အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ေအေအအဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားတဲ့ ရဲတပ္ဖြဲ႕ဝင္ ၃၀ ေက်ာ္နဲ႔ ျပည္သူအခ်ိဳ႕ကို ကယ္ထုတ္ဖို႔အတြက္ ရဟတ္ယာဥ္သုံးၿပီး ေဆာင္႐ြက္ေနတယ္လို႔ တပ္မေတာ္က ေျပာပါတယ္။
ေနျပည္ေတာ္က တပ္မေတာ္စစ္သမိုင္းျပတိုက္မွာ လုပ္ေနတဲ့ သတင္းစာ ရွင္းလင္းပြဲမွာ သတင္းေထာက္တဦးက ရေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္းဘက္မွာ ဒီေန႔မြန္းလြဲပိုင္းက တပ္မေတာ္က တိုက္ေလယာဥ္ ၃ စင္းနဲ႔ ဝင္ေရာက္တိုက္ခိုက္ေနတယ္ဆိုတာ ဟုတ္မွန္သလား ဆိုတဲ့ ေမးခြန္းကို တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက အခုလို ေျပာၾကားလိုက္တာပါ။
“ေက်ာက္တန္းနဲ႔ကပ္လ်က္ပဲ၊ ရဲေတြကို ဖမ္းသြားတယ္ဆိုတဲ့ဟာ၊ ရဲတပ္ဖြဲ႕ဝင္ေတြ ဖမ္းသြားတယ္၊ အဲဒီေပၚမွာပါတဲ့ က်ေနာ္တို႔ ဦးေရကို အတည္ျပဳလို႔ မရေသးဘူး။ အနည္းဆုံးကေတာ့ ၃၀ ေက်ာ္ေလာက္ရွိတယ္။ အဲဒီမွာရွိတဲ့ ခရီးသည္တခ်ိဳ႕ကိုလည္း ဖမ္းသြားတယ္။ အဲဒါေတြကို ကယ္ထုတ္ဖို႔အတြက္ လုပ္ေနတာ။ ေလယာဥ္သုံးတာ မဟုတ္ဘူး၊ ရဟတ္ယာဥ္သုံးတာ ျဖစ္တယ္။”
ေသာင္းက်န္းမႈ ႏွိမ္နင္ေရး စစ္ဆင္းေရးေတြမွာ ေလယာဥ္၊ ရဟတ္ယာဥ္ မသုံးရ ဆိုတဲ့ ႏိုင္ငံတကာဉပေဒလည္း မရွိဘူးလို႔ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါတယ္။
“ဖိလစ္ပိုင္ေတာင္ပိုင္းမွာ ျဖစ္ေနတဲ့ကိစၥမွာ ဗုံးႀကဲေလယာဥ္ပါ သုံးတယ္။ လိုအပ္တဲ့ အင္အားကို အသုံးျပဳခြင့္ရွိတယ္။ က်ေနာ္တို႔က ရဲတပ္ဖြဲ႕ဝင္နဲ႔ ခရီးသြားျပည္သူလူထုကို ဖမ္းသြားတာကို တပ္မေတာ္နဲ႔ လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕က ပုတီးစိပ္ၿပီး ေမတၱာပို႔ေနရမွာလား၊ ပုတီးစိပ္ၿပီး ေမတၱာမပို႔ႏိုင္ဘူး၊ ႀကဲသင့္ရင္ ႀကဲရမွာပဲ၊ ခ်သင့္ရင္ ခ်ရမွာပဲ။ ဒါကေတာ့ က်ေနာ္တို႔ရဲ႕ လုပ္ငန္း၊ က်ေနာ္တို႔ရဲ႕ တာဝန္ျဖစ္တယ္။ ဒါနဲ႔ပတ္သက္ၿပီး ေလယာဥ္မသုံးရတို႔၊ ရဟတ္ယာဥ္မသုံးရတို႔ ဥပေဒမ်ိဳးလည္း မရွိပါဘူး၊ ႏိုင္ငံတကာမွာလည္း မရွိပါဘူး၊ လိုအပ္ရင္ သုံးခြင့္ရွိတယ္၊ လိုအပ္ရင္ ေဆာင္႐ြက္ရမွာ ျဖစ္တယ္။”
ေ႐ႊနဒီ အျမန္ေရယာဥ္ဟာ ဒီေန႔မနက္ ၆ နာရီ အခ်ိန္ေလာက္က စစ္ေတြဆိပ္ကမ္းကေန ထြက္ခြာၿပီး ရေသ့ေတာင္ၿမိဳ႕နယ္အလြန္မွာ ရကၡိဳင့္တပ္မေတာ္(ေအေအ)က ေသနတ္ပစ္ တားဆီးရပ္တန္႔ခိုင္းကာ အျမန္ေရယာဥ္မွာ ပါလာတဲ့ ရဲတပ္ဖြဲ၀င္ေတြကို ဖမ္းဆီးသြားတာလို႔ သိရပါတယ္။
ဒါနဲ႔ပတ္သက္လို႔ ရကၡိဳင့္တပ္မေတာ္ ေအေအဘက္ကေတာ့ တစုံတရာ ထုတ္ျပန္ေျပာဆိုတာ မရွိေသးပါဘူး။
Unicode
ရဲတပ်ဖွဲ့ဝင်များကို ကယ်ထုတ်ရန် ရဟတ်ယာဉ်အသုံးပြုဆေင်ရွက်ဟု တပ်မတော် ပြော
အေအေအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရဲတပ်ဖွဲ့ဝင် ၃၀ ကျော်နဲ့ ပြည်သူအချို့ကို ကယ်ထုတ်ဖို့အတွက် ရဟတ်ယာဉ်သုံးပြီး ဆောင်ရွက်နေတယ်လို့ တပ်မတော်က ပြောပါတယ်။
နေပြည်တော်က တပ်မတော်စစ်သမိုင်းပြတိုက်မှာ လုပ်နေတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တဦးက ရသေ့တောင်မြို့နယ် ကျောက်တန်းဘက်မှာ ဒီနေ့မွန်းလွဲပိုင်းက တပ်မတော်က တိုက်လေယာဉ် ၃ စင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတယ်ဆိုတာ ဟုတ်မှန်သလား ဆိုတဲ့ မေးခွန်းကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလို ပြောကြားလိုက်တာပါ။
“ကျောက်တန်းနဲ့ကပ်လျက်ပဲ၊ ရဲတွေကို ဖမ်းသွားတယ်ဆိုတဲ့ဟာ၊ ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းသွားတယ်၊ အဲဒီပေါ်မှာပါတဲ့ ကျနော်တို့ ဦးရေကို အတည်ပြုလို့ မရသေးဘူး။ အနည်းဆုံးကတော့ ၃၀ ကျော်လောက်ရှိတယ်။ အဲဒီမှာရှိတဲ့ ခရီးသည်တချို့ကိုလည်း ဖမ်းသွားတယ်။ အဲဒါတွေကို ကယ်ထုတ်ဖို့အတွက် လုပ်နေတာ။ လေယာဉ်သုံးတာ မဟုတ်ဘူး၊ ရဟတ်ယာဉ်သုံးတာ ဖြစ်တယ်။”
သောင်းကျန်းမှု နှိမ်နင်ရေး စစ်ဆင်းရေးတွေမှာ လေယာဉ်၊ ရဟတ်ယာဉ် မသုံးရ ဆိုတဲ့ နိုင်ငံတကာဉပဒေလည်း မရှိဘူးလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“ဖိလစ်ပိုင်တောင်ပိုင်းမှာ ဖြစ်နေတဲ့ကိစ္စမှာ ဗုံးကြဲလေယာဉ်ပါ သုံးတယ်။ လိုအပ်တဲ့ အင်အားကို အသုံးပြုခွင့်ရှိတယ်။ ကျနော်တို့က ရဲတပ်ဖွဲ့ဝင်နဲ့ ခရီးသွားပြည်သူလူထုကို ဖမ်းသွားတာကို တပ်မတော်နဲ့ လုံခြုံရေးဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပုတီးစိပ်ပြီး မေတ္တာပို့နေရမှာလား၊ ပုတီးစိပ်ပြီး မေတ္တာမပို့နိုင်ဘူး၊ ကြဲသင့်ရင် ကြဲရမှာပဲ၊ ချသင့်ရင် ချရမှာပဲ။ ဒါကတော့ ကျနော်တို့ရဲ့ လုပ်ငန်း၊ ကျနော်တို့ရဲ့ တာဝန်ဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီး လေယာဉ်မသုံးရတို့၊ ရဟတ်ယာဉ်မသုံးရတို့ ဥပဒေမျိုးလည်း မရှိပါဘူး၊ နိုင်ငံတကာမှာလည်း မရှိပါဘူး၊ လိုအပ်ရင် သုံးခွင့်ရှိတယ်၊ လိုအပ်ရင် ဆောင်ရွက်ရမှာ ဖြစ်တယ်။”
ရွှေနဒီ အမြန်ရေယာဉ်ဟာ ဒီနေ့မနက် ၆ နာရီ အချိန်လောက်က စစ်တွေဆိပ်ကမ်းကနေ ထွက်ခွာပြီး ရသေ့တောင်မြို့နယ်အလွန်မှာ ရက္ခိုင့်တပ်မတော်(အေအေ)က သေနတ်ပစ် တားဆီးရပ်တန့်ခိုင်းကာ အမြန်ရေယာဉ်မှာ ပါလာတဲ့ ရဲတပ်ဖွဲ၀င်တွေကို ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ဒါနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်မတော် အေအေဘက်ကတော့ တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။
====================================
END / 251
၂၆ အောက်တိုဘာ ၂၀၁၉ - ၁၉:၄၅
News ID: 984618
ေအေအအဖြဲ႕က ဖမ္းဆီးေခၚေဆာင္သြားတဲ့ ရဲတပ္ဖြဲ႕ဝင္ ၃၀ ေက်ာ္နဲ႔ ျပည္သူအခ်ိဳ႕ကို ကယ္ထုတ္ဖို႔အတြက္ ရဟတ္ ယာဥ္သုံးၿပီး ေဆာင္႐ြက္ေနတယ္လို႔ တပ္မေတာ္က ေျပာပါ တယ္။