
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ ႏိုင္ငံ့ေခါင္းေဆာင္မ်ားကို အာဂ်င္တီးနားႏိုင္ငံ၌ တရားစြဲဆိုျခင္းသည္ အလြန္အမင္း စိုးရိမ္စရာမရွိေၾကာင္း နယူးေယာက္ၿမိဳ႕ ကုလဆိုင္ရာျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက 7Day Daily သတင္းစာအား ယမန္ေန႔တြင္ ေျပာသည္။
‘‘သက္ဆိုင္ရာႏိုင္ငံက လူ ေတြက အေျချပဳၿပီး တရားစြဲတာ ဆိုေတာ့ သူတို႔ကအဲဒီမွာ လုပ္ပိုင္ ခြင့္ရွိလို႔ လုပ္ေနၾကတာေပါ့။ ကြၽန္ ေတာ္တို႔ကေတာ့ အရင္က တုံ႔ ျပန္တာမရွိဘူး။ ဒီဟာေတာ့ဘယ္ လိုျဖစ္လာမလဲေတာ့ မသိဘူး။ အိုင္စီစီကိစၥ ဒီဟာေတြကေတာ့ ရွင္းလည္းရွင္းခဲ့၊ ေျပာလည္းေျပာ ခဲ့ၿပီေလ။ ဒီဟာေတြကေတာ့ ဥပ ေဒေၾကာင္းအရ ဆက္ၿပီးေျဖရွင္း ေခ်ပရမွာေပါ့။ တစ္သီးပုဂၢလ လုပ္တဲ့ဟာက် ကြၽန္ေတာ္လည္း ဥပေဒပညာရွင္ မဟုတ္ေတာ့ နား လည္သေလာက္ေျပာရရင္ ႏိုင္ငံ အႀကီးအကဲတို႔၊ ေခါင္းေဆာင္တို႔ ဆိုတာက သူ႔ရဲ႕လုံၿခဳံေရးအရကာ ကြယ္စြမ္းကေတာ့ ရွိၿပီးသားပဲ ေလ။ အျပည္ျပည္ဆိုင္ရာ ဥပေဒ မွာလည္းရွိပါတယ္။ တရားဝင္ ႏိုင္ငံျခားသြားတယ္ဆိုရင္ သက္ ဆိုင္တဲ့ ႏိုင္ငံကေနၿပီးေတာ့ ကာ ကြယ္ေစာင့္ေရွာက္ရမယ့္ တာဝန္ ကေတာ့ရွိတာေပါ့။ အလြန္အမင္း စိုးရိမ္ပူပင္ဖို႔လည္း မရွိပါဘူး။ ႏိုင္ငံတကာခုံ႐ုံးေတြကေတာ့ အ ဖြဲ႕အစည္းနဲ႔ဆိုင္တာေတြက တစ္ ပိုင္းေပါ့။ ပုဂၢလိကနဲ႔ဆိုင္တဲ့ တရား႐ုံးမွာစြဲဆိုတဲ့ အမႈေတြက ေတာ့သက္ဆိုင္တဲ့ ႏိုင္ငံနဲ႔ပဲထင္ တယ္’’ဟု သံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းက ေျပာသည္။
ဘဂၤါလီမ်ားအေပၚက်ဴးလြန္ ေသာ ရာဇဝတ္မႈမ်ားအတြက္ ဆို ကာ ကမာၻလုံးဆိုင္ရာတရားစီ ရင္ပိုင္ခြင့္မူအရ ဘဂၤါလီႏွင့္ လက္တင္အေမရိက လူ႔အခြင့္ အေရးအဖြဲ႕မ်ားက အာဂ်င္တီး နားႏိုင္ငံ၌ ျမန္မာထိပ္တန္းအစိုးရ ေခါင္းေဆာင္မ်ားကို ႏိုဝင္ဘာ ၁၃ ရက္က တရားစြဲဆိုမႈ၌ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ဗိုလ္ ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္တို႔ ပါဝင္ေနသည္။
ယင္းမွာ ၿငိမ္းခ်မ္းေရးႏိုဗယ္ ဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္ အေပၚ ပထမဆုံးေသာဥပေဒအရ ပစ္မွတ္ထားျခင္းျဖစ္သည္။
ဘဂၤါလီအေရးကို မီးေမာင္း ထိုးအသားေပးၿပီး ျပစ္ဒဏ္ခတ္ ရန္ ႀကိဳးပမ္းေနပါကျမန္မာအစိုးရ ၏ အဓိကေျဖရွင္းခ်င္သည့္ျပႆ နာအရင္းအျမစ္ကို အဟန႔္အ တား ျဖစ္သြားႏိုင္ေၾကာင္း သံအ မတ္ႀကီးက ဆိုသည္။
‘‘ကြၽန္ေတာ္တို႔ ျမန္မာကို မ တရားက်င့္ေပါင္းၿပီးေတာ့ လုပ္ ေနၾကတာကေတာ့ အင္မတန္မွပဲ တိုင္းျပည္အတြက္၊ အားလုံးအ တြက္က စိတ္မေကာင္းစရာေပါ့ ေနာ္။ ခံလည္းခံျပင္းစရာေကာင္း တယ္။ ကြၽန္ေတာ္တို႔ ဒီမိုကေရ စီထြန္းသစ္စႏိုင္ငံအေနနဲ႔ အခက္ အခဲေတြ၊ ျပည္တြင္းမွာ စိန္ေခၚမႈ ေတြလည္း အမ်ားႀကီးရွိတယ္။ လုပ္စရာေတြ အမ်ားႀကီးရွိတယ္။ ဒီဟာေတြကို ႏိုင္ငံ့ေခါင္းေဆာင္ ေတြက ႀကိဳးစားၿပီး လုပ္ေနၾက တယ္။ ဒီျပႆနာေတြကို အဓိက ျဖစ္ေနတာက ဘဂၤါလီျပႆနာနဲ႔ ျဖစ္ေနၾကတာ’’ ဟု သံအမတ္ႀကီး က ဆက္လက္ေျပာသည္။
ႏိုင္ငံတကာ အဖြဲ႕အစည္း မ်ား၏ ယခုတရားစြဲဆိုမႈသည္ ခိုင္ လုံျခင္းမရွိေသာ အခ်က္အလက္ မ်ားကို အေျခခံလုပ္ေဆာင္ေန ျခင္းျဖစ္ၿပီး ဒီခ်ဳပ္ပါတီအေနျဖင့္ ျမန္မာႏိုင္ငံ၏ အခ်ဳပ္အျခာအာ ဏာကိုထိပါးမည့္ လုပ္ေဆာင္ ခ်က္မ်ားကို လက္ခံမည္မဟုတ္ ေၾကာင္း ဒီခ်ဳပ္ေျပာေရးဆိုခြင့္ ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ကလည္း ေျပာသည္။
‘‘သူတို႔လုပ္ေနတာက ျမန္မာႏိုင္ငံကထြက္သြားတဲ့ ဘဂၤါ လီေတြအတြက္ သီးျခားနယ္ေျမ ရရွိဖို႔၊ သူတို႔အတြက္ ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရရွိဖို႔၊ ႏိုင္ငံျခားက လက္နက္ကိုင္တပ္ဖြဲ႕ေတြ ေစာင့္ ေရွာက္ေပးဖို႔စတဲ့ ျမန္မာႏိုင္ငံရဲ႕ အခ်ဳပ္အျခာကို ထိပါးေစမယ့္ ေတာင္းဆိုခ်က္ေတြနဲ႔ ကန႔္သတ္ လာတာေတြ႕ႏိုင္ပါတယ္။ အဲဒီ လိုအခ်က္ေတြကေတာ့ ဘယ္လို အေၾကာင္းေၾကာင့္မွ လက္ခံႏိုင္ မွာမဟုတ္ပါဘူး’’ဟု ၎ကေျပာ သည္။တရားစြဲဆိုသည့္ အဖြဲ႕အ စည္းသည္ ေငြေၾကးအင္အား ေတာင့္တင္းၿပီး ႏိုင္ငံတကာဥပေဒ မ်ားကို ကြၽမ္းက်င္ေသာ အဖြဲ႕အ စည္းျဖစ္၍ သတိျပဳေစာင့္ၾကည့္ ေနမည္ဟုလည္း ဆက္လက္ေျပာ သည္။ ထို႔အျပင္ စစ္ဘက္ေခါင္း ေဆာင္မ်ားသာမက အရပ္ဘက္ ႏိုင္ငံေရးေခါင္းေဆာင္မ်ားကိုပါ ထည့္သြင္း တရားစြဲဆိုျခင္းသည္ ႏိုင္ငံတကာ အသိုင္းအ ဝိုင္း၏အာ ႐ုံစိုက္မႈရရွိေစရန္ ႀကိဳးပမ္းျခင္း သာျဖစ္သည္ဟု ေဒါက္တာမ်ိဳး ၫြန႔္က ေဝဖန္သည္။
ယခုတရားစြဲဆိုမႈက က်ဴး လြန္သူမ်ားႏွင့္အေပါင္းအပါမ်ား လူမ်ိဳးတုံးသတ္ျဖတ္မႈကို ဖုံးဖိ ထားသူမ်ားအေပၚ ရာဇဝတ္မႈ ဆိုင္ရာ တားဆီးပိတ္ဆို႔မႈျပဳလုပ္ ေရးႀကိဳးပမ္းျခင္းျဖစ္ေၾကာင္း ေရွ႕ ေနေသာ မက္စ္ အိုဂ်ီယာကင္တား နားကေအအက္ဖ္ပီသတင္းဌာန အား ေျပာၾကားသည္။
ယင္းတရားစြဲဆိုမႈက လူ နည္းစုဘဂၤါလီ (မူရင္း၌ ႐ိုဟင္ ဂ်ာဟုေဖာ္ျပထား) မ်ားရင္ဆိုင္ခဲ့ ရသည့္ လူ႔ဘဝႏွင့္ ဆိုင္ေသာၿခိမ္း ေျခာက္မႈႏွင့္ ပတ္သက္၍ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ လူထု ေခါင္း ေဆာင္ေဒၚေအာင္ဆန္းစု ၾကည္အပါအဝင္ ျမန္မာထိပ္တန္း စစ္ဘက္ႏွင့္ ႏိုင္ငံေရးေခါင္း ေဆာင္မ်ားကို ဥပေဒႏွင့္ရင္ဆိုင္ ေစေရးေတာင္းဆိုသည္။
ယင္းတရားစြဲဆိုမႈတြင္ ေဒၚ ေအာင္ဆန္းစုၾကည္၊ တပ္ခ်ဳပ္ မင္းေအာင္လႈိင္အျပင္ သမၼတ ေဟာင္း ဦးသိန္းစိန္၊ သမၼတ ေဟာင္းဦးထင္ေက်ာ္ႏွင့္ လက္ရွိ သမၼတဦးဝင္းျမင့္တို႔ကို အေရးယူ ေပးရန္ ေတာင္းဆိုထားသည္ဟု RFA သတင္းဌာနက ေဖာ္ျပထား သည္။
ျမန္မာအရာရွိမ်ားသည္ မိမိ တို႔ကိုရွင္းထုတ္ရန္ ဆယ္စုႏွစ္မ်ား စြာၾကာေအာင္ႀကိဳးပမ္းခဲ့သည္ဟု ၿဗိတိန္ - ျမန္မာဘဂၤါလီအဖြဲ႕ (BROUK) ဥကၠ႒ထြန္းခင္ကစြပ္ စြဲေျပာၾကားသည္။
အာဂ်င္တီးနားတရား႐ုံးမ်ား သည္ တ႐ုတ္မွဖာလြန္ေဂါင္းလႈပ္ ရွားမႈႏွင့္ စပိန္ အာဏာရွင္ ေဟာင္း ဖရန္ဆစၥကိုဖရန္ကို၏ အုပ္ခ်ဳပ္မႈႏွင့္ ဆက္စပ္သည့္အမႈ မ်ားအပါအဝင္အျခားေသာကမာၻ လုံးဆိုင္ ရာတရားစီရင္ပိုင္ခြင့္အမႈ မ်ားကို လက္ခံေဆာင္႐ြက္ခဲ့ သည္။
ေရွ႕ေနကင္တားနားက ယခု တရားစြဲဆိုမႈ၏ ရလဒ္အေနျဖင့္ ျမန္မာထိပ္ပိုင္းေခါင္းေဆာင္မ်ား အတြက္ ႏိုင္ငံတကာဖမ္းဝရမ္း မ်ား ထုတ္မည္ဟုေမွ်ာ္လင့္ ေၾကာင္းေျပာၾကားသည္။
၂၀၁၇ က ရခိုင္ျပည္နယ္မွ ဘဂၤါလီလူမ်ိဳး ၇၄၀,၀၀၀ ခန႔္ ဘဂၤလားေဒ့ရွ္သို႔ထြက္ေျပးသြား ၿပီးေနာက္စစ္တပ္၏ လုံၿခဳံေရး ေဆာင္႐ြက္မႈမ်ားသည္ လူမ်ိဳး တုံးသတ္ျဖတ္မႈျဖစ္သည္ဟု ကုလသမဂၢ စုံစမ္းစစ္ေဆးသူမ်ား ကၿပီးခဲ့သည့္ ႏွစ္အတြင္း သတ္ မွတ္ခဲ့သည္။
သို႔ေသာ္ အာဂ်င္တီးနား တြင္ တရားစြဲဆိုထားေသာ လူ႔အ ခြင့္အေရးအဖြဲ႕မ်ားက ထိပ္ပိုင္း ဗိုလ္ခ်ဳပ္မ်ားႏွင့္အတူ ပါဝင္က်ဴး လြန္ျခင္းေၾကာင့္ အရပ္သား ေခါင္းေဆာင္မ်ားကိုလည္း စုံစမ္း စစ္ေဆး ရမည္ဟု ေတာင္းဆို ထားသည္။
Unicode
နိုင်ငံ့ခေါင်းဆောင်များ တရားစွဲခံရမှု အလွန်အမင်း စိုးရိမ်စရာမရှိကြောင်း ကုလမြန်မာသံအမတ်ကြီးပြောကြား
အာဂျင်တီးနားတွင် တရားစွဲဆိုမှုအတွင်း အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တပ်ချုပ်အမည်ပါဝင်၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ အာရုံစိုက်မှုရစေရန် ကြိုးပမ်းခြင်းဟု ဒီချုပ်ပြော
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံ့ခေါင်းဆောင်များကို အာဂျင်တီးနားနိုင်ငံ၌ တရားစွဲဆိုခြင်းသည် အလွန်အမင်း စိုးရိမ်စရာမရှိကြောင်း နယူးယောက်မြို့ ကုလဆိုင်ရာမြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက 7Day Daily သတင်းစာအား ယမန်နေ့တွင် ပြောသည်။
‘‘သက်ဆိုင်ရာနိုင်ငံက လူ တွေက အခြေပြုပြီး တရားစွဲတာ ဆိုတော့ သူတို့ကအဲဒီမှာ လုပ်ပိုင် ခွင့်ရှိလို့ လုပ်နေကြတာပေါ့။ ကျွန် တော်တို့ကတော့ အရင်က တုံ့ ပြန်တာမရှိဘူး။ ဒီဟာတော့ ဘယ် လိုဖြစ်လာမလဲတော့ မသိဘူး။ အိုင်စီစီကိစ္စ ဒီဟာတွေကတော့ ရှင်းလည်းရှင်းခဲ့၊ ပြောလည်းပြော ခဲ့ပြီလေ။ ဒီဟာတွေကတော့ ဥပ ဒေကြောင်းအရ ဆက်ပြီးဖြေရှင်း ချေပရမှာပေါ့။ တစ်သီးပုဂ္ဂလ လုပ်တဲ့ဟာကျ ကျွန်တော်လည်း ဥပဒေပညာရှင် မဟုတ်တော့ နား လည်သလောက်ပြောရရင် နိုင်ငံ အကြီးအကဲတို့၊ ခေါင်းဆောင်တို့ ဆိုတာက သူ့ရဲ့လုံခြုံရေးအရကာ ကွယ်စွမ်းကတော့ ရှိပြီးသားပဲ လေ။ အပြည်ပြည်ဆိုင်ရာ ဥပဒေ မှာလည်းရှိပါတယ်။ တရားဝင် နိုင်ငံခြားသွားတယ်ဆိုရင် သက် ဆိုင်တဲ့ နိုင်ငံကနေပြီးတော့ ကာ ကွယ်စောင့်ရှောက်ရမယ့် တာဝန် ကတော့ရှိတာပေါ့။ အလွန်အမင်း စိုးရိမ်ပူပင်ဖို့လည်း မရှိပါဘူး။ နိုင်ငံတကာခုံရုံးတွေကတော့ အ ဖွဲ့အစည်းနဲ့ဆိုင်တာတွေက တစ် ပိုင်းပေါ့။ ပုဂ္ဂလိကနဲ့ဆိုင်တဲ့ တရားရုံးမှာစွဲဆိုတဲ့ အမှုတွေက တော့သက်ဆိုင်တဲ့ နိုင်ငံနဲ့ပဲထင် တယ်’’ဟု သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ပြောသည်။
ဘင်္ဂါလီများအပေါ်ကျူးလွန် သော ရာဇဝတ်မှုများအတွက် ဆို ကာ ကမ္ဘာလုံးဆိုင်ရာတရားစီ ရင်ပိုင်ခွင့်မူအရ ဘင်္ဂါလီနှင့် လက်တင်အမေရိက လူ့အခွင့် အရေးအဖွဲ့များက အာဂျင်တီး နားနိုင်ငံ၌ မြန်မာထိပ်တန်းအစိုးရ ခေါင်းဆောင်များကို နိုဝင်ဘာ ၁၃ ရက်က တရားစွဲဆိုမှု၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ပါဝင်နေသည်။
ယင်းမှာ ငြိမ်းချမ်းရေးနိုဗယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပထမဆုံးသောဥပဒေအရ ပစ်မှတ်ထားခြင်းဖြစ်သည်။
ဘင်္ဂါလီအရေးကို မီးမောင်း ထိုးအသားပေးပြီး ပြစ်ဒဏ်ခတ် ရန် ကြိုးပမ်းနေပါကမြန်မာအစိုးရ ၏ အဓိကဖြေရှင်းချင်သည့်ပြဿ နာအရင်းအမြစ်ကို အဟန့်အ တား ဖြစ်သွားနိုင်ကြောင်း သံအ မတ်ကြီးက ဆိုသည်။
‘‘ကျွန်တော်တို့ မြန်မာကို မ တရားကျင့်ပေါင်းပြီးတော့ လုပ် နေကြတာကတော့ အင်မတန်မှပဲ တိုင်းပြည်အတွက်၊ အားလုံးအ တွက်က စိတ်မကောင်းစရာပေါ့ နော်။ ခံလည်းခံပြင်းစရာကောင်း တယ်။ ကျွန်တော်တို့ ဒီမိုကရေ စီထွန်းသစ်စနိုင်ငံအနေနဲ့ အခက် အခဲတွေ၊ ပြည်တွင်းမှာ စိန်ခေါ်မှု တွေလည်း အများကြီးရှိတယ်။ လုပ်စရာတွေ အများကြီးရှိတယ်။ ဒီဟာတွေကို နိုင်ငံ့ ခေါင်းဆောင် တွေက ကြိုးစားပြီး လုပ်နေကြ တယ်။ ဒီပြဿနာတွေကို အဓိက ဖြစ်နေတာက ဘင်္ဂါလီပြဿနာနဲ့ ဖြစ်နေကြတာ’’ ဟု သံအမတ်ကြီး က ဆက်လက်ပြောသည်။
နိုင်ငံတကာ အဖွဲ့အစည်း များ၏ ယခုတရားစွဲဆိုမှုသည် ခိုင် လုံခြင်းမရှိသော အချက်အလက် များကို အခြေခံလုပ်ဆောင်နေ ခြင်းဖြစ်ပြီး ဒီချုပ်ပါတီအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာ ဏာကိုထိပါးမည့် လုပ်ဆောင် ချက်များကို လက်ခံမည်မဟုတ် ကြောင်း ဒီချုပ်ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်ကလည်း ပြောသည်။
‘‘သူတို့လုပ်နေတာက မြန်မာနိုင်ငံကထွက်သွားတဲ့ ဘင်္ဂါ လီတွေအတွက် သီးခြားနယ်မြေ ရရှိဖို့၊ သူတို့အတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရရှိဖို့၊ နိုင်ငံခြားက လက်နက်ကိုင်တပ်ဖွဲ့တွေ စောင့် ရှောက်ပေးဖို့စတဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာကို ထိပါးစေမယ့် တောင်းဆိုချက်တွေနဲ့ ကန့်သတ် လာတာတွေ့နိုင်ပါတယ်။ အဲဒီ လိုအချက်တွေကတော့ ဘယ်လို အကြောင်းကြောင့်မှ လက်ခံနိုင် မှာမဟုတ်ပါဘူး’’ဟု ၎င်းကပြော သည်။တရားစွဲဆိုသည့် အဖွဲ့အ စည်းသည် ငွေကြေးအင်အား တောင့်တင်းပြီး နိုင်ငံတကာဥပဒေ များကို ကျွမ်းကျင်သော အဖွဲ့အ စည်းဖြစ်၍ သတိပြုစောင့်ကြည့် နေမည်ဟုလည်း ဆက်လက်ပြော သည်။ ထို့အပြင် စစ်ဘက်ခေါင်း ဆောင်များသာမက အရပ်ဘက် နိုင်ငံရေးခေါင်းဆောင်များကိုပါ ထည့်သွင်း တရားစွဲဆိုခြင်းသည် နိုင်ငံတကာ အသိုင်းအဝိုင်း၏အာ ရုံစိုက်မှုရရှိစေရန် ကြိုးပမ်းခြင်း သာဖြစ်သည်ဟု ဒေါက်တာမျိုး ညွန့်က ဝေဖန်သည်။
ယခုတရားစွဲဆိုမှုက ကျူး လွန်သူများနှင့်အပေါင်းအပါများ လူမျိုးတုံးသတ်ဖြတ်မှုကို ဖုံးဖိ ထားသူများအပေါ် ရာဇဝတ်မှု ဆိုင်ရာ တားဆီးပိတ်ဆို့မှုပြုလုပ် ရေးကြိုးပမ်းခြင်းဖြစ်ကြောင်း ရှေ့ နေသောမက်စ် အိုဂျီယာကင်တား နားကအေအက်ဖ်ပီသတင်းဌာန အား ပြောကြားသည်။
ယင်းတရားစွဲဆိုမှုက လူ နည်းစုဘင်္ဂါလီ (မူရင်း၌ ရိုဟင် ဂျာဟုဖော်ပြထား) များရင်ဆိုင်ခဲ့ ရသည့် လူ့ဘဝနှင့် ဆိုင်သောခြိမ်း ခြောက်မှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်နှင့် လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် မြန်မာထိပ်တန်း စစ်ဘက်နှင့် နိုင်ငံရေးခေါင်း ဆောင်များကို ဥပဒေနှင့်ရင်ဆိုင် စေရေးတောင်းဆိုသည်။
ယင်းတရားစွဲဆိုမှုတွင် ဒေါ် အောင်ဆန်းစုကြည်၊ တပ်ချုပ် မင်းအောင်လှိုင်အပြင် သမ္မတ ဟောင်း ဦးသိန်းစိန်၊ သမ္မတ ဟောင်းဦးထင်ကျော်နှင့် လက်ရှိ သမ္မတဦးဝင်းမြင့်တို့ကို အရေးယူ ပေးရန် တောင်းဆိုထားသည်ဟု RFA သတင်းဌာနက ဖော်ပြထား သည်။
မြန်မာအရာရှိများသည် မိမိ တို့ကိုရှင်းထုတ်ရန် ဆယ်စုနှစ်များ စွာကြာအောင်ကြိုးပမ်းခဲ့သည်ဟု ဗြိတိန် - မြန်မာဘင်္ဂါလီအဖွဲ့ (BROUK) ဥက္ကဋ္ဌထွန်းခင်ကစွပ် စွဲပြောကြားသည်။
အာဂျင်တီးနားတရားရုံးများ သည် တရုတ်မှဖာလွန်ဂေါင်းလှုပ် ရှားမှုနှင့် စပိန် အာဏာရှင် ဟောင်း ဖရန်ဆစ္စကိုဖရန်ကို၏ အုပ်ချုပ်မှုနှင့် ဆက်စပ်သည့်အမှု များအပါအဝင်အ ခြားသောကမ္ဘာ လုံးဆိုင်ရာတရားစီရင်ပိုင်ခွင့်အမှု များကို လက်ခံဆောင်ရွက်ခဲ့ သည်။
ရှေ့နေကင်တားနားက ယခု တရားစွဲဆိုမှု၏ ရလဒ်အနေဖြင့် မြန်မာထိပ်ပိုင်းခေါင်းဆောင်များ အတွက် နိုင်ငံတကာဖမ်းဝရမ်း များ ထုတ်မည်ဟုမျှော်လင့် ကြောင်းပြောကြားသည်။
၂၀၁၇ က ရခိုင်ပြည်နယ်မှ ဘင်္ဂါလီလူမျိုး ၇၄၀,၀၀၀ ခန့် ဘင်္ဂလားဒေ့ရှ်သို့ထွက်ပြေးသွား ပြီးနောက်စစ်တပ်၏ လုံခြုံရေး ဆောင်ရွက်မှုများသည် လူမျိုး တုံးသတ်ဖြတ်မှုဖြစ်သည်ဟု ကု လသမဂ္ဂစုံစမ်းစစ်ဆေးသူများ ကပြီးခဲ့သည့် နှစ်အတွင်း သတ် မှတ်ခဲ့သည်။
သို့သော် အာဂျင်တီးနား တွင် တရားစွဲဆိုထားသော လူ့အ ခွင့်အရေးအဖွဲ့များက ထိပ်ပိုင်း ဗိုလ်ချုပ်များနှင့်အတူ ပါဝင်ကျူး လွန်ခြင်းကြောင့် အရပ်သား ခေါင်းဆောင်များကိုလည်း စုံစမ်း စစ်ဆေးရမည်ဟု တောင်းဆို ထားသည်။
====================================
END / 251