၁၄ နိုဝင်ဘာ ၂၀၁၉ - ၂၀:၀၉
စက္မႈဝန္ႀကီးဌာနႏွင့္ စီမံဘ႑ာဝန္ႀကီးဌာနတို႔ကို ေပါင္းစည္းမည္

လုပ္ငန္းမ်ား အရႈံးေပၚေနသည့္ စက္မႈဝန္ႀကီးဌာန ႏွင့္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ ႀကီးဌာနတို႔ကို ဌာနတစ္ခုတည္း အျဖစ္ ျပင္ဆင္ဖြဲ႕စည္း မည့္ အစီ အစဥ္ကို ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စုလႊတ္ေတာ္သို႔ ေပး ပို႔ထားသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

လုပ္ငန္းမ်ား အရႈံးေပၚေနသည့္ စက္မႈဝန္ႀကီးဌာန ႏွင့္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ ႀကီးဌာနတို႔ကို ဌာနတစ္ခုတည္း အျဖစ္ ျပင္ဆင္ဖြဲ႕စည္းမည့္ အစီ အစဥ္ကို ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စုလႊတ္ေတာ္သို႔ ေပး ပို႔ထားသည္။

ထိုဝန္ႀကီးဌာန ႏွစ္ခုေပါင္း စည္းမည့္ အစီအစဥ္ကို လာမည့္ ႏိုဝင္ဘာ ၁၅ ရက္တြင္ က်င္းပ မည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးသို႔ ႏိုင္ငံေတာ္ သမၼတက တာဝန္ေပးထားေသာ ျပည္ေထာင္စုအဆင့္ အဖြဲ႕အ စည္းဝင္တစ္ဦးက ရွင္းလင္းတင္ ျပမည္ဟု လႊတ္ေတာ္အစီအစဥ္ လ်ာထားခ်က္တြင္ ေဖာ္ျပထား သည္။

 ယင္းကိစၥႏွင့္ပတ္သက္၍ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား အား ႀကိဳတင္ျဖန႔္ေဝထားၿပီး ‘‘ျပည္ေထာင္စုဝန္ႀကီးဌာန ျပင္ ဆင္သတ္မွတ္ဖြဲ႕စည္းေရး ကိစၥ’’ ဟုသာ ေဖာ္ျပထားကာ မည္သည့္ အတြက္ေၾကာင့္ ျပင္ဆင္မည္ဆို သည့္အခ်က္မ်ားကိုမူ မေဖာ္ျပ ထားေၾကာင္း ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးခင္ခ်ိဳက ေျပာ သည္။

စက္မႈဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ိဳ အား အစိုးရအဖြဲ႕မွ အနားေပးၿပီး ေလးလခန႔္အၾကာတြင္ ယခုကဲ့သို႔ စက္မႈဝန္ႀကီးဌာနႏွင့္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနတို႔ကို တစ္ခုတည္းအျဖစ္ ျပင္ဆင္ေပါင္းစည္းရန္ စီစဥ္ျခင္းျဖစ္သည္။

ဦးခင္ေမာင္ခ်ိဳအား အနား ေပးၿပီးေနာက္ စက္မႈဝန္ႀကီးအ ျဖစ္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ ႀကီး ဦးစိုးဝင္းက တြဲဖက္ကိုင္ တြယ္ေနသည္။

စက္မႈဝန္ႀကီးေဟာင္း ဦးခင္ ေမာင္ခ်ိဳအား ဇူလိုင္ ၂၇ ရက္တြင္ တာဝန္မွ အနားေပးခဲ့ၿပီး ႏွစ္ပတ္ ေက်ာ္အၾကာ ၾသဂုတ္ ၁၅ ရက္ တြင္ စက္မႈဝန္ႀကီးဌာန၏ ဝန္ႀကီး အျဖစ္ ေဒါက္တာမင္းရဲပိုင္ဟိန္း ကို ခန႔္အပ္တာဝန္ေပးခဲ့သည္။

‘‘ဝန္ႀကီးဌာနကေတာ့ သိပ္ ၿပီးေတာ့ မ run ႏိုင္တဲ့ ဝန္ႀကီး ဌာနဆိုေတာ့ ဝန္ႀကီးတစ္ေယာက္ အသစ္မခန႔္ေတာ့ဘူးေပါ့။ အဲဒီ သေဘာေပါ့။ တစ္ႏွစ္ေက်ာ္ပဲ ရွိ ေတာ့တာဆိုေတာ့။ စက္မႈက ေတာ့ အရင္ကလည္း မွားခဲ့တာ ရွိတာေပါ့။ နည္းစနစ္မွန္ေအာင္ ေတာ့ ျပန္လုပ္ရမွာေပါ့’’ဟု ဦးခင္ ခ်ိဳက ေျပာသည္။

ထိုသို႔ ဝန္ႀကီးဌာနႏွစ္ခုအား ေပါင္းစည္း လိုက္ေသာ္လည္း ႏိုင္ငံေတာ္ဘ႑ာ သက္သာသြား မည္မဟုတ္ေၾကာင္း၊ စက္မႈဝန္ ႀကီးဌာန လက္ေအာက္ရွိ အရႈံး ေပၚေနသည့္ လုပ္ငန္းမ်ားအား အျမတ္ရရွိေစရန္ မူဝါဒမ်ား စနစ္ တက်ခ်မွတ္ကာ လုပ္ေဆာင္သင့္ ေၾကာင္း ၎က အႀကံျပဳသည္။

စက္မႈဝန္ႀကီးအျဖစ္ ဦးစိုး ဝင္းအား တြဲဖက္ကိုင္တြယ္ေစခဲ့ သည္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ႏွင့္ ႏိုင္ငံေတာ္သမၼတတို႔၏ စဥ္းစားခ်က္ျဖစ္ၿပီး လက္ရွိ စက္ မႈဝန္ႀကီးဌာနက ပိတ္သိမ္းထားရ သည့္ စက္႐ုံမ်ားႏွင့္ပတ္သက္၍ ပုဂၢလိကပိုင္ လႊဲေျပာင္းျခင္း၊ ပူး ေပါင္းေဆာင္႐ြက္ျခင္း စသည့္ လုပ္ငန္းမ်ားအား စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနက လုပ္ ေဆာင္ေနရေၾကာင္း ၾသဂုတ္လ အတြင္းက ျပဳလုုပ္ခဲ့သည့္သတင္းစာရွင္းလင္းပြဲတြင္
သမၼတ႐ုံး ေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးက ရွင္းလင္းထားသည္။

Unicode

စက်မှုဝန်ကြီးဌာနနှင့် စီမံဘဏ္ဍာဝန်ကြီးဌာနတို့ကို ပေါင်းစည်းမည်

 လုပ်ငန်းများ အရှုံးပေါ်နေသည့် စက်မှုဝန်ကြီးဌာန နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီးဌာနတို့ကို ဌာနတစ်ခုတည်း အဖြစ် ပြင်ဆင်ဖွဲ့စည်းမည့် အစီ အစဉ်ကို နိုင်ငံတော်သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ပေး ပို့ထားသည်။

ထိုဝန်ကြီးဌာန နှစ်ခုပေါင်း စည်းမည့် အစီအစဉ်ကို လာမည့် နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပ မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ နိုင်ငံတော် သမ္မတက တာဝန်ပေးထားသော ပြည်ထောင်စုအဆင့် အဖွဲ့အ စည်းဝင်တစ်ဦးက ရှင်းလင်းတင် ပြမည်ဟု လွှတ်တော်အစီအစဉ် လျာထားချက်တွင် ဖော်ပြထား သည်။

 ယင်းကိစ္စနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ အား ကြိုတင်ဖြန့်ဝေထားပြီး ‘‘ပြည်ထောင်စုဝန်ကြီးဌာန ပြင် ဆင်သတ်မှတ်ဖွဲ့စည်းရေး ကိစ္စ’’ ဟုသာ ဖော်ပြထားကာ မည်သည့် အတွက်ကြောင့် ပြင်ဆင်မည်ဆို သည့်အချက်များကိုမူ မဖော်ပြ ထားကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုက ပြော သည်။

စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်ချို အား အစိုးရအဖွဲ့မှ အနားပေးပြီး လေးလခန့်အကြာတွင် ယခုကဲ့သို့ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို တစ်ခုတည်းအဖြစ် ပြင်ဆင်ပေါင်းစည်းရန် စီစဉ်ခြင်းဖြစ်သည်။

ဦးခင်မောင်ချိုအား အနား ပေးပြီးနောက် စက်မှုဝန်ကြီးအ ဖြစ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန် ကြီး ဦးစိုးဝင်းက တွဲဖက်ကိုင် တွယ်နေသည်။

စက်မှုဝန်ကြီးဟောင်း ဦးခင် မောင်ချိုအား ဇူလိုင် ၂၇ ရက်တွင် တာဝန်မှ အနားပေးခဲ့ပြီး နှစ်ပတ် ကျော်အကြာ သြဂုတ် ၁၅ ရက် တွင် စက်မှုဝန်ကြီးဌာန၏ ဝန်ကြီး အဖြစ် ဒေါက်တာမင်းရဲပိုင်ဟိန်း ကို ခန့်အပ်တာဝန်ပေးခဲ့သည်။

‘‘ဝန်ကြီးဌာနကတော့ သိပ် ပြီးတော့ မ run နိုင်တဲ့ ဝန်ကြီး ဌာနဆိုတော့ ဝန်ကြီးတစ်ယောက် အသစ်မခန့်တော့ဘူးပေါ့။ အဲဒီ သဘောပေါ့။ တစ်နှစ်ကျော်ပဲ ရှိ တော့တာဆိုတော့။ စက်မှုက တော့ အရင်ကလည်း မှားခဲ့တာ ရှိတာပေါ့။ နည်းစနစ်မှန်အောင် တော့ ပြန်လုပ်ရမှာပေါ့’’ဟု ဦးခင် ချိုက ပြောသည်။

ထိုသို့ ဝန်ကြီးဌာနနှစ်ခုအား ပေါင်းစည်း လိုက်သော်လည်း နိုင်ငံတော်ဘဏ္ဍာ သက်သာသွား မည်မဟုတ်ကြောင်း၊ စက်မှုဝန် ကြီးဌာန လက်အောက်ရှိ အရှုံး ပေါ်နေသည့် လုပ်ငန်းများအား အမြတ်ရရှိစေရန် မူဝါဒများ စနစ် တကျချမှတ်ကာ လုပ်ဆောင်သင့် ကြောင်း ၎င်းက အကြံပြုသည်။

စက်မှုဝန်ကြီးအဖြစ် ဦးစိုး ဝင်းအား တွဲဖက်ကိုင်တွယ်စေခဲ့ သည်မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် နိုင်ငံတော်သမ္မတတို့၏ စဉ်းစားချက်ဖြစ်ပြီး လက်ရှိ စက် မှုဝန်ကြီးဌာနက ပိတ်သိမ်းထားရ သည့် စက်ရုံများနှင့်ပတ်သက်၍ ပုဂ္ဂလိကပိုင် လွှဲပြောင်းခြင်း၊ ပူး ပေါင်းဆောင်ရွက်ခြင်း စသည့် လုပ်ငန်းများအား စီမံကိန်းနှင့်
ဘဏ္ဍာရေးဝန်ကြီးဌာနက လုပ် ဆောင်နေရကြောင်း သြဂုတ်လ အတွင်းက ပြုလုုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရှင်းလင်းထားသည်။

====================================

END / 251