
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS/SSA)အေနနဲ႔ တႏိုင္ငံလုံး ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (အန္စီေအ) ၄ ႏွစ္အျပည့္အခမ္းအနား မတက္ ေရာက္ခဲ့တာဟာ တပ္မေတာ္နဲ႔ မဆိုင္ဘူးလို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ထုတ္ျပန္ပါတယ္။
ေအာက္တိုဘာ ၂၈ ရက္က ေနျပည္ေတာ္မွာ လုပ္တဲ့ အန္စီေအ ၄ ႏွစ္ျပည့္ပြဲကို RCSS/SSA ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီးယြက္ဆစ္နဲ႔ ကိုယ္စားလွယ္အဖြဲ႕ မတက္ေရာက္ရတာဟာ တပ္မေတာ္က လက္တြဲကူညီတာမရွိတဲ့အျပင္ ခရီးစဥ္ကို ပိတ္ပင္တားဆီးခဲ့လို႔ ျဖစ္တယ္လို႔ RCSS/SSA ဘက္က ေျပာထားတာပါ။
ဒီကိစၥတပ္မေတာ္က ေျဖရွင္းထုတ္ျပန္ရာမွာေတာ့ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ ဥကၠ႒နဲ႔ အဖြဲ႕ဝင္ေတြဟာ ေအာက္တိုဘာလ ၂၅ ရက္က ဟိုမိန္း- လင္းေခး- မိုးနဲ- နမ့္စန္- လြိဳင္လင္- ေတာင္ႀကီး- ေနျပည္ေတာ္ လမ္းေၾကာင္းအတိုင္း ေမာ္ေတာ္ယာဥ္နဲ႔လာေရာက္မွာျဖစ္လို႔ လုံၿခဳံေရးေပါင္း စပ္ညႇိႏႈိင္း ေဆာင္႐ြက္ေပးဖို႔အတြက္ ႏိုင္ငံေတာ္ သမၼတ႐ုံးကေန ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး (ၾကည္း)ကို အေၾကာင္းၾကားတဲ့စာကို ေအာက္တိုဘာ ၂၄ ရက္မွ အခ်ိန္နီးကပ္ၿပီး လက္ခံ ရခဲ့တယ္လို႔ ဆိုပါတယ္။
ဟိုမိန္း- လင္းေခး လမ္းေၾကာင္းတေလွ်ာက္ဟာ လက္နက္နဲ႔ၿငိမ္းခ်မ္းေရး လဲလွယ္ထားတဲ့ ဟိုမိန္း ျပည္သူ႔စစ္အဖြဲ႕၊ ပအိုဝ္းျပည္သူ႔စစ္အဖြဲ႕ေတြနဲ႔ အန္စီေအလက္မွတ္ထိုး ထားတဲ့ PNLO အဖြဲ႕ေတြ လႈပ္ရွားအေျချပဳေနတဲ့ ေနရာေတြျဖစ္ၿပီး အဲဒီနယ္ေျမမွာ ၂၀၁၈ ႏိုဝင္ဘာလကေန ၂၀၁၉ ဇန္နဝါရီလအတြင္း RCSS/SSA နဲ႔ ပအိုဝ္းျပည္သူ႔ စစ္အဖြဲ႕၊ PNLO အဖြဲ႕တို႔ ထိေတြ႕ တိုက္ခိုက္မႈ ပဋိပကၡျဖစ္စဥ္ရွိခဲ့တယ္လို႔ ဆိုပါတယ္။
အဲဒီလို အပစ္ရပ္လက္မွတ္ထိုးထားသူအခ်င္းခ်င္း ပဋိပကၡေတြျဖစ္ရင္ ေျဖရွင္းရခက္တဲ့ ျပႆနာေတြ ျဖစ္လာႏိုင္တာကို ေတြ႕ရတယ္လို႔လည္း ဆိုပါတယ္။
ဒါ့အျပင္ ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ ဥကၠ႒နဲ႔အဖြဲ႕ သြားေရာက္မယ့္ လြယ္တိုင္းလွ်ံ- ဟိုမိန္းကတဆင့္ ေတာင္ႀကီး၊ ေနျပည္ေတာ္အထိ ခရီးမိုင္ စုစုေပါင္း မိုင္ ၄၀၀ ေက်ာ္ရွိလို႔ ခရီးေဝးတာ၊ လမ္းေၾကာင္းတေလွ်ာက္ လုံၿခဳံေရးျပဳလုပ္ေပးႏိုင္ဖို႔ သိရတဲ့ရက္ကလည္း နီးေနတာ၊ ျဖတ္သန္းရမယ့္ေဒသထဲက လက္နက္ကိုင္အဖြဲ ႕ေတြအၾကား တင္းမာေနတာေၾကာင့္ ၂၀၁၅ေအာက္တိုဘာမွာလုပ္ခဲ့တဲ့ အန္စီေအ လက္မွတ္ထိုးပြဲအပါအဝင္ ေနာက္ပိုင္း ေနျပည္ေတာ္ကို ၃ ႀကိမ္ လာခဲ့သလိုမ်ိဳး တာခ်ီလိတ္ကတဆင့္ ေလယာဥ္နဲ႔ပဲ လာသင့္တယ္လို႔ သမၼတ႐ုံးကို အႀကံျပဳခဲ့တယ္လို႔လည္းဆိုပါတယ္။
RCSS/SSA ရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ ဒီလိုလာမယ္ဆိုတာကို ေအာက္တိုဘာ ၁၈ ရက္မွာ ဦးေဇာ္ေဌးကိုေျပာခဲ့သလို ေအာက္တိုဘာ ၂၃ ရက္မွာလည္း ၿငိမ္းခ်မ္းေရးနဲ႔ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရး ဗဟိုဌာန (NRPC) ကို တရားဝင္ အေၾကာင္းၾကားထားခဲ့တယ္လို႔ ဆိုပါတယ္။
ၿပီးေတာ့ ေလယာဥ္နဲ႔ လာဖို႔အႀကံျပဳထားတာကို ခရီးထြက္လာၿပီး ျမန္မာႏိုင္ငံထဲ ဝင္မယ့္ဆဲဆဲ အႀကိဳလာတဲ့သူေတြကို ျပန္ခိုင္းတဲ့ေနာက္ပိုင္း ဦးေဇာ္ေဌးဆီကို ဆက္သြယ္မွ သိရတယ္လို႔ ဆိုပါတယ္။
တပ္မေတာ္ကေတာ့ RCSS/SSA ဟာ သက္ဆိုင္ရာတိုင္းစစ္ဌာနခ်ဳပ္ကို အသိေပး အေၾကာင္းၾကားတာမရွိဘဲ ခရီးကို ႀကိဳဆိုဖို႔ အရပ္ကား ၄ စီးနဲ႔ ဟိုမိန္းကို ေအာက္တိုဘာ ၂၄ ရက္ ညေနပိုင္းမွာ ေရာက္လာတာေတြ႕လို႔ တိုင္းစစ္ဌာနခ်ဳပ္ကစုံစမ္းၿပီး အဆင့္ဆင့္သတင္းပို႔တင္ျပမွပဲ လုံၿခဳံေရး အေျခအေနအရ လိုအပ္တာေတြကို ဆက္လုပ္ခဲ့ရ တယ္လို႔ ဆိုပါတယ္။
NRPC တာဝန္ရွိသူေတြက တာခ်ီလိတ္ဘက္ကိုလာဖို႔အတြက္ ထိုင္းႏိုင္ငံထဲကေန ေန႔ခ်င္း သြားလာႏိုင္ဖို႔ စီစဥ္ေပးခဲ့သလို တာခ်ီလိတ္ကတဆင့္ စင္းလုံးငွားေလယာဥ္နဲ႔ ေနျပည္ေတာ္ကို လာဖို႔ စီစဥ္ေပးခဲ့ကိုသိရေပမယ့္ မလာခဲ့ဘူးလို႔လည္း ထုတ္ျပန္ထားပါတယ္။
ဒါေၾကာင့္ ႏွစ္ပတ္လည္ပြဲကို မတက္ေရာက္တာဟာ ရွမ္းျပည္ ျပန္လည္ထူေထာင္ေရး ေကာင္စီ (RCSS/SSA) ရဲ႕ ကိစၥပဲ ျဖစ္တယ္လို႔ တပ္မေတာ္ထုတ္ျပန္ ခ်က္မွာ ေဖာ္ျပ ပါတယ္။
ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ကလည္း ႏွစ္ပတ္လည္ပြဲကို တက္ေရာက္လာၾကသူ အားလုံး ကို ၿငိမ္းခ်မ္းသာယာမႈရွိၾကဖို႔ ဆႏၵျပဳေၾကာင္းေျပာၿပီး အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး မတက္ေရာက္ လာတဲ့ အဖြဲ႕ေတြကလည္း သူတို႔အေၾကာင္းနဲ႔ သူတို႔ပဲ ျဖစ္ပါလိမ့္မယ္လို႔ အဲဒီပြဲမွာ ေျပာခဲ့ပါတယ္။
Unicode
RCSS အန်စီအေ ၄ နှစ်ပြည့်ပွဲ မတက်သည့်ကိစ္စ တပ်မတော်နှင့် မဆိုင်ဟု ကာချုပ်ရုံးထုတ်ပြန်
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)အနေနဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) ၄ နှစ်အပြည့်အခမ်း အနား မတက်ရောက်ခဲ့တာဟာ တပ်မတော်နဲ့ မဆိုင်ဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၈ ရက်က နေပြည်တော်မှာ လုပ်တဲ့ အန်စီအေ ၄ နှစ်ပြည့်ပွဲကို RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်ဆစ်နဲ့ ကိုယ်စားလှယ်အဖွဲ့ မတက် ရောက်ရတာဟာ တပ်မတော်က လက်တွဲကူညီတာမရှိတဲ့အပြင် ခရီးစဉ်ကို ပိတ်ပင်တားဆီးခဲ့လို့ ဖြစ်တယ်လို့ RCSS/SSA ဘက်က ပြောထားတာပါ။
ဒီကိစ္စတပ်မတော်က ဖြေရှင်းထုတ်ပြန်ရာမှာတော့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေဟာ အောက်တိုဘာလ ၂၅ ရက်က ဟိုမိန်း- လင်းခေး- မိုးနဲ- နမ့်စန်- လွိုင်လင်- တောင်ကြီး- နေပြည်တော် လမ်းကြောင်းအတိုင်း မော်တော်ယာဉ်နဲ့လာရောက်မှာဖြစ်လို့ လုံခြုံရေးပေါင်း စပ်ညှိနှိုင်း ဆောင်ရွက် ပေးဖို့အတွက် နိုင်ငံတော်သမ္မတရုံးကနေ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)ကို အကြောင်းကြားတဲ့စာကို အောက်တိုဘာ ၂၄ ရက်မှ အချိန်နီးကပ်ပြီး လက်ခံ ရခဲ့တယ် လို့ ဆိုပါတယ်။
ဟိုမိန်း- လင်းခေး လမ်းကြောင်းတလျှောက်ဟာ လက်နက်နဲ့ငြိမ်းချမ်းရေး လဲလှယ်ထားတဲ့ ဟိုမိန်း ပြည်သူ့စစ်အဖွဲ့၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့တွေနဲ့ အန်စီအေလက် မှတ်ထိုးထားတဲ့ PNLO အဖွဲ့တွေ လှုပ်ရှားအခြေပြုနေတဲ့ နေရာတွေဖြစ်ပြီး အဲဒီနယ်မြေမှာ ၂၀၁၈ နိုဝင်ဘာလကနေ ၂၀၁၉ ဇန်နဝါရီလအတွင်း RCSS/SSA နဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့၊ PNLO အဖွဲ့တို့ ထိတွေ့ တိုက်ခိုက်မှု ပဋိပက္ခဖြစ်စဉ်ရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို အပစ်ရပ်လက်မှတ်ထိုးထားသူအချင်းချင်း ပဋိပက္ခတွေဖြစ်ရင် ဖြေရှင်းရခက်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တာကို တွေ့ရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌနဲ့အဖွဲ့ သွားရောက်မယ့် လွယ်တိုင်းလျှံ- ဟိုမိန်းကတဆင့် တောင်ကြီး၊ နေပြည်တော်အထိ ခရီးမိုင် စုစု ပေါင်း မိုင် ၄၀၀ ကျော်ရှိလို့ ခရီးဝေးတာ၊ လမ်းကြောင်းတလျှောက် လုံခြုံရေးပြုလုပ်ပေးနိုင်ဖို့ သိရတဲ့ရက်ကလည်း နီးနေတာ၊ ဖြတ်သန်းရမယ့်ဒေသထဲက လက်နက် ကိုင်အဖွဲ့တွေအကြား တင်းမာနေတာကြောင့် ၂၀၁၅အောက်တိုဘာမှာလုပ်ခဲ့တဲ့ အန်စီအေ လက်မှတ်ထိုးပွဲအပါအဝင် နောက်ပိုင်း နေပြည်တော်ကို ၃ ကြိမ် လာခဲ့သ လိုမျိုး တာချီလိတ်ကတဆင့် လေယာဉ်နဲ့ပဲ လာသင့်တယ်လို့ သမ္မတရုံးကို အကြံပြုခဲ့တယ်လို့လည်းဆိုပါတယ်။
RCSS/SSA ရဲ့ ထုတ်ပြန်ချက်မှာတော့ ဒီလိုလာမယ်ဆိုတာကို အောက်တိုဘာ ၁၈ ရက်မှာ ဦးဇော်ဌေးကိုပြောခဲ့သလို အောက်တိုဘာ ၂၃ ရက်မှာလည်း ငြိမ်းချမ်းရေး နဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဗဟိုဌာန (NRPC) ကို တရားဝင် အကြောင်းကြားထားခဲ့တယ်လို့ ဆိုပါတယ်။
ပြီးတော့ လေယာဉ်နဲ့ လာဖို့အကြံပြုထားတာကို ခရီးထွက်လာပြီး မြန်မာနိုင်ငံထဲ ဝင်မယ့်ဆဲဆဲ အကြိုလာတဲ့သူတွေကို ပြန်ခိုင်းတဲ့နောက်ပိုင်း ဦးဇော်ဌေးဆီကို ဆက်သွယ်မှ သိရတယ်လို့ ဆိုပါတယ်။
တပ်မတော်ကတော့ RCSS/SSA ဟာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်ကို အသိပေး အကြောင်းကြားတာမရှိဘဲ ခရီးကို ကြိုဆိုဖို့ အရပ်ကား ၄ စီးနဲ့ ဟိုမိန်းကို အောက် တိုဘာ ၂၄ ရက် ညနေပိုင်းမှာ ရောက်လာတာတွေ့လို့ တိုင်းစစ်ဌာနချုပ်ကစုံစမ်းပြီး အဆင့်ဆင့်သတင်းပို့တင်ပြမှပဲ လုံခြုံရေး အခြေအနေအရ လိုအပ်တာတွေကို ဆက် လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
NRPC တာဝန်ရှိသူတွေက တာချီလိတ်ဘက်ကိုလာဖို့အတွက် ထိုင်းနိုင်ငံထဲကနေ နေ့ချင်း သွားလာနိုင်ဖို့ စီစဉ်ပေးခဲ့သလို တာချီလိတ်ကတဆင့် စင်းလုံးငှားလေ ယာဉ်နဲ့ နေပြည်တော်ကို လာဖို့ စီစဉ်ပေးခဲ့ကိုသိရပေမယ့် မလာခဲ့ဘူးလို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါကြောင့် နှစ်ပတ်လည်ပွဲကို မတက်ရောက်တာဟာ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ရဲ့ ကိစ္စပဲ ဖြစ်တယ်လို့ တပ်မတော်ထုတ်ပြန် ချက် မှာ ဖော်ပြပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နှစ်ပတ်လည်ပွဲကို တက်ရောက်လာကြသူ အားလုံး ကို ငြိမ်းချမ်းသာယာမှုရှိကြဖို့ ဆန္ဒပြုကြောင်းပြောပြီး အကြောင်း အမျိုးမျိုးပြပြီး မတက်ရောက် လာတဲ့ အဖွဲ့တွေကလည်း သူတို့အကြောင်းနဲ့ သူတို့ပဲ ဖြစ်ပါလိမ့်မယ်လို့ အဲဒီပွဲမှာ ပြောခဲ့ပါတယ်။
====================================
END / 251