အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Zawgyi
အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူရန်သည် သက်ဆိုင်သော ခေါင်းဆောင်များ ၏ နိုင်ငံရေးဆုံးဖြတ်ချက်ဖြစ် ကြောင်းနှင့် ပြည်တွင်းဖြစ်စဉ် များအရ ခေါ်သင့်ခေါ်ထိုက်သည့် အနေအထားရောက်၊ မရောက် သုံးသပ်ရန်လိုကြောင်း နိုင်ငံတော် သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်ဦးဇော် ဌေးက ပြောသည်။
လက်ရှိအစိုးရလက်ထက် တွင် ကာလုံဟုလူသိများသည့် အ မျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီ အစည်းအဝေးကို တစ်ကြိမ်မျှ ခေါ်ခြင်းမရှိသေး သည့်ကိစ္စနှင့်ပတ်သက်၍ ယမန် နေ့တွင် သမ္မတအိမ်တော်၌ ပြု လုပ်သည့် သတင်းစာရှင်းလင်း ပွဲ၌ 7Day Daily သတင်းစာ၏ မေးမြန်းမှုကို ထိုသို့ထည့်သွင်းဖြေ ကြားသည်။
‘‘ကျွန်တော်တို့သိသလောက် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုံမှန်မ ဖြစ်မနေကျင်းပရမယ်လို့ ပြဋ္ဌာန်း ထားတာမရှိဘူး’’ ဟု ဦးဇော်ဌေး က ပြောသည်။
သို့သော်ကာလုံအစည်းအ ဝေးခေါ်ယူခြင်း မရှိသော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ် မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ နှစ်ဦးချင်း၊ အရပ်ဘက်နှင့် စစ် ဘက်မှ ခေါင်းဆောင်နှစ်ဦးစီနှင့် အဖွဲ့လိုက်တွေ့ဆုံခြင်းများ ရှိ ကြောင်း ၎င်းကရှင်းပြသည်။
‘‘အရင်ရှင်းလင်းပွဲတွေမှာ ပြောပြီးဖြစ်တယ်။ Four Eyes တွေ့ခဲ့တာရှိတယ်။ Four Eyes ဆိုတာက နှစ်ယောက်တည်းပဲ ရှိတယ်။ Two Plus Two တွေ့ ခဲ့တာတွေရှိတယ်။ ဟိုဘက်နှစ် ယောက်၊ ဒီဘက်နှစ်ယောက် တွေ့ခဲ့တာတွေရှိတယ်။ နောက် အဖွဲ့လိုက် တွေ့ခဲ့တာတွေရှိ တယ်။ ဆွေးနွေးတဲ့အကြောင်း အရာအမျိုးမျိုးပေါ့။ အများကြီးရှိ ပါတယ်။ ကျယ်ပြန့်ပါတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။
ပဲခူးဝန်ကြီးချုပ်ကိစ္စ
ပဲခူးဝန်ကြီးချုပ်ဦးဝင်းသိန်း ၏ ဆရာမများအပေါ် ပြောကြား ချက်နှင့်ပတ်သက်၍ အာဏာရပါ တီအမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်ထံတိုင်စာရောက်ရှိနေပြီဟု သိရှိထားသော်လည်း အစိုးရပိုင်း သို့တိုင်စာမရောက်ရှိသေးကြောင်း ဦးဇော်ဌေးက ပြောသည်။
ဝန်ကြီးချုပ် ဦးဝင်းသိန်း၏ ပြောကြားချက်နှင့် ပတ်သက်၍ ‘‘အဲဒီလူတွေ ကိုယ်၌ကတာဝန် ရှိပါတယ်။ လူထုကိုတာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ရှိဖို့ တာဝန်ရှိပါ တယ်’’ ဟု ၎င်းက မှတ်ချက်ပြု သည်။
====================================
END / 251
၂၆ အောက်တိုဘာ ၂၀၁၉ - ၂၀:၀၃
News ID: 984620
အမျိုးသားကာ ကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအေ ဝး ခေါ်ယူရန်သည် သက်ဆိုင်သော ခေါင်းဆောင်များ ၏ နိုင်ငံရေးဆုံးဖြတ်ချက်ဖြစ် ကြောင်းနှင့် ပြည်တွင်းဖြစ်စဉ် များ အရ ခေါ်သင့်ခေါ်ထိုက်သည့် အနေအထားရောက်၊ မေ ရာက် သုံးသပ်ရန်လိုကြောင်း နိုင်ငံတော် သမ္မတရုံး ပြော ခွင့်ရပုဂ္ဂိုလ်ဦးဇော် ဌေးက ပြောသည်။