
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရခိုင္လက္နက္ကိုင္အဖြဲ႕ AA ကဖမ္းဆီးထားသည့္ အ မ်ိဳးသား လႊတ္ေတာ္ကိုယ္စား လွယ္ဦးေဝွ႔တင္း ေဘးကင္းလုံၿခဳံ စြာရွိေနေၾကာင္း ခိုင္လုံေသာအ ေထာက္အထားျဖင့္ အမ်ားျပည္ သူအားအ သိေပးရန္ႏွင့္ အျမန္ ဆုံးလႊတ္ေပးရန္ ခ်င္းအရပ္ဘက္ အဖြဲ႕အစည္း ၄၃ ဖြဲ႕က ယမန္ေန႔ တြင္ ထုတ္ျပန္ေတာင္းဆိုသည္။
ဦးေဝွ႔တင္းကို ဖမ္းဆီးထိန္း သိမ္းထားသည့္အခ်ိန္ ၾကာျမင့္ လာသည္ႏွင့္အမွ် ႏိုင္ငံတကာ အသိုင္းအဝိုင္းႏွင့္ ျပည္သူလူထု အၾကား AA အဖြဲ႕၏ပုံရိပ္က် ဆင္းလာမည္ကို သတိျပဳသင့္ ေၾကာင္း ခ်င္းျပည္နယ္အေျခစိုက္ အဖြဲ႕မ်ားအပါအဝင္ ျပည္တြင္း၊ ျပည္ပ ခ်င္းအရပ္ဘက္အဖြဲ႕အ စည္းမ်ား၏ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။
‘‘သူတို႔က တစ္ဖက္သတ္နဲ႔ တပ္မေတာ္နဲ႔ ဆက္စပ္မႈရွိေန တယ္ဆိုၿပီး စြပ္စြဲတဲ့အတြက္ ေၾကာင့္ ကြၽန္ေတာ္တို႔ဒါကိုထုတ္ရ ျခင္းျဖစ္တယ္။ သူ႔ရဲ႕က်န္းမာေရး အေျခအေနကိုသိခ်င္လို႔ ဒါကို ထုတ္ရ ျခင္းျဖစ္တယ္’’ ဟု ခ်င္းလူ႔ အခြင့္အေရးအဖြဲ႕မွ ဆလိုင္းလ်န္ က ေျပာသည္။
ဦးေဝွ႔တင္းကို လူ႔ဂုဏ္ သိကၡာႏွင့္အညီ ထိန္းသိမ္းထားၿပီး က်န္းမာေရး ေကာင္းမြန္ေၾကာင္း AA အဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ခိုင္ သုခက ေျပာထားေသာ္လည္း ယင္းႏွင့္ပတ္သက္၍ အေထာက္ အထား တစ္စုံတစ္ရာကို ဖမ္းဆီးခံ ရၿပီးေနာက္ ကိုးရက္ၾကာသည္အ ထိ AA အဖြဲ႕က ထုတ္ျပန္ျခင္းမရွိ ေပ။
‘‘ကြၽန္ေတာ္တို႔ကသူ႔ကို စစ္ ေဆးေနဆဲကာလျဖစ္တဲ့အတြက္ ဗီဒီယိုတို႔ဘာတို႔ ထုတ္ျပန္ေပးဖို႔ ေတာ့မရွိဘူးဗ်။ ေျပာႏိုင္တာက ေတာ့ဦးေဝွ႔တင္းက က်န္းမာေရး ေကာင္းတယ္။က်န္းမာေရးကိစၥနဲ႔ ပတ္သက္ၿပီး ဘာမွ စိုးရိမ္စရာ မရွိဘူး။ ေနာက္တစ္ခုက အခု အခ်ိန္က စစ္ေဆးေနဆဲကာလ ျဖစ္လို႔ တျခားအေသးစိတ္ကိစၥ ေတြ ဘာမွ ေျပာလို႔မရေသးဘူး’’ ဟု ခိုင္သုခကယမန္ေန႔တြင္ ေျပာ သည္။
ဒီခ်ဳပ္ပါတီအပါအဝင္ ခ်င္း အရပ္ဘက္ အဖြဲ႕စည္းမ်ား၊ ႏိုင္ငံ ေရး ပါတီေခါင္းေဆာင္မ်ားကမူ ဖမ္းဆီးခံထားရသည့္ ကာလရွည္ ၾကာလာသည္ႏွင့္အမွ် ဦးေဝွ႔တင္း ၏ က်န္းမာေရးႏွင့္ ႐ုပ္ပိုင္းဆိုင္ရာ အေျခအေနအတြက္ စိုးရိမ္စရာ ျဖစ္လာေၾကာင္း ေထာက္ျပ သည္။
ပလက္ဝေဒသအတြင္းရွိ လူ မ်ိဳးစုမ်ားၾကား အမုန္းစကားမ်ား ေျပာဆိုကာ ေသြးခြဲေနျခင္း၊ ရခိုင္ မ်ိဳးႏြယ္စုမ်ားအေပၚ ႏွိပ္ကြပ္ရန္ ႀကိဳးစားေနျခင္း၊ AAအဖြဲ႕၏စစ္ ေရးက႑မ်ားကို အေႏွာင့္အ ယွက္ ျပဳရန္ႀကိဳးစားျခင္း၊ တပ္မ ေတာ္ႏွင့္ပတ္သက္ေနျခင္းစသည့္ လုပ္ေဆာင္ခ်က္မ်ားေၾကာင့္ ဖမ္း ဆီးထားျခင္းျဖစ္ေၾကာင္း AA အဖြဲ႕က ေၾကညာထားသည္။
အဆိုပါ လုပ္ေဆာင္မႈမ်ား ႏွင့္ပတ္သက္၍ လက္ဆုပ္လက္ ကိုင္ျပႏိုင္ေသာ သက္ေသအခ်ိဳ႕ ကိုလည္း ဦးေဝွ႔တင္းထံမွ ရရွိထား သည္ဟု AA အဖြဲ႕က ႏိုဝင္ဘာ ၁၀ ရက္တြင္ထုတ္ျပန္သည္။ ထို႔အ ျပင္ အလားတူ လုပ္ေဆာင္ ေနေသာမည္သူ႔ကိုမဆို ေတာ္ လွန္ေရးကာလ၏ အေျခအေနလို အပ္ခ်က္အရ လုပ္သင့္လုပ္ထိုက္ သည္မ်ားကို ဆက္လက္ေဆာင္ ႐ြက္မည္ဟု AA အဖြဲ႕ကဆို သည္။
ထိုသို႔ ထုတ္ျပန္ေၾကညာ ျခင္းသည္ ၿခိမ္းေျခာက္သည့္သ ေဘာျဖစ္ေၾကာင္း ခူမီးခ်င္းမ်ိဳး ႏြယ္စုမ်ားေရးရာ ေပါင္းစပ္ညႇိႏႈိင္း ေရးေကာင္စီညႇိႏႈိင္းေရးမႉး ဦး ေစာျမက ေဝဖန္သည္။ ‘‘ၿခိမ္း ေျခာက္ရာ က်တယ္။ အေၾကာက္ တရားလႊမ္းမိုးေအာင္ ေလွ်ာက္ လုပ္ေနတာ’’ ဟု ၎ကေျပာ သည္။
AA အဖြဲ႕အေနျဖင့္ လူ႔အခြင့္ အေရးခ်ိဳးေဖာက္မႈမ်ားကို ဆက္ လက္က်ဴးလြန္ေနျခင္းသည္ ခ်င္း ျပည္သူ မ်ားႏွင့္ AA လက္နက္ ကိုင္အဖြဲ႕တို႔ၾကား ဆက္ဆံေရး တင္းမာလာေစသည့္အျပင္ အ ၾကမ္း ဖက္ လုပ္ရပ္မ်ားအျဖစ္ ျပည္သူမ်ားက ယူဆလာႏိုင္ ေၾကာင္း ခ်င္းအရပ္ဘက္အဖြဲ႕အ စည္းမ်ား၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
‘‘ခ်င္းနဲ႔ ရခိုင္ၾကားမွာလူ မ်ိဳးေရး ျပႆနာမျဖစ္ေအာင္ ရွင္းရွင္းလင္းလင္း ျဖစ္ေစခ်င္ တယ္။ ကြၽန္ေတာ္တို႔အရပ္ဘက္ အဖြဲ႕အစည္းေတြအေနနဲ႔လည္း တတ္ႏိုင္သမွ် နည္းလမ္းမ်ိဳးစုံသုံး ၿပီးေတာ့ သူ တို႔နဲ႔အဆက္အသြယ္ ရဖို႔ႀကိဳးစားေနတယ္’’ဟု ဆလိုင္း လ်န္ကဆိုသည္။
Unicode
AA ဖမ်းဆီးထားသည့် လွှတ်တော်အမတ်ဘေးကင်းကြောင်း ပြည်သူကိုအသိပေးရန် ချင်းအဖွဲ့အစည်း ၄၀ ကျော်တောင်းဆို
ရခိုင်လက်နက်ကိုင်အ ဖွဲ့ AA ကဖမ်းဆီးထားသည့် အ မျိုးသား လွှတ်တော်ကိုယ်စား လှယ်ဦးဝှေ့တင်း ဘေးကင်းလုံခြုံ စွာရှိနေကြောင်း ခိုင်လုံသောအ ထောက်အထားဖြင့် အများပြည် သူအားအသိပေးရန်နှင့် အမြန် ဆုံးလွှတ်ပေးရန် ချင်းအရပ်ဘက် အဖွဲ့အစည်း ၄၃ ဖွဲ့က ယမန်နေ့ တွင် ထုတ်ပြန်တောင်းဆိုသည်။
ဦးဝှေ့တင်းကို ဖမ်းဆီးထိန်း သိမ်းထားသည့်အချိန် ကြာမြင့် လာသည်နှင့်အမျှ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်သူလူထု အကြား AA အဖွဲ့၏ပုံရိပ်ကျ ဆင်းလာမည်ကို သတိပြုသင့် ကြောင်း ချင်းပြည်နယ်အခြေစိုက် အဖွဲ့များအပါအဝင် ပြည်တွင်း၊ ပြည်ပ ချင်းအရပ်ဘက်အဖွဲ့အ စည်းများ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
‘‘သူတို့က တစ်ဖက်သတ်နဲ့ တပ်မတော်နဲ့ ဆက်စပ်မှုရှိနေ တယ်ဆိုပြီး စွပ်စွဲတဲ့အတွက် ကြောင့် ကျွန်တော်တို့ဒါကိုထုတ်ရ ခြင်းဖြစ်တယ်။ သူ့ရဲ့ကျန်းမာရေး အခြေအနေကိုသိချင်လို့ ဒါကို ထုတ်ရခြင်းဖြစ်တယ်’’ ဟု ချင်းလူ့ အခွင့်အရေးအဖွဲ့မှ ဆလိုင်းလျန် က ပြောသည်။
ဦးဝှေ့တင်းကို လူ့ဂုဏ် သိက္ခာနှင့်အညီ ထိန်းသိမ်းထားပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း AA အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ခိုင် သုခက ပြောထားသော်လည်း ယင်းနှင့်ပတ်သက်၍ အထောက် အထားတစ်စုံတစ်ရာကို ဖမ်းဆီးခံ ရပြီးနောက် ကိုးရက်ကြာသည်အ ထိ AA အဖွဲ့က ထုတ်ပြန်ခြင်းမရှိ ပေ။
‘‘ကျွန်တော်တို့ကသူ့ကို စစ် ဆေးနေဆဲကာလဖြစ်တဲ့အတွက် ဗီဒီယိုတို့ဘာတို့ ထုတ်ပြန်ပေးဖို့ တော့မရှိဘူးဗျ။ ပြောနိုင်တာက တော့ ဦးဝှေ့တင်းက ကျန်းမာရေး ကောင်းတယ်။ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ စိုးရိမ်စရာ မရှိဘူး။ နောက်တစ်ခုက အခု အချိန်က စစ်ဆေးနေဆဲကာလ ဖြစ်လို့ တခြားအသေးစိတ်ကိစ္စ တွေ ဘာမှ ပြောလို့မရသေးဘူး’’ ဟု ခိုင် သုခကယမန်နေ့တွင် ပြော သည်။
ဒီချုပ်ပါတီအပါအဝင် ချင်း အရပ်ဘက် အဖွဲ့စည်းများ၊ နိုင်ငံ ရေး ပါတီခေါင်းဆောင်များကမူ ဖမ်းဆီးခံထားရသည့် ကာလရှည် ကြာလာသည်နှင့်အမျှ ဦးဝှေ့တင်း ၏ ကျန်းမာရေးနှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေအတွက် စိုးရိမ်စရာ ဖြစ်လာကြောင်း ထောက်ပြ သည်။
ပလက်ဝဒေသအတွင်းရှိ လူ မျိုးစုများကြား အမုန်းစကားများ ပြောဆိုကာ သွေးခွဲနေခြင်း၊ ရခိုင် မျိုးနွယ်စုများအပေါ် နှိပ်ကွပ်ရန် ကြိုးစားနေခြင်း၊ AAအဖွဲ့၏စစ် ရေးကဏ္ဍများကို အနှောင့်အ ယှက်ပြုရန်ကြိုးစားခြင်း၊ တပ်မ တော်နှင့်ပတ်သက်နေခြင်းစသည့် လုပ်ဆောင်ချက်များကြောင့် ဖမ်း ဆီးထားခြင်းဖြစ်ကြောင်း AA အဖွဲ့က ကြေညာထားသည်။
အဆိုပါ လုပ်ဆောင်မှုများ နှင့်ပတ်သက်၍ လက်ဆုပ်လက် ကိုင်ပြနိုင်သော သက်သေအချို့ ကိုလည်း ဦးဝှေ့တင်းထံမှ ရရှိထား သည်ဟု AA အဖွဲ့က နိုဝင်ဘာ ၁၀ ရက်တွင် ထုတ်ပြန်သည်။ ထို့အပြင် အလားတူ လုပ်ဆောင် နေသောမည်သူ့ကိုမဆို တော် လှန်ရေးကာလ၏ အခြေအနေလို အပ်ချက်အရ လုပ်သင့်လုပ်ထိုက် သည်များကို ဆက်လက်ဆောင် ရွက် မည်ဟု AA အဖွဲ့ကဆို သည်။
ထိုသို့ ထုတ်ပြန်ကြေညာ ခြင်းသည် ခြိမ်းခြောက်သည့်သ ဘောဖြစ်ကြောင်း ခူမီးချင်းမျိုး နွယ်စုများရေးရာ ပေါင်းစပ်ညှိနှိုင်း ရေးကောင်စီညှိနှိုင်းရေးမှူး ဦး စောမြက ဝေဖန်သည်။ ‘‘ခြိမ်း ခြောက်ရာကျတယ်။ အကြောက် တရားလွှမ်းမိုးအောင် လျှောက် လုပ်နေတာ’’ ဟု ၎င်းကပြော သည်။
AA အဖွဲ့အနေဖြင့် လူ့အခွင့် အရေးချိုးဖောက်မှုများကို ဆက် လက်ကျူးလွန်နေခြင်းသည် ချင်း ပြည်သူ များနှင့် AA လက်နက် ကိုင်အဖွဲ့တို့ကြား ဆက်ဆံရေး တင်းမာလာစေသည့်အပြင် အ ကြမ်းဖက် လုပ်ရပ်များအဖြစ် ပြည်သူများက ယူဆလာနိုင် ကြောင်း ချင်းအရပ်ဘက်အဖွဲ့အ စည်းများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
‘‘ချင်းနဲ့ ရခိုင်ကြားမှာလူ မျိုးရေး ပြဿနာမဖြစ်အောင် ရှင်းရှင်းလင်းလင်း ဖြစ်စေချင် တယ်။ ကျွန်တော်တို့အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့လည်း တတ်နိုင်သမျှ နည်းလမ်းမျိုးစုံသုံး ပြီးတော့ သူတို့နဲ့အဆက်အသွယ် ရဖို့ကြိုးစားနေတယ်’’ဟု ဆလိုင်း လျန်ကဆိုသည်။
====================================
END / 251