
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ႏိုင္ငံ့ဝန္ထမ္းေတြအေနနဲ႔ ေခတ္နဲ႔ အညီလိုက္ပါေျပာင္းလဲၾကဖို႔ အဂတိတိုက္ဖ်က္ေရး ေကာ္မရွင္ ဥကၠ႒ ဦးေအာင္ၾကည္က တိုက္တြန္းလိုက္ပါတယ္။
အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္ကေန တာဝန္ယူမႈရွိတဲ့ အုပ္ခ်ဳပ္ေရးႏွင့္ စီးပြားေရးလုပ္ငန္းမ်ားေခါင္းစဥ္နဲ႔ အလုပ္႐ုံေဆြးေႏြးပြဲကို မုံ႐ြာၿမိဳ႕မွာ ပထမဆုံးအႀကိမ္ အျဖစ္ ေအာက္တိုဘာ ၂၄ ရက္က ျပဳလုပ္ခဲ့ပါတယ္။
ဒီအခမ္းအနားကိုတက္ေရာက္လာတဲ့ အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ဥကၠ႒က ႏိုင္ငံ့ဝန္ထမ္း ေတြေရာ စီးပြားေရးလုပ္ငန္းရွင္ေတြအေနနဲ႔ပါ ေခတ္နဲ႔အညီ လိုက္ပါေျပာင္းလဲဖို႔ လိုတဲ့အေၾကာင္းကို တိုက္တြန္းေျပာဆိုခဲ့တာပါ။
“ႏိုင္ငံ့ဝန္ထမ္းမ်ားေရာ စီးပြားေရးလုပ္ငန္းေဆာင္႐ြက္ေနသူမ်ားပါ အျခားသူမ်ားရဲ႕ အေတြ႕အႀကဳံမ်ားမွ သင္ခန္းစာမ်ားရယူၿပီး မိမိတို႔ကိုယ္တိုင္ ေခတ္နဲ႔အညီ လိုက္ပါေျပာင္း လဲ ႏိုင္ၾကဖို႔ တိုက္တြန္းလိုပါတယ္။ ေကာ္မရွင္အေနနဲ႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒနဲ႔ ၿငိစြန္းသူေတြကို ထိထိေရာက္ေရာက္ စုံစမ္းစစ္ေဆးတရားစြဲဆိုတာ မျပဳ လုပ္ႏိုင္ခဲ့ရင္ အဂတိ တိုက္စားမႈတိုက္ဖ်က္ေရးလုပ္ငန္းတာဝန္ကို ေက်ပြန္ေအာင္ ေဆာင္႐ြက္ႏိုင္မွာ မဟုတ္ပါ။ ႏိုင္ငံ့ ဝန္ထမ္းေတြအေနနဲ႔ မိမိတို႔ရဲ႕ တန္ဖိုးထားမႈေတြကို ဒီမို ကေရစီစံႏႈန္းနဲ႔အညီ လိုက္ေလ်ာညီေထြ ျပဳျပင္ေျပာင္းလဲေပးႏိုင္ၾကမယ္ဆိုရင္ အဂတိလိုက္စားမႈေၾကာင့္ ႏိုင္ငံေတာ္ႏွင့္ ျပည္သူလူထု တရပ္လုံးက ဆယ္စုႏွစ္ေပါင္းမ်ားစြာ ဆုံးရႈံးထိခိုက္နစ္နာခဲ့ရတာေတြကို ေဆာလ်င္စြာ ကယ္တင္ကုသေပးႏိုင္မွာျဖစ္ကာ မိမိတို႔ရဲ႕ မ်ိဳးဆက္ေတြအတြက္ အဂတိကင္းတဲ့ လူ႔ေဘာင္ကို ထူေထာင္ေပးႏိုင္မယ္”လို႔ေျပာပါတယ္။
ေကာ္မရွင္အေနနဲ႔ အဂတိတိုက္ဖ်က္ေရးနဲ႔ပတ္သက္တဲ့ ေဆြးေႏြးပြဲေတြ၊ ဥပေဒစာအုပ္ ျဖန႔္ေဝတာေတြကို တိုင္းႏွင့္ျပည္နယ္ေတြ လုပ္ေဆာင္ေပးေနေပမယ့္ ဝန္ထမ္းေတြ၊ စီးပြားေရး သမားေတြအေနနဲ႔ အဂတိတိုက္ဖ်က္ေရးဥပေဒကို သိရွိမႈမွာ အားနည္းေနေသးတယ္လို႔လည္း ဆိုပါတယ္။ ဥပေဒမသိနားမလည္တဲ့အတြက္ ဥပေဒသိသူေတြက တမင္လုပ္ႀကံတာကို ခံရႏိုင္တဲ့အတြက္လည္း သတိထားၾကဖို႔ကို တိုက္တြန္းခဲ့ပါေသးတယ္။
စစ္ကိုင္းတိုင္းေဒသႀကီး၊ မုံ႐ြာၿမိဳ႕၊ ျမသလႅာခန္းမမွာ က်င္းပတဲ့ ေဆြးေႏြးပြဲကို အဂတိတိုက္ဖ်က္ေရးေကာ္မရွင္ဥကၠ႒ ဦးေအာင္ၾကည္နဲ႔ အဖြဲ႕ဝင္ေတြ၊ တိုင္းလႊတ္ေတာ္ဥကၠ႒နဲ႔ ဌာနဆိုင္ရာေတြ၊ အစိုးရအဖြဲ႕နဲ႔ ဌာနဆိုင္ရာေတြ၊ တရားေရးဌာနက တာဝန္ရွိသူေတြ၊ UNDP မွကိုယ္စားလွယ္ေတြ၊ အရပ္ဖက္အဖြဲ႕အစည္းေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြ၊ ပညာရွင္ေတြ တက္ေရာက္ေဆြးေႏြးခဲ့ၾကပါတယ္။
ဒီအလုပ္ေဆြးေႏြးပြဲမွာ ပါေမာကၡေဒါက္တာေအာင္ထြန္းသက္၊ ေဒါက္တာ တင္ေမာင္သန္း (သင့္ဘဝ)နဲ႔ ပညာရွင္ေတြ၊ တိုင္းအစိုးရအဖြဲ႕ စီမံ/ဘ႑ာဝန္ႀကီး၊ ACC အဖြဲ႕ဝင္တဦးႏွင့္ UNDPနဲ႔ ကုန္သည္စက္မႈအသင္းတာဝန္ရွိသူေတြကလည္း တာဝန္ယူမႈရွိေသာ အုပ္ခ်ဳပ္ေရးႏွင့္ စီးပြားေရး ေခါင္းစဥ္နဲ႔ ဦးေဆာင္ေဆြးေႏြးခဲ့ၾကပါတယ္။
ဒီေဆြးေႏြးပြဲက စစ္ကိုင္းတိုင္းမွာ ပထမဆုံးအႀကိမ္လည္း ျဖစ္ပါတယ္။ အဂတိတိုက္ဖ်က္ေရး ေကာ္မရွင္ စတင္ဖြဲ႕စည္းခ်ိန္ကေန ဒီေန႔ထိ တရားစြဲဆိုတဲ့အမႈေပါင္း ၁၇၂ မႈရွိၿပီး အဲဒီထဲမွာ စစ္ကိုင္းတိုင္းအတြင္းက တရားေရးဝန္ထမ္းေတြ၊ ရဲ၊ သစ္ေတာ၊ ေထြအုပ္ စတဲ့ဝန္ထမ္းတခ်ိဳ႕ကို တရားစြဲဆိုထားတယ္လို႔ သိရပါတယ္။
အခုလိုအလုပ္႐ုံေဆြးေႏြးပြဲေတြ၊ ဥပေဒအေၾကာင္းအရာေတြကို ရပ္ေက်းအဆင့္ေတြထိ မၾကာမၾကာ ျပဳလုပ္ေပးမွသာ အဂတိလိုက္စားမႈကို ပိုမိုထိေရာက္ ဟန႔္တားေဆာင္႐ြက္ႏိုင္မယ္လို႔ ည္း တက္ေရာက္လာတဲ့ အရပ္ဖက္အဖြဲ႕အစည္းေတြက ေျပာပါတယ္။
Unicode
နိုင်ငံ့ဝန်ထမ်းများ ခေတ်နှင့်အညီလိုက်ပါပြောင်းလဲရန် အဂတိတိုက်ဖျက်ရေးကော်မရှင် တိုက်တွန်း
နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ ခေတ်နဲ့ အညီလိုက်ပါပြောင်းလဲကြဖို့ အဂတိတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က တိုက်တွန်းလိုက်ပါတယ်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကနေ တာဝန်ယူမှုရှိတဲ့ အုပ်ချုပ်ရေးနှင့် စီးပွားရေးလုပ်ငန်းများခေါင်းစဉ်နဲ့ အလုပ်ရုံဆွေးနွေးပွဲကို မုံရွာမြို့မှာ ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာ ၂၄ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဒီအခမ်းအနားကိုတက်ရောက်လာတဲ့ အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်း တွေရော စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ပါ ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲဖို့လိုတဲ့အကြောင်းကို တိုက်တွန်းပြောဆိုခဲ့တာပါ။
“နိုင်ငံ့ဝန်ထမ်းများရော စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူများပါ အခြားသူများရဲ့ အတွေ့အကြုံများမှ သင်ခန်းစာများရယူပြီး မိမိတို့ကိုယ်တိုင် ခေတ်နဲ့အညီ လိုက်ပါပြောင်းလဲ နိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။ ကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းသူတွေကို ထိထိရောက်ရောက် စုံစမ်းစစ်ဆေးတရားစွဲဆိုတာမပြုလုပ်နိုင်ခဲ့ရင် အဂတိ တိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းတာဝန်ကို ကျေပွန်အောင် ဆောင်ရွက်နိုင်မှာ မဟုတ်ပါ။ နိုင်ငံ့ ဝန်ထမ်းတွေအနေနဲ့ မိမိတို့ရဲ့ တန်ဖိုးထားမှုတွေကို ဒီမိုကရေစီစံနှုန်းနဲ့အညီ လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲပေးနိုင်ကြမယ်ဆိုရင် အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထု တရပ်လုံးက ဆယ်စုနှစ်ပေါင်းများစွာ ဆုံးရှုံးထိခိုက်နစ်နာခဲ့ရတာတွေကို ဆောလျင်စွာ ကယ်တင်ကုသပေးနိုင်မှာဖြစ်ကာ မိမိတို့ရဲ့ မျိုးဆက်တွေအတွက် အဂတိကင်းတဲ့ လူ့ဘောင်ကို ထူထောင်ပေးနိုင်မယ်”လို့ပြောပါတယ်။
ကော်မရှင်အနေနဲ့ အဂတိတိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ၊ ဥပဒေစာအုပ် ဖြန့်ဝေတာတွေကို တိုင်းနှင့်ပြည်နယ်တွေ လုပ်ဆောင်ပေးနေပေမယ့် ဝန်ထမ်းတွေ၊ စီးပွားရေး သမားတွေအနေနဲ့ အဂတိတိုက်ဖျက်ရေးဥပဒေကို သိရှိမှုမှာ အားနည်းနေသေးတယ်လို့လည်း ဆိုပါတယ်။ ဥပဒေမသိနားမလည်တဲ့အတွက် ဥပဒေသိသူတွေက တမင်လုပ်ကြံတာကို ခံရနိုင်တဲ့အတွက်လည်း သတိထားကြဖို့ကို တိုက်တွန်းခဲ့ပါသေးတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာခန်းမမှာ ကျင်းပတဲ့ ဆွေးနွေးပွဲကို အဂတိတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်နဲ့ အဖွဲ့ဝင်တွေ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနဲ့ ဌာနဆိုင်ရာတွေ၊ အစိုးရအဖွဲ့နဲ့ ဌာနဆိုင်ရာတွေ၊ တရားရေးဌာနက တာဝန်ရှိသူတွေ၊ UNDP မှကိုယ်စားလှယ်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။
ဒီအလုပ်ဆွေးနွေးပွဲမှာ ပါမောက္ခဒေါက်တာအောင်ထွန်းသက်၊ ဒေါက်တာ တင်မောင်သန်း (သင့်ဘဝ)နဲ့ ပညာရှင်တွေ၊ တိုင်းအစိုးရအဖွဲ့ စီမံ/ဘဏ္ဍာဝန်ကြီး၊ ACC အဖွဲ့ဝင်တဦးနှင့် UNDPနဲ့ ကုန်သည်စက်မှုအသင်းတာဝန်ရှိသူတွေကလည်း တာဝန်ယူမှုရှိသော အုပ်ချုပ်ရေးနှင့် စီးပွားရေး ခေါင်းစဉ်နဲ့ ဦးဆောင်ဆွေးနွေးခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲက စစ်ကိုင်းတိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ အဂတိတိုက်ဖျက်ရေး ကော်မရှင် စတင်ဖွဲ့စည်းချိန်ကနေ ဒီနေ့ထိ တရားစွဲဆိုတဲ့အမှုပေါင်း ၁၇၂ မှုရှိပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းအတွင်းက တရားရေးဝန်ထမ်းတွေ၊ ရဲ၊ သစ်တော၊ ထွေအုပ် စတဲ့ဝန်ထမ်းတချို့ကို တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
အခုလိုအလုပ်ရုံဆွေးနွေးပွဲတွေ၊ ဥပဒေအကြောင်းအရာတွေကို ရပ်ကျေးအဆင့်တွေထိ မကြာမကြာ ပြုလုပ်ပေးမှသာ အဂတိလိုက်စားမှုကို ပိုမိုထိရောက် ဟန့်တားဆောင်ရွက်နိုင်မယ်လို့ ည်း တက်ရောက်လာတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ပြောပါတယ်။
====================================
END / 251