အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ဗစ္တိုးရီးယားအမႈတြင္ အဓိကပစၥည္းသက္ေသျဖစ္ေသာ Wisdom Hill ပုဂၢလိက ေက်ာင္းရွိ စီစီတီဗီအထိုင္စက္မွ Hard Disk ထဲတြင္ ဗီဒီယိုဖိုင္တစ္ခုမွ်မရွိေတာ့၍ နည္းပညာရွင္မ်ားကို ႐ုံးေတာ္သက္ေသအျဖစ္ ေခၚယူ၍ ဗီဒီယိုဖိုင္မ်ား ျပန္လည္ရရွိေရးလုပ္ေဆာင္ရန္ ယမန္ေန႔႐ုံးခ်ိန္း၌ ႏွစ္ဖက္ေရွ႕ေနမ်ားက ေလွ်ာက္လဲခဲ့သည္။
‘‘DVR စက္ကို နည္းပညာကြၽမ္းက်င္သူနဲ႔ ႐ုံးေရွ႕မွာပဲ စစ္ေဆးၾကည့္တဲ့အခါမွာ အဲဒီအထဲမွာ DVR နဲ႔ Hard Disk တြဲလ်က္ကို ဗီဒီယိုဖိုင္မွတ္တမ္းေတြအားလုံးက ဘာတစ္ခုမွမရွိေတာ့တာကို ေတြ႕ရတယ္’’ ဟု စြပ္စြဲခံရသူ ေအာင္ႀကီးဘက္မွ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚစုဒါလီေအာင္က ေျပာသည္။
ႏိုဝင္ဘာ ၆ ရက္တြင္ ဗစ္ တိုးရီးယားအမႈကို ၁၀ ႀကိမ္ ေျမာက္႐ုံးထုတ္စစ္ေဆးခဲ့သည္။ ယင္း႐ုံးခ်ိန္းတြင္ Wisdom Hill မူႀကိဳေက်ာင္းမွ စီစီတီဗီမွတ္တမ္း ကိုင္သူတရားလိုျပသက္ေသ ကို ရန္ေနာင္ ေဌးႏွင့္ ဗစ္တိုးရီးယား စီးသည့္ ေက်ာင္းဖယ္ရီကား ဆရာမတစ္ဦးတို႔ကို စစ္ေဆးခဲ့ သည္။ ထို႔အျပင္ တရားလိုဘက္ မွ နည္းပညာရွင္တစ္ဦး ေခၚယူ၍ Hard Disk စစ္ေဆးမႈ ျပဳလုပ္ရာ ဖိုင္မ်ားမရွိေတာ့ေၾကာင္း ေတြ႕ ရွိခဲ့ျခင္းျဖစ္သည္။
မူရင္း စီစီတီဗီအထိုင္စက္ ထဲတြင္ ဖိုင္မ်ားမရွိေသာ္လည္း ၎မွတစ္ဆင့္ကူးယူထားသည့္ Memory Stick ထဲတြင္ အမႈအ ခင္းျဖစ္သည့္ ေန႔တစ္ေန႔တာကို အျပည့္အစုံမဟုတ္ဘဲ မိနစ္ပိုင္း အလိုက္ ျပတ္ေတာက္ေနသည့္ ဖိုင္မ်ား ႐ုံးေတာ္တြင္ရွိေနသည္။
ယင္း စီစီတီဗီမွတ္တမ္းမ်ား ကို ဗစ္တိုးရီးယားမိသားစုႏွင့္ နယ္ေျမရဲအရာရွိမ်ား ေက်ာင္းသို႔ ေမလပိုင္းက လာေရာက္စဥ္ Memory Stick ျဖင့္ ကူးေပးခဲ့ျခင္း ျဖစ္ၿပီး ဇြန္လအတြင္း စီစီတီဗီ အထိုင္ စက္ကို CID တပ္ဖြဲ႕မ်ား လာယူ၍ ဝန္ထမ္းတစ္ဦးက ျဖဳတ္ ေပးခဲ့သည္ဟု ကိုရန္ေနာင္ေဌးက ေျပာသည္။
ယင္းဗီဒီယိုမွတ္တမ္းဖိုင္ သည္ အခင္းျဖစ္ပြားသည့္ေက်ာင္း ေဆာင္တစ္ဖက္ရွိ အေဆာင္ ဘက္မွ ႐ိုက္ကူးထားသည့္ စီစီတီ ဗီမွတ္တမ္းဖိုင္ျဖစ္သလို ေက်ာင္း ထဲသို႔ စြပ္စြဲခံရသူေအာင္ႀကီး အဝင္၊ အထြက္ကို ျမင္ႏိုင္သည့္ ဖိုင္မ်ားျဖစ္သည္။
ေအာင္ႀကီးမွာ ေက်ာင္း ေဆာင္အတြင္းသို႔ ၎တစ္ဦး တည္း အဝင္၊ အထြက္ရွိသည့္ အခ်က္အပါအဝင္ ယင္းစီစီတီဗီ မွတ္တမ္းအရ အဖမ္းခံထားရျခင္း ျဖစ္၍ မွတ္တမ္းျပန္လည္ရရွိေရး သည္ အမႈအတြက္လြန္စြာအေရး ႀကီးေၾကာင္း ေဒၚစုဒါလီေအာင္က ေျပာသည္။
ကိုရန္ေနာင္ေဌးအေနျဖင့္ DVR စက္ကို မဖြင့္တတ္ေၾကာင္း ေျပာဆိုမႈအေပၚ ေဒၚစုဒါလီ ေအာင္က စက္မဖြင့္တတ္ဘဲ Memory Stick ထဲသို႔ ေဒါင္း၍ ကူးယူရန္ မရႏိုင္ေၾကာင္း ေမး ခြန္းထုတ္ရာ စီစီတီဗီကို လာ ေရာက္တပ္ဆင္သူ ဦးစိန္သီးဆို သူထံ ဖုန္းဆက္ေမး၍ ၎ေျပာ သည့္အတိုင္း ကူးယူခဲ့ျခင္းျဖစ္ ေၾကာင္း တရားခြင္တြင္ ကိုရန္ ေနာင္ေဌးက ထြက္ဆိုသည္။
ထို႔အျပင္ ယင္းစီစီတီဗီမွာ ေက်ာင္းပစၥည္းဆိုပါက မွတ္တမ္း မ်ားကို အဆင့္ျမင့္နည္းပညာျဖင့္ ေဆာ့ဖ္ဝဲမ်ားအသုံးျပဳ၍ ပ်က္ စီးျခင္းႏွင့္ ဖ်က္ဆီးျခင္းမည္သို႔ ျဖစ္ျခင္းကို သိရွိႏိုင္၍ ဖိုင္မ်ား ျပန္ လည္ေဖာ္ႏိုင္မည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္ဟု ေဒၚစုဒါလီ ေအာင္က ဆိုသည္။
‘‘ေသခ်ာတာေတာ့ ဒီထဲမွာ ရွိခဲ့လို႔ သူကူးတုန္းက ရတာေပါ့။ အခုဒီထဲမွာ မရွိေတာ့တာ ဘယ္ သူေၾကာင့္ မရွိေတာ့တာ၊ ဘာ ေၾကာင့္မရွိေတာ့တာ၊ ဘာျဖစ္လဲ ဆိုတာ ကြၽမ္းက်င္ပညာရွင္ေတြ စစ္မွ ပဲသိမယ္’’ ဟု ၎ကေျပာ သည္။
ထို႔ေၾကာင့္ တရားလိုဘက္မွ ေခၚလာသည့္ နည္းပညာကြၽမ္း က်င္သူ၊ စီစီတီဗီတပ္ဆင္သူ ဦးစိန္သီးႏွင့္ ရဲအရာရွိတစ္ဦး အပါအဝင္ သုံးဦးတို႔ကို ႐ုံးေတာ္ သက္ေသအျဖစ္ ေခၚယူရန္ဥပေဒအရာရွိႏွင့္ ေအာင္ႀကီးဘက္မွ ေရွ႕ေနတို႔က ေလွ်ာက္လဲခဲ့သည္။
ထိုသို႔ ေလွ်ာက္လဲခဲ့မႈကို ဒကၡိဏခ႐ိုင္တရားသူႀကီး ဦးတင့္ လြင္က သင့္ေတာ္သည့္အခ်ိန္ တြင္ အမိန႔္ခ်မည္ျဖစ္ေၾကာင္း ဆုံးျဖတ္ခဲ့သည္။ ထိုသို႔ အမိန႔္မခ် မီ Hard Disk ႏွင့္ Memory Stick တို႔ ကို ႐ုံးေတာ္မွ သိမ္းဆည္းရန္ ဥပေဒအရာရွိက ေလွ်ာက္လဲခဲ့မႈ ကိုလည္း လက္ခံခဲ့သည္။
ထို႔အျပင္ စီစီတီဗီအထိုင္ စက္အား နည္းပညာကြၽမ္းက်င္ သူမ်ားႏွင့္ ဗီဒီယိုဖိုင္မ်ား ျပန္လည္ ရရွိရန္ ျပန္လည္ရွာေဖြမည့္အေပၚ ကိုလည္း ကိုရန္ေနာင္ေဌးက လက္ခံခဲ့သည္။
သို႔ေသာ္ နည္းပညာရွင္မ်ား ႏွင့္ စီစီတီဗီအထိုင္စက္ကို ယခင္ ကစစ္ေဆးေနခ်ိန္တြင္ ဖိုင္မ်ား မရွိေၾကာင္း ေျပာဆိုမႈမ်ားကို အသံမၾကားရဘဲ ဥပေဒအရာရွိ ကိုယ္တိုင္မွတ္တမ္းတင္ေနမႈကို သာ ျမင္ ေတြ႕ခဲ့ရသည္ဟု ၎က ဆိုသည္။ စစ္ေဆးသည့္ေနရာႏွင့္ ကိုရန္ေနာင္ေဌးသည္ ကပ္လ်က္ ရွိေနသည့္ အေနအထားလည္း ျဖစ္သည္။
CID သို႔ စီစီတီဗီအထိုင္စက္ မအပ္ႏွံမီျပင္ဆင္ျပဳျပင္ျခင္းမ်ား မျပဳလုပ္ခဲ့ေၾကာင္း ၎ကထြက္ ဆိုသည္။
ထို႔ေနာက္ CID(မႈခင္းရဲတပ္ဖြဲ႕) က ယင္းစက္ကို Wisdom Hill ေက်ာင္းအုပ္ ဦးပညာထံ ျပန္ေပးခဲ့ျခင္းျဖစ္ ၿပီး CID ထံတြင္ ၾကာခ်ိန္ကို မသိရွိဘဲ ၎ထံျပန္ေပးခ်ိန္တြင္လည္း ဗီဒီယိုဖိုင္မ်ားကို မိမိအလုပ္မဟုတ္၍ မစစ္ခဲ့ေၾကာင္း ကိုရန္ေနာင္ေဌးက ေျပာသည္။
ေက်ာင္းတြင္တပ္ဆင္ထား သည့္ စီစီတီဗီမ်ားကို မႏၲေလးမွ ကုမၸဏီတစ္ခုက လာေရာက္တပ္ ဆင္ျခင္းျဖစ္ၿပီး နာမည္ကိုမူ မသိ ရွိဘဲ တပ္ဆင္သည့္ပုဂၢိဳလ္နာမည္ သည္ ဦးစိန္သီးဆိုသူျဖစ္ေၾကာင္း ၎က ထြက္ဆိုသည္။
တရားလိုျပ သက္ေသျဖစ္ ေသာ ကိုရန္ေနာင္ေဌးသည္ Wisdom Hill ေက်ာင္းမွ ေက်ာင္း အုပ္ဦးပညာ၏ဇနီး ဒုတိယ ေက်ာင္းအုပ္ ေဒၚခိုင္သဇင္၏ ေမာင္ဝမ္းကြဲေတာ္စပ္သူလည္း ျဖစ္သည္။
ယမန္ေန႔႐ုံးခ်ိန္း၌ ဗစ္တိုး ရီးယား ေန႔စဥ္စီးသည့္ဖယ္ရီ ဆရာမကို စစ္ေဆးရာတြင္ ေန႔စဥ္ အႀကိဳ၊ အပို႔လုပ္သည့္အခ်ိန္၊ အခင္းျဖစ္သည့္ေန႔ အေသးစိတ္ တို႔ကို ေမးျမန္းခဲ့ၾကသည္။
ယင္းအမႈကို ႏိုဝင္ဘာ ၂၀ ရက္သို႔ ျပန္လည္ခ်ိန္းဆိုခဲ့သည္။
Unicode
ဗစ်တိုးရီးယားအမှုမှ CCTV အထိုင်စက်တွင် မှတ်တမ်းဖိုင်များ မရှိတော့
ရုံးတော်သက်သေအဖြစ် နည်းပညာရှင်များခေါ်ယူ၍ ဖိုင်များ ပြန်လည်ရရှိရေး ဆောင်ရွက်ခွင့် လျှောက်ထား
ဗစ်တိုးရီးယားအမှုတွင် အဓိကပစ္စည်းသက်သေဖြစ်သော Wisdom Hill ပုဂ္ဂလိက ကျောင်းရှိ စီစီတီဗီအထိုင်စက်မှ Hard Disk ထဲတွင် ဗီဒီယိုဖိုင်တစ်ခုမျှမရှိတော့၍ နည်းပညာ ရှင်များကို ရုံးတော်သက်သေအဖြစ် ခေါ်ယူ၍ ဗီဒီယိုဖိုင်များ ပြန်လည်ရရှိရေးလုပ်ဆောင်ရန် ယမန်နေ့ရုံးချိန်း၌ နှစ်ဖက်ရှေ့နေများက လျှောက်လဲခဲ့သည်။
‘‘DVR စက်ကို နည်းပညာကျွမ်းကျင်သူနဲ့ ရုံးရှေ့မှာပဲ စစ်ဆေးကြည့်တဲ့အခါမှာ အဲဒီအထဲမှာ DVR နဲ့ Hard Disk တွဲလျက်ကို ဗီဒီယိုဖိုင်မှတ်တမ်းတွေအားလုံးက ဘာတစ်ခုမှမ ရှိတော့တာကို တွေ့ရတယ်’’ ဟု စွပ်စွဲခံရသူ အောင်ကြီးဘက်မှ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောသည်။
နိုဝင်ဘာ ၆ ရက်တွင် ဗစ် တိုးရီးယားအမှုကို ၁၀ ကြိမ် မြောက်ရုံးထုတ်စစ်ဆေးခဲ့သည်။ ယင်းရုံးချိန်းတွင် Wisdom Hill မူကြိုကျောင်းမှ စီစီတီဗီမှတ်တမ်း ကိုင်သူတရားလိုပြသက်သေ ကို ရန်နောင်ဌေးနှင့် ဗစ်တိုးရီးယား စီးသည့် ကျောင်းဖယ်ရီကား ဆရာမတစ်ဦးတို့ကို စစ်ဆေးခဲ့ သည်။ ထို့အပြင် တရားလိုဘက် မှ နည်းပညာရှင်တစ်ဦး ခေါ်ယူ၍ Hard Disk စစ်ဆေးမှု ပြုလုပ်ရာ ဖိုင်များမရှိတော့ကြောင်း တွေ့ ရှိခဲ့ခြင်းဖြစ်သည်။
မူရင်း စီစီတီဗီအထိုင်စက် ထဲတွင် ဖိုင်များမရှိသော်လည်း ၎င်းမှတစ်ဆင့်ကူးယူထားသည့် Memory Stick ထဲတွင် အမှုအ ခင်းဖြစ်သည့် နေ့တစ်နေ့တာကို အပြည့်အစုံမဟုတ်ဘဲ မိနစ် ပိုင်း အလိုက် ပြတ်တောက်နေသည့် ဖိုင်များ ရုံးတော်တွင်ရှိနေသည်။
ယင်း စီစီတီဗီမှတ်တမ်းများ ကို ဗစ်တိုးရီးယားမိသားစုနှင့် နယ်မြေရဲအရာရှိများ ကျောင်းသို့ မေလပိုင်းက လာရောက်စဉ် Memory Stick ဖြင့် ကူးပေးခဲ့ခြင်း ဖြစ်ပြီး ဇွန်လအတွင်း စီစီတီဗီ အထိုင်စက်ကို CID တပ်ဖွဲ့များ လာယူ၍ ဝန်ထမ်းတစ်ဦးက ဖြုတ် ပေးခဲ့သည်ဟု ကိုရန်နောင်ဌေးက ပြောသည်။
ယင်းဗီဒီယိုမှတ်တမ်းဖိုင် သည် အခင်းဖြစ်ပွားသည့်ကျောင်း ဆောင်တစ်ဖက်ရှိ အဆောင် ဘက်မှ ရိုက်ကူးထားသည့် စီစီတီ ဗီမှတ်တမ်းဖိုင်ဖြစ်သလို ကျောင်း ထဲသို့ စွပ်စွဲခံရ သူ အောင်ကြီး အဝင်၊ အထွက်ကို မြင်နိုင်သည့် ဖိုင်များဖြစ်သည်။
အောင်ကြီးမှာ ကျောင်း ဆောင်အတွင်းသို့ ၎င်းတစ်ဦး တည်း အဝင်၊ အထွက်ရှိသည့် အချက်အပါအဝင် ယင်းစီစီတီဗီ မှတ်တမ်းအရ အဖမ်းခံထားရခြင်း ဖြစ်၍ မှတ်တမ်း ပြန်လည်ရရှိရေး သည် အမှုအတွက်လွန်စွာအရေး ကြီးကြောင်း ဒေါ်စုဒါလီအောင်က ပြောသည်။
ကိုရန်နောင်ဌေးအနေဖြင့် DVR စက်ကို မဖွင့်တတ်ကြောင်း ပြောဆိုမှုအပေါ် ဒေါ်စုဒါလီ အောင်က စက်မဖွင့်တတ်ဘဲ Memory Stick ထဲသို့ ဒေါင်း၍ ကူးယူရန် မရနိုင်ကြောင်း မေး ခွန်းထုတ်ရာ စီစီတီဗီကို လာ ရောက်တပ်ဆင်သူ ဦးစိန်သီးဆို သူထံ ဖုန်းဆက်မေး၍ ၎င်းပြော သည့်အတိုင်း ကူးယူခဲ့ခြင်းဖြစ် ကြောင်း တရားခွင်တွင် ကိုရန် နောင်ဌေးက ထွက်ဆိုသည်။
ထို့အပြင် ယင်းစီစီတီဗီမှာ ကျောင်းပစ္စည်းဆိုပါက မှတ်တမ်း များကို အဆင့်မြင့်နည်းပညာဖြင့် ဆော့ဖ်ဝဲများအသုံးပြု၍ ပျက် စီးခြင်းနှင့် ဖျက်ဆီးခြင်းမည်သို့ ဖြစ်ခြင်းကို သိရှိနိုင်၍ ဖိုင်များ ပြန်လည်ဖော်နိုင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဒေါ်စုဒါလီ အောင်က ဆိုသည်။
‘‘သေချာတာတော့ ဒီထဲမှာ ရှိခဲ့လို့ သူကူးတုန်းက ရတာပေါ့။ အခုဒီထဲမှာ မရှိတော့တာ ဘယ် သူကြောင့် မရှိတော့တာ၊ ဘာ ကြောင့်မရှိတော့တာ၊ ဘာဖြစ်လဲ ဆိုတာ ကျွမ်းကျင် ပညာရှင်တွေ စစ်မှပဲသိမယ်’’ ဟု ၎င်းကပြော သည်။
ထို့ကြောင့် တရားလိုဘက်မှ ခေါ်လာသည့် နည်းပညာကျွမ်း ကျင်သူ၊ စီစီတီဗီတပ်ဆင်သူ ဦးစိန်သီးနှင့် ရဲအရာရှိတစ်ဦး အပါအဝင် သုံးဦးတို့ကို ရုံးတော် သက်သေအဖြစ် ခေါ်ယူရန်ဥပဒေ အရာရှိနှင့် အောင်ကြီးဘက်မှ ရှေ့နေတို့က လျှောက်လဲခဲ့သည်။
ထိုသို့ လျှောက်လဲခဲ့မှုကို ဒက္ခိဏခရိုင်တရားသူကြီး ဦးတင့် လွင်က သင့်တော်သည့်အချိန် တွင် အမိန့်ချမည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထိုသို့ အမိန့်မချ မီ Hard Disk နှင့် Memory Stick တို့ကို ရုံးတော်မှ သိမ်းဆည်းရန် ဥပဒေအရာရှိက လျှောက်လဲခဲ့မှု ကိုလည်း လက်ခံခဲ့သည်။
ထို့အပြင် စီစီတီဗီအထိုင် စက်အား နည်းပညာကျွမ်းကျင် သူများနှင့် ဗီဒီယိုဖိုင်များ ပြန်လည် ရရှိရန် ပြန်လည်ရှာဖွေမည့်အပေါ် ကိုလည်း ကိုရန်နောင်ဌေးက လက်ခံခဲ့သည်။
သို့သော် နည်းပညာရှင်များ နှင့် စီစီတီဗီအထိုင်စက်ကို ယခင် ကစစ်ဆေးနေချိန်တွင် ဖိုင်များ မရှိကြောင်း ပြောဆိုမှုများကို အသံမကြားရဘဲ ဥပဒေအရာရှိ ကိုယ်တိုင် မှတ်တ မ်းတင်နေမှုကို သာ မြင်တွေ့ခဲ့ရသည်ဟု ၎င်းက ဆိုသည်။ စစ်ဆေးသည့်နေရာနှင့် ကိုရန်နောင်ဌေးသည် ကပ်လျက် ရှိနေသည့် အနေအထားလည်း ဖြစ်သည်။
CID သို့ စီစီတီဗီအထိုင်စက် မအပ်နှံမီပြင်ဆင်ပြုပြင်ခြင်းများ မပြုလုပ်ခဲ့ကြောင်း ၎င်းကထွက် ဆိုသည်။
ထို့နောက် CID(မှုခင်းရဲတပ်ဖွဲ့) က ယင်းစက်ကို Wisdom Hill ကျောင်းအုပ် ဦးပညာထံ ပြန်ပေးခဲ့ခြင်းဖြစ် ပြီး CID ထံတွင် ကြာချိန်ကို မသိရှိဘဲ ၎င်းထံပြန်ပေးချိန်တွင်လည်း ဗီဒီယိုဖိုင် များကို မိမိအလုပ်မဟုတ်၍ မစစ်ခဲ့ကြောင်း ကိုရန်နောင်ဌေးက ပြောသည်။
ကျောင်းတွင်တပ်ဆင်ထား သည့် စီစီတီဗီများကို မန္တလေးမှ ကုမ္ပဏီတစ်ခုက လာရောက်တပ် ဆင်ခြင်းဖြစ်ပြီး နာမည်ကိုမူ မသိ ရှိဘဲ တပ်ဆင်သည့်ပုဂ္ဂိုလ်နာမည် သည် ဦးစိန်သီး ဆိုသူဖြစ်ကြောင်း ၎င်းက ထွက်ဆိုသည်။
တရားလိုပြ သက်သေဖြစ် သော ကိုရန်နောင်ဌေးသည် Wisdom Hill ကျောင်းမှ ကျောင်း အုပ်ဦးပညာ၏ဇနီး ဒုတိယ ကျောင်းအုပ် ဒေါ်ခိုင်သဇင်၏ မောင်ဝမ်းကွဲတော်စပ်သူလည်း ဖြစ် သည်။
ယမန်နေ့ရုံးချိန်း၌ ဗစ်တိုး ရီးယား နေ့စဉ်စီးသည့်ဖယ်ရီ ဆရာမကို စစ်ဆေးရာတွင် နေ့စဉ် အကြို၊ အပို့လုပ်သည့်အချိန်၊ အခင်းဖြစ်သည့်နေ့ အသေးစိတ် တို့ကို မေးမြန်းခဲ့ကြသည်။
ယင်းအမှုကို နိုဝင်ဘာ ၂၀ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။
====================================
END / 251
ဗစ္တိုးရီးယားအမႈမွ CCTV အထိုင္စက္တြင္ မွတ္တမ္းဖိုင္မ်ား မရွိေတာ့ ႐ုံးေတာ္သက္ေသအျဖစ္ နည္းပညာရွင္မ်ားေခၚယူ၍ ဖိုင္မ်ား ျပန္လည္ရရွိေ
၇ နိုဝင်ဘာ ၂၀၁၉ - ၂၀:၂၅
News ID: 986538
ဗစ္တိုးရီးယားအမႈတြင္ အဓိကပစၥည္းသက္ေသျဖစ္ေသာ Wisdom Hill ပုဂၢလိက ေက်ာင္းရွိ စီစီတီဗီအထိုင္စက္မွ Hard Disk ထဲတြင္ ဗီဒီယိုဖိုင္တစ္ခုမွ်မရွိေတာ့၍ နည္းပညာရွင္မ်ားကို ႐ုံးေတာ္သက္ ေသအျဖစ္ ေခၚယူ၍ ဗီဒီယိုဖိုင္မ်ား ျပန္လည္ရရွိေရးလုပ္ေဆာင္ရန္ ယမန္ေန႔႐ုံးခ်ိန္း၌ ႏွစ္ဖက္ေရွ႕ေနမ်ားက ေလွ်ာက္လဲခဲ့သည္။