
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အန်စီအေ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ့အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်ပြီး ငြိမ်းချမ်းရေးလမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းကြ ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။
နိုဝင်ဘာ ၁၄ ရက်က နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်း မိန့်ခွန်းမှာ ထည့် သွင်းပြောသွားတာပါ။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “အန်စီအေစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး မှန်ကန်တဲ့ မေတ္တာ၊ စေတနာတွေနဲ့ ရှေ့ဆက်လျှောက်လှမ်းနိုင်ကြလိမ့်မယ်လို့ ပြည်သူအများက မျှော်လင့်ကြသလို ပါဝင်လက်မှတ်ရေးထိုးရခြင်းမရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မတွေအနေနဲ့ ငြိမ်းချမ်းရေးရဲ့ ဆန့်ကျင်ဘက်ဥပဒေပြင်ပ လုပ်ရပ်တွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို စွန့်လွှတ်၊ ပြည်သူ့မျက်နှာကိုသာ ထောက် ထားပြီး ငြိမ်းချမ်းရေး လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းကြပါ”လို့ ဖိတ်ခေါ်သွားတာဖြစ်ပါတယ်။
ဒါ့အပြင် ဘယ်ဘာသာကို ကိုးကွယ်ကြသည်ဖြစ်စေ အားလုံးဟာ မြန်မာ နိုင်ငံသား “မြန်မာ”တွေသာဖြစ်လို့ မြန်မာစိတ်မွေးပြီး နိုင်ငံတော်အပေါ် သစ္စာ စောင့်သိ ရိုသေကြရမယ်၊ ယဉ်ကျေးမှုဓလေ့ထုံးစံ၊ ဘာသာရေးဓလေ့ ထုံးစံတွေအပေါ် မှီငြမ်းဆောင်ရွက်ရခြင်းမျိုး ရှိကောင်းရှိမှာဖြစ်ပေမယ့် မိမိ အယူအဆနဲ့ မိမိ ဆောင်ရွက်ချက်တွေဟာ ဘာသာရေးကို ခုတုံးလုပ်ပြီး မတည် မငြိမ်ဖြစ်အောင် မဆောင်ရွက်သင့်ကြောင်းနဲ့ လှုံ့ဆော်မှုမျိုးကိုလည်း အားမပေးသင့်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ပြောသွားပါတယ်။
အန်စီအေအပစ်ရပ်လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် ဦးဆောင်နာယက ခွန်ဥက္ကာကတော့ နိုင်ငံမှာ တွေ့ကြုံနေကြရတဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံရေးကြောင့် ပေါ်ပေါက်လာရတဲ့ နိုင်ငံရေးပြဿနာများဖြစ်ကြောင်း၊ ပဋိပက္ခမှာ ပါဝင်ကြတဲ့ ဘက်ပေါင်းစုံက နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်အင်အားနဲ့သာ ဗဟိုပြုဖြေရှင်းနေကြတာကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေရပါကြောင်း၊ အထူးသဖြင့် လက်နက်မဲ့/ အပြစ်မဲ့ ကြားခံပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ရေးအပြုအမူတွေ ဆောင်ရွက်နေကြတာကို တွေ့ရလို့ အထူးကြေကွဲဝမ်းနည်းရကြောင်း ပြောပါတယ်။
ဘာသာပေါင်းစုံဆွေးနွေးပွဲမှာ အပြည်ပြည်ဆိုင်ရာဘာသာပေါင်းစုံငြိမ်းချမ်းမေတ္တာအဖွဲ့ ပူးတွဲဥက္ကဋ္ဌ အောက်စဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာဘဒ္ဒန္တ ဓမ္မသာမိကနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့လည်း မိန့်ခွန်းတွေ ပြောကြားခဲ့ပါတယ်။
နေပြည်တော်မှာ ငြိမ်းချမ်းရေးအတွက် ဘာသာ ပေါင်းစုံဆွေးနွေးပွဲတွေကျင်းပနေချိန်မှာပဲ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်ထဲမှာတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။
Unicode
အၾကမ္းဖက္လုပ္ရပ္မ်ားစြန႔္၍ ၿငိမ္းခ်မ္းေရးလမ္းေပၚေလွ်ာက္လွမ္းရန္ ဗိုလ္ခ်ဳပ္မႉးႀကီးဖိတ္ေခၚ
အန္စီေအ အပစ္ရပ္လက္မွတ္မထိုးရေသးတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ႕အေနနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြကို စြန႔္လႊတ္ၿပီး ၿငိမ္းခ်မ္းေရးလမ္းေၾကာင္းမွန္ေပၚ ေလွ်ာက္လွမ္းၾကဖို႔ တပ္မေ တာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ထပ္မံဖိတ္ေခၚလိုက္ပါတယ္
ႏိုဝင္ဘာ ၁၄ ရက္က ေနျပည္ေတာ္မွာ က်င္းပတဲ့ ျမန္မာႏိုင္ငံမွာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ဘာသာ ေပါင္းစုံ ၿငိမ္းခ်မ္းေရး ေဆြးေႏြးဝိုင္း မိန႔္ခြန္းမွာ ထည့္သြင္းေျပာ သြားတာပါ။
ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က “အန္စီေအစာခ်ဳပ္မွာ လက္မွတ္ေရးထိုးထားတဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြအေနနဲ႔ ႏိုင္ငံေတာ္နဲ႔ ႏိုင္ငံသားေတြရဲ႕ အက်ိဳးစီးပြားကို ေရွးရႈၿပီး မွန္ကန္တဲ့ ေမတၱာ၊ ေစတနာေတြနဲ႔ ေရွ႕ဆက္ေလွ်ာက္လွမ္းႏိုင္ၾကလိမ့္မယ္လို႔ ျပည္သူအမ်ားက ေမွ်ာ္လင့္ၾကသလို ပါဝင္လက္မွတ္ေရးထိုးရျခင္းမရွိေသးတဲ့ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕မေတြအေနနဲ႔ ၿငိမ္းခ်မ္းေရးရဲ႕ ဆန႔္က်င္ဘက္ဥပေဒျပင္ပ လုပ္ရပ္ေတြနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြကို စြန႔္လႊတ္၊ ျပည္သူ႔မ်က္ႏွာကိုသာ ေထာက္ ထားၿပီး ၿငိမ္းခ်မ္းေရး လမ္းေၾကာင္းမွန္ေပၚ ေလွ်ာက္လွမ္းၾကပါ”လို႔ ဖိတ္ေခၚသြားတာျဖစ္ပါတယ္။
ဒါ့အျပင္ ဘယ္ဘာသာကို ကိုးကြယ္ၾကသည္ျဖစ္ေစ အားလုံးဟာ ျမန္မာ ႏိုင္ငံသား “ျမန္မာ”ေတြသာျဖစ္လို႔ ျမန္မာစိတ္ေမြးၿပီး ႏိုင္ငံေတာ္အေပၚ သစၥာ ေစာင့္သိ ႐ိုေသၾကရမယ္၊ ယဥ္ေက်းမႈဓေလ့ ထုံးစံ၊ ဘာသာေရးဓေလ့ ထုံးစံေတြအေပၚ မွီျငမ္းေဆာင္႐ြက္ရျခင္းမ်ိဳး ရွိေကာင္းရွိမွာျဖစ္ေပမယ့္ မိမိ အယူအဆနဲ႔ မိမိ ေဆာင္႐ြက္ခ်က္ေတြဟာ ဘာသာေရးကို ခုတုံးလုပ္ၿပီး မတည္ မၿငိမ္ျဖစ္ေအာင္ မေဆာင္႐ြက္သင့္ေၾကာင္းနဲ႔ လႈံ႕ေဆာ္မႈမ်ိဳးကိုလည္း အားမေပးသင့္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးက ေျပာသြားပါတယ္။
အန္စီေအအပစ္ရပ္လက္နက္ကိုင္အဖြဲ႕တဖြဲ႕ျဖစ္တဲ့ပအိုဝ္းအမ်ိဳးသားလြတ္ေျမာက္ေရးအဖြဲ႕ခ်ဳပ္ ဦးေဆာင္နာယက ခြန္ဥကၠာကေတာ့ ႏိုင္ငံမွာ ေတြ႕ႀကဳံေနၾကရတဲ့ လက္နက္ကိုင္ ပဋိပကၡေတြဟာ ႏိုင္ငံေရးေၾကာင့္ ေပၚေပါက္လာရတဲ့ ႏိုင္ငံေရးျပႆနာမ်ားျဖစ္ေၾကာင္း၊ ပဋိပကၡမွာ ပါဝင္ၾကတဲ့ ဘက္ေပါင္းစုံက ႏိုင္ငံေရးနည္းနဲ႔ မေျဖရွင္းဘဲ လက္နက္အင္အားနဲ႔သာ ဗဟိုျပဳေျဖရွင္းေနၾကတာကို ဝမ္းနည္းဖြယ္ရာ ေတြ႕ျမင္ေနရပါေၾကာင္း၊ အထူးသျဖင့္ လက္နက္မဲ့/ အျပစ္မဲ့ ၾကားခံျပည္သူေတြကို ပစ္မွတ္ထားၿပီး စစ္ေရးအျပဳအမူေတြ ေဆာင္႐ြက္ေနၾကတာကို ေတြ႕ရလို႔ အထူးေၾကကြဲ ဝမ္းနည္းရေၾကာင္း ေျပာပါတယ္။
ဘာသာေပါင္းစုံေဆြးေႏြးပြဲမွာ အျပည္ျပည္ဆိုင္ရာဘာသာေပါင္းစုံၿငိမ္းခ်မ္းေမတၱာအဖြဲ႕ ပူးတြဲဥကၠ႒ ေအာက္စဖို႔ဒ္ဆရာေတာ္ ပါေမာကၡေဒါက္တာဘဒၵႏၲ ဓမၼသာမိကနဲ႔ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔လည္း မိန႔္ခြန္းေတြ ေျပာၾကားခဲ့ပါတယ္။
ေနျပည္ေတာ္မွာ ၿငိမ္းခ်မ္းေရးအတြက္ ဘာသာ ေပါင္းစုံေဆြးေႏြးပြဲေတြက်င္းပေနခ်ိန္မွာပဲ ရွမ္းျပည္နယ္နဲ႔ ရခိုင္ျပည္နယ္ထဲမွာေတာ့ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနပါတယ္။
====================================
END / 251