၂၉ အောက်တိုဘာ ၂၀၁၉ - ၁၈:၄၀
ဆရာမမ်ားကို ေျပာဆိုခဲ့မႈႏွင့္ပတ္သက္၍ ပါတီတာဝန္ရွိသူမ်ားႏွင့္ ဆရာမ်ားအဖြဲ႕ခ်ဳပ္ေရွ႕တြင္ ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ေတာင္းပန္ ပါတီက ေ

ဆရာမမ်ားကို ေဒသခံ မ်ားက ရည္းစားစကားေျပာရန္ ေျပာ ဆိုခဲ့မႈအတြက္ ပဲခူးတိုင္းေဒ သႀကီး ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္း က ေအာက္တိုဘာ ၂၈ ရက္တြင္ ရန္ကုန္ၿမိဳ႕ အမ်ိဳး သားဒီမို ကေရစီ အဖြဲ႕ခ်ဳပ္ပါတီ႐ုံးခ်ဳပ္၌ ပါတီ တာဝန္ရွိသူမ်ားႏွင့္ ျမန္ မာႏိုင္ငံ လုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအ ဖြဲ႕ခ်ဳပ္ (MTF) အ လုပ္အမႈေဆာင္ မ်ားေရွ႕တြင္ဆရာ၊ ဆရာမထု တစ္ရပ္လုံး ကို ေတာင္းပန္ေၾကာင္း ေျပာၾကား သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

ဆရာမမ်ားကို ေဒသခံ မ်ားက ရည္းစားစကားေျပာရန္ ေျပာဆိုခဲ့မႈအတြက္ ပဲခူးတိုင္းေဒ သႀကီး ဝန္ႀကီးခ်ဳပ္ ဦးဝင္းသိန္းက ေအာက္တိုဘာ ၂၈ ရက္တြင္ ရန္ကုန္ၿမိဳ႕ အမ်ိဳး သားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ပါတီ႐ုံးခ်ဳပ္၌ ပါတီ တာဝန္ရွိသူမ်ားႏွင့္ ျမန္မာႏိုင္ငံ လုံးဆိုင္ရာ ဆရာ၊ ဆရာမမ်ားအ ဖြဲ႕ခ်ဳပ္ (MTF) အလုပ္အမႈေဆာင္ မ်ားေရွ႕တြင္ဆရာ၊ ဆရာမထု တစ္ရပ္လုံးကို ေတာင္းပန္ေၾကာင္း ေျပာၾကား သည္။
ေက်း႐ြာမ်ားတြင္ ဝန္ထမ္း အိမ္ရာ အခက္အခဲမရွိေစေရးႏွင့္ ဆရာၿမဲေစေရး ဆရာမမ်ားကို ေဒသခံလူငယ္မ်ားက ရည္းစား စကားေျပာရန္ ေအာက္တိုဘာ ၅ ရက္က ပဲခူးတိုင္းေဒသႀကီး နတ္ တလင္းၿမိဳ႕နယ္ ဒမငယ္သစ္ခ်ိဳၿခံ ေက်း႐ြာ ေဒသခံမ်ားႏွင့္ ပဲခူးတိုင္း ေဒသႀကီး ဝန္ႀကီးခ်ဳပ္တို႔ေတြ႕ဆုံ ပြဲ၌ ဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ သည္။

ဝန္ႀကီးခ်ဳပ္၏ ေျပာစကားအ ေပၚ ပညာေရးအသိုင္းအဝိုင္းက ျပစ္တင္ ေဝဖန္သည့္အျပင္ ဆရာ၊ ဆရာမအဖြဲ႕အစည္းမ်ား ကလည္း ရႈတ္ခ်ကန႔္ကြက္ ေၾကာင္း သေဘာ ထားေၾကညာ ခ်က္မ်ား ထုတ္ျပန္ခဲ့သည္။

ဝန္ႀကီးခ်ဳပ္၏ လက္လြတ္ စ ပယ္ေျပာၾကားမႈႏွင့္ပတ္သက္၍ တရားဝင္ေတာင္းပန္ရန္ႏွင့္ အ ေရးယူေပးရန္ အစိုးရႏွင့္ ပါတီ တာဝန္ရွိသူမ်ားထံ MTF က ေအာက္တိုဘာ ၁၇ ရက္တြင္တိုင္ စာေပးပို႔ၿပီးေနက္ ေအာက္တို ဘာ ၂၈ ရက္တြင္ ပဲခူးတိုင္းေဒသ ႀကီးဝန္ႀကီးခ်ဳပ္က MTF မွတစ္ ဆင့္ ဆရာ၊ ဆရာမထုတစ္ရပ္လုံး ကို တရားဝင္ေတာင္း ပန္ခဲ့သည္။

‘‘ဆရာ၊ ဆရာမေတြကို တ ရားဝင္ အႏူးအၫြတ္ေတာင္းပန္ ပါတယ္လို႔ ဝန္ႀကီးခ်ဳပ္က ေျပာပါ တယ္။ ေနာက္နာင္လည္း ဆရာ၊ ဆရာမေတြရဲ႕ အခက္အခဲကိုတင္ ျပလာ တဲ့အခါမွာ အတတ္ႏိုင္ဆုံး ႀကိဳးစားေျဖရွင္းေပးမယ္လို႔ ကတိ ေပးသြားပါတယ္’’ ဟု MTF အ တြင္းေရးမႉး ေဒါက္တာေဇာ္မ်ိဳး လႈိင္က ေျပာသည္။

ေဒသခံမ်ားက အိမ္ရာကိစၥ ေတာင္းဆိုခ်ိန္တြင္ ၎၏တူ၊ တူမ ဆရာ၊ ဆရာမမ်ား ေက်း႐ြာ တြင္ တာဝန္ထမ္းစဥ္ ေဒသခံႏွင့္ အိမ္ေထာင္က်ၿပီး ထို႐ြာ၌ အေျခ ခ်ေနထိုင္ျဖစ္ သြားမႈကို သတိရ ကာ ေျပာလိုက္ျခင္းျဖစ္ၿပီး ထိ ခိုက္နစ္ နာေစလိုသည့္သေဘာ ျဖင့္ ေျပာျခင္းမဟုတ္ေၾကာင္း ဝန္ ႀကီးခ်ဳပ္က MTF ႏွင့္ေတြ႕ဆုံစဥ္ ရွင္းျပခဲ့သည္ဟု ေဒါက္ တာေဇာ္ မ်ိဳးလႈိင္က ဆိုသည္။

ပဲခူးတိုင္းေဒသႀကီးဝန္ႀကီး ခ်ဳပ္က ၎၏ေျပာၾကားခ်က္အ တြက္ ဆရာ၊ ဆရာမမ်ားကို မီဒီ ယာမွတစ္ဆင့္ ေတာင္းပန္ထား ေသာ္လည္း အေလးအနက္ထား သည္သေဘာ ျဖင့္ MTF အလုပ္အ မႈေဆာင္မ်ားေရွ႕တြင္ ဆရာ၊ ဆရာမမ်ားကို တရားဝင္ေတာင္း ပန္ျခင္းျဖစ္သည္ဟု ဆိုသည္။

ပဲခူးတိုင္းဝန္ႀကီးခ်ဳပ္ ဦးဝင္း သိန္းကိုပါ ပတီက ေခၚယူသတိ ေပးထားၿပီး အျခားအေရးယူမႈမ်ား ျပဳလုပ္ရန္မရွိေၾကာင္း NLD ဗဟို အလုပ္အမႈေဆာင္ ေကာ္မတီဝင္ ေဒါက္တာ မ်ိဳးၫြန႔္က ဆိုသည္။

‘‘နစ္နာတဲ့သူေရာ၊ ေျပာဆိုခဲ့ တဲ့သူေရာ ႏွစ္ဦးႏွစ္ဖက္ ေက် လည္သြားၿပီျဖစ္တဲ့အတြက္ ကြၽန္ ေတာ္တို႔ကေတာ့ ဆက္လက္ၿပီး ေဆာင္႐ြက္သြားဖို႔ မရွိေတာ့ပါ ဘူး။ တာဝန္ရွိတဲ့သူက မိမိရဲ႕အ ေျပာအဆို၊ အျပဳအမူေတြကိုအ မ်ားႀကီး ဂ႐ုစိုက္ရပါတယ္။ ကြၽန္ ေတာ္တို႔က ဒီမွာေျပာလိုက္တာ ကေတာ့ လူထုတင္ျပတဲ့အခက္အ ခဲ၊ ျပႆနာေပၚလာၿပီဆိုရင္ အ လြယ္တကူ မတုံ႔ျပန္ပါနဲ႔။ အဲဒီ အခက္အခဲျပႆနာရဲ႕ အတိမ္အ နက္၊ အက်ယ္အဝန္းကိုသိေအာင္ ေသခ်ာစုံစမ္းေမးျမန္းၿပီးေတာ့မွ တုံ႔ျပန္ေျပာဆိုတာမ်ိဳးလုပ္ဖို႔ ၫြန္ ၾကားထားပါတယ္’’ ဟု ေဒါက္ တာမ်ိဳးၫြန႔္က ေျပာသည္။

Unicode

ဆရာမများကို ပြောဆိုခဲ့မှုနှင့်ပတ်သက်၍ ပါတီတာဝန်ရှိသူများနှင့် ဆရာများအဖွဲ့ချုပ်ရှေ့တွင် ပဲခူးတိုင်းဝန်ကြီးချုပ် တောင်းပန်ပါတီက ခေါ်ယူသတိပေးထားပြီး အရေးယူရန်မရှိဟု ဒေါက်တာမျိုးညွန့်ပြော

ဆရာမများကို ဒေသခံ များက ရည်းစားစကားပြောရန် ပြောဆိုခဲ့မှုအတွက် ပဲခူးတိုင်းဒေ သကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက အောက်တိုဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ အမျိုး သားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရုံးချုပ်၌ ပါတီ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမများအ ဖွဲ့ချုပ် (MTF) အလုပ်အမှုဆောင် များရှေ့တွင်ဆရာ၊ ဆရာမထု တစ်ရပ်လုံးကို တောင်းပန်ကြောင်း ပြောကြား သည်။
ကျေးရွာများတွင် ဝန်ထမ်း အိမ်ရာ အခက်အခဲမရှိစေရေးနှင့် ဆရာမြဲစေရေး ဆရာမများကို ဒေသခံလူငယ်များက ရည်းစား စကားပြောရန် အောက်တိုဘာ ၅ ရက်က ပဲခူးတိုင်းဒေသကြီး နတ် တလင်းမြို့နယ် ဒမငယ်သစ်ချိုခြံ ကျေးရွာ ဒေသခံများနှင့် ပဲခူးတိုင်း ဒေသကြီး ဝန်ကြီးချုပ်တို့တွေ့ဆုံ ပွဲ၌ ဝန်ကြီးချုပ်က ပြောကြားခဲ့ သည်။

ဝန်ကြီးချုပ်၏ ပြောစကားအ ပေါ် ပညာရေးအသိုင်းအဝိုင်းက ပြစ်တင် ဝေဖန်သည့်အပြင် ဆရာ၊ ဆရာမအဖွဲ့အစည်းများ ကလည်း ရှုတ်ချကန့်ကွက် ကြောင်း သဘော ထားကြေညာ ချက်များ ထုတ်ပြန်ခဲ့သည်။

ဝန်ကြီးချုပ်၏ လက်လွတ် စ ပယ်ပြောကြားမှုနှင့်ပတ်သက်၍ တရားဝင်တောင်းပန်ရန်နှင့် အ ရေးယူပေးရန် အစိုးရနှင့် ပါတီ တာဝန်ရှိသူများထံ MTF က အောက် တိုဘာ ၁၇ ရက်တွင်တိုင် စာပေးပို့ပြီးနေက် အောက်တို ဘာ ၂၈ ရက်တွင် ပဲခူးတိုင်းဒေသ ကြီးဝန်ကြီးချုပ်က MTF မှတစ် ဆင့် ဆရာ၊ ဆရာမထုတစ်ရပ်လုံး ကို တရား ဝင်တောင်းပန်ခဲ့သည်။

‘‘ဆရာ၊ ဆရာမတွေကို တ ရားဝင် အနူးအညွတ်တောင်းပန် ပါတယ်လို့ ဝန်ကြီးချုပ်က ပြောပါ တယ်။ နောက်နာင်လည်း ဆရာ၊ ဆရာမတွေရဲ့ အခက်အခဲကိုတင် ပြလာတဲ့ အခါမှာ အတတ်နိုင်ဆုံး ကြိုးစားဖြေရှင်းပေးမယ်လို့ ကတိ ပေးသွားပါတယ်’’ ဟု MTF အ တွင်းရေးမှူး ဒေါက်တာဇော်မျိုး လှိုင်က ပြောသည်။

ဒေသခံများက အိမ်ရာကိစ္စ တောင်းဆိုချိန်တွင် ၎င်း၏တူ၊ တူမ ဆရာ၊ ဆရာမများ ကျေးရွာ တွင် တာဝန်ထမ်းစဉ် ဒေသခံနှင့် အိမ်ထောင်ကျပြီး ထိုရွာ၌ အခြေ ချနေ ထိုင်ဖြစ်သွားမှုကို သတိရ ကာ ပြောလိုက်ခြင်းဖြစ်ပြီး ထိ ခိုက်နစ် နာစေလိုသည့်သဘော ဖြင့် ပြောခြင်းမဟုတ်ကြောင်း ဝန် ကြီးချုပ်က MTF နှင့်တွေ့ဆုံစဉ် ရှင်းပြခဲ့ သည်ဟု ဒေါက်တာဇော် မျိုးလှိုင်က ဆိုသည်။

ပဲခူးတိုင်းဒေသကြီးဝန်ကြီး ချုပ်က ၎င်း၏ပြောကြားချက်အ တွက် ဆရာ၊ ဆရာမများကို မီဒီ ယာမှတစ်ဆင့် တောင်းပန်ထား သော်လည်း အလေးအနက်ထား သည်သဘောဖြင့် MTF အလုပ်အ မှုဆောင်များရှေ့တွင် ဆရာ၊ ဆရာမများကို တရားဝင်တောင်း ပန်ခြင်းဖြစ်သည်ဟု ဆိုသည်။

ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်း သိန်းကိုပါ ပတီက ခေါ်ယူသတိ ပေးထားပြီး အခြားအရေးယူမှုများ ပြုလုပ်ရန်မရှိကြောင်း NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဒေါက်တာမျိုးညွန့်က ဆိုသည်။

‘‘နစ်နာတဲ့သူရော၊ ပြောဆိုခဲ့ တဲ့သူရော နှစ်ဦးနှစ်ဖက် ကျေ လည်သွားပြီဖြစ်တဲ့အတွက် ကျွန် တော်တို့ကတော့ ဆက်လက်ပြီး ဆောင်ရွက်သွားဖို့ မရှိတော့ပါ ဘူး။ တာဝန်ရှိတဲ့သူက မိမိရဲ့အ ပြောအဆို၊ အပြုအမူတွေကိုအ များကြီး ဂရုစိုက်ရပါတယ်။ ကျွန် တော်တို့က ဒီမှာပြောလိုက်တာ ကတော့ လူထုတင်ပြတဲ့အခက်အ ခဲ၊ ပြဿနာပေါ်လာပြီဆိုရင် အ လွယ်တကူ မတုံ့ပြန်ပါနဲ့။ အဲဒီ အခက်အခဲပြဿနာရဲ့ အတိမ်အ နက်၊ အကျယ်အဝန်းကိုသိအောင် သေချာစုံစမ်းမေးမြန်းပြီးတော့မှ တုံ့ပြန်ပြောဆိုတာမျိုးလုပ်ဖို့ ညွန် ကြားထားပါတယ်’’ ဟု ဒေါက် တာမျိုးညွန့်က ပြောသည်။

====================================

END / 251