၁၄ နိုဝင်ဘာ ၂၀၁၉ - ၁၉:၅၀
႐ိုဟင္ဂ်ာအဖြဲ႕က ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ကာခ်ဳပ္ကို အာဂ်င္တီးနားတရား႐ုံးတြင္ အမႈဖြင့္

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ သမၼတေ ဟာင္း ဦးသိန္းစိန္နဲ႔ ဦးထင္ေက်ာ္တို႔ကို ယူေကအေျခစိုက္ ႐ိုဟင္ ဂ်ာအသင္းက အာဂ်င္တီးနားႏိုင္ငံမွာ အမႈဖြင့္လိုက္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၊ သမၼတေဟာင္း ဦးသိန္းစိန္နဲ႔ ဦးထင္ေက်ာ္တို႔ကို ယူေကအေျခစိုက္ ႐ိုဟင္ဂ်ာအသင္းက အာဂ်င္တီးနားႏိုင္ငံမွာ အမႈဖြင့္လိုက္ပါတယ္။

႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္တဲ့ရာဇဝတ္မႈေတြနဲ႔ စြပ္စြဲၿပီး ႐ိုဟင္ဂ်ာအဖြဲ႕နဲ႔ လက္တင္ အေမရိကန္ လူ႔အခြင့္အေရးအဖြဲ႕ေတြက အာဂ်င္တီးနားႏိုင္ငံရဲ႕ ႏိုင္ငံတကာ တရားစီရင္ပိုင္ခြင့္အရ  ႏိုဝင္ဘာ ၁၃ ရက္ေန႔မွာ တိုင္ၾကားအမႈဖြင့္လိုက္တာပါ။

ကမာၻ႔ႏိုင္ငံတႏိုင္ငံမွာ က်ဴးလြန္တဲ့ စစ္ရာဇဝတ္မႈေတြနဲ႔ လူသားေတြအေပၚက်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ အပါအဝင္ အလြန္ဆိုးဝါးတဲ့လုပ္ရပ္ေတြအတြက္  အာဂ်င္တီနားႏိုင္ငံရဲ႕ စီရင္ပိုင္ခြင့္ ဥပေဒအရ တရားစြဲတာ ျဖစ္ပါတယ္။

ဒါဟာ ရခိုင္ျပည္နယ္အေရးနဲ႔ပတ္သက္ၿပီး ေဒၚေဆာင္ဆန္းစုၾကည္ကို ဦးတည္ ပစ္မွတ္ထားၿပီး ႏိုင္ငံတကာမွာ တရားစီရင္ေရးလမ္းေၾကာင္းကေန အေရးယူႏိုင္ဖို႔ ပထမဆုံးအႀကိမ္ လုပ္ေဆာင္လိုက္တာျဖစ္ပါတယ္။

ဒီအမႈကို တရားလိုဘက္က လိုက္ပါေဆာင္႐ြက္ေပးေနတဲ့  ေရွ႕ေန ေသာမတ္စ္အိုေဟးက င္တားနားက “ဒီတိုင္ၾကားမႈဟာ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈကို က်ဴးလြန္သူေတြ၊ ပူးေပါင္း ကူညီလုပ္ေဆာင္ခဲ့သူေတြနဲ႔ ဖုံးကြယ္ထားသူေတြကို ရာဇဝတ္မႈနဲ႔ ဒဏ္ခတ္အေရးယူဖို႔ ႀကိဳးပမ္းတာျဖစ္တယ္။ ဒီလိုရာဇဝတ္ေၾကာင္းအရ တိုင္ၾကားမႈေတြကို တျခား ဘယ္ေနရာမွာမွ လုပ္ဖို႔ မျဖစ္ႏိုင္လို႔ အာဂ်င္တီးနားႏိုင္ငံမွာလုပ္ေဆာင္တာ ျဖစ္တယ္” လို႔ ေအအက္ဖ္ပီ သတင္းဌာနကို ေျပာပါတယ္။

လူ႔အခြင့္အေရးေရွ႕ေန ကင္တားနားဟာ ကုလသမဂၢရဲ႕ ျမန္မာႏိုင္ငံလူ႔အခြင့္အေရးဆိုင္ရာ  အထူးအစီရင္ခံစာ တင္သြင္းသူအျဖစ္ ၂၀၀၈ ခုႏွစ္ကေန ၂၀၁၄ ခုႏွစ္အထိ တာဝန္ထမ္းေဆာင္ခဲ့ သူျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာေတြ ခံစားခဲ့ရတာေတြကို ကိုယ္တိုင္သိျမင္ခဲ့သူျဖစ္ၿပီး ခုအခ်ိန္ဟာ တရားမွ်တမႈရဖို႔အခ်ိန္ျဖစ္တယ္လို႔လည္း မစၥတာ ကင္တားနားက ေျပာပါတယ္။

တရားစြဲအဖြဲ႕အစည္းျဖစ္တဲ့ BROUK  ႐ိုဟင္ဂ်ာအသင္း ဥကၠ႒ ဦးထြန္းခင္ကေတာ့ ဆယ္စုႏွစ္ေတြအတြင္းမွာ ျမန္မာအာဏာပိုင္ေတြဟာ ႐ိုဟင္ဂ်ာေတြကို ေနရာတခုမွာ ကန႔္သတ္ပိတ္ေလွာင္ထားၿပီး မိခင္ႏိုင္ငံကေန အတင္းအက်ပ္ ထြက္ခြာေအာင္လုပ္ခဲ့သလို သတ္ျဖတ္ သုတ္သင္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ ေျပာပါတယ္။

ခုလိုတရားစြဲဆိုမႈကို အာဂ်င္တီးနားလူ႔အခြင့္အေရးအဖြဲ႕ ႏွစ္ဖြဲ႕ျဖစ္တဲ့ Grandmothers of the Plaza de Mayo အဖြဲ႕နဲ႔   Foundation for Peace and Justice အဖြဲ႕တို႔ကလည္း ေထာက္ခံခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ႏိုင္ဝင္ဘာ ၁၁ ရက္ကလည္း ျမန္မာႏိုင္ငံကို  အာဖရိကတိုက္ရွိ ဂမ္ဘီယာႏိုင္ငံက ႏိုင္ငံတကာတရား႐ုံး (အိုင္စီေဂ်)မွာ လူမ်ိဳးသုဥ္းသတ္ျဖတ္မႈဆိုင္ရာ ႏို္ငငံတကာ သေဘာတူညီခ်က္ကို ေဖာက္ဖ်က္မႈနဲ႔   အိုအိုင္စီအဖြဲ႕ကိုယ္စားတရားစြဲထားပါတယ္။

ဒီတရားစြဲဆိုမႈဟာ ခိုင္လုံမႈမရွိတဲ့အေၾကာင္းအရာေတြေပၚမွာ မူတည္ၿပီး တရားစြဲဆိုတာ ျဖစ္ၿပီး၊ ျမန္မာႏိုင္ငံကထြက္သြားတဲ့ ဘဂၤါလီေတြကို တိုင္းရင္းသားအျဖစ္ လက္ခံအသိအမွတ္ျပဳဖို႔ တြန္းအားေပးေနတာ ျဖစ္တယ္လို႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫႊန႔္က ဒီဗြီဘီကို ေျပာပါတယ္။

ဒီလိုတရားစြဲဆိုခံရတာဟာ ျမန္မာႏိုင္ငံရဲ႕ ပုံရိပ္အတြက္ လူ႔အ႐ိုင္းအစိုင္းလို ပုံေဖာ္ခံေနရတာကိုေတာ့ သတိျပဳမိရမွာျဖစ္ၿပီး ႏိုင္ငံပုံရိပ္ ျပန္တက္လာဖို႔ စနစ္တက် ေဆာင္႐ြက္ၿပီး အေကာင္းဆုံးေျဖရွင္းဖို႔ပဲ တိုက္တြန္းခ်င္တယ္လို႔  ၈၈မ်ိဳးဆက္ ဦးျမေအးက ေျပာပါတယ္။

ဂမ္ဘီယာႏိုင္ငံရဲ႕ တရားစြဲဆိုမႈဟာ ျမန္မာႏိုင္ငံကို တပ္မေတာ္ရဲ႕အခန္းက႑ကို ေလွ်ာ့ခ်ခ်င္တဲ့ ရည္႐ြယ္ခ်က္ အျဖစ္ျမင္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးေရာဘတ္စန္းေအာင္က ေျပာပါတယ္။

ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးအႏႈန္းကို လုံးဝလက္ခံျခင္းမရွိသလို လူမ်ိဳးသုဥ္းသတ္ျဖတ္မႈ စြပ္စြဲခ်က္ကိုလည္း အစဥ္တစိုက္ပယ္ခ်ထားပါတယ္။ ခုလိုတရားစြဲဆိုမႈေတြနဲ႔ ပတ္သက္ၿပီး ျမန္မာအစိုးရကေရာ တပ္မေတာ္ကပါ  တရားဝင္ ျပန္လည္ တုံ႔ျပန္တာမရွိေသးပါဘူး။

Unicode

ရိုဟင်ဂျာအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကာချုပ်ကို အာဂျင်တီးနားတရားရုံးတွင် အမှုဖွင့်

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ ဦးထင်ကျော်တို့ကို ယူကေအခြေစိုက် ရိုဟင်ဂျာအသင်းက အာဂျင်တီးနားနိုင်ငံမှာ အမှုဖွင့်လိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ စွပ်စွဲပြီး ရိုဟင်ဂျာအဖွဲ့နဲ့ လက်တင် အမေရိကန် လူ့အခွင့်အရေးအဖွဲ့တွေက အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်အရ  နိုဝင်ဘာ ၁၃ ရက်နေ့မှာ တိုင်ကြားအမှုဖွင့်လိုက်တာပါ။

ကမ္ဘာ့နိုင်ငံတနိုင်ငံမှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် အလွန်ဆိုးဝါးတဲ့လုပ်ရပ်တွေအတွက်  အာဂျင်တီနားနိုင်ငံရဲ့ စီရင်ပိုင်ခွင့် ဥပဒေအရ တရားစွဲတာ ဖြစ်ပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ဒေါ်ဆောင်ဆန်းစုကြည်ကို ဦးတည် ပစ်မှတ်ထားပြီး နိုင်ငံတကာမှာ တရားစီရင်ရေးလမ်းကြောင်းကနေ အရေးယူနိုင်ဖို့ ပထမဆုံးအကြိမ် လုပ်ဆောင်လိုက်တာဖြစ်ပါတယ်။

ဒီအမှုကို တရားလိုဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့  ရှေ့နေ သောမတ်စ်အိုဟေးက င်တားနားက “ဒီတိုင်ကြားမှုဟာ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကျူးလွန်သူတွေ၊ ပူးပေါင်း ကူညီလုပ်ဆောင်ခဲ့သူတွေနဲ့ ဖုံးကွယ်ထားသူတွေကို ရာဇဝတ်မှုနဲ့ ဒဏ်ခတ်အရေးယူဖို့ ကြိုးပမ်းတာဖြစ်တယ်။ ဒီလိုရာဇဝတ်ကြောင်းအရ တိုင်ကြားမှုတွေကို တခြား ဘယ်နေရာမှာမှ လုပ်ဖို့ မဖြစ်နိုင်လို့ အာဂျင်တီးနားနိုင်ငံမှာလုပ်ဆောင်တာ ဖြစ်တယ်” လို့ အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

လူ့အခွင့်အရေးရှေ့နေ ကင်တားနားဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ  အထူးအစီရင်ခံစာ တင်သွင်းသူအဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ သူဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ ခံစားခဲ့ရတာတွေကို ကိုယ်တိုင်သိမြင်ခဲ့သူဖြစ်ပြီး ခုအချိန်ဟာ တရားမျှတမှုရဖို့အချိန်ဖြစ်တယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ BROUK  ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ကတော့ ဆယ်စုနှစ်တွေအတွင်းမှာ မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေကို နေရာတခုမှာ ကန့်သတ်ပိတ်လှောင်ထားပြီး မိခင်နိုင်ငံကနေ အတင်းအကျပ် ထွက်ခွာအောင်လုပ်ခဲ့သလို သတ်ဖြတ် သုတ်သင်ဖို့ ကြိုးစားခဲ့တယ်လို့ ပြောပါတယ်။

ခုလိုတရားစွဲဆိုမှုကို အာဂျင်တီးနားလူ့အခွင့်အရေးအဖွဲ့ နှစ်ဖွဲ့ဖြစ်တဲ့ Grandmothers of the Plaza de Mayo အဖွဲ့နဲ့   Foundation for Peace and Justice အဖွဲ့တို့ကလည်း ထောက်ခံခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၁၁ ရက်ကလည်း မြန်မာနိုင်ငံကို  အာဖရိကတိုက်ရှိ ဂမ်ဘီယာနိုင်ငံက နိုင်ငံတကာတရားရုံး (အိုင်စီဂျေ)မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာ နို်ငငံတကာ သဘောတူညီချက်ကို ဖောက်ဖျက်မှုနဲ့   အိုအိုင်စီအဖွဲ့ကိုယ်စားတရားစွဲထားပါတယ်။

ဒီတရားစွဲဆိုမှုဟာ ခိုင်လုံမှုမရှိတဲ့အကြောင်းအရာတွေပေါ်မှာ မူတည်ပြီး တရားစွဲဆိုတာ ဖြစ်ပြီး၊ မြန်မာနိုင်ငံကထွက်သွားတဲ့ ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် လက်ခံအသိအမှတ်ပြုဖို့ တွန်းအားပေးနေတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က ဒီဗွီဘီကို ပြောပါတယ်။

ဒီလိုတရားစွဲဆိုခံရတာဟာ မြန်မာနိုင်ငံရဲ့ ပုံရိပ်အတွက် လူ့အရိုင်းအစိုင်းလို ပုံဖော်ခံနေရတာကိုတော့ သတိပြုမိရမှာဖြစ်ပြီး နိုင်ငံပုံရိပ် ပြန်တက်လာဖို့ စနစ်တကျ ဆောင်ရွက်ပြီး အကောင်းဆုံးဖြေရှင်းဖို့ပဲ တိုက်တွန်းချင်တယ်လို့  ၈၈မျိုးဆက် ဦးမြအေးက ပြောပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုမှုဟာ မြန်မာနိုင်ငံကို တပ်မတော်ရဲ့အခန်းကဏ္ဍကို လျှော့ချချင်တဲ့ ရည်ရွယ်ချက် အဖြစ်မြင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လုံးဝလက်ခံခြင်းမရှိသလို လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ကိုလည်း အစဉ်တစိုက်ပယ်ချထားပါတယ်။ ခုလိုတရားစွဲဆိုမှုတွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရကရော တပ်မတော်ကပါ  တရားဝင် ပြန်လည် တုံ့ပြန်တာမရှိသေးပါဘူး။

====================================

END / 251