
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အန္အယ္လ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ ကိုယ့္ဝမ္းစာကိုယ္ျဖည့္ဖို႔ လိုတယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ ဒုဥကၠ႒ ေဒါက္တာ ေဇာ္ျမင့္ေမာင္က ေျပာပါတယ္။
အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္၊ ရန္ကုန္တိုင္းေဒသႀကီးရဲ႕ သတၱမအႀကိမ္ ပါတီ၊ လႊတ္ေတာ္နဲ႔ အစိုးရ သုံးပြင့္ဆိုင္ေတြ႕ဆုံပြဲကို ဒီကေန႔ ေအာက္တိုဘာ ၂၄ ရက္ မနက္က ရန္ ကုန္ၿမိဳ႕ Sky Star Hotel မွာ က်င္းပရာမွာ ေျပာသြားတာပါ။
၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲက်ရင္ ျပည္သူေတြရဲ႕ႏိုင္ငံေရး အသိအျမင္ က်ယ္ျပန႔္လာၿပီ ျဖစ္တဲ့အတြက္ အခုလို ဝမ္းစာျဖည့္ ေဆာင္႐ြက္ထားဖို႔ ေျပာဆိုခဲ့တာလို႔ ဆို ပါတယ္။
၂၀၂၀ ေ႐ြးေကာက္ပြဲနီးလာခ်ိန္မွာ တျခားအဖြဲ႕အစည္းကို စိုးရိမ္ေနစရာမလိုဘဲ ပါတီ စည္း႐ုံးေရးကို ေကာင္းေအာင္လုပ္ၿပီး ကိုယ္စားလွယ္ေတြအခ်င္းခ်င္း ညီညီၫြတ္ၫြတ္ ေနၾကဖို႔နဲ႔ ညီၫြတ္မွေအာင္ျမင္မႈကိုရႏိုင္မယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ အတြင္းေရးမႉးအဖြဲ႕ဝင္ ဦးဉာဏ္ဝင္းက ေျပာပါတယ္။
အဆိုပါေတြ႕ဆုံပြဲမွာ အန္အယ္လ္ဒီ လုပ္ငန္းအဖြဲ႕ေတြ တိုင္း၊ ခ႐ိုင္၊ ဗဟို အလုပ္အမႈေဆာင္အဖြဲ႕ေတြက ႏိုင္ငံေရး အႀကံျပဳအစီရင္ခံစာတင္သြင္းခဲ့ၾကသလို လႊတ္ေတာ္ကိုယ္ စားလွယ္ေတြက အႀကံျပဳေဆြးေႏြးခဲ့ၾကပါတယ္။
Unicode
အန်အယ်လ်ဒီအမတ်များ ဝမ်းစာဖြည့်ရန် လိုအပ်နေ
အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်ဝမ်းစာကိုယ်ဖြည့်ဖို့ လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်းဒေသကြီးရဲ့ သတ္တမအကြိမ် ပါတီ၊ လွှတ်တော်နဲ့ အစိုးရ သုံးပွင့်ဆိုင်တွေ့ဆုံပွဲကို ဒီကနေ့ အောက်တိုဘာ ၂၄ ရက် မနက်က ရန်ကုန်မြို့ Sky Star Hotel မှာ ကျင်းပရာမှာ ပြောသွားတာပါ။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကျရင် ပြည်သူတွေရဲ့နိုင်ငံရေး အသိအမြင် ကျယ်ပြန့်လာပြီ ဖြစ်တဲ့အတွက် အခုလို ဝမ်းစာဖြည့် ဆောင်ရွက်ထားဖို့ ပြောဆိုခဲ့တာလို့ ဆိုပါ တယ်။
၂၀၂၀ ရွေးကောက်ပွဲနီးလာချိန်မှာ တခြားအဖွဲ့အစည်းကို စိုးရိမ်နေစရာမလိုဘဲ ပါတီ စည်းရုံးရေးကို ကောင်းအောင်လုပ်ပြီး ကိုယ်စားလှယ်တွေအချင်းချင်း ညီညီညွတ် ညွတ်နေကြဖို့နဲ့ ညီညွတ်မှအောင်မြင်မှုကိုရနိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါ တယ်။
အဆိုပါတွေ့ဆုံပွဲမှာ အန်အယ်လ်ဒီ လုပ်ငန်းအဖွဲ့တွေ တိုင်း၊ ခရိုင်၊ ဗဟို အလုပ်အမှုဆောင်အဖွဲ့တွေက နိုင်ငံရေး အကြံပြုအစီရင်ခံစာတင်သွင်းခဲ့ကြသလို လွှတ်တော် ကိုယ်စားလှယ်တွေက အကြံပြုဆွေးနွေးခဲ့ကြပါတယ်။
====================================
END / 251