၅ နိုဝင်ဘာ ၂၀၁၉ - ၁၅:၁၀
ေဒၚေအာင္ဆန္းစုၾကည္ ႐ုရွားဝန္ႀကီးခ်ဳပ္ႏွင့္ ကန္အမ်ိဳးသားလုံၿခဳံေရးအႀကံေပးပုဂၢိဳလ္တို႔ကို သီးျခားစီ ေတြ႕ဆုံ

ႏိုင္ငံေတာ္၏အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္သည္ ႐ုရွား ဝန္ႀကီးခ်ဳပ္ႏွင့္ အေမရိကန္အမ်ိဳးသားလုံၿခဳံေရး အႀကံေပးပုဂၢိဳလ္တို႔ကို ယမန္ေန႔ တြင္ ဘန္ေကာက္ၿမိဳ႕၌ သီးျခားစီ လက္ခံေတြ႕ဆုံခဲ့သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


 ႏိုင္ငံေတာ္၏အတိုင္ ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္သည္ ႐ုရွားဝန္ႀကီးခ်ဳပ္ႏွင့္  အေမရိကန္အမ်ိဳးသားလုံၿခဳံေရး အႀကံေပးပုဂၢိဳလ္တို႔ကို ယမန္ေန႔ တြင္ ဘန္ေကာက္ၿမိဳ႕၌ သီးျခားစီ လက္ခံေတြ႕ ဆုံခဲ့သည္။

(၃၅)ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးအစည္းအေဝးႏွင့္  ဆက္ စပ္ထိပ္သီးအစည္းအေဝးမ်ားသို႔ တက္ေရာက္ရန္ ထိုင္းႏိုင္ငံတြင္ ေရာက္ရွိစဥ္ ႏိုင္ငံေတာ္၏အတိုင္ ပင္ခံပုဂၢိဳလ္က ယင္းသို႔သီးျခားစီ  ေတြ႕ဆုံခဲ့ျခင္းျဖစ္သည္။

ေဒၚေအာင္ဆန္းစုၾကည္ သည္ ႐ုရွားဝန္ႀကီးခ်ဳပ္ ဒီမီထရီ မက္ဗီဒက္ဗ္ႏွင့္ေတြ႕ဆုံစဥ္ျမန္မာ -႐ုရွား ရွိရင္းစြဲခ်စ္ၾကည္ရင္းႏွီးမႈ ပိုမိုတိုးတက္ခိုင္မာေစေရး၊ စြမ္း အင္၊ စက္မႈ၊ ၿမိဳ႕ျပ၊ ေလေၾကာင္း၊ ပညာ ေရးက႑အပါအဝင္ ႏွစ္ ႏိုင္ငံအၾကားဆက္သြယ္ဆက္ဆံ မႈကို ပိုမိုတိုးခ်ဲ႕ေဆာင္႐ြက္ေရး တို႔ကို ေဆြးေႏြးခဲ့သည္ဟု ႏိုင္ငံ ပိုင္႐ုပ္သံက ယမန္ေန႔ညတြင္ ေၾကညာသည္။

ျမန္မာ-႐ုရွား ကုန္သြယ္ေရး ႏွင့္ စီးပြားေရးပူးေပါင္းေဆာင္ ႐ြက္မႈ ပူးတြဲေကာ္မရွင္အစည္း အေဝးကို ေနျပည္ေတာ္တြင္က်င္း ပေရး၊ အဆင့္ျမင့္ကိုယ္စား လွယ္မ်ားအျပန္အလွန္လည္ပတ္ ေရးႏွင့္ ႏိုင္ငံတကာမ်က္ႏွာစာ တြင္ နီးကပ္စြာပိုမိုပူးေပါင္းေဆာင္ ႐ြက္ေရးတို႔ကိုလည္း ေဆြးေႏြးခဲ့ သည္။

ထို႔အျပင္ ႏိုင္ငံေတာ္၏အ တိုင္ပင္ခံပုဂၢိဳလ္သည္  အေမရိ ကန္ အမ်ိဳးသားလုံၿခဳံေရးဆိုင္ရာ အႀကံေပးပုဂၢိဳလ္ အိုဘ႐ိုင္ယန္ကို  လက္ခံေတြ႕ဆုံခဲ့ကာ ျမန္မာ-အ ေမရိကန္ ဆက္ဆံေရးပိုမိုခိုင္မာ လာေရး၊ မူးယစ္ေဆးဝါး၊ လူကုန္ ကူးမႈႏွင့္ သားရဲတိရစာၦန္ေရာင္း ဝယ္မႈ တားဆီးကာကြယ္တိုက္ ဖ်က္ေရး၊ ေကာင္စစ္ေရးရာကိစၥ ရပ္မ်ားအပါအဝင္ ႏွစ္ႏိုင္ငံပူး ေပါင္းေဆာင္႐ြက္မႈမ်ားပိုမိုတိုး ျမႇင့္ သြားေရးတို႔ကို ေဆြးေႏြးခဲ့ သည္ဟု ႏိုင္ငံပိုင္႐ုပ္သံက ေၾက ညာသည္။

ယင္းေနာက္ ရခိုင္ျပည္  နယ္အေရးႏွင့္ပတ္သက္၍ ျမန္မာ အစိုးရ၏ ႀကိဳးပမ္းေဆာင္႐ြက္မႈ အေျခအေနမ်ား၊ ကုလသမဂၢႏွင့္ ကုလအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္ေနမႈမ်ားကို  ရွင္းလင္း ေဆြးေႏြးခဲ့သည္။

အာဆီယံထိပ္သီးအစည္း အေဝးမ်ား တက္ေရာက္ရန္ ထိုင္း ႏိုင္ငံသို႔ ငါးရက္ၾကာ သြားေရာက္ ခဲ့ေသာ ေဒၚေအာင္ဆန္းစုၾကည္ သည္ ျမန္မာႏိုင္ငံသို႔  ယေန႔ ျပန္ လည္ေရာက္ရွိမည္ျဖစ္သည္။

Unicode

ဒေါ်အောင်ဆန်းစုကြည် ရုရှားဝန်ကြီးချုပ်နှင့် ကန်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်တို့ကို သီးခြားစီ တွေ့ဆုံ

နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်သည် ရုရှားဝန်ကြီးချုပ်နှင့်  အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်တို့ကို ယမန်နေ့ တွင် ဘန်ကောက်မြို့၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။

(၃၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့်  ဆက် စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ထိုင်းနိုင်ငံတွင် ရောက်ရှိစဉ် နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်က ယင်းသို့ သီးခြားစီ  တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် ရုရှားဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက်ဗ်နှင့်တွေ့ဆုံစဉ်မြန်မာ -ရုရှား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရေး၊ စွမ်း အင်၊ စက်မှု၊ မြို့ပြ၊ လေကြောင်း၊ ပညာရေးကဏ္ဍအပါအဝင် နှစ် နိုင်ငံအကြားဆက်သွယ်ဆက်ဆံ မှုကို ပိုမိုတိုးချဲ့ဆောင်ရွက်ရေး တို့ကို ဆွေးနွေးခဲ့သည်ဟု နိုင်ငံ ပိုင်ရုပ်သံက ယမန်နေ့ညတွင် ကြေညာသည်။

မြန်မာ-ရုရှား ကုန်သွယ်ရေး နှင့် စီးပွားရေးပူးပေါင်းဆောင် ရွက်မှု ပူးတွဲကော်မရှင်အစည်း အဝေးကို နေပြည်တော်တွင်ကျင်း ပရေး၊ အဆင့်မြင့်ကိုယ်စား လှယ်များအပြန်အ လှန်လည်ပတ် ရေးနှင့် နိုင်ငံတကာမျက်နှာစာ တွင် နီးကပ်စွာပိုမိုပူးပေါင်းဆောင် ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ သည်။

ထို့အပြင် နိုင်ငံတော်၏အ တိုင်ပင်ခံပုဂ္ဂိုလ်သည်  အမေရိ ကန် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် အိုဘရိုင်ယန်ကို  လက်ခံတွေ့ဆုံခဲ့ကာ မြန်မာ-အ မေရိကန် ဆက်ဆံရေးပိုမိုခိုင်မာ လာရေး၊ မူးယစ်ဆေးဝါး၊ လူကုန် ကူးမှုနှင့် သားရဲတိရစ္ဆာန်ရောင်း ဝယ်မှု တားဆီးကာကွယ်တိုက် ဖျက်ရေး၊ ကောင်စစ်ရေးရာကိစ္စ ရပ်များအပါအဝင် နှစ်နိုင်ငံပူး ပေါင်းဆောင် ရွက်မှုများပိုမိုတိုး မြှင့်သွားရေးတို့ကို ဆွေးနွေးခဲ့ သည်ဟု နိုင်ငံပိုင်ရုပ်သံက ကြေ ညာသည်။

ယင်းနောက် ရခိုင်ပြည်  နယ်အရေးနှင့်ပတ်သက်၍ မြန်မာ အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ၊ ကုလသမဂ္ဂနှင့် ကုလအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို  ရှင်းလင်းဆွေးနွေးခဲ့သည်။

အာဆီယံထိပ်သီးအစည်း အဝေးများ တက်ရောက်ရန် ထိုင်း နိုင်ငံသို့ ငါးရက်ကြာ သွားရောက် ခဲ့သော ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသို့  ယနေ့ ပြန် လည်ရောက်ရှိမည်ဖြစ်သည်။

====================================

END / 251