၅ နိုဝင်ဘာ ၂၀၁၉ - ၁၅:၂၇
ကုန္သြယ္ေရး စိန္ေခၚမႈမ်ားကို ကိုင္တြယ္ေျဖရွင္းရန္ ASEAN+3 ထိပ္သီးညီလာခံတြင္ တိုက္တြန္း

ကုန္သြယ္ေရးစိန္ေခၚမႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ အာဆီယံ အဖြဲ႕အ တြင္း ပူးေပါင္းေဆာင္႐ြက္ေရးက အေရးပါတယ္လို႔ တ႐ုတ္၊ ေတာင္ကို ရီးယားနဲ႔ ဂ်ပန္ ေခါင္းေဆာင္ေတြက အေလးေပး ေျပာဆို လိုက္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

ကုန္သြယ္ေရးစိန္ေခၚမႈေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ အာဆီယံ အဖြဲ႕အတြင္း ပူးေပါင္းေဆာင္႐ြက္ေရးက အေရးပါတယ္လို႔ တ႐ုတ္၊ ေတာင္ကိုရီးယားနဲ႔ ဂ်ပန္ ေခါင္းေဆာင္ေတြက အေလးေပး ေျပာဆို လိုက္ပါတယ္။

အာဆီယံနဲ႔ အေရွ႕အာရွ ၃ ႏိုင္ငံ ထိပ္သီးညီလာခံအတြင္း ႏိုဝင္ဘာ ၄ ရက္ေန႔က ခုလို ေျပာလိုက္တာပါ။

ကမာၻ႔ကုန္သြယ္ေရးနဲ႔ သဘာဝပတ္ဝန္းက်င္ အေရးကိစၥေတြကို အာဆီယံ ေခါင္းေဆာင္ေတြနဲ႔ အတူ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီကီခ်န္း၊ ေတာင္ကိုရီးယား သမၼတ မြန္းေဂ်းအင္းနဲ႔ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇို အာေဘးတို႔ ေဆြးေႏြးခဲ့ၾကပါတယ္။

ကုန္သြယ္ေရးအျပင္ အေရွ႕ေတာင္အာရွနဲ႔ အေရွ႕ အာရွ ေဒသတြင္း ၂၀၅၀မွာ ပင္လယ္ျပင္ ညစ္ညမ္းမႈေလွ်ာ့ခ်ဖို႔ ဂ်ပန္က ကနဦးေျခလွမ္းေတြကို တိုးျမႇင့္ လုပ္ေဆာင္သြားမယ္လို႔ ဂ်ပန္ ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘက ေျပာပါတယ္။

ကမာၻ႔စီးပြားေရး တိုးတက္ႏႈန္း ေႏွးေနတာနဲ႔အတူ လက္ရွိ ကမာၻ႔ အေျခအေနဟာ ရႈပ္ေထြး ခက္ခဲမႈေတြ နက္နဲသိမ္ေမြ႕မႈေတြနဲ႔အတူ စိန္ေခၚမႈ အသစ္ေတြ ပိုႀကီးတဲ့ ဖိအားေတြကို ေတြ႕ႀကဳံ ေနရ တယ္၊ ASEAN+3 ပူးေပါင္းေဆာင္႐ြက္မႈဟာ အဖိုးတန္တဲ့ အေတြ႕အႀကဳံေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈရဲ႕ အင္အားေတြကို ကမ္းလွမ္းၿပီး ေဒသတြင္း ႏိုင္ငံေတြၾကားမွာ ယုံၾကည္မႈ တိုးျမႇင့္ဖို႔ ကူညီ လိမ့္မယ္လို႔ တ႐ုတ္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

“က်ေနာ္တို႔ဟာ လြတ္လပ္စြာ ကုန္သြယ္ေရး အစီအစဥ္ကို ျပင္ပ ၾသဇာေတြကေန ကာကြယ္ဖို႔ လိုအပ္တယ္၊ ကမာၻ႔စီးပြားေရးကိုလည္း မွ်ေျခက်ယ္ျပန႔္လာဖို႔ လမ္းေၾကာင္းေပၚကို ျပန္တင္ရမယ္ ASEAN+3 ေခါင္းေဆာင္ေတြဟာ ဒီအေရးအတြက္ ပူးေပါင္းေဆာင္႐ြက္ရာမွာ အခ်က္အခ်ာက်တဲ့ အခန္းက႑ကေန ပါဝင္ႏိုင္မယ္လို႔ က်ေနာ္ ေမွ်ာ္လင့္တယ္”လို႔ ေတာင္ကိုရီးယား သမၼတ မြန္းေဂ်းအင္းက ေျပာပါတယ္။

အာဆီယံ ထိပ္သီးညီလာခံနဲ႔ အာဆီယံ အေရွ႕အာရွ ၃ႏိုင္ငံ ထိပ္သီးညီလာခံ ေတြကို ထိုင္းႏိုင္ငံမွာ ႏိုဝင္ဘာ ၂ရက္က စၿပီး ၄ ရက္ေန႔အထိ ၃ ရက္ၾကာ က်င္းပေနတာပါ။

ဒီႏွစ္ညီလာခံအတြင္း အာရွဆယ့္ငါးႏိုင္ငံဟာ ကမာၻ႔အႀကီးဆုံး ကုန္သြယ္ေရး သေဘာတူညီခ်က္ ျဖစ္လာမယ့္ စာခ်ဳပ္အတြက္ စည္းကမ္းခ်က္ေတြ သတ္မွတ္ခ်က္ေတြကို သေဘာတူခဲ့ၾကပါတယ္။

အိႏၵိယအစိုးရကေတာ့ သိသာတဲ့ အေကာက္ခြန္နဲ႔ တျခားအေရးကိစၥ မတူျခားနားမႈ ေတြေၾကာင့္ ဒီသေဘာတူညီခ်က္မွာ ပူးေပါင္းဖို႔ မဆုံးျဖတ္ေသးဘဲ အခ်ိန္ယူေနခဲ့ပါတယ္။

ထိုင္းႏိုင္ငံက ဒီႏွစ္မွာ အာဆီယံရဲ႕ အလွည့္က် ဥကၠ႒ ျဖစ္ၿပီး လာမယ့္ႏွစ္အတြက္ အလွည့္က် ဥကၠ႒  ေနရာကို ဗီယက္နမ္ႏိုင္ငံဆီ လႊဲေပးခဲ့ပါတယ္။

Unicode

ကုန်သွယ်ရေး စိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ASEAN+3 ထိပ်သီးညီလာခံတွင် တိုက်တွန်း

ကုန်သွယ်ရေးစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံ အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်ရေးက အရေးပါတယ်လို့ တရုတ်၊ တောင်ကိုရီးယားနဲ့ ဂျပန် ခေါင်းဆောင်တွေက အလေးပေး ပြောဆိုလိုက်ပါတယ်။

အာဆီယံနဲ့ အရှေ့အာရှ ၃ နိုင်ငံ ထိပ်သီးညီလာခံအတွင်း နိုဝင်ဘာ ၄ ရက်နေ့က ခုလို ပြောလိုက်တာပါ။

ကမ္ဘာ့ကုန်သွယ်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိစ္စတွေကို အာဆီယံ ခေါင်းဆောင်တွေနဲ့ အတူ တရုတ်ဝန်ကြီးချုပ် လီကီချန်း၊ တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်းနဲ့ ဂျပန်ဝန်ကြီး ချုပ် ရှင်ဇိုအာဘေးတို့ ဆွေးနွေးခဲ့ကြပါတယ်။

ကုန်သွယ်ရေးအပြင် အရှေ့တောင်အာရှနဲ့ အရှေ့ အာရှ ဒေသတွင်း ၂၀၅၀မှာ ပင်လယ်ပြင် ညစ်ညမ်းမှုလျှော့ချဖို့ ဂျပန်က ကနဦးခြေလှမ်းတွေကို တိုးမြှင့် လုပ်ဆောင်သွားမယ်လို့ ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေက ပြောပါတယ်။

ကမ္ဘာ့စီးပွားရေး တိုးတက်နှုန်း နှေးနေတာနဲ့အတူ လက်ရှိ ကမ္ဘာ့ အခြေအနေဟာ ရှုပ်ထွေး ခက်ခဲမှုတွေ နက်နဲသိမ်မွေ့မှုတွေနဲ့အတူ စိန်ခေါ်မှု အသစ်တွေ ပိုကြီးတဲ့ ဖိအားတွေကို တွေ့ကြုံ နေရတယ်၊ ASEAN+3 ပူးပေါင်းဆောင်ရွက်မှုဟာ အဖိုးတန်တဲ့ အတွေ့အကြုံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုရဲ့ အင်အားတွေကို ကမ်းလှမ်းပြီး ဒေသတွင်း နိုင်ငံတွေကြားမှာ ယုံကြည်မှု တိုးမြှင့်ဖို့ ကူညီလိမ့်မယ်လို့ တရုတ်ဝန်ကြီးချုပ်က ပြောပါတယ်။

“ကျနော်တို့ဟာ လွတ်လပ်စွာ ကုန်သွယ်ရေး အစီအစဉ်ကို ပြင်ပ သြဇာတွေကနေ ကာကွယ်ဖို့ လိုအပ်တယ်၊ ကမ္ဘာ့စီးပွားရေးကိုလည်း မျှခြေကျယ်ပြန့်လာဖို့ လမ်းကြောင်းပေါ်ကို ပြန်တင်ရ မယ် ASEAN+3 ခေါင်းဆောင်တွေဟာ ဒီအရေးအတွက် ပူးပေါင်းဆောင်ရွက်ရာမှာ အချက်အချာကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်နိုင်မယ်လို့ ကျနော် မျှော်လင့်တယ်”လို့ တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်းက ပြောပါတယ်။

အာဆီယံ ထိပ်သီးညီလာခံနဲ့ အာဆီယံ အရှေ့အာရှ ၃နိုင်ငံ ထိပ်သီးညီလာခံ တွေကို ထိုင်းနိုင်ငံမှာ နိုဝင်ဘာ ၂ရက်က စပြီး ၄ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပနေတာပါ။

ဒီနှစ်ညီလာခံအတွင်း အာရှဆယ့်ငါးနိုင်ငံဟာ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီချက် ဖြစ်လာမယ့် စာချုပ်အတွက် စည်းကမ်းချက်တွေ သတ်မှတ်ချက်တွေကို သဘောတူခဲ့ ကြပါတယ်။

အိန္ဒိယအစိုးရကတော့ သိသာတဲ့ အကောက်ခွန်နဲ့ တခြားအရေးကိစ္စ မတူခြားနားမှု တွေကြောင့် ဒီသဘောတူညီချက်မှာ ပူးပေါင်းဖို့ မဆုံးဖြတ်သေးဘဲ အချိန်ယူနေခဲ့ပါတယ်။

ထိုင်းနိုင်ငံက ဒီနှစ်မှာ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ပြီး လာမယ့်နှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌ  နေရာကို ဗီယက်နမ်နိုင်ငံဆီ လွှဲပေးခဲ့ပါတယ်။  

====================================

END / 251