၉ နိုဝင်ဘာ ၂၀၁၉ - ၁၈:၁၂
ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ တ႐ုတ္က ကန္ေဒၚလာတစ္သန္း ထပ္မံလႉဒါန္း

ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္မ်ားတြင္ အေထာက္အပံ့ ျဖစ္ေစရန္ တ႐ုတ္က ကန္ေဒၚလာ တစ္သန္း ထပ္မံလႉဒါန္းသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


 ျမန္မာ့ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္မ်ားတြင္ အေထာက္အပံ့ ျဖစ္ေစရန္ တ႐ုတ္က ကန္ေဒၚလာ တစ္သန္း ထပ္မံလႉဒါန္းသည္။

NRPC (အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာန)အတြက္ ကန္ေဒၚလာ ေလးသိန္း၊ PC (ၿငိမ္းခ်မ္းေရး ေကာ္မရွင္)အတြက္ ေဒၚလာသုံးသိန္းႏွင့္ JMC (ပစ္ခတ္တိုက္ ခိုက္မႈရပ္ စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ) အတြက္ ေဒၚလာသုံးသိန္း စုစုေပါင္း ကန္ေဒၚလာတစ္သန္း ခြဲေဝလႉဒန္းခဲ့ သည္။

‘‘ယုံၾကည္ရတဲ့၊ အားကိုးရတဲ့ မိတ္ေဆြျဖစ္တာကို လိုခ်င္ပါ တယ္။ ၿငိမ္းခ်မ္းေရးရမွ သယံဇာ တမ်ားစြာရွိတဲ့ ျမန္မာႏိုင္ငံဟာ အရွိန္အဟုန္နဲ႔ ဖြံ႕ၿဖိဳးတိုးတက္ မယ္’’ဟု တ႐ုတ္ႏိုင္ငံအာရွေရးရာ အထူး ကိုယ္စားလွယ္ မစၥတာဆြန္ ေကာ္ရွန္းက JMC အား လႉဒါန္းသည့္ပြဲတြင္ ေျပာသည္။

 ယခုလႉဒါန္းသည့္ေငြကို JMC လုပ္ငန္းမ်ား အေကာင္အ ထည္ေဖာ္ေဆာင္႐ြက္ရန္ လိုအပ္ သည့္ ေနရာမ်ားတြင္ စနစ္တက် သုံးစြဲမည္ဟု JMC-U ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္က ေျပာသည္။

ထို႔အျပင္ အပစ္ရပ္ေစာင့္ ၾကည့္ေကာ္မတီအဆင့္ဆင့္ လက္ရွိေဆာင္႐ြက္ေနေသာ အေျခအ ေနမ်ား၊ NCA လက္မွတ္မေရးထိုး ရေသးသည့္ တိုင္းရင္းသားလက္ နက္ကိုင္ အဖြဲ႕အစည္းမ်ား၊ ေျမာက္ပိုင္း လက္နက္ကိုင္အဖြဲ႕ ႏွင့္ အေျခအေနမ်ားကိုလည္း ေဆြးေႏြးခဲ့ေၾကာင္း JMC အတြင္း ေရးမႉး(၁) ေဒါက္တာေ႐ႊခါးရ္က ေျပာသည္။

‘‘ရပ္တန႔္ေနတဲ့ အစည္းအ ေဝးေတြ ျပန္စႏိုင္ဖို႔က အခု JICM အစည္းအေဝး ျပန္ေခၚႏိုင္ဖို႔ ႀကိဳးစားေနပါတယ္။ JICM ျပန္စႏိုင္မွ အဲဒီကေနတစ္ဆင့္ JMC ေတြ UPDJC ေတြကို ျပန္စႏိုင္မွာျဖစ္ပါ တယ္’’ဟု ေဒါက္ေတာေ႐ႊခါးရ္က ေျပာသည္။

 တ႐ုတ္ႏိုင္ငံအေနျဖင့္ ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ကို ဆက္လက္အားေပး ေထာက္ခံသည္ဟု မစၥတာဆြန္ ေကာ္ရွန္းက ေျပာၾကားသည္။

တ႐ုတ္ႏိုင္ငံသည္ ယခင္က JMC ကို ကန္ေဒၚလာ ရွစ္သိန္းႏွင့္ Volvo ယာဥ္ ၁၀ စီး လႉဒါန္းခဲ့ဖူး သည္။

အစိုးရႏွင့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕တို႔ NCA လက္မွတ္ထိုးၿပီးေနာက္ JMC ကို ျပည္ေထာင္စုအဆင့္အျဖစ္ အစိုးရႏွင့္ တပ္မေတာ္ကိုယ္စားလွယ္ ၁၀ ဦး၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ကိုယ္စားလွယ္ ၁၀ ဦး၊ အရပ္သားကိုယ္စားလွယ္ ေျခာက္ဦးတို႔ျဖင့္ ဖြဲ႕စည္းခဲ့သည္။ JMC ကို ျပည္နယ္အဆင့္၊ ေဒသအဆင့္မ်ား ဖြဲ႕စည္းခဲ့သည္။

Unicode

မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်က ကန်ဒေါ်လာတစ်သန်း ထပ်မံလှူဒါန်း

 မြန်မာ့ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များတွင် အထောက်အပံ့ ဖြစ်စေရန် တရုတ်က ကန်ဒေါ်လာ တစ်သန်း ထပ်မံလှူဒါန်းသည်။

NRPC (အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန)အတွက် ကန်ဒေါ်လာ လေးသိန်း၊ PC (ငြိမ်းချမ်းရေး ကော်မရှင်)အတွက် ဒေါ်လာသုံးသိန်းနှင့် JMC (ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ) အတွက် ဒေါ်လာသုံးသိန်း စုစုပေါင်း ကန်ဒေါ်လာတစ်သန်း ခွဲဝေလှူဒန်းခဲ့ သည်။

‘‘ယုံကြည်ရတဲ့၊ အားကိုးရတဲ့ မိတ်ဆွေဖြစ်တာကို လိုချင်ပါ တယ်။ ငြိမ်းချမ်းရေးရမှ သယံဇာ တများစွာရှိတဲ့ မြန်မာနိုင်ငံဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက် မယ်’’ဟု တရုတ်နိုင်ငံအာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန် ကော်ရှန်းက JMC အား လှူဒါန်းသည့်ပွဲတွင် ပြောသည်။

 ယခုလှူဒါန်းသည့်ငွေကို JMC လုပ်ငန်းများ အကောင်အ ထည်ဖော်ဆောင်ရွက်ရန် လိုအပ် သည့် နေရာများတွင် စနစ်တကျ သုံးစွဲမည်ဟု JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ပြောသည်။

ထို့အပြင် အပစ်ရပ်စောင့် ကြည့်ကော်မတီအဆင့်ဆင့် လက်ရှိဆောင်ရွက်နေသော အခြေအ နေများ၊ NCA လက်မှတ်မရေးထိုး ရသေးသည့် တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့အစည်းများ၊ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ နှင့် အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြောင်း JMC အတွင်း ရေးမှူး(၁) ဒေါက်တာရွှေခါးရ်က ပြောသည်။

‘‘ရပ်တန့်နေတဲ့ အစည်းအ ဝေးတွေ ပြန်စနိုင်ဖို့က အခု JICM အစည်းအဝေး ပြန်ခေါ်နိုင်ဖို့ ကြိုးစားနေပါတယ်။ JICM ပြန်စနိုင်မှ အဲဒီကနေတစ်ဆင့် JMC တွေ UPDJC တွေကို ပြန်စနိုင်မှာဖြစ်ပါ တယ်’’ဟု ဒေါက်တောရွှေခါးရ်က ပြောသည်။

 တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ဆက်လက်အားပေး ထောက်ခံသည်ဟု မစ္စတာဆွန် ကော်ရှန်းက ပြောကြားသည်။

တရုတ်နိုင်ငံသည် ယခင်က JMC ကို ကန်ဒေါ်လာ ရှစ်သိန်းနှင့် Volvo ယာဉ် ၁၀ စီး လှူဒါန်းခဲ့ဖူး သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တို့ NCA လက်မှတ်ထိုးပြီးနောက် JMC ကို ပြည်ထောင်စုအဆင့်အဖြစ် အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ် ၁၀ ဦး၊ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့ ကိုယ်စားလှယ် ၁၀ ဦး၊ အရပ်သားကိုယ်စားလှယ် ခြောက်ဦးတို့ဖြင့် ဖွဲ့စည်းခဲ့သည်။ JMC ကို ပြည်နယ်အဆင့်၊ ဒေသအဆင့်များ ဖွဲ့စည်းခဲ့သည်။

====================================

END / 251