
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရခိုင္ျပည္နယ္ အတြင္းျဖစ္ပြားေနသည့္ တိုက္ပြဲ မ်ား၌ လူ႔အခြင့္အေရးခ်ိဳးေဖာက္ မႈမ်ားစြာရွိေသာ္လည္း ျမန္မာ ႏိုင္ငံလူ႔အခြင့္အေရး ေကာ္မရွင္ အေနျဖင့္ စုံစမ္းေဖာ္ထုတ္မႈ အား နည္းေၾကာင္း ရခိုင္ျပည္နယ္အမ်ိဳး သားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမင့္ႏိုင္က ေျပာၾကားသည္။
လူ႔အခြင့္အေရး ေကာ္မရွင္ ၏ ယခုႏွစ္ဇန္နဝါရီမွစက္တင္ဘာ၂၄ ရက္အထိေဆာင္႐ြက္ခဲ့ေသာ လုပ္ငန္းေဆာင္႐ြက္ခ်က္အစီရင္ ခံစာႏွင့္ပတ္သက္ၿပီး ႏိုဝင္ဘာ၁၃ရက္ကက်င္းပသည့္ ျပည္ေထာင္ စုလႊတ္ေတာ္တြင္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ေဆြးေႏြးစဥ္ ဦးျမင့္ႏိုင္က အထက္ပါအတိုင္း ေထာက္ျပေဆြးေႏြးခဲ့သည္။
‘‘ရခိုင္ျပည္နယ္ အတြင္း တိုက္ပြဲမ်ားျဖစ္ပြားေနသည့္ေနရာ မ်ားတြင္ လူ႔အခြင့္အေရးႏွင့္ ပတ္ သက္သည့္ ကိစၥရပ္မ်ား အမွန္ တကယ္ရွိေနသည္မွာလည္း ကြၽန္ ေတာ္တို႔ လႊတ္ေတာ္ကိုယ္စား လွယ္မ်ား မိမိမဲဆႏၵနယ္ေျမမ်ား ကြင္းဆင္းလိုက္သည္ႏွင့္ေတြ႕ျမင္ ေနရပါတယ္။ အခုလက္ရွိေကာ္ မရွင္၏ အစီရင္ခံစာမွာေတာ့ ရ ေသ့ေတာင္ၿမိဳ႕နယ္ ေက်ာက္တန္း ေက်း႐ြာ ကိစၥတစ္ခုပဲ ပါဝင္တာ ေတြ႕ရပါတယ္’’ဟု ဦးျမင့္ႏိုင္က ေျပာသည္။
ရခိုင္ျပည္နယ္အတြင္း လူ႔ အခြင့္အေရးႏွင့္ ပတ္သက္သည့္ ျဖစ္စဥ္မ်ားစြာရွိေနရာ ယခုႏွစ္အ တြင္း ေျမာက္ဦးၿမိဳ႕နယ္ ေအာက္ သားကန္ေက်း႐ြာ ပစ္ခတ္မႈ ေၾကာင့္ ခုနစ္ဦးဒဏ္ရာရရွိၿပီး ႏွစ္ ဦးေသဆုံးခဲ့ေၾကာင္း၊ ေျမာက္ဦး ၿမိဳ႕နယ္ ႐ြာေဟာင္းေတာေက်း႐ြာ တြင္ လက္နက္ႀကီးက်ည္ထိ၍ ေျခာက္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း၊ ေျမာက္ဦးၿမိဳ႕နယ္လကၠာေက်း႐ြာ ၁၉ ဦး ဖမ္းဆီးခံရမႈတြင္ စစ္ေဆး စဥ္ သုံးဦးေသဆုံးခဲ့မႈ၊ ရေသ့ ေတာင္ၿမိဳ႕နယ္ သမီးလွေက်း႐ြာ ပစ္ခတ္မႈတြင္ တစ္ဦးေသဆုံးခဲ့မႈ၊ ရေသ့ေတာင္ၿမိဳ႕နယ္ မင္းဖူးေက်း ႐ြာ ပစ္ခတ္မႈတြင္ တစ္ဦးေသဆုံး ၿပီး တစ္ဦးဒဏ္ရာရခဲ့ေၾကာင္း ၎ကေဆြးေႏြးသည္။
ထို႔ျပင္ ဘူးသီးေတာင္ၿမိဳ႕ နယ္ စည္ေတာင္ေက်း႐ြာပစ္ခတ္ မႈေၾကာင့္ ဗုံးခိုက်င္း၌ ပုန္းေအာင္း ေနသည့္ ႐ြာသားငါးဦးပြဲခ်င္းၿပီး ေသဆုံးခဲ့မႈ၊ ေက်ာက္ေတာ္ၿမိဳ႕ နယ္ ေျမာက္ေတာင္ ေက်း႐ြာပစ္ ခတ္မႈေၾကာင့္တစ္ဦး ေသဆုံးၿပီး တစ္ဦးဒဏ္ရာရမႈ၊ မင္းျပားၿမိဳ႕ နယ္ ပန္းေျမာင္းတြင္ လက္နက္ ႀကီးက်၍ သုံးဦးေသဆုံးမႈ၊ ေက်ာက္ေတာ္ၿမိဳ႕နယ္ မီးဝေက်း ႐ြာတြင္ လက္နက္ႀကီးက်ည္ ေပါက္ကြဲမႈေၾကာင့္ ငါးဦးေသဆုံး မႈစသည့္ ရခိုင္ျပည္နယ္အတြင္း ျဖစ္ပြားေနသည့္ စစ္ေရးပဋိပကၡ မ်ားေၾကာင့္ ေဒသခံမ်ား ထိခိုက္ ေသဆုံးမႈ အေျခအေနမ်ားကို လႊတ္ေတာ္သို႔ တင္ျပေဆြးေႏြးခဲ့ သည္။
‘‘တိုက္ပြဲျဖစ္ပြားေနသည့္ ေနရာမ်ားတြင္ လူ႔အခြင့္အေရးမရွိေတာ့ေလသလား ထင္ရပါတယ္။ တိုက္ပြဲျဖစ္ပြားေနသည့္ ေနရာ မ်ားတြင္ ေရာက္ရွိေနသည့္ အရပ္ သားျပည္သူမ်ား ေသဆုံးဒဏ္ရာ ရရွိမႈ၊ အရပ္သားျပည္သူမ်ားအ ေနျဖင့္ လူ႔အခြင့္အေရးမရွိေတာ့ သလို ျဖစ္ေနပါတယ္။ သံသယ ျဖင့္ ဖမ္းဆီးခံရတဲ့သူမ်ားထဲမွ လည္း စစ္ေဆးခံရစဥ္ေသဆုံးခဲ့ရ မႈ ဆယ္ေယာက္ေက်ာ္အထိရွိေန ခဲ့ပါတယ္’’ ဟု ဦးျမင့္ႏိုင္က ေျပာ သည္။
တိုက္ပြဲျဖစ္ပြား၍ ေက်း႐ြာလုံးကြၽတ္ ထြက္ေျပးခဲ့ရၿပီး ဒုကၡ သည္စခန္းမ်ားသို႔ ေရာက္ရွိေနသူ မ်ား၊ စာသင္ေက်ာင္းမ်ားသို႔ မ ေရာက္ႏိုင္သည့္ ကေလးသူငယ္ မ်ား၊ အင္တာနက္သုံးစြဲခြင့္မရ သည့္ျပည္သူမ်ား စသည့္အခ်က္ အလက္မ်ားႏွင့္ ပတ္သက္ၿပီး ေကာ္မရွင္၏ အစီရင္ခံစာတြင္ ေဖာ္ျပထားျခင္းမရွိဟု ေထာက္ျပ ၿပီးယင္းကိစၥမ်ားကို လူ႔အခြင့္အ ေရးေကာ္မရွင္အေနျဖင့္ အေလး ထား ေဆာင္႐ြက္ေပးသင့္သည္ ဟု ေဆြးေႏြးသည္။
‘‘ကြၽန္ေတာ္တို႔ ႏိုင္ငံအတြင္း လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး ႏိုင္ငံတကာမွေဝဖန္မႈမ်ား မရွိေစ ေရး ပြင့္လင္းျမင္သာစြာရွိရွိျဖင့္ စုံစမ္းေဖာ္ထုတ္ႏိုင္သည့္ ေကာ္မ ရွင္အျဖစ္ ေဆာင္႐ြက္ႏိုင္ေရး အစိုးရလႊမ္းမိုးမႈမပါသည့္ လြတ္ လပ္သည့္ ေကာ္မရွင္တစ္ရပ္အ ေနျဖင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္ ခံရမႈမ်ားကို လြတ္လပ္စြာစုံစမ္း ေဖာ္ထုတ္ၿပီး အျမန္ဆုံးေဆာင္ ႐ြက္ေပးသင့္ပါေၾကာင္း’’ ဟု လည္း ဦးျမင့္ႏိုင္က အႀကံျပဳတိုက္ တြန္းသည္။
တပ္မေတာ္ႏွင့္ ရခိုင္လက္ နက္ကိုင္အဖြဲ႕ (AA) တို႔အၾကား ရခိုင္ျပည္နယ္အတြင္းတိုက္ပြဲမ်ား ျပင္းထန္စြာ ျဖစ္ပြားေနသည္မွာ တစ္ႏွစ္ခန႔္ၾကာၿပီျဖစ္သည္။ စစ္ ေရး ပဋိပကၡမ်ားႏွင့္ ဆက္စပ္ၿပီး အရပ္ သားေသဆုံး၊ ဒဏ္ရာရရွိမႈ မ်ားစြာရွိခဲ့သည္။
ႏွစ္ဖက္လက္နက္ကိုင္အဖြဲ႕ မ်ားက သံသယျဖင့္ အရပ္သား မ်ားကို ဖမ္းဆီးထိန္းသိမ္းစစ္ေဆး ျခင္း၊ ဖမ္းဆီးခံရစဥ္ ေသဆုံးျခင္း မ်ားလည္း ရွိခဲ့သည္။
Unicode
တိုက်ပွဲကြောင့် ပြည်သူများထိခိုက်နစ်နာနေခြင်းအပေါ် လူ့အခွင့်အရေးကော်မရှင်စုံစမ်းဖော်ထုတ်မှုအားနည်းဟု ရခိုင်အမတ်ထောက်ပြ
ရခိုင်ပြည်နယ် အတွင်းဖြစ်ပွားနေသည့် တိုက်ပွဲ များ၌ လူ့အခွင့်အရေးချိုးဖောက် မှုများစွာရှိသော်လည်း မြန်မာ နိုင်ငံလူ့အခွင့်အရေး ကော်မရှင် အနေဖြင့် စုံစမ်းဖော်ထုတ်မှု အား နည်း ကြောင်း ရခိုင်ပြည်နယ်အမျိုး သားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်က ပြောကြားသည်။
လူ့အခွင့်အရေး ကော်မရှင် ၏ ယခုနှစ်ဇန်နဝါရီမှစက်တင်ဘာ၂၄ ရက်အထိဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်ချက်အစီရင် ခံစာနှင့်ပတ်သက်ပြီး နိုဝင်ဘာ၁၃ရက်ကကျင်းပသည့် ပြည်ထောင် စုလွှတ်တော်တွင် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးစဉ် ဦးမြင့်နိုင်က အထက်ပါအတိုင်း ထောက်ပြဆွေးနွေးခဲ့သည်။
‘‘ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်နေရာ များတွင် လူ့အခွင့်အရေးနှင့် ပတ် သက်သည့် ကိစ္စရပ်များ အမှန် တကယ်ရှိနေသည်မှာလည်း ကျွန် တော်တို့ လွှတ်တော် ကိုယ်စား လှယ်များ မိမိမဲဆန္ဒနယ်မြေများ ကွင်းဆင်းလိုက်သည်နှင့်တွေ့မြင် နေရပါတယ်။ အခုလက်ရှိကော် မရှင်၏ အစီရင်ခံစာမှာတော့ ရ သေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာ ကိစ္စတစ်ခုပဲ ပါဝင်တာ တွေ့ရပါတယ်’’ဟု ဦးမြင့်နိုင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ဖြစ်စဉ်များစွာရှိနေရာ ယခုနှစ်အ တွင်း မြောက်ဦးမြို့နယ် အောက်သားကန်ကျေးရွာ ပစ်ခတ်မှု ကြောင့် ခုနစ်ဦးဒဏ် ရာရရှိပြီး နှစ် ဦးသေဆုံးခဲ့ကြောင်း၊ မြောက်ဦး မြို့နယ် ရွာဟောင်းတောကျေးရွာ တွင် လက်နက်ကြီးကျည်ထိ၍ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ မြောက်ဦးမြို့နယ်လက္ကာကျေးရွာ ၁၉ ဦး ဖမ်းဆီးခံရမှု တွင် စစ်ဆေး စဉ် သုံးဦးသေဆုံးခဲ့မှု၊ ရသေ့ တောင်မြို့နယ် သမီးလှကျေးရွာ ပစ်ခတ်မှုတွင် တစ်ဦးသေဆုံးခဲ့မှု၊ ရသေ့တောင်မြို့နယ် မင်းဖူးကျေး ရွာ ပစ်ခတ်မှုတွင် တစ်ဦးသေဆုံး ပြီး တစ်ဦးဒဏ်ရာရခဲ့ကြောင်း ၎င်းကဆွေးနွေးသည်။
ထို့ပြင် ဘူးသီးတောင်မြို့ နယ် စည်တောင်ကျေးရွာပစ်ခတ် မှုကြောင့် ဗုံးခိုကျင်း၌ ပုန်းအောင်း နေသည့် ရွာသားငါးဦးပွဲချင်းပြီး သေဆုံးခဲ့မှု၊ ကျောက်တော်မြို့ နယ် မြောက်တောင် ကျေးရွာပစ် ခတ်မှုကြောင့်တစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရမှု၊ မင်းပြားမြို့ နယ် ပန်းမြောင်းတွင် လက်နက် ကြီးကျ၍ သုံးဦးသေဆုံးမှု၊ ကျောက်တော်မြို့နယ် မီးဝကျေး ရွာတွင် လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ငါးဦးသေဆုံး မှုစသည့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ များကြောင့် ဒေသခံများ ထိခိုက် သေဆုံးမှု အခြေအနေများကို လွှတ်တော်သို့ တင်ပြဆွေးနွေးခဲ့ သည်။
‘‘တိုက်ပွဲဖြစ်ပွားနေသည့် နေရာများတွင် လူ့အခွင့်အရေးမရှိတော့လေသလား ထင်ရပါတယ်။ တိုက်ပွဲဖြစ်ပွားနေသည့် နေရာ များတွင် ရောက်ရှိနေသည့် အရပ် သားပြည်သူများ သေဆုံးဒဏ် ရာ ရရှိမှု၊ အရပ်သားပြည်သူများအ နေဖြင့် လူ့အခွင့်အရေးမရှိတော့ သလို ဖြစ်နေပါတယ်။ သံသယ ဖြင့် ဖမ်းဆီးခံရတဲ့သူများထဲမှ လည်း စစ်ဆေးခံရစဉ်သေဆုံးခဲ့ရ မှု ဆယ်ယောက် ကျော်အထိရှိနေ ခဲ့ပါတယ်’’ ဟု ဦးမြင့်နိုင်က ပြော သည်။
တိုက်ပွဲဖြစ်ပွား၍ ကျေးရွာလုံးကျွတ် ထွက်ပြေးခဲ့ရပြီး ဒုက္ခ သည်စခန်းများသို့ ရောက်ရှိနေသူ များ၊ စာသင်ကျောင်းများသို့ မ ရောက်နိုင်သည့် ကလေးသူငယ် များ၊ အင်တာနက်သုံးစွဲခွင့်မရ သည့်ပြည်သူများ စသည့်အချက် အလက်များနှင့် ပတ်သက်ပြီး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားခြင်းမရှိဟု ထောက်ပြ ပြီးယင်းကိစ္စများကို လူ့အခွင့်အ ရေးကော်မရှင်အနေဖြင့် အလေး ထား ဆောင်ရွက်ပေးသင့်သည် ဟု ဆွေးနွေးသည်။
‘‘ကျွန်တော်တို့ နိုင်ငံအတွင်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှဝေဖန်မှုများ မရှိစေ ရေး ပွင့်လင်းမြင်သာစွာရှိရှိဖြင့် စုံစမ်းဖော်ထုတ်နိုင်သည့် ကော်မ ရှင်အဖြစ် ဆောင်ရွက်နိုင်ရေး အစိုးရလွှမ်းမိုးမှုမပါသည့် လွတ် လပ်သည့် ကော်မရှင်တစ်ရပ်အ နေဖြင့် လူ့အခွင့်အရေးချိုးဖောက် ခံရမှုများကို လွတ်လပ်စွာစုံစမ်း ဖော်ထုတ်ပြီး အမြန်ဆုံးဆောင် ရွက်ပေးသင့်ပါကြောင်း’’ ဟု လည်း ဦးမြင့်နိုင်က အကြံပြုတိုက် တွန်းသည်။
တပ်မတော်နှင့် ရခိုင်လက် နက်ကိုင်အဖွဲ့ (AA) တို့အကြား ရခိုင်ပြည်နယ်အတွင်းတိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေသည်မှာ တစ်နှစ်ခန့်ကြာပြီဖြစ်သည်။ စစ် ရေး ပဋိပက္ခများနှင့် ဆက်စပ်ပြီး အရပ်သားသေဆုံး၊ ဒဏ်ရာရရှိမှု များစွာရှိခဲ့သည်။
နှစ်ဖက်လက်နက်ကိုင်အဖွဲ့ များက သံသယဖြင့် အရပ်သား များကို ဖမ်းဆီးထိန်းသိမ်းစစ်ဆေး ခြင်း၊ ဖမ်းဆီးခံရစဉ် သေဆုံးခြင်း များလည်း ရှိခဲ့သည်။
====================================
END / 251