အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ႏိုင္ငံအနာဂတ္ အလွည့္ အေျပာင္းသည္ လက္ရွိ စီမံအုပ္ ခ်ဳပ္ေနသည့္ ေခါင္းေဆာင္မ်ား၏ ႏိုင္ငံေရးစိတ္ဆႏၵႏွင့္ အရည္အ ခ်င္းအေပၚတြင္ မူတည္ေနေၾကာင္း ႏိုင္ငံေရးပါတီ ၁၅ ခုျဖင့္ စုဖြဲ႕ထားသည့္ စည္းလုံးညီၫြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား မဟာမိတ္(UNA) မွ ဦးေစာဝင္းထြန္းက ေျပာၾကားသည္။
ရန္ကုန္ၿမိဳ႕၌ ေအာက္တိုဘာ ၃၁ရက္က က်င္းပသည့္ တိုင္းရင္း သားလူငယ္မ်ား၏ လက္ရွိ ၿငိမ္း ခ်မ္းေရးျဖစ္စဥ္ တိုးတက္မႈ ရပ္ တန႔္ေနျခင္းႏွင့္ပတ္သက္ၿပီး စိန္ ေခၚမႈႏွင့္ လိုအပ္ခ်က္မ်ားအေပၚ ဆန္းစစ္မႈႏွင့္ NCA အေပၚ ေမွ်ာ္ မွန္းခ်က္ဆိုင္ရာ ေဆြးေႏြးပြဲတြင္ UNA ကိုယ္စား ဦးေစာဝင္းထြန္းက အဖြဲ႕၏ မူဝါဒပိုင္းဆိုင္ရာမ်ားကို ေဆြးေႏြးရွင္းျပသည္။
ျမန္မာႏိုင္ငံ၌ လက္ရွိ ႀကဳံ ေတြ႕ေနရသည့္ စိန္ေခၚမႈမ်ား သည္ ၿငိမ္းခ်မ္းေရးတည္ေဆာက္ ျခင္းျဖစ္စဥ္အရ ဒီမိုကေရစီအ သြင္ကူးေျပာင္းေရးႏွင့္ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး လုပ္ငန္းစဥ္တြင္ တိုင္းရင္းသား မ်ား၏ သမိုင္းဆိုင္ရာ ရပိုင္ခြင့္ ကိစၥ၊ တိုင္းရင္းသားျပည္နယ္မ်ား ၌ ဖြံ႕ၿဖိဳးတိုးတက္မႈနည္းေနျခင္း ကိစၥ၊ လက္နက္ကိုင္ပဋိပကၡမ်ား မခ်ဳပ္ၿငိမ္းႏိုင္ေသးသည့္ ကိစၥ၊ တိုင္းရင္းသားလူနည္းစုမ်ား၏ အခြင့္အေရးႏွင့္ ရပိုင္ခြင့္မ်ားကိစၥ တို႔ျဖစ္ေၾကာင္း ၎က ဆိုသည္။
ထို႔အျပင္ စစ္အစိုးရလက္ ေအာက္မွ ႐ုန္းထြက္ရန္ ႀကိဳးပမ္း ခဲ့ရာ၌ ေတာ္လွန္ေရးစိတ္ဓာတ္ ႏွင့္ ျပဳျပင္ေျပာင္းလဲေရးစိတ္ ဓာတ္အၾကားရွိ ပဋိပကၡကို လည္း ရင္ဆိုင္ေနရေၾကာင္း၊ စစ္ေရးဦးစားေပးသည့္ ဝါဒႏွင့္ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး ပုံစံ အရပ္သားအစိုးရ အထြတ္အ ထိပ္ျဖစ္ေရး အယူအဆႏွစ္ခု ၾကား အားၿပိဳင္မႈရွိေနေၾကာင္း ဦးေစာဝင္းထြန္းက ေဆြးေႏြး သည္။
‘‘ႏိုင္ငံအနာဂတ္ရဲ႕အလွည့္ အေျပာင္းဟာ အခု စီမံအုပ္ခ်ဳပ္ ေနၾကတဲ့၊ ဦးေဆာင္ေနတဲ့ ေခါင္း ေဆာင္မ်ားရဲ႕ ႏိုင္ငံေရးစိတ္ဆႏၵနဲ႔ အရည္အခ်င္းမ်ားေပၚတြင္လည္း မ်ားစြာတည္ေနတယ္လို႔ ယူဆ ပါတယ္’’ဟု ဦးေစာဝင္းထြန္းက ေျပာသည္။
လက္ရွိအခ်ိန္သည္ ပဋိပကၡ မ်ားအဆုံးသတ္ရန္ႏွင့္ ျပည္ ေထာင္စုအိပ္မက္ကို တိုင္းရင္း သားမ်ား စုေပါင္းၿပီး အနာဂတ္ ေမွ်ာ္မွန္းခ်က္မ်ား စုေပါင္းရွာ ေဖြရမည့္ အခ်ိန္ကာလမ်ား ျဖစ္ ေၾကာင္း၊ တည္ၿငိမ္ေအးခ်မ္းမႈျဖင့္ ျပည္ေထာင္စုတိုင္းရင္းသားမ်ား အတူတကြ ယွဥ္တြဲေနထိုင္ႏိုင္ သည့္ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ရမည့္ကာလျဖစ္ ေၾကာင္း ၎က ဆိုသည္။
ၿငိမ္းခ်မ္းေရးျဖစ္စဥ္သည္ လက္ရွိဖက္ဒရယ္ဒီမိုကေရစီျပည္ ေထာင္စု တည္ေဆာက္ႏိုင္ေရး ႀကိဳတင္ ေဆာင္႐ြက္ေနသည့္ လုပ္ငန္းစဥ္ျဖစ္ေၾကာင္း၊ ၿငိမ္း ခ်မ္းေရးျဖစ္စဥ္ တည္ေဆာက္မႈ မေအာင္ျမင္ပါက ဖက္ဒရယ္ဒီမို ကေရစီျပည္ေထာင္စု တည္ ေဆာက္ေရး ျဖစ္စဥ္လည္း အ လွမ္းေဝးေနမည္ျဖစ္ေၾကာင္းေဆြးေႏြးသည္။
‘‘ၿငိမ္းခ်မ္းေရးျဖစ္စဥ္ႀကီး တစ္ခုလုံးမွာ တစ္ႏိုင္ငံလုံးဆိုင္ရာ အပစ္အခတ္ရပ္စဲေရး NCA စာ ခ်ဳပ္ ရွိေနပါတယ္။ အဲဒီရွိေနတဲ့ အတြက္ေၾကာင့္မို႔လို႔ ႏိုင္ငံေရး ဆိုင္ရာေျပာၾကဆိုၾကမယ့္ပလက္ ေဖာင္းတစ္ခု ရွိေနတာဟာ ႏိုင္ငံ အတြက္ ဝမ္းသာစရာတစ္ခု၊ ေကာင္းတဲ့အလားအလာတစ္ခုလို႔ျမင္ပါတယ္’’ ဟု ဦးေစာဝင္း ထြန္းက ေျပာသည္။
ၿငိမ္းခ်မ္းေရး ျဖစ္စဥ္တြင္ အားနည္းမႈ ရွိေနေသာ္လည္း ၿပိဳပ်က္မသြားျခင္းက ေမွ်ာ္လင့္ ခ်က္ျဖစ္သည္ဟု ၎ကဆိုသည္။
‘‘ဘယ္လိုပဲေျပာေျပာ စစ္ပြဲ ဆိုတာမေကာင္းပါဘူး။ဒါေၾကာင့္ ေသနတ္နဲ႔ စစ္တိုက္တာထက္ ပါးစပ္နဲ႔ စစ္တိုက္ေနျခင္းဟာကြၽန္ ေတာ္တို႔အတြက္ ေမွ်ာ္လင့္ခ်က္ တစ္ခုျဖစ္ပါတယ္’’ ဟု ဦးေစာ ဝင္းထြန္းက ေျပာသည္။
တိုင္းရင္းသား လူငယ္မ်ား စုေပါင္းက်င္းပသည့္ အဆိုပါ ေဆြးေႏြးပြဲသို႔ ၿငိမ္းခ်မ္းေရးေကာ္ မရွင္ တာဝန္ရွိသူအခ်ိဳ႕၊ တိုင္းရင္း သားလက္နက္ကိုင္အဖြဲ႕ ေခါင္း ေဆာင္မ်ားႏွင့္ အရပ္ဘက္လူမႈ အဖြဲ႕အစည္းမ်ားမွ တာဝန္ရွိသူ မ်ားလည္း တက္ေရာက္ကာ ၿငိမ္းခ်မ္းေရးျဖစ္စဥ္တြင္ ရင္ဆိုင္ ႀကဳံေတြေနရသည့္ စိန္ေခၚမႈမ်ား၊ အခက္အခဲမ်ား၊ ေမွ်ာ္လင့္ခ်က္ အလားအလာမ်ားႏွင့္ပတ္သက္ ၿပီး သက္ဆိုင္ရာ အဖြဲ႕အစည္း မ်ား၏ သေဘာထားအျမင္မ်ား ကို ေဆြးေႏြးခဲ့သည္။
Unicode
နိုင်ငံအနာဂတ် အဆိုး၊ အကောင်းစီမံအုပ်ချုပ်သည့် ခေါင်းဆောင်များ၏ စိတ်ဆန္ဒနှင့် အရည်အချင်းအပေါ် မူတည်ကြောင်း UNA ပြော
NCA သည် နိုင်ငံရေးပြောဆိုနိုင်သည့် ပလက်ဖောင်းဖြစ်၍ ငြိမ်းချမ်းရေးမျှော်လင့်ချက် ဆက်ရှိနေဟုဆို
နိုင်ငံအနာဂတ် အလှည့် အပြောင်းသည် လက်ရှိ စီမံအုပ် ချုပ်နေသည့် ခေါင်းဆောင်များ၏ နိုင်ငံရေးစိတ်ဆန္ဒနှင့် အရည်အ ချင်းအပေါ်တွင် မူတည်နေကြောင်း နိုင်ငံရေးပါတီ ၁၅ ခုဖြင့် စုဖွဲ့ထားသည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်(UNA) မှ ဦးစောဝင်းထွန်းက ပြောကြားသည်။
ရန်ကုန်မြို့၌ အောက်တိုဘာ ၃၁ရက်က ကျင်းပသည့် တိုင်းရင်း သားလူငယ်များ၏ လက်ရှိ ငြိမ်း ချမ်းရေးဖြစ်စဉ် တိုးတက်မှု ရပ် တန့်နေခြင်းနှင့်ပတ်သက်ပြီး စိန် ခေါ်မှုနှင့် လိုအပ်ချက်များအပေါ် ဆန်းစစ်မှုနှင့် NCA အပေါ် မျှော် မှန်းချက်ဆိုင်ရာ ဆွေးနွေးပွဲတွင် UNA ကိုယ်စား ဦးစောဝင်းထွန်းက အဖွဲ့၏ မူဝါဒပိုင်းဆိုင်ရာများကို ဆွေးနွေးရှင်းပြသည်။
မြန်မာနိုင်ငံ၌ လက်ရှိ ကြုံ တွေ့နေရသည့် စိန်ခေါ်မှုများ သည် ငြိမ်းချမ်းရေးတည်ဆောက် ခြင်းဖြစ်စဉ်အရ ဒီမိုကရေစီအ သွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်တွင် တိုင်းရင်းသား များ၏ သမိုင်းဆိုင်ရာ ရပိုင်ခွင့် ကိစ္စ၊ တိုင်းရင်းသားပြည်နယ်များ ၌ ဖွံ့ဖြိုးတိုးတက်မှုနည်းနေခြင်း ကိစ္စ၊ လက်နက်ကိုင်ပဋိပက္ခများ မချုပ်ငြိမ်းနိုင်သေးသည့် ကိစ္စ၊ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကိစ္စ တို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထို့အပြင် စစ်အစိုးရလက် အောက်မှ ရုန်းထွက်ရန် ကြိုးပမ်း ခဲ့ရာ၌ တော်လှန်ရေးစိတ်ဓာတ် နှင့် ပြုပြင်ပြောင်းလဲရေးစိတ် ဓာတ်အကြားရှိ ပဋိပက္ခကို လည်း ရင်ဆိုင်နေရကြောင်း၊ စစ်ရေးဦးစားပေးသည့် ဝါဒနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ပုံစံ အရပ်သားအစိုးရ အထွတ်အ ထိပ်ဖြစ်ရေး အယူအဆနှစ်ခု ကြား အားပြိုင်မှုရှိနေကြောင်း ဦးစောဝင်းထွန်းက ဆွေးနွေး သည်။
‘‘နိုင်ငံအနာဂတ်ရဲ့အလှည့် အပြောင်းဟာ အခု စီမံအုပ်ချုပ် နေကြတဲ့၊ ဦးဆောင်နေတဲ့ ခေါင်း ဆောင်များရဲ့ နိုင်ငံရေးစိတ်ဆန္ဒနဲ့ အရည်အချင်းများပေါ်တွင်လည်း များစွာတည်နေတယ်လို့ ယူဆ ပါတယ်’’ဟု ဦးစောဝင်းထွန်းက ပြောသည်။
လက်ရှိအချိန်သည် ပဋိပက္ခ များအဆုံးသတ်ရန်နှင့် ပြည် ထောင်စုအိပ်မက်ကို တိုင်းရင်း သားများ စုပေါင်းပြီး အနာဂတ် မျှော်မှန်းချက်များ စုပေါင်းရှာ ဖွေရမည့် အချိန်ကာလများ ဖြစ် ကြောင်း၊ တည်ငြိမ်အေးချမ်းမှုဖြင့် ပြည်ထောင်စုတိုင်းရင်းသားများ အတူတကွ ယှဉ်တွဲနေထိုင်နိုင် သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရမည့်ကာလဖြစ် ကြောင်း ၎င်းက ဆိုသည်။
ငြိမ်းချမ်းရေးဖြစ်စဉ်သည် လက်ရှိဖက်ဒရယ်ဒီမိုကရေစီပြည် ထောင်စု တည်ဆောက်နိုင်ရေး ကြိုတင် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ငြိမ်း ချမ်းရေးဖြစ်စဉ် တည်ဆောက်မှု မအောင်မြင်ပါက ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စု တည် ဆောက်ရေး ဖြစ်စဉ်လည်း အ လှမ်းဝေးနေမည်ဖြစ်ကြောင်းဆွေးနွေးသည်။
‘‘ငြိမ်းချမ်းရေးဖြစ်စဉ်ကြီး တစ်ခုလုံးမှာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး NCA စာ ချုပ် ရှိနေပါတယ်။ အဲဒီရှိနေတဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံရေး ဆိုင်ရာပြောကြဆိုကြမယ့်ပလက် ဖောင်းတစ်ခု ရှိနေတာဟာ နိုင်ငံ အတွက် ဝမ်းသာစရာတစ်ခု၊ ကောင်းတဲ့အလားအလာတစ်ခုလို့မြင်ပါတယ်’’ ဟု ဦးစောဝင်း ထွန်းက ပြောသည်။
ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် အားနည်းမှု ရှိနေသော်လည်း ပြိုပျက်မသွားခြင်းက မျှော်လင့် ချက်ဖြစ်သည်ဟု ၎င်းကဆိုသည်။
‘‘ဘယ်လိုပဲပြောပြော စစ်ပွဲ ဆိုတာမကောင်းပါဘူး။ဒါကြောင့် သေနတ်နဲ့ စစ်တိုက်တာထက် ပါးစပ်နဲ့ စစ်တိုက်နေခြင်းဟာကျွန် တော်တို့အတွက် မျှော်လင့်ချက် တစ်ခုဖြစ်ပါတယ်’’ ဟု ဦးစော ဝင်းထွန်းက ပြောသည်။
တိုင်းရင်းသား လူငယ်များ စုပေါင်းကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော် မရှင် တာဝန်ရှိသူအချို့၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ ခေါင်း ဆောင်များနှင့် အရပ်ဘက်လူမှု အဖွဲ့အစည်းများမှ တာဝန်ရှိသူ များလည်း တက်ရောက်ကာ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ရင်ဆိုင် ကြုံတွေနေရသည့် စိန်ခေါ်မှုများ၊ အခက်အခဲများ၊ မျှော်လင့်ချက် အလားအလာများနှင့်ပတ်သက် ပြီး သက်ဆိုင်ရာ အဖွဲ့အစည်း များ၏ သဘောထားအမြင်များ ကို ဆွေးနွေးခဲ့သည်။
====================================
END / 251
ႏိုင္ငံအနာဂတ္ အဆိုး၊ အေကာင္းစီမံအုပ္ခ်ဳပ္သည့္ ေခါင္းေဆာင္မ်ား၏ စိတ္ဆႏၵႏွင့္ အရည္အခ်င္းအေပၚ မူတည္ေၾကာင္း UNA ေျပာ NCA သည္ ႏိုင္ငံ
၁ နိုဝင်ဘာ ၂၀၁၉ - ၂၀:၂၉
News ID: 985462
ႏိုင္ငံအနာဂတ္ အလွည့္ အေျပာင္းသည္ လက္ရွိ စီမံအုပ္ ခ်ဳပ္ေနသည့္ ေခါင္းေဆာင္မ်ား၏ ႏိုင္ငံေရးစိတ္ဆႏၵႏွင့္ အ ရည္အ ခ်င္းအေပၚတြင္ မူတည္ေနေၾကာင္း ႏိုင္ငံေရးပါတီ ၁၅ ခုျဖင့္ စုဖြဲ႕ထားသည့္ စည္းလုံးညီၫြတ္ေသာ တိုင္းရင္း သားလူမ်ိဳးမ်ား မဟာမိတ္(UNA) မွ ဦးေစာဝင္းထြန္းက ေျပာၾကားသည္။