အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သေဘာ တူစာခ်ဳပ္(NCA) ေလးႏွစ္ျပည့္ ႏွစ္ပတ္လည္ အထိမ္းအမွတ္အ ခမ္းအနားကို ေကာင္းမြန္စြာ က်င္းပႏိုင္ေရး ယမန္ေန႔က ေန ျပည္ေတာ္၌ က်င္းပသည့္တိုင္း ရင္းသားလက္နက္ကိုင္အဖြဲ႕ မ်ား အစည္းအေဝးက ဆုံးျဖတ္သည္။
NCA ေလးႏွစ္ျပည့္ ႏွစ္ပတ္ လည္အခမ္းအနားတြင္ မိန႔္ခြန္း ေျပာၾကားရန္ သတ္မွတ္ထား သည့္ ရွမ္းလက္နက္ကိုင္အဖြဲ႕ (RCSS) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္ စစ္သည္ ၎၏ လြယ္တိုင္းလ်န္း -ေတာင္ႀကီးခရီးစဥ္ကို တပ္မ ေတာ္ဘက္က ဟန႔္တားျခင္း ေၾကာင့္ ေနျပည္ေတာ္သို႔ လာ ေရာက္ႏိုင္ျခင္းမရွိေတာ့၍ အပစ္ ရပ္အဖြဲ႕မ်ားကိုယ္စား မိန႔္ခြန္း ေျပာၾကားမည့္ ေခါင္းေဆာင္တစ္ ဦးကို ေ႐ြးခ်ယ္ခဲ့သည္။ RCSS ဥကၠ႒သည္ အပစ္ရပ္ ၁၀ ဖြဲ႕၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ဦး ေဆာင္အဖြဲ႕(PPST)၏ ယာယီ အဖြဲ႕ေခါင္းေဆာင္ျဖစ္၍ သတ္ မွတ္ခ်က္မ်ားအရ အပစ္ရပ္ ၁၀ ဖြဲ႕ကိုယ္စား ႏွစ္ပတ္လည္ပြဲတြင္ ၎က မိန႔္ခြန္းေျပာၾကားရမည္ျဖစ္ သည္။
‘‘ပြဲကိုေတာ့ ေကာင္းေကာင္း မြန္မြန္ျဖစ္ေအာင္ က်င္းပဖို႔ အား လုံးဆုံးျဖတ္ခ်က္က်သြားၿပီ။ ဥပ မာ စကားေျပာဖို႔အတြက္ဆိုရင္ လည္း ယခင္က PPST မွာ ဦးေဆာင္ဦး႐ြက္ျပဳခဲ့တဲ့ ဗိုလ္ခ်ဳပ္ ႀကီး မူတူးေစးဖိုး(KNU ဥကၠ႒)ကိုပဲ ေ႐ြးခ်ယ္လိုက္ၾကတယ္’’ဟု တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ေခါင္းေဆာင္တစ္ဦးက ေျပာ သည္။
NCA လက္မွတ္ထိုးႏွစ္ပတ္ လည္ပြဲသို႔ RCSS ဥကၠ႒ ဗိုလ္ ခ်ဳပ္ႀကီးယြက္စစ္ မလာႏိုင္သည့္ အေပၚ ဝမ္းနည္းေၾကာင္း ယမန္ ေန႔က က်င္းပသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕ေခါင္းေဆာင္ မ်ား အစည္းအေဝးက မွတ္တမ္း တင္ခဲ့သည္။
‘‘ဥကၠ႒ႀကီး မလာႏိုင္ျငား ေသာ္လည္း ဥကၠ႒ႀကီးတို႔အဖြဲ႕က ေရာက္လာႏိုင္ဖို႔အတြက္ ေမတၱာရပ္ခံစာပို႔ထားဖို႔ စဥ္းစားထား တယ္’’ ဟု အထက္ပါ တိုင္းရင္း သားအဖြဲ႕ ေခါင္းေဆာင္တစ္ဦးက ေျပာသည္။
ပအိုဝ္းအဖြဲ႕(PNLO) ဦး ေဆာင္နာယက ဗိုလ္မႉးႀကီး ခြန္ ဥကၠာက ‘‘ျပင္ဆင္ေရးအဖြဲ႕က ေတာ့ အခုရီဟာဆယ္ေတာင္သြား လုပ္ေနၿပီ၊ မနက္ျဖန္အတြက္။ က်င္းပေရးက ေရွ႕ကိုဆက္သြား ေနပါတယ္။ ေနာက္ၿပီးေတာ့ RCSS ကေခါင္းေဆာင္ မတက္ ႏိုင္ေပမယ့္လည္း ကိုယ္စားလွယ္ ေလာက္ေတာ့ ေရာက္မလား ေတာ့ မသိဘူး။ KNU ကေတာ့ ဥကၠ႒ႀကီးမူတူးေစးဖိုးကိုယ္တိုင္ ေရာက္ေနၿပီ’’ဟုေျပာသည္။
PPST အဖြဲ႕ေခါင္းေဆာင္က အပစ္ရပ္ ၁၀ ဖြဲ႕ ကိုယ္စားျပဳ၍ ႏွစ္ပတ္လည္ပြဲတြင္ မိန႔္ခြန္းေျပာ ရန္ တာဝန္ရွိေသာ္လည္း အ ေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ မေရာက္ ႏိုင္ပါက အပစ္ရပ္အဖြဲ႕မ်ားကိုယ္ စား အစဥ္အလာအားျဖင့္ ေျပာ ေနက်ျဖစ္သည့္ ဗိုလ္ခ်ဳပ္ႀကီး ေစာမူေစးဖိုးသာ ေျပာၾကားႏိုင္ ဖြယ္ရွိသည္ဟု ဗိုလ္မႉးႀကီးခြန္ ဥကၠာက ေျပာသည္။
NCA ေလးႏွစ္ျပည့္ပြဲကအစ ျပဳၿပီး ၿငိမ္းခ်မ္းေရးဆိုင္ရာ တရား ဝင္ေဆြးေႏြးပြဲမ်ား က်င္းပႏိုင္ေရး ႀကိဳးပမ္းရမည္ျဖစ္ေၾကာင္း ၎ က ဆိုသည္။
RCSS ဥကၠ႒အေနျဖင့္ လည္း ေအာက္တိုဘာ ၂၇ ရက္ က သတင္းစာရွင္းလင္းရာတြင္ တပ္မေတာ္၏ ဟန႔္တားမႈေၾကာင့္ မူလစီစဥ္ထားသည့္ လြယ္တိုင္း လ်န္း - ေတာင္ႀကီး - ေနျပည္ ေတာ္ခရီးစဥ္ ဖ်က္သိမ္းခဲ့ရ ေၾကာင္း၊ တာခ်ီလိတ္မွ ေလ ေၾကာင္းျဖင့္လာရန္မွာလည္း ၎ တို႔အေနျဖင့္ ထိုင္းနယ္ေျမအတြင္း ျဖတ္သန္းရန္ ထိုင္းအာဏာပိုင္ မ်ားထံ ႀကိဳတင္ခြင့္ျပဳခ်က္ယူရ မည္ျဖစ္၍ ေနျပည္ေတာ္ NCA ေလးႏွစ္ျပည့္ပြဲသို႔ မတက္ေရာက္ ႏိုင္ေတာ့ေၾကာင္း ေျပာသည္။
ေနာက္ပိုင္းတြင္ ညႇိႏႈိင္းမႈ မ်ားအရ RCSS အဖြဲ႕ အတြင္း ေရးမႉး ဒုတိယဗိုလ္မႉးႀကီး စိုင္း ငင္း ဦးေဆာင္သည့္ ေလးဦးပါ ကိုယ္စားလွယ္အဖြဲ႕သည္ NCA ေလးႏွစ္ျပည့္ပြဲသို႔ တက္ေရာက္ ႏိုင္ေျခရွိေၾကာင္း သတင္းရရွိ ေသာ္လည္း RCSS ဆက္ဆံေရး ႐ုံးမ်ား ၫႊန္ၾကားေရးမႉး ဒုတိယ ဗိုလ္မႉးႀကီးစိုင္းဦးက တက္၊ မတက္ အတည္ျပဳႏိုင္ျခင္းမရွိ ေသးဟု ေအာက္တိုဘာ ၂၇ ရက္ ညေနတြင္ ေျပာသည္။
Unicode
NCA လေးနှစ်ပြည့်ပွဲ ကောင်းမွန်စွာ ကျင်းပနိုင်ရေး အပစ်ရပ်အဖွဲ့ခေါင်းဆောင်များ ဆုံးဖြတ်
RCSS ဥက္ကဋ္ဌမလာနိုင်သော်လည်း အဖွဲ့ကိုယ်စားလှယ်များ လာရောက်ရန် မေတ္တာရပ်ခံ
တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘော တူစာချုပ်(NCA) လေးနှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အ ခမ်းအနားကို ကောင်းမွန်စွာ ကျင်းပနိုင်ရေး ယမန်နေ့က နေ ပြည်တော်၌ ကျင်းပသည့်တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ များ အစည်းအဝေးက ဆုံးဖြတ်သည်။
NCA လေးနှစ်ပြည့် နှစ်ပတ် လည်အခမ်းအနားတွင် မိန့်ခွန်း ပြောကြားရန် သတ်မှတ်ထား သည့် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက် စစ်သည် ၎င်း၏ လွယ်တိုင်းလျန်း -တောင်ကြီးခရီးစဉ်ကို တပ်မ တော်ဘက်က ဟန့်တားခြင်း ကြောင့် နေပြည်တော်သို့ လာ ရောက်နိုင်ခြင်းမရှိတော့၍ အပစ် ရပ်အဖွဲ့များကိုယ်စား မိန့်ခွန်း ပြောကြားမည့် ခေါင်းဆောင်တစ် ဦးကို ရွေးချယ်ခဲ့သည်။ RCSS ဥက္ကဋ္ဌသည် အပစ်ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့(PPST)၏ ယာယီ အဖွဲ့ခေါင်းဆောင်ဖြစ်၍ သတ် မှတ်ချက်များအရ အပစ်ရပ် ၁၀ ဖွဲ့ကိုယ်စား နှစ်ပတ်လည်ပွဲတွင် ၎င်းက မိန့်ခွန်းပြောကြားရမည်ဖြစ် သည်။
‘‘ပွဲကိုတော့ ကောင်းကောင်း မွန်မွန်ဖြစ်အောင် ကျင်းပဖို့ အား လုံးဆုံးဖြတ်ချက်ကျသွားပြီ။ ဥပ မာ စကားပြောဖို့အတွက်ဆိုရင် လည်း ယခင်က PPST မှာ ဦးဆောင်ဦးရွက်ပြုခဲ့တဲ့ ဗိုလ်ချုပ် ကြီး မူတူးစေးဖိုး(KNU ဥက္ကဋ္ဌ)ကိုပဲ ရွေးချယ်လိုက်ကြတယ်’’ဟု တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြော သည်။
NCA လက်မှတ်ထိုးနှစ်ပတ် လည်ပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီးယွက်စစ် မလာနိုင်သည့် အပေါ် ဝမ်းနည်းကြောင်း ယမန် နေ့က ကျင်းပသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် များ အစည်းအဝေးက မှတ်တမ်း တင်ခဲ့သည်။
‘‘ဥက္ကဋ္ဌကြီး မလာနိုင်ငြား သော်လည်း ဥက္ကဋ္ဌကြီးတို့အဖွဲ့က ရောက်လာနိုင်ဖို့အတွက် မေတ္တာရပ်ခံစာပို့ထားဖို့ စဉ်းစားထား တယ်’’ ဟု အထက်ပါ တိုင်းရင်း သားအဖွဲ့ ခေါင်းဆောင်တစ်ဦးက ပြောသည်။
ပအိုဝ်းအဖွဲ့(PNLO) ဦး ဆောင်နာယက ဗိုလ်မှူးကြီး ခွန် ဥက္ကာက ‘‘ပြင်ဆင်ရေးအဖွဲ့က တော့ အခုရီဟာဆယ်တောင်သွား လုပ်နေပြီ၊ မနက်ဖြန်အတွက်။ ကျင်းပရေးက ရှေ့ကိုဆက်သွား နေပါတယ်။ နောက်ပြီးတော့ RCSS ကခေါင်းဆောင် မတက် နိုင်ပေမယ့်လည်း ကိုယ်စားလှယ် လောက်တော့ ရောက်မလား တော့ မသိဘူး။ KNU ကတော့ ဥက္ကဋ္ဌကြီးမူတူးစေးဖိုးကိုယ်တိုင် ရောက်နေပြီ’’ဟုပြောသည်။
PPST အဖွဲ့ခေါင်းဆောင်က အပစ်ရပ် ၁၀ ဖွဲ့ ကိုယ်စားပြု၍ နှစ်ပတ်လည်ပွဲတွင် မိန့်ခွန်းပြော ရန် တာဝန်ရှိသော်လည်း အ ကြောင်းအမျိုးမျိုးဖြင့် မရောက် နိုင်ပါက အပစ်ရပ်အဖွဲ့များကိုယ် စား အစဉ်အလာအားဖြင့် ပြော နေကျဖြစ်သည့် ဗိုလ်ချုပ်ကြီး စောမူစေးဖိုးသာ ပြောကြားနိုင် ဖွယ်ရှိသည်ဟု ဗိုလ်မှူးကြီးခွန် ဥက္ကာက ပြောသည်။
NCA လေးနှစ်ပြည့်ပွဲကအစ ပြုပြီး ငြိမ်းချမ်းရေးဆိုင်ရာ တရား ဝင်ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်း က ဆိုသည်။
RCSS ဥက္ကဋ္ဌအနေဖြင့် လည်း အောက်တိုဘာ ၂၇ ရက် က သတင်းစာရှင်းလင်းရာတွင် တပ်မတော်၏ ဟန့်တားမှုကြောင့် မူလစီစဉ်ထားသည့် လွယ်တိုင်း လျန်း - တောင်ကြီး - နေပြည် တော်ခရီးစဉ် ဖျက်သိမ်းခဲ့ရ ကြောင်း၊ တာချီလိတ်မှ လေ ကြောင်းဖြင့်လာရန်မှာလည်း ၎င်း တို့အနေဖြင့် ထိုင်းနယ်မြေအတွင်း ဖြတ်သန်းရန် ထိုင်းအာဏာပိုင် များထံ ကြိုတင်ခွင့်ပြုချက်ယူရ မည်ဖြစ်၍ နေပြည်တော် NCA လေးနှစ်ပြည့်ပွဲသို့ မတက်ရောက် နိုင်တော့ကြောင်း ပြောသည်။
နောက်ပိုင်းတွင် ညှိနှိုင်းမှု များအရ RCSS အဖွဲ့ အတွင်း ရေးမှူး ဒုတိယဗိုလ်မှူးကြီး စိုင်း ငင်း ဦးဆောင်သည့် လေးဦးပါ ကိုယ်စားလှယ်အဖွဲ့သည် NCA လေးနှစ်ပြည့်ပွဲသို့ တက်ရောက် နိုင်ခြေရှိကြောင်း သတင်းရရှိ သော်လည်း RCSS ဆက်ဆံရေး ရုံးများ ညွှန်ကြားရေးမှူး ဒုတိယ ဗိုလ်မှူးကြီးစိုင်းဦးက တက်၊ မတက် အတည်ပြုနိုင်ခြင်းမရှိ သေးဟု အောက်တိုဘာ ၂၇ ရက် ညနေတွင် ပြောသည်။
====================================
END / 251
NCA ေလးႏွစ္ျပည့္ပြဲ ေကာင္းမြန္စြာ က်င္းပႏိုင္ေရး အပစ္ရပ္အဖြဲ႕ေခါင္းေဆာင္မ်ား ဆုံးျဖတ္ RCSS ဥကၠ႒မလာႏိုင္ေသာ္လည္း အဖြဲ႕ကိုယ္စားလွယ
၂၈ အောက်တိုဘာ ၂၀၁၉ - ၁၇:၃၃
News ID: 984856
တစ္ႏိုင္ငံလုံးပစ္ခတ္ တိုက္ခိုက္မႈရပ္စဲေရး သေဘာ တူစာ ခ်ဳပ္(NCA) ေလးႏွစ္ျပည့္ ႏွစ္ပတ္လည္ အထိမ္းအမွတ္အ ခမ္းအနားကို ေကာင္းမြန္စြာ က်င္းပႏိုင္ေရး ယမန္ေန႔က ေန ျပည္ေတာ္၌ က်င္းပသည့္တိုင္း ရင္းသားလက္နက္ကိုင္အ ဖြဲ႕ မ်ား အစည္းအေဝးက ဆုံးျဖတ္သည္။