၂ နိုဝင်ဘာ ၂၀၁၉ - ၁၇:၂၅
ေမာင္းမကန္တြင္ မီးေလာင္၊ ေနအိမ္ ၈ လုံး ပ်က္စီးဆုံးရႈံး

တနသၤာရီတိုင္း‌၊ ေလာင္းလုံးၿမိဳ႕နယ္၊ေမာင္းမကန္႐ြာမွာလွ်ပ္စစ္ မီးဖိုအပူလြန္ကဲရာက မီးေလာင္ကြၽမ္းလို႔ေနအိမ္ ၈ လုံး ပ်က္စီး ဆုံးရႈံးသြားပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


တနသၤာရီတိုင္း‌၊ ေလာင္းလုံးၿမိဳ႕နယ္၊ ေမာင္းမကန္႐ြာမွာ လွ်ပ္စစ္မီးဖိုအပူလြန္ကဲရာက မီးေလာင္ကြၽမ္းလို႔ေနအိမ္ ၈ လုံး ပ်က္စီးဆုံးရႈံးသြားပါတယ္။

ေမာင္းမကန္႐ြာ ၁၂ (ခ) ရက္ကြက္ရွိ ေနအိမ္တလုံးမွာ ေအာက္တိုဘာ ၃၁ ရက္ မြန္းလြဲ ၁ နာရီ မိနစ္ ၂၀ ေလာက္က  လွ်ပ္စစ္မီးဖို အပူအလြန္ကဲၿပီး မီးေလာင္ကြၽမ္းရာက ေနအိမ္ ၈ လုံး ပ်က္စီးဆုံးရႈံးခဲ့တာပါ။

ေမာင္းမကန္ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးသန္းႏိုင္က “မီးေလာင္တဲ့ ေနအိမ္ေတြဟာ ဓနိမိုးအိမ္ေတြ ျဖစ္တယ္လို႔” ေျပာပါတယ္။

အခုလိုမီးေလာင္ခဲ့တဲ့ ေနအိမ္ေတြကို မြန္းလြဲ ၁ နာရီ မိနစ္ ၄၀ မွာ မီးျငႇိမ္းသတ္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

အခုလို မီးေလာင္တာနဲ႔ပတ္သက္လို႔ မီးစတင္ေလာင္ခဲ့တဲ့ေနအိမ္ရဲ႕ပိုင္ရွင္ ဦးေအးစိုးကို ေမာင္းမကန္နယ္ေျမ ရဲစခန္းက ရာဇသတ္ႀကီးဥပ​ေဒပုဒ္မ ၂၈၅နဲ႔ အမႈဖြင့္ထားပါတယ္။

Unicode

မောင်းမကန်တွင် မီးလောင်၊ နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံး

တနင်္သာရီတိုင်း‌၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာမှာ လျှပ်စစ်မီးဖိုအပူလွန်ကဲရာက မီးလောင်ကျွမ်းလို့နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံးသွားပါတယ်။

မောင်းမကန်ရွာ ၁၂ (ခ) ရက်ကွက်ရှိ နေအိမ်တလုံးမှာ အောက်တိုဘာ ၃၁ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၂၀ လောက်က  လျှပ်စစ်မီးဖို အပူအလွန်ကဲပြီး မီးလောင် ကျွမ်းရာက နေအိမ် ၈ လုံး ပျက်စီးဆုံးရှုံးခဲ့တာပါ။

မောင်းမကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်က “မီးလောင်တဲ့ နေအိမ်တွေဟာ ဓနိမိုးအိမ်တွေ ဖြစ်တယ်လို့” ပြောပါတယ်။

အခုလိုမီးလောင်ခဲ့တဲ့ နေအိမ်တွေကို မွန်းလွဲ ၁ နာရီ မိနစ် ၄၀ မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုလို မီးလောင်တာနဲ့ပတ်သက်လို့ မီးစတင်လောင်ခဲ့တဲ့နေအိမ်ရဲ့ပိုင်ရှင် ဦးအေးစိုးကို မောင်းမကန်နယ်မြေ ရဲစခန်းက ရာဇသတ်ကြီးဥပ​ဒေပုဒ်မ ၂၈၅နဲ့ အမှုဖွင့်ထား ပါတယ်။

====================================

END / 251