်သူက ရွေးကောက်တင် မြှောက်ပြီးတော့ ပြည်သူကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်နဲ့ ၂၀၀၈ အရ အချိုးအစားတစ်ခုပါဝင်နေတဲ့ ကိုယ် စားလှယ်နဲ့ဆိုတာ သူ့ရဲ့ တာဝန်ခြင်း၊ ၀တ္တရားခြင်း၊ လုပ်ပိုင်ခွင့်ခြင်းက ဘယ်လိုမှ တစ်ထပ် ထဲမကျနိုင်ဘူး။ အဲတော့ ဒီလို ကျင့်ဝတ်မျိုးပေါ်ပေါက်လာဖို့က အမှန်တကယ် လိုအပ်တယ်လို့ မြင်ပါတယ်”လို့ ဦးတင်သစ်က ဆိုပါတယ်။
ဥပဒေမှာ ဘယ်လိုအချက်တွေ ပါမယ်ဆိုတာမသိသေးမယ့် တာဝန်၊ ၀တ္တရား၊ လုပ်ပိုင်ခွင့် ပိုင်းခြားတဲ့ အချက်တွေကတော့ ပီပီသသပါဝင်သင့်တယ်လို့ ပြောပါတယ်။
ရွေးကောက်ခံကိုယ်စားလှယ်တွေအနေနဲ့ သူ့ရဲ့ မဲဆန္ဒနယ်မြေက မဲဆန္ဒရှင်တွေနဲ့ ပုံမှန်ထိတွေ့နိုင်အောင် လုပ်ရတဲ့ ကိစ္စဟာ အချိန်၊ ငွေကြေး၊ လုပ်အား အများကြီးပေးပြီးမှ လုပ်ရတာဖြစ်လို့ အခု လို တပ်မတော်သားကိုယ်စားလှယ်တွေ တစ်ရက် နှစ်ရက်အတွင်း ဟိုတစ်ရွာ ဒီတစ်ရွာ ဆင်းရုံနဲ့ တကယ်ထိရောက်တဲ့ လုပ်ဆောင်ချက်မျိုးလည်း ဖြစ်မလာနိုင်ဘူးလို့ ပြောပါတယ်။
====================================
END / 251
၂၁ အောက်တိုဘာ ၂၀၁၉ - ၁၈:၁၈
News ID: 983898
တပ္မေတာ္စားလႊတ္ေတာ္ ကိုယ္စားလွယ္ေတြမွာ ကိုယ္စားျပဳ တဲ့ မဲဆႏၵနယ္ေျမနဲ႔ သူတို႔ကို ကိုယ္စားျပဳတဲ့ မဲဆႏၵရွင္ဆိုတာ က မရွိဘူးလို႔ အန္အယ္လ္ဒီလႊတ္ေတာ္အမတ္ကေျပာပါတယ္။