၃၁ အောက်တိုဘာ ၂၀၁၉ - ၁၇:၀၀
တိုင္းအစိုးရေျမကြက္ဝယ္ရန္ ေဖာင္ဝယ္သူ တစ္ေသာင္းေက်ာ္တြင္ ႏွစ္ေထာင္ေက်ာ္ ေလွ်ာက္လႊာတင္ဟုဆို

ရန္ကုန္တိုင္းအစိုးရ ေရာင္းခ်ေပးမည့္ ေျမကြက္မ်ား ကို ဝယ္ လိုသျဖင့္ ေဖာင္ဝယ္သူ တစ္ေသာင္းေက်ာ္ရွိၿပီး အမွန္တ ကယ္တင္ျပသူသည္ ေအာက္ တိုဘာ ၂၉ ရက္အထိ ႏွစ္ ေထာင္ ေက်ာ္ရွိေၾကာင္း ရန္ကုန္တိုင္း အစိုးရအဖြဲ႕ စိုက္ပ်ိဳး ေရး၊ ေမြးျမဴ ေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ ႀကီး ဦးဟံထြန္း ကေျပာသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ရန္ကုန္တိုင္းအစိုးရ ေရာင္းခ်ေပးမည့္ ေျမကြက္မ်ား ကို ဝယ္လိုသျဖင့္ ေဖာင္ဝယ္သူ  တစ္ေသာင္းေက်ာ္ရွိၿပီး အမွန္တ ကယ္တင္ျပသူသည္ ေအာက္ တိုဘာ ၂၉ ရက္အထိ ႏွစ္ေထာင္ ေက်ာ္ရွိေၾကာင္း ရန္ကုန္တိုင္း အစိုးရအဖြဲ႕ စိုက္ပ်ိဳးေရး၊ ေမြးျမဴ ေရး၊ သစ္ေတာႏွင့္ စြမ္းအင္ဝန္ ႀကီး ဦးဟံထြန္းကေျပာသည္။

လက္ရွိတြင္ ေျမကြက္ ၅၀၀ သာေရာင္းခ်မည္ျဖစ္ၿပီး က်န္ ေျမကြက္ဝယ္လိုသူမ်ားကို  တိုင္း အစိုးရက  ေျမကြက္မ်ား ထပ္မံ ေဖာ္ထုတ္ၿပီးပါက ဆက္လက္ ေရာင္းခ်မည္ဟု ၎က ဆိုသည္။

‘‘ေလွ်ာက္လႊာကို မွန္မွန္ ကန္ကန္တင္လာတယ္။ သတ္ မွတ္ထားတဲ့စည္းမ်ဥ္းစည္းကမ္း အတိုင္းတင္လာရင္ ေနာက္ထပ္ ေဖာ္ထုတ္မယ့္ ေျမကြက္ေတြအ ေပၚမွာ အက်ိဳးခံစားခြင့္ေပးမယ္။  ေျမကြက္ ေဖာ္ထုတ္ၿပီးသြားရင္ ေလွ်ာက္လႊာကို အသစ္မဝယ္ရ ေတာ့ဘူး။ လိုအပ္တဲ့ စာ႐ြက္စာ တမ္းထပ္တင္ၿပီး ေရာင္းခ်ေပး မယ္’’ဟု ဝန္ႀကီးကဆိုသည္။

လက္ရွိ ေျမကြက္ေရာင္းခ် ထားသည့္   က်ပ္သိန္းတစ္ေထာင္ ေက်ာ္ကို ႏိုင္ငံေတာ္ဘ႑ာသို႔ ထည့္သြင္းထားသည္ဟု ၎က ဆိုသည္။

လက္ရွိတြင္ ေျမကြက္ ၅၀၀ ကို ပထမအဆင့္ေရာင္းခ်ျခင္း ျဖစ္ၿပီး ဒုတိယႏွင့္ တတိယအ ဆင့္၌ ေရာင္းခ်ရန္ ေျမဧက ၉,၀၀၀ ေက်ာ္ရွိေသးသည္ဟု ရန္ ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရး ေကာ္မတီ အတြင္းေရးမႉးဦးသန္း က ေျပာသည္။

ေရာင္းခ်ရာတြင္လည္း  အ မွန္တကယ္ အိမ္ေဆာက္ရန္  လို အပ္သူမ်ားကိုသာ ေရာင္းခ်မည္ ဟု  ၎ကဆိုသည္။

တိုင္းအစိုးရက ၎တို႔စီမံ  ခန႔္ခြဲခြင့္ရွိသည့္ ေျမမ်ားကို စီးပြား   ေရး၊ စက္မႈလုပ္ငန္းလုပ္ကိုင္ရန္ ျဖစ္ေစ၊ လူေနထိုင္ရန္ျဖစ္ေစ  ေလွ်ာက္ထားႏိုင္သည္ဟု ေၾက  ညာထားသည္။ ေလွ်ာက္ထားရာ  တြင္မည္သူမဆို မွတ္ပုံတင္မူရင္း၊   မိတၱဴတင္ျပ၍ ေလွ်ာက္လႊာပုံစံ  မ်ားကို ရန္ကုန္အေရွ႕ပိုင္းခ႐ိုင္အ  ေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနစု  ေပါင္း႐ုံးတြင္ ေအာက္တိုဘာ ၇  ရက္မွ ႏိုဝင္ဘာ ၇ ရက္အထိဝယ္  ယူႏိုင္သည္ဟု ေၾကညာထား   သည္။ေရာင္းခ်ရာတြင္ ပထမအ ဆင့္ လႈိင္သာယာ၊ ေ႐ႊျပည္သာ ႏွင့္ဒဂုံေလးၿမိဳ႕နယ္တို႔ရွိ စက္မႈ ေျမကြက္ ၅၀၀၊ ဒုတိယအဆင့္ ေျမာင္းတကာစက္မႈဇုန္ရွိ  စက္မႈ ေျမကြက္ ၁၈၀ ေက်ာ္၊  တတိယ အဆင့္တြင္  ဒဂုံအေရွ႕ႏွင့္ဒဂုံဆိပ္ ကမ္းၿမိဳ႕နယ္တို႔မွ စိုက္ပ်ိဳးေရး ဇုန္အျဖစ္ သတ္မွတ္ထားသည့္ ဧက ၉,၀၀၀ ေက်ာ္ ပါဝင္မည္။

Unicode

တိုင်းအစိုးရမြေကွက်ဝယ်ရန် ဖောင်ဝယ်သူ တစ်သောင်းကျော်တွင် နှစ်ထောင်ကျော် လျှောက်လွှာတင်ဟုဆို

ရန်ကုန်တိုင်းအစိုးရ ရောင်းချပေးမည့် မြေကွက်များ ကို ဝယ်လိုသဖြင့် ဖောင်ဝယ်သူ  တစ်သောင်းကျော်ရှိပြီး အမှန်တ ကယ်တင်ပြသူသည် အောက် တိုဘာ ၂၉ ရက်အထိ နှစ်ထောင် ကျော်ရှိကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ သစ်တောနှင့် စွမ်းအင်ဝန် ကြီး ဦးဟံထွန်းကပြောသည်။

လက်ရှိတွင် မြေကွက် ၅၀၀ သာရောင်းချမည်ဖြစ်ပြီး ကျန် မြေကွက်ဝယ်လိုသူများကို  တိုင်း အစိုးရက  မြေကွက်များ ထပ်မံ ဖော်ထုတ်ပြီးပါက ဆက်လက် ရောင်းချမည်ဟု ၎င်းက ဆိုသည်။

‘‘လျှောက်လွှာကို မှန်မှန် ကန်ကန်တင်လာတယ်။ သတ် မှတ်ထားတဲ့စည်းမျဉ်းစည်းကမ်း အတိုင်းတင်လာရင် နောက်ထပ် ဖော်ထုတ်မယ့် မြေကွက်တွေအ ပေါ်မှာ အကျိုးခံစားခွင့်ပေးမယ်။  မြေကွက် ဖော်ထုတ်ပြီးသွားရင် လျှောက်လွှာကို အသစ်မဝယ်ရ တော့ဘူး။ လိုအပ်တဲ့ စာရွက်စာ တမ်းထပ်တင်ပြီး ရောင်းချပေး မယ်’’ဟု ဝန်ကြီးကဆိုသည်။

လက်ရှိ မြေကွက်ရောင်းချ ထားသည့်   ကျပ်သိန်းတစ်ထောင် ကျော်ကို နိုင်ငံတော်ဘဏ္ဍာသို့ ထည့်သွင်းထားသည်ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် မြေကွက် ၅၀၀ ကို ပထမအဆင့်ရောင်းချခြင်း ဖြစ်ပြီး ဒုတိယနှင့် တတိယအ ဆင့်၌ ရောင်းချရန် မြေဧက ၉,၀၀၀ ကျော်ရှိသေးသည်ဟု ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူးဦးသန်း က ပြောသည်။

ရောင်းချရာတွင်လည်း  အ မှန်တကယ် အိမ်ဆောက်ရန်  လို အပ်သူများကိုသာ ရောင်းချမည် ဟု  ၎င်းကဆိုသည်။

တိုင်းအစိုးရက ၎င်းတို့စီမံ  ခန့်ခွဲခွင့်ရှိသည့် မြေများကို စီးပွား   ရေး၊ စက်မှုလုပ်ငန်းလုပ်ကိုင်ရန် ဖြစ်စေ၊ လူနေထိုင်ရန်ဖြစ်စေ  လျှောက်ထားနိုင်သည်ဟု ကြေ  ညာထားသည်။ လျှောက်ထားရာ  တွင်မည်သူမဆို မှတ်ပုံတင်မူရင်း၊   မိတ္တူတင်ပြ၍ လျှောက်လွှာပုံစံ  များကို ရန်ကုန်အရှေ့ပိုင်းခရိုင်အ  ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစု  ပေါင်းရုံးတွင် အောက်တိုဘာ ၇  ရက်မှ နိုဝင်ဘာ ၇ ရက်အထိဝယ်  ယူနိုင်သည်ဟု ကြေညာထား   သည်။ရောင်းချရာတွင် ပထမအ ဆင့် လှိုင်သာယာ၊ ရွှေပြည်သာ နှင့်ဒဂုံလေးမြို့နယ်တို့ရှိ စက်မှု မြေကွက် ၅၀၀၊ ဒုတိယအဆင့် မြောင်းတကာစက်မှုဇုန်ရှိ  စက်မှု မြေကွက် ၁၈၀ ကျော်၊  တတိယ အဆင့်တွင်  ဒဂုံအရှေ့နှင့်ဒဂုံဆိပ် ကမ်းမြို့နယ်တို့မှ စိုက်ပျိုးရေး ဇုန်အဖြစ် သတ်မှတ်ထားသည့် ဧက ၉,၀၀၀ ကျော် ပါဝင်မည်။

====================================

END / 251