၈ နိုဝင်ဘာ ၂၀၁၉ - ၁၄:၀၁
ကယားလူငယ္ေျခာက္ဦးကို ႏိုင္လြတ္လုံဥပေဒျဖင့္ ေထာင္ေျခာက္လခ်

ကယားျပည္နယ္ဝန္ ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးတစ္ ဦးအေပၚ ႏိုင္ငံ ေရးရာဇဝတ္ ေကာင္အျဖစ္ ေၾကညာသည့္ လူ ငယ္ေျခာက္ဦးကို ႏိုင္ လြတ္လုံ ဥပေဒပုဒ္မ ၁၀ အရ ေထာင္ဒဏ္ ေျခာက္လစီခ်မွတ္ခဲ့သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ကယားျပည္နယ္ဝန္ ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးတစ္ ဦးအေပၚ ႏိုင္ငံေရးရာဇဝတ္ ေကာင္အျဖစ္ ေၾကညာသည့္ လူ ငယ္ေျခာက္ဦးကို ႏိုင္လြတ္လုံ ဥပေဒပုဒ္မ ၁၀ အရ ေထာင္ဒဏ္ ေျခာက္လစီခ် မွတ္ခဲ့သည္။

‘‘ႏိုဝင္ဘာ ၇ ရက္ လြိဳင္ ‌ေကာ္ၿမိဳ႕နယ္ တရား႐ုံးထုတ္တြင္  တရားစြဲခံရသည့္ လူငယ္ေျခာက္ ဦးသည္ ႏိုင္လြတ္လုံဥပေဒပုဒ္မ ၁၀ ကိုက်ဴးလြန္ေၾကာင္း ထင္ရွား သည္ဆိုကာ ေထာင္ေျခာက္လ က်ခံရန္ တရားသူႀကီးက အမိန႔္ ခ်ခဲ့သည္။ ႏွစ္ခ်ီၾကာသည့္ ဗိုလ္ခ်ဳပ္႐ုပ္တု ေဆြးေႏြးပြဲမ်ား မေျပလည္ ျဖစ္ၿပီးေနာက္ ျပည္နယ္ဝန္ႀကီး ခ်ဳပ္ႏွင့္ ျပည္နယ္စီမံဘ႑ာဝန္ ႀကီးကို ႏိုင္ငံေရးရာဇဝတ္ ေကာင္မ်ား၊ ေက်းဇူးကန္းသူမ်ား အျဖစ္ ဗိုလ္ခ်ဳပ္႐ုပ္တု ဦးေဆာင္ ကန႔္ကြက္သည့္ လူငယ္ေျခာက္ဦး က လက္မွတ္ထိုး၍ ေၾကညာခ်က္ ထုတ္ျပန္ခဲ့သည္။

ယင္းသို႔ ေၾကညာခ်က္ထုတ္ ျပန္ျခင္းသည္ ထုတ္ျပန္ခံရသူမ်ား ၏  ပုဂၢိဳလ္ေရးဂုဏ္သိကၡာကို ထိ ခိုက္နစ္နာသျဖင့္ ႏိုင္လြတ္လုံဥပ ေဒ ပုဒ္မ ၁၀ အရ အျပစ္ရွိေၾကာင္း  တရားသူႀကီးက ေထာင္ဒဏ္ ေျခာက္လက်ခံရန္ အမိန႔္ခ်ခဲ့ သည္ဟု ကယားလူငယ္မ်ား၏ အက်ိဳးေဆာင္ေရွ႕ေနက ေျပာ သည္။ သို႔ေသာ္ တရားသူႀကီးက အခ်ဳပ္ရက္မ်ားကို ထုတ္ႏုတ္ခံစား ခြင့္ျပဳသျဖင့္ လူငယ္‌အားလုံးလာ မည့္ ဒီဇင္ဘာမကုန္မီ ျပန္လြတ္မည္ျဖစ္သည္။

လူငယ္ေျခာက္ဦး အျပစ္ရွိ ေၾကာင္း အမိန႔္ခ်ခံရမႈအေပၚ ကရင္နီျပည္လူငယ္မ်ား အင္အား  စုအဖြဲ႕ေျပာခြင့္ရသူ ခြန္းဘားနပ္က ‘‘တမင္သက္သက္ ဖိႏွိပ္တယ္လို႔ကြၽန္ေတာ္တို႔ မွတ္ယူပါတယ္’’ ဟု မွတ္ခ်က္ျပဳသည္။

လက္ရွိတြင္ ကယားျပည္ နယ္အစိုးရအဖြဲ႕က လြိဳင္ေကာ္ၿမိဳ႕ ရွိ ကႏၵာေဟဝန္ပန္းၿခံအတြင္း ဗိုလ္ခ်ဳပ္ေအာင္ဆန္းျမင္းစီးေၾကး ႐ုပ္တုကို စိုက္ထူၿပီးျဖစ္သည္။

Unicode

ကယားလူငယ်ခြောက်ဦးကို နိုင်လွတ်လုံဥပဒေဖြင့် ထောင်ခြောက်လချ

ကယားပြည်နယ်ဝန် ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတစ် ဦးအပေါ် နိုင်ငံရေးရာဇဝတ် ကောင်အဖြစ် ကြေညာသည့် လူ ငယ်ခြောက်ဦးကို နိုင်လွတ်လုံ ဥပဒေပုဒ်မ ၁၀ အရ ထောင်ဒဏ် ခြောက် လစီချမှတ်ခဲ့သည်။

‘‘နိုဝင်ဘာ ၇ ရက် လွိုင် ‌ကော်မြို့နယ် တရားရုံးထုတ်တွင်  တရားစွဲခံရသည့် လူငယ်ခြောက် ဦးသည် နိုင်လွတ်လုံဥပဒေပုဒ်မ ၁၀ ကိုကျူးလွန်ကြောင်း ထင်ရှား သည်ဆိုကာ ထောင်ခြောက် လကျခံရန် တရားသူကြီးက အမိန့် ချခဲ့သည်။ နှစ်ချီကြာသည့် ဗိုလ်ချုပ်ရုပ်တု ဆွေးနွေးပွဲများ မပြေလည် ဖြစ်ပြီးနောက် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပြည်နယ်စီမံဘဏ္ဍာဝန် ကြီးကို နိုင်ငံရေး ရာဇဝတ် ကောင်များ၊ ကျေးဇူးကန်းသူများ အဖြစ် ဗိုလ်ချုပ်ရုပ်တု ဦးဆောင် ကန့်ကွက်သည့် လူငယ်ခြောက်ဦး က လက်မှတ်ထိုး၍ ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ကြေညာချက်ထုတ် ပြန်ခြင်းသည် ထုတ်ပြန်ခံရသူများ ၏  ပုဂ္ဂိုလ်ရေးဂုဏ်သိက္ခာကို ထိ ခိုက်နစ်နာသဖြင့် နိုင်လွတ်လုံဥပ ဒေ ပုဒ်မ ၁၀ အရ အပြစ်ရှိကြောင်း  တရားသူကြီးက ထောင်ဒဏ် ခြောက်လကျခံရန် အမိန့်ချခဲ့ သည်ဟု ကယားလူငယ်များ၏ အကျိုးဆောင်ရှေ့နေက ပြော သည်။ သို့သော် တရားသူကြီးက အချုပ်ရက်များကို ထုတ်နုတ်ခံစား ခွင့်ပြုသဖြင့် လူငယ်‌ အားလုံးလာ မည့် ဒီဇင်ဘာမကုန်မီ ပြန်လွတ်မည်ဖြစ်သည်။

လူငယ်ခြောက်ဦး အပြစ်ရှိ ကြောင်း အမိန့်ချခံရမှုအပေါ် ကရင်နီပြည်လူငယ်များ အင်အား  စုအဖွဲ့ပြောခွင့်ရသူ ခွန်းဘားနပ်က ‘‘တမင်သက်သက် ဖိနှိပ်တယ်လို့ကျွန်တော်တို့ မှတ်ယူပါ တယ်’’ ဟု မှတ်ချက်ပြုသည်။

လက်ရှိတွင် ကယားပြည် နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့ ရှိ ကန္ဒာဟေဝန်ပန်းခြံအတွင်း ဗိုလ်ချုပ်အောင်ဆန်းမြင်းစီးကြေး ရုပ်တုကို စိုက်ထူပြီးဖြစ်သည်။

====================================

END / 251