အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သေဘာတူ စာခ်ဳပ္ (NCA) လက္မွတ္ေရးထိုး ျခင္းေလးႏွစ္ျပည့္ ႏွစ္ပတ္လည္ အခမ္းအနားကို ေအာက္တိုဘာ ၂၈ ရက္တြင္ ေနျပည္ေတာ္၌ က်င္းပမည္ျဖစ္ရာ NCA မထိုးရ ေသးသည့္ တိုင္းရင္းသားလက္ နက္ကိုင္အဖြဲ႕မ်ား အပါအဝင္ ျပည္တြင္း၊ ျပည္ပမွ ကိုယ္စား လွယ္ ၆၀၀ ခန႔္ဖိတ္ၾကားထား ေၾကာင္း ရွမ္းလက္နက္ကိုင္အဖြဲ႕ (RCSS) မွ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာသည္။
အစိုးရႏွင့္ တိုင္းရင္းသား လက္နက္ကိုင္ ရွစ္ဖြဲ႕သည္ ၂၀၁၅ ေအာက္တိုဘာ ၁၅ ရက္တြင္ NCA လက္မွတ္ေရးထိုးခဲ့ရာ ၂၀၁၈ ေဖေဖာ္ဝါရီတြင္ လက္ မွတ္ထိုး အဖြဲ႕ႏွစ္ဖြဲ႕တိုးလာသည္။ ယခင္က ႏွစ္ပတ္လည္ အခမ္းအ နားကို ေအာက္တိုဘာ ၁၅ ရက္ တြင္ က်င္းပေလ့ရွိေသာ္လည္း ယခုႏွစ္သည္ သီတင္းကြၽတ္႐ုံး ပိတ္ရက္ႏွင့္ တိုက္ ဆိုင္ေန၍ ရက္ ေ႐ႊ႕က်င္းပျခင္းျဖစ္သည္။
‘‘သိရသေလာက္ဆိုရင္ အစိုးရ၊ တပ္မေတာ္၊ ဒီဘက္က EAO ၊ ႏိုင္ငံေရးပါတီေတြ၊ ၿငိမ္း ခ်မ္းေရးလုပ္ငန္းစဥ္မွာ ပါဝင္ေန တဲ့ အဖြဲ႕အစည္းေတြရွိတယ္။ ေနာက္ၿပီး ႏိုင္ငံတ ကာ အသိုင္းအ ဝိုင္းေတြလည္းရွိမယ္။ ဥပမာ UN တို႔၊ EU တို႔စသျဖင့္ေပါ့။ ေနာက္ ၿပီးေတာ့ NCA ေရးထိုးတုန္းက အသိသက္ေသအျဖစ္ လက္မွတ္ ေရးထိုးတဲ့ ႏိုင္ငံက ကိုယ္စားလွယ္ ေတြဖိတ္မယ္။ အားလုံးေပါင္း ၆၀၀ နီးပါးေလာက္ရွိမယ္ထင္ တယ္’’ဟု အပစ္ရပ္ ၁၀ ဖြဲ႕၏ ညႇိ ႏႈိင္းေရးအဖြဲ႕ေခါင္းေဆာင္လည္း ျဖစ္သူ ဗိုလ္မႉးႀကီးစိုင္းငင္းက ေျပာသည္။
NCA မထိုးရေသးသည့္တိုင္း ရင္းသား လက္နက္ကိုင္အဖြဲ႕မ်ား ကို ဖိတ္ၾကားျခင္းရွိ၊ မရွိေမးျမန္း ရာဖိတ္ၾကားသည္ဟုသိရေၾကာင္း ဗိုလ္မႉးႀကီး စိုင္းငင္းက ေျပာ သည္။
အခမ္းအနားတြင္ ႏိုင္ငံ ေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ RCSS ဥကၠ႒ဗိုလ္ ခ်ဳပ္ႀကီး ယြက္ဆစ္တို႔ မိန႔္ခြန္းေျပာၾကားမည္ျဖစ္သည္။
‘‘၁၀ ဖြဲ႕ကိုယ္စားဆို အခု ေလာေလာဆယ္ ကြၽန္ေတာ္တို႔ ဘက္က စည္းမ်ဥ္းစည္းကမ္းအရ ဆိုရင္ လက္ရွိ PPST ရဲ႕ ယာယီ အဖြဲ႕ေခါင္းေဆာင္ပဲ ေျပာမယ့္အ ေနအထား ရွိပါတယ္’’ ဟု ဗိုလ္မႉး ႀကီးစိုင္းငင္းက ေျပာသည္။PPST ယာယီအဖြဲ႕ေခါင္းေဆာင္သည္ RCSS ဥကၠ႒ျဖစ္သည္။
ယခင္က NCA ႏွစ္ပတ္ လည္ အခမ္းအနားမ်ားတြင္ကရင္ အမ်ိဳးသားအစည္းအ႐ုံး (KNU) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူးေစး ဖိုးမိန႔္ခြန္းေျပာၾကားျခင္းျဖစ္ၿပီး ေနာက္ပိုင္းတြင္ PPST အဖြဲ႕ ေခါင္းေဆာင္အျဖစ္ တာဝန္ယူ ေနသည့္ ဗိုလ္ခ်ဳပ္ႀကီးေစာမူတူး ေစးဖိုးအစား KNU အေထြေထြ အတြင္းေရးမႉးခ်ဳပ္ကို အစားထိုး ခဲ့၍ RCSS ဥကၠ႒ က PPST ၏ ယာယီအဖြဲ႕ ေခါင္းေဆာင္ျဖစ္ လာသည္။
Unicode
NCA လေးနှစ်ပြည့်ပွဲသို့ အပစ်မရပ်အဖွဲ့များ အပါအဝင် ပြည်တွင်း၊ ပြည်ပ ကိုယ်စားလှယ် ၆၀၀ ခန့် ဖိတ်ကြား
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုး ခြင်းလေးနှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ NCA မထိုးရ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ အပါအဝင် ပြည်တွင်း၊ ပြည်ပမှ ကိုယ်စား လှယ် ၆၀၀ ခန့်ဖိတ်ကြားထား ကြောင်း ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) မှ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်တွင် NCA လက်မှတ်ရေးထိုးခဲ့ရာ ၂၀၁၈ ဖေဖော်ဝါရီတွင် လက် မှတ်ထိုး အဖွဲ့နှစ်ဖွဲ့တိုးလာသည်။ ယခင်က နှစ်ပတ်လည် အခမ်းအ နားကို အောက်တိုဘာ ၁၅ ရက် တွင် ကျင်းပလေ့ရှိသော်လည်း ယခုနှစ်သည် သီတင်းကျွတ်ရုံး ပိတ် ရက်နှင့် တိုက်ဆိုင်နေ၍ ရက် ရွှေ့ကျင်းပခြင်းဖြစ်သည်။
‘‘သိရသလောက်ဆိုရင် အစိုးရ၊ တပ်မတော်၊ ဒီဘက်က EAO ၊ နိုင်ငံရေးပါတီတွေ၊ ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေ တဲ့ အဖွဲ့အစည်းတွေရှိတယ်။ နောက်ပြီး နိုင်ငံတကာ အသိုင်းအ ဝိုင်းတွေလည်းရှိမယ်။ ဥပမာ UN တို့၊ EU တို့စသဖြင့်ပေါ့။ နောက် ပြီးတော့ NCA ရေးထိုးတုန်းက အသိသက်သေအဖြစ် လက်မှတ် ရေးထိုး တဲ့ နိုင်ငံကကိုယ်စားလှယ် တွေဖိတ်မယ်။ အားလုံးပေါင်း ၆၀၀ နီးပါးလောက်ရှိမယ်ထင် တယ်’’ဟု အပစ်ရပ် ၁၀ ဖွဲ့၏ ညှိ နှိုင်းရေးအဖွဲ့ခေါင်းဆောင်လည်း ဖြစ်သူ ဗိုလ်မှူးကြီးစိုင်းငင်းက ပြောသည်။
NCA မထိုးရသေးသည့်တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့များ ကို ဖိတ်ကြားခြင်းရှိ၊ မရှိမေးမြန်း ရာဖိတ်ကြားသည်ဟုသိရကြောင်း ဗိုလ်မှူးကြီး စိုင်းငင်းက ပြော သည်။
အခမ်းအနားတွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်နှင့် RCSS ဥက္ ကဋ္ဌဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
‘‘၁၀ ဖွဲ့ကိုယ်စားဆို အခု လောလောဆယ် ကျွန်တော်တို့ ဘက်က စည်းမျဉ်းစည်းကမ်းအရ ဆိုရင် လက်ရှိ PPST ရဲ့ ယာယီ အဖွဲ့ခေါင်းဆောင်ပဲ ပြောမယ့်အ နေအ ထားရှိပါတယ်’’ ဟု ဗိုလ်မှူး ကြီးစိုင်းငင်းက ပြောသည်။PPST ယာယီအဖွဲ့ခေါင်းဆောင်သည် RCSS ဥက္ကဋ္ဌဖြစ်သည်။
ယခင်က NCA နှစ်ပတ် လည် အခမ်းအနားများတွင်ကရင် အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေး ဖိုးမိန့်ခွန်းပြောကြားခြင်းဖြစ်ပြီး နောက် ပိုင်းတွင် PPST အဖွဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူ နေသည့် ဗိုလ်ချုပ်ကြီးစောမူတူး စေးဖိုးအစား KNU အထွေထွေ အတွင်းရေးမှူးချုပ်ကို အစားထိုး ခဲ့၍ RCSS ဥက္ကဋ္ဌ က PPST ၏ ယာယီအဖွဲ့ ခေါင်းဆောင်ဖြစ် လာသည်။
====================================
END / 251