၂၈ အောက်တိုဘာ ၂၀၁၉ - ၁၆:၅၈
AA ဖမ္းသြားသူမ်ားအနက္ ၁၄ ဦးကို ျပန္လည္ကယ္တင္ႏိုင္ ရဟတ္ယာဥ္ျဖင့္ တိုက္ခိုက္မႈေၾကာင့္ ဖမ္းဆီးထားသူအခ်ိဳ႕ေသဆုံးဟု AA ထုတ္ျပန္၊ AA က

ရခိုင္လက္နက္ကိုင္အဖြဲ႕(AA) က ဖမ္းဆီးခဲ့သည့္ တပ္မေ တာ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဝန္ထမ္းမ်ားႏွင့္ အရပ္သားမ်ား စု စုေပါင္း ၅၈ ဦးအနက္ ယမန္ေန႔ညအထိ ၁၄ ဦးကို ျပန္လည္ ကယ္တင္ႏိုင္ခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ႐ုံးက သတင္းထုတ္ျပန္သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ရခိုင္လက္နက္ကိုင္အဖြဲ႕(AA) က ဖမ္းဆီးခဲ့သည့္  တပ္မေတာ္ႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ား၊ ဝန္ထမ္းမ်ားႏွင့္ အရပ္သားမ်ား  စုစုေပါင္း ၅၈ ဦးအနက္ ယမန္ေန႔ညအထိ ၁၄ ဦးကို ျပန္လည္ကယ္တင္ႏိုင္ခဲ့ေၾကာင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက သတင္းထုတ္ျပန္သည္။

စစ္ေတြမွ ထြက္ခြာလာသည့္ ေ႐ႊနဒီအျမန္ေရယာဥ္ကို AA က ေအာက္တိုဘာ ၂၆ရက္ နံနက္တြင္ ရေသ့ေတာင္ၿမိဳ႕နယ္၌ တားဆီးၿပီး တပ္မေတာ္စစ္သည္ ၁၄ ဦး၊ ရဲတပ္ဖြဲ႕ဝင္ ၂၉ ဦး၊ အက်ဥ္းဦးစီးဌာနမွ ဝန္ထမ္းႏွစ္ဦးႏွင့္ အရပ္သား ၁၃ ဦးတို႔ကို ဖမ္းဆီးေခၚေဆာင္ခဲ့ေၾကာင္း အစိုးရက သတင္းထုတ္ျပန္ထားသည္။

AA ဖမ္းဆီးေခၚေဆာင္ရာ ေနာက္သို႔ တပ္မေတာ္ကလိုက္၍ နယ္ေျမရွင္းလင္းရင္း တိုက္ပြဲျဖစ္ ပြား၍ ဖမ္းဆီးခံရသူ ဆယ္ဂဏန္း ထြက္ေျပး လြတ္ေျမာက္လာေၾကာင္း အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ေျပာသည္။

‘‘AA က သေဘာေကာင္းၿပီး လႊတ္ေပးတာ မဟုတ္ဘူး။ ကြၽန္ ေတာ္တို႔က လိုက္ခ်လို႔ လူစုေတြ ကြဲၿပီး ျပန္လြတ္ေျမာက္လာတာ’’ ဟု ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ေအာက္တိုဘာ ၂၇ ရက္ ညေန တြင္ ေျပာသည္။

တပ္မေတာ္ကာကြယ္ေရးဦး စီးခ်ဳပ္႐ုံးဝက္ဘ္ဆိုက္က ယမန္ ေန႔ ည ၉ နာရီေက်ာ္တြင္ သတင္း ထုတ္ျပန္ရာ ဖမ္းဆီးသြားသူမ်ား ကို ကယ္တင္ႏိုင္ေရးအတြက္ ပို႔ ေဆာင္ေရးရဟတ္ယာဥ္မ်ား အ သုံးျပဳ၍ ေဆာင္႐ြက္ခဲ့ရာ AA က ပစ္ခတ္ခဲ့သျဖင့္ ရဟတ္ယာဥ္ အား က်ည္အခ်ိဳ႕ ထိမွန္ၿပီး ရ ဟတ္ယာဥ္မႉးတစ္ဦး ဒဏ္ရာအ နည္းငယ္ရရွိခဲ့ေၾကာင္း ပါရွိ သည္။ တပ္မေတာ္သတင္းထုတ္ ျပန္ခ်ိန္အထိ ျပန္ေပးဆြဲဖမ္းဆီး ခံရသူမ်ားထဲမွ ၁၄ ဦးကို ေနရာ အသီးသီးမွ ရွာေဖြကယ္တင္ႏိုင္ ခဲ့သည္ဟု ထုတ္ျပန္ထားသည္။

ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္ ၿပီး AA ကလည္း  သတင္းထုတ္ ျပန္ထားရာ အျမန္ေရယာဥ္ေပၚ မွ ေခၚယူထားသူမ်ားကို စစ္ေဆး ရန္ စက္ေလွသုံးစီးျဖင့္ ေ႐ႊ႕ေျပာင္း စဥ္ တပ္မေတာ္ရဟတ္ယာဥ္ သုံးစီးက ပစ္ခတ္တိုက္ခိုက္၍ စစ္ေဆးရန္ ေခၚယူခဲ့သူမ်ားႏွင့္ AA တပ္ဖြဲ႕ဝင္အခ်ိဳ႕ ေသဆုံးခဲ့သည္ဟုပါရွိသည္။ ထို႔အျပင္ စက္ေလွႏွစ္စီး အလုံးစုံပ်က္စီးနစ္ျမဳပ္ၿပီး အျခားစက္ေလွတစ္စီးသည္ လည္း သြားလာ၍မရေအာင္ ပ်က္စီးကာ စက္ေလွေပၚတြင္ ပါလာသူမ်ား ကိုယ္လြတ္႐ုန္းထြက္ေျပးခဲ့ေၾကာင္း ေဖာ္ျပထားသည္။

ယင္းႏွင့္ပတ္သက္ၿပီး တပ္ မေတာ္ သတင္းမွန္ျပန္ၾကားေရး အဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ရဟတ္ယာဥ္ ျဖင့္ ပစ္ခတ္မႈေၾကာင့္ စက္ေလွ နစ္ျမဳပ္သည္ကို အတည္ျပဳၿပီး စက္ေလွေပၚတြင္ AA  က ဖမ္းဆီးသြားသူမ်ား ပါေကာင္းပါႏိုင္ေၾကာင္း ေျပာသည္။

‘‘AA အဖြဲ႕အေနနဲ႔ ထိေတြ႕ တိုက္ပြဲမျဖစ္ခင္ကတည္းကတိုင္  သတ္သြားတဲ့လူေတြရွိတယ္။ ဖမ္းသြားတဲ့ လူေတြကို။ လူဦးေရအတိအက်ေတာ့ မသိရေသးဘူး’’ဟု ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

AA အဖြဲ႕အေနျဖင့္ ၎တို႔ ဆုတ္ခြာစဥ္ ဖမ္းဆီးထားသူမ်ားကို လူသားတံတိုင္းသဖြယ္ အသုံးျပဳခဲ့ေၾကာင္း၊ ၎တို႔ အပစ္အခတ္မခံရေရး ထိုသို႔ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း၊ ဇန္နဝါရီ ၄ ရက္ ရဲကင္းစခန္းမ်ားကို တိုက္ခိုက္စဥ္ကလည္း ထိုသို႔ လုပ္ေဆာင္ခဲ့ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္း ထြန္းက ဆက္လက္ေျပာသည္။

 ‘‘အဲဒီမွာ ရဟတ္ယာဥ္နဲ႔ လိုက္လံၿပီး ပစ္ခတ္တယ္။ လိုက္ လံၿပီး ၿခိမ္းေျခာက္ပစ္ခတ္တဲ့အတြက္ စက္ေလွျမဳပ္ခဲ့တာလည္း ရွိတယ္။ အဲဒီမွာလည္း သူတို႔ဆီက အက်အဆုံး မ်ားခဲ့တာရွိတယ္။ ဒါကို ဖုံးကြယ္ႏိုင္ဖို႔အတြက္ သူတို႔အေနနဲ႔ ေၾကညာခ်က္ ထုတ္ခဲ့တာလည္းရွိတယ္’’ဟု ၎က ဆိုသည္။

AA အဖြဲ႕ကမူ ရဟတ္ယာဥ္ ေပၚမွ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္း ေၾကာင့္ ၎တို႔ စစ္ေဆးရန္ ေခၚ ေဆာင္လာသူ အမ်ားအျပား ေသ ဆုံးရေၾကာင္း၊ ျဖစ္စဥ္အတြင္း ေသဆုံးသူ၊ ဒဏ္ရာရသူမ်ားသည္ တပ္မေတာ္ရဟတ္ယာဥ္ သုံးစီး ေပၚမွ အဆက္မျပတ္ပစ္ခတ္ တိုက္ခိုက္မႈေၾကာင့္သာ ျဖစ္ ေၾကာင္း AA က ထုတ္ျပန္သည္။

တပ္မေတာ္တာဝန္ရွိသူမ်ား ၏ ေျပာၾကားခ်က္ႏွင့္ ပတ္သက္ၿပီး ေမးျမန္းရန္ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခထံ ေအာက္တိုဘာ ၂၇ ရက္က အႀကိမ္ႀကိမ္ ဆက္သြယ္ေသာ္လည္း အဆက္အသြယ္မရေပ။

 တပ္မေတာ္အေနျဖင့္ ေအာက္တိုဘာ ၂၇ ရက္တြင္ လည္း ျဖစ္စဥ္ျဖစ္ပြားရာ ေဒသ တစ္ဝိုက္ နယ္ေျမရွင္းလင္းေရး ဆက္လက္ ေဆာင္႐ြက္ေန ေၾကာင္း အေနာက္ပိုင္းတိုင္းစစ္ ဌာနခ်ဳပ္တာဝန္ရွိသူက ေျပာ သည္။

အခင္းျဖစ္ပြားရာ ေဒသရွိ ေက်ာက္တန္း႐ြာမွ ႐ြာသားတစ္ဦး က တပ္မေတာ္ရဟတ္ယာဥ္မ်ား သည္ ယမန္ေန႔ ၁၁ နာရီေက်ာ္မွ မြန္းလြဲ ၂ နာရီေက်ာ္အထိ ပစ္ ခတ္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း  ေျပာသည္။

 ‘‘ေက်ာက္တန္းနဲ႔ ထီးဇြဲ၊ ေရပုတ္႐ြာေတြမွာ စစ္တပ္က ေရာက္ေနတယ္။ ေက်ာက္တန္း မွာဆိုရင္ မေန႔ညက တပ္က ၂၀၀ ေလာက္ ေရာက္လာတယ္။ ၿပီး ေတာ့ ႐ြာမွာက်န္ခဲ့တဲ့ အသက္ ႀကီးေတြထဲက ႏွစ္ေယာက္ကို ဖမ္းထားတယ္။ (၅၀)ေက်ာ္ တစ္ေယာက္၊ (၆၀)ေက်ာ္ တစ္ ေယာက္ကို သူတို႔ဖမ္းထားတယ္။ ႐ြာထဲမွာက မသြားႏိုင္၊ မလာ ႏိုင္တဲ့လူေတြပဲ က်န္ခဲ့တာ။ ရွစ္ ေယာက္ေလာက္ပဲ။ သူတို႔က  အခု႐ြာထဲမွာ ပိတ္မိေနၾကတယ္။  ကြၽန္ေတာ္တို႔က ဘယ္သူမွ ႐ြာထဲကို ျပန္မသြားရဲၾကေသးဘူး။ အဖမ္းခံထားရတဲ့ ႏွစ္ေယာက္အေျခအေနလည္း မသိရေသးဘူး’’ဟု ၎ကေျပာသည္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္ စားလွယ္ ဦးခင္ေမာင္လတ္က  ေလေၾကာင္းမွ ပစ္ခတ္မႈေၾကာင့္  ေရဘုတ္႐ြာသားအခ်ိဳ႕ ဒဏ္ရာရ ရွိေၾကာင္းႏွင့္ ေရဘုတ္႐ြာသား ၁၀ ဦးထက္မနည္း ဖမ္းဆီးခံရ ေၾကာင္း ၾကားသိရသည္ဟု ေျပာ သည္။

 ရေသ့ေတာင္ၿမိဳ႕နယ္  ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးတင္ေမာင္ဝင္းကလည္း ‘‘ေက်ာက္ရံသာစည္႐ြာက ႏွစ္ ေယာက္ကိုလည္း တပ္က ေခၚ သြားတယ္လို႔ ေျပာတယ္။ ၿပီး ေတာ့ ေက်ာက္တန္းက ႏွစ္ ေယာက္လည္း အဖမ္းခံထားရ တယ္။ ေရဘုတ္က ၁၅ ေယာက္ လို႔ေျပာတယ္’’ဟုေျပာသည္။

 နယ္ေျမရွင္းလင္းေရး ေဆာင္႐ြက္စဥ္ အရပ္သားမ်ား  ဖမ္းဆီးခံရသည္ဆိုျခင္းႏွင့္ ပတ္ သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ ဌာနခ်ဳပ္မွ ဗိုလ္မႉးႀကီးဝင္းေဇာ္ ဦးကို ေမးျမန္းရာ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားအေနျဖင့္ AA အားေပးေနျခင္းလားဟု ေျဖၾကား ၿပီး သီးျခားမွတ္ခ်က္မျပဳေပ။

Unicode

AA ဖမ်းသွားသူများအနက် ၁၄ ဦးကို ပြန်လည်ကယ်တင်နိုင်
ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် ဖမ်းဆီးထားသူအချို့သေဆုံးဟု AA ထုတ်ပြန်၊ AA က သတ်ခဲ့သူလည်းရှိဟု တပ်မတော်ပြော

ရခိုင်လက်နက်ကိုင်အဖွဲ့(AA) က ဖမ်းဆီးခဲ့သည့်  တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဝန်ထမ်းများနှင့် အရပ်သားများ  စုစုပေါင်း ၅၈ ဦးအနက် ယမန်နေ့ညအထိ ၁၄ ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။

စစ်တွေမှ ထွက်ခွာလာသည့် ရွှေနဒီအမြန်ရေယာဉ်ကို AA က အောက်တိုဘာ ၂၆ရက် နံနက်တွင် ရသေ့တောင်မြို့နယ်၌ တားဆီးပြီး တပ်မတော်စစ်သည် ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းနှစ်ဦးနှင့် အရပ်သား ၁၃ ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။

AA ဖမ်းဆီးခေါ်ဆောင်ရာ နောက်သို့ တပ်မတော်ကလိုက်၍ နယ်မြေရှင်းလင်းရင်း တိုက်ပွဲဖြစ် ပွား၍ ဖမ်းဆီးခံရသူ ဆယ်ဂဏန်း ထွက်ပြေး လွတ်မြောက်လာကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောသည်။

‘‘AA က သဘောကောင်းပြီး လွှတ်ပေးတာ မဟုတ်ဘူး။ ကျွန် တော်တို့က လိုက်ချလို့ လူစုတွေ ကွဲပြီး ပြန်လွတ်မြောက်လာတာ’’ ဟု ဗိုလ်မှူးကြီးဝင်းဇော်ဦးက အောက်တိုဘာ ၂၇ ရက် ညနေ တွင် ပြောသည်။

တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ရုံးဝက်ဘ်ဆိုက်က ယမန် နေ့ ည ၉ နာရီကျော်တွင် သတင်း ထုတ်ပြန်ရာ ဖမ်းဆီးသွားသူများ ကို ကယ်တင်နိုင်ရေးအတွက် ပို့ ဆောင်ရေးရဟတ်ယာဉ်များ အ သုံးပြု၍ ဆောင်ရွက်ခဲ့ရာ AA က ပစ်ခတ်ခဲ့သဖြင့် ရဟတ်ယာဉ် အား ကျည်အချို့ ထိမှန်ပြီး ရ ဟတ်ယာဉ်မှူးတစ်ဦး ဒဏ်ရာအ နည်းငယ်ရရှိခဲ့ကြောင်း ပါရှိ သည်။ တပ်မတော်သတင်းထုတ် ပြန်ချိန်အထိ ပြန်ပေးဆွဲဖမ်းဆီး ခံရသူများထဲမှ ၁၄ ဦးကို နေရာ အသီးသီးမှ ရှာဖွေကယ်တင်နိုင် ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက် ပြီး AA ကလည်း  သတင်းထုတ် ပြန်ထားရာ အမြန်ရေယာဉ်ပေါ် မှ ခေါ်ယူထားသူများကို စစ်ဆေး ရန် စက်လှေသုံးစီးဖြင့် ရွှေ့ပြောင်း စဉ် တပ်မတော်ရဟတ်ယာဉ် သုံးစီးက ပစ်ခတ်တိုက်ခိုက်၍ စစ်ဆေးရန် ခေါ်ယူခဲ့သူများနှင့် AA တပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့သည်ဟုပါရှိသည်။ ထို့အပြင် စက်လှေနှစ်စီး အလုံးစုံပျက်စီးနစ်မြုပ်ပြီး အခြားစက်လှေတစ်စီးသည် လည်း သွားလာ၍မရအောင် ပျက်စီးကာ စက်လှေပေါ်တွင် ပါလာသူများ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းနှင့်ပတ်သက်ပြီး တပ် မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရဟတ်ယာဉ် ဖြင့် ပစ်ခတ်မှုကြောင့် စက်လှေ နစ်မြုပ်သည်ကို အတည်ပြုပြီး စက်လှေပေါ်တွင် AA  က ဖမ်းဆီးသွားသူများ ပါကောင်းပါနိုင်ကြောင်း ပြောသည်။

‘‘AA အဖွဲ့အနေနဲ့ ထိတွေ့ တိုက်ပွဲမဖြစ်ခင်ကတည်းကတိုင်  သတ်သွားတဲ့လူတွေရှိတယ်။ ဖမ်းသွားတဲ့ လူတွေကို။ လူဦးရေအတိအကျတော့ မသိရသေးဘူး’’ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

AA အဖွဲ့အနေဖြင့် ၎င်းတို့ ဆုတ်ခွာစဉ် ဖမ်းဆီးထားသူများကို လူသားတံတိုင်းသဖွယ် အသုံးပြုခဲ့ကြောင်း၊ ၎င်းတို့ အပစ်အခတ်မခံရရေး ထိုသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီ ၄ ရက် ရဲကင်းစခန်းများကို တိုက်ခိုက်စဉ်ကလည်း ထိုသို့ လုပ်ဆောင်ခဲ့ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ဆက်လက်ပြောသည်။

 ‘‘အဲဒီမှာ ရဟတ်ယာဉ်နဲ့ လိုက်လံပြီး ပစ်ခတ်တယ်။ လိုက် လံပြီး ခြိမ်းခြောက်ပစ်ခတ်တဲ့အတွက် စက်လှေမြုပ်ခဲ့တာလည်း ရှိတယ်။ အဲဒီမှာလည်း သူတို့ဆီက အကျအဆုံး များခဲ့တာရှိတယ်။ ဒါကို ဖုံးကွယ်နိုင်ဖို့အတွက် သူတို့အနေနဲ့ ကြေညာချက် ထုတ်ခဲ့တာလည်းရှိတယ်’’ဟု ၎င်းက ဆိုသည်။

AA အဖွဲ့ကမူ ရဟတ်ယာဉ် ပေါ်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ကြောင့် ၎င်းတို့ စစ်ဆေးရန် ခေါ် ဆောင်လာသူ အများအပြား သေ ဆုံးရကြောင်း၊ ဖြစ်စဉ်အတွင်း သေဆုံးသူ၊ ဒဏ်ရာရသူများသည် တပ်မတော်ရဟတ်ယာဉ် သုံးစီး ပေါ်မှ အဆက်မပြတ်ပစ်ခတ် တိုက်ခိုက်မှုကြောင့်သာ ဖြစ် ကြောင်း AA က ထုတ်ပြန်သည်။

တပ်မတော်တာဝန်ရှိသူများ ၏ ပြောကြားချက်နှင့် ပတ်သက်ပြီး မေးမြန်းရန် AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ အောက်တိုဘာ ၂၇ ရက်က အကြိမ်ကြိမ် ဆက်သွယ်သော်လည်း အဆက်အသွယ်မရပေ။

 တပ်မတော်အနေဖြင့် အောက်တိုဘာ ၂၇ ရက်တွင် လည်း ဖြစ်စဉ်ဖြစ်ပွားရာ ဒေသ တစ်ဝိုက် နယ်မြေရှင်းလင်းရေး ဆက်လက် ဆောင်ရွက်နေ ကြောင်း အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်တာဝန်ရှိသူက ပြော သည်။

အခင်းဖြစ်ပွားရာ ဒေသရှိ ကျောက်တန်းရွာမှ ရွာသားတစ်ဦး က တပ်မတော်ရဟတ်ယာဉ်များ သည် ယမန်နေ့ ၁၁ နာရီကျော်မှ မွန်းလွဲ ၂ နာရီကျော်အထိ ပစ် ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း  ပြောသည်။

 ‘‘ကျောက်တန်းနဲ့ ထီးဇွဲ၊ ရေပုတ်ရွာတွေမှာ စစ်တပ်က ရောက်နေတယ်။ ကျောက်တန်း မှာဆိုရင် မနေ့ညက တပ်က ၂၀၀ လောက် ရောက်လာတယ်။ ပြီး တော့ ရွာမှာကျန်ခဲ့တဲ့ အသက် ကြီးတွေထဲက နှစ်ယောက်ကို ဖမ်းထားတယ်။ (၅၀)ကျော် တစ်ယောက်၊ (၆၀)ကျော် တစ် ယောက်ကို သူတို့ဖမ်းထားတယ်။ ရွာထဲမှာက မသွားနိုင်၊ မလာ နိုင်တဲ့လူတွေပဲ ကျန်ခဲ့တာ။ ရှစ် ယောက်လောက်ပဲ။ သူတို့က  အခုရွာထဲမှာ ပိတ်မိနေကြတယ်။  ကျွန်တော်တို့က ဘယ်သူမှ ရွာထဲကို ပြန်မသွားရဲကြသေးဘူး။ အဖမ်းခံထားရတဲ့ နှစ်ယောက်အခြေအနေလည်း မသိရသေးဘူး’’ဟု ၎င်းကပြောသည်။

အမျိုးသားလွှတ်တော်ကိုယ် စားလှယ် ဦးခင်မောင်လတ်က  လေကြောင်းမှ ပစ်ခတ်မှုကြောင့်  ရေဘုတ်ရွာသားအချို့ ဒဏ်ရာရ ရှိကြောင်းနှင့် ရေဘုတ်ရွာသား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ ကြောင်း ကြားသိရသည်ဟု ပြော သည်။

 ရသေ့တောင်မြို့နယ်  ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းကလည်း ‘‘ကျောက်ရံသာစည်ရွာက နှစ် ယောက်ကိုလည်း တပ်က ခေါ် သွားတယ်လို့ ပြောတယ်။ ပြီး တော့ ကျောက်တန်းက နှစ် ယောက်လည်း အဖမ်းခံထားရ တယ်။ ရေဘုတ်က ၁၅ ယောက် လို့ပြောတယ်’’ဟုပြောသည်။

 နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အရပ်သားများ  ဖမ်းဆီးခံရသည်ဆိုခြင်းနှင့် ပတ် သက်ပြီး အနောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော် ဦးကို မေးမြန်းရာ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် AA အားပေးနေခြင်းလားဟု ဖြေကြား ပြီး သီးခြားမှတ်ချက်မပြုပေ။

====================================

END / 251