အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အမ်ားျပည္သူသုံးသန႔္စင္ခန္းေတြ အသုံးျပဳခကို ေငြက်ပ္ ၁၀၀ သတ္မွတ္ထားၿပီး ပိုမိုေကာက္ခံပါက တိုင္ၾကားႏိုင္တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္က ေျပာၾကားလိုက္ပါတယ္။
သတ္မွတ္ႏႈန္းထားထက္ပိုၿပီး ေကာက္ခံတာေတြ႕ရွိခဲ့မယ္ဆိုရင္ အခ်ိန္မေ႐ြး ဆက္သြယ္တိုင္ၾကားႏိုင္တယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ ပတ္ဝန္းက်င္စီမံခန႔္ခြဲေရး လုပ္ငန္းေကာ္မတီ ဥကၠ႒ ဦးသူရေအာင္က ေအာက္တိုဘာလ ၂၁ ရက္ေန႔က က်င္းပတဲ့ သတင္းစာရွင္းလင္းပြဲမွာ ေျပာခဲ့တာပါ။
လက္ရွိမွာေတာ့ အမ်ားျပည္သူသုံး သန႔္စင္ခန္းေတြမွာ ဝင္ေၾကး ၂၀၀ ေကာက္ခံေနတာေတြ ရွိေနတဲ့အတြက္ ျပည္သူေတြအေနနဲ႔ တိုင္ၾကားႏိုင္တယ္လို႔ဆိုပါတယ္။
ဒါ့အျပင္ လာမယ့္ ၂၄ ရက္ေန႔မွာ သက္တမ္းျပည့္သြားၿပီျဖစ္တဲ့ အမ်ားျပည္သူသုံး သန႔္စင္ခန္း ၈ ခုကို တင္ဒါေခၚယူသြားမယ္လို႔ ေျပာပါတယ္။
ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အမ်ားျပည္သူသုံး သန႔္စင္ခန္းေတြကိုေတာ့ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ရဲ႕ ပတ္ဝန္းက်င္စီမံခန႔္ခြဲေရးလုပ္ငန္း တာဝန္ခံဌာန၊ ေစ်းမ်ားဌာနနဲ႔ ပန္းဥယ်ာဥ္ဌာနက တာဝန္ယူ ထားတယ္လို႔ ဆိုပါတယ္။
ရန္ကုန္ၿမိဳ႕မွာေတာ့ အမ်ားျပည္သူသုံးသန႔္စင္ခန္းအလုံး ၃၀ ေက်ာ္ ရွိတယ္လို႔ ေျပာပါတယ္။
Unicode
အများသုံးသန့်စင်ခန်း အသုံးပြုခ ကျပ် ၁၀၀ ထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်
အများပြည်သူသုံးသန့်စင်ခန်းတွေ အသုံးပြုခကို ငွေကျပ် ၁၀၀ သတ်မှတ်ထားပြီး ပိုမိုကောက်ခံပါက တိုင်ကြားနိုင်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်က ပြောကြားလိုက်ပါတယ်။
သတ်မှတ်နှုန်းထားထက်ပိုပြီး ကောက်ခံတာတွေ့ရှိခဲ့မယ်ဆိုရင် အချိန်မရွေး ဆက်သွယ်တိုင်ကြားနိုင်တယ်လို့ ရန်ကုန်မြို့တော်စည်ပင် ပတ်ဝန်းကျင်စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသူရအောင်က အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။
လက်ရှိမှာတော့ အများပြည်သူသုံး သန့်စင်ခန်းတွေမှာ ဝင်ကြေး ၂၀၀ ကောက်ခံနေတာတွေ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ တိုင်ကြားနိုင်တယ်လို့ဆိုပါတယ်။
ဒါ့အပြင် လာမယ့် ၂၄ ရက်နေ့မှာ သက်တမ်းပြည့်သွားပြီဖြစ်တဲ့ အများပြည်သူသုံး သန့်စင်ခန်း ၈ ခုကို တင်ဒါခေါ်ယူသွားမယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာရှိတဲ့ အများပြည်သူသုံး သန့်စင်ခန်းတွေကိုတော့ ရန်ကုန်မြို့တော်စည်ပင်ရဲ့ ပတ်ဝန်းကျင်စီမံခန့်ခွဲရေးလုပ်ငန်း တာဝန်ခံဌာန၊ ဈေးများဌာနနဲ့ ပန်းဥယျာဉ်ဌာနက တာဝန်ယူ ထားတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့မှာတော့ အများပြည်သူသုံးသန့်စင်ခန်းအလုံး ၃၀ ကျော် ရှိတယ်လို့ ပြောပါတယ်။
====================================
END / 251
၂၁ အောက်တိုဘာ ၂၀၁၉ - ၁၈:၅၀
News ID: 983899
အမ်ားျပည္သူသုံးသန႔္စင္ခန္းေတြ အသုံးျပဳခကို ေငြက်ပ္ ၁၀၀ သတ္မွတ္ထားၿပီး ပိုမိုေကာက္ခံပါက တိုင္ၾကားႏိုင္တယ္လို႔ ရန္ ကုန္ၿမိဳ႕ေတာ္စည္ပင္က ေျပာၾကားလိုက္ပါတယ္။