၁၆ နိုဝင်ဘာ ၂၀၁၉ - ၁၄:၁၅
အရႈံးေပၚေနသည့္ ႏိုင္ငံပိုင္စက္႐ုံမ်ားကို ပုဂၢလိက လႊဲေျပာင္းရာ၌ ျမန္ဆန္ထိေရာက္ေစေရးအတြက္ ဝန္ႀကီးဌာနႏွစ္ခု ေပါင္းစည္းျခင္းဟုဆို စက

အရႈံးေပၚေန သည့္ ႏိုင္ငံပိုင္စက္႐ုံမ်ားကို ပုဂၢလိက အသြင္ေျပာင္းရာ တြင္ ပိုမိုျမန္ဆန္ ထိေရာက္ႏိုင္ေစေရး စက္မႈဝန္ႀကီးဌာႏွင့္ စီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနတို႔ကို တစ္ ခုတည္းအျဖစ္ ေပါင္း စည္း ျခင္း ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာ ေရးဒုဝန္ႀကီး ဦးဆက္ေအာင္က ရွင္းလင္းသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

အရႈံးေပၚေန သည့္ ႏိုင္ငံပိုင္စက္႐ုံမ်ားကို ပုဂၢလိက အသြင္ေျပာင္းရာတြင္  ပိုမိုျမန္ဆန္ ထိေရာက္ႏိုင္ေစေရး စက္မႈဝန္ႀကီးဌာႏွင့္ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာနတို႔ကို တစ္ ခုတည္းအျဖစ္ ေပါင္း စည္းျခင္း ျဖစ္ေၾကာင္း စီမံကိန္းႏွင့္ဘ႑ာ ေရးဒုဝန္ႀကီး ဦးဆက္ေအာင္က ရွင္းလင္းသည္။

ထိုဝန္ႀကီးဌာနႏွစ္ခု ေပါင္း စည္းမည့္အစီအစဥ္ႏွင့္ ပက္ သက္၍ ႏိုင္ငံေတာ္သမၼတတာဝန္ ေပးခ်က္အရ ဦးဆက္ေအာင္က ႏိုဝင္ဘာ ၁၅ ရက္တြင္ က်င္းပ သည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္း အေဝး၌ ရွင္းလင္းတင္ျပ ခဲ့သည္။ လက္ရွိစက္မႈဝန္ႀကီးဌာန လက္ေအာက္တြင္ရွိသည့္ ႏိုင္ငံ ပိုင္စက္႐ုံ ၅၇ ႐ုံအနက္ စက္႐ုံ ေလး႐ုံသာ အျမတ္ျဖင့္လည္ပတ္ ေနၿပီး က်န္ ၅၄ ႐ုံမွာ အရႈံးေပၚ ေနေၾကာင္း ၎ကဆိုသည္။

ေဈးကြက္စီးပြားေရးစနစ္ႏွင့္ အညီ ႏိုင္ငံေတာ္၏ ထုတ္လုပ္မႈ ကို ျမႇင့္တင္ႏိုင္ေရး အဆိုပါအရႈံး ေပၚေနသည့္ စက္႐ုံမ်ားကို ပုဂၢလိကသို႔ စနစ္တက်လႊဲေျပာင္း ႏိုင္ရန္ အလြန္အေရးႀကီးေၾကာင္း၊ ပူး ေပါင္းဝန္ႀကီးဌာနအေနျဖင့္ ထို  လုပ္ငန္းမ်ား လုပ္ေဆာင္မည္ ျဖစ္ေၾကာင္း ဦးဆက္ေအာင္က လႊတ္ေတာ္၌ရွင္းျပသည္။

ထိုသို႔ ပုဂၢလိက လႊဲေျပာင္း ရာတြင္ အစုရွယ္ယာမ်ား၊ ပိုင္ ဆိုင္မႈမ်ား၊ အစိုးရ-ပုဂၢလိက ပူး ေပါင္းေဆာင္႐ြက္မႈ PPP စာခ်ဳပ္ မ်ားကို စီမံခန႔္ခြဲႏိုင္ရန္ႏွင့္ ဘ႑ာ ေငြယိုစီးမႈမ်ား နည္းပါးေစရန္ လိုအပ္ သည့္ ေဆာင္႐ြက္မႈမ်ား ကို ယခုပူးေပါင္းဖြဲ႕စည္းမည့္  ဝန္ႀကီးဌာနအေနျဖင့္ ေဆာင္ ႐ြက္ပါက ပိုမိုျမန္ဆန္ထိေရာက္ မည္ဟု ၎ကဆိုသည္။

လက္ရွိစက္မႈဝန္ႀကီးဌာန၏  ဖြဲ႕စည္းပုံမွာ ဗဟိုအုပ္ခ်ဳပ္သည့္စီး ပြားေရးစနစ္အတြက္ လိုအပ္ သည့္ အုပ္ခ်ဳပ္ေရးယႏၲရားမ်ား ႏွင့္ ေဈးကြက္စီးပြားေရးစနစ္ကို  အေကာင္အထည္ေဖာ္ရာတြင္ အ ေရးပါေသာ လုပ္ငန္းစဥ္မ်ားကို ေရာေထြးစြာ ဖြဲ႕စည္းထားသည္ကို  ေတြ႕ရေၾကာင္း ဦးဆက္ေအာင္က ေျပာသည္။

လက္ရွိႏိုင္ငံေတာ္၏ စီးပြား ေရးစနစ္သည္ ေဈးကြက္စီးပြား ေရးစနစ္ကို ဦးတည္ေနသျဖင့္ ထိုေဈးကြက္စီးပြားေရး စနစ္ကို အေကာင္အထည္ေဖာ္ႏိုင္မည့္ စက္မႈက႑ဆိုင္ရာမူဝါဒမ်ားႏွင့္ ႀကီးၾကပ္ မႈမ်ားကို ေဆာင္႐ြက္ႏိုင္ မည့္ ဖြဲ႕စည္းပုံအသစ္တစ္ခုသို႔  အသြင္ကူးေျပာင္းျခင္းသည္ အ လြန္အေရးႀကီးေၾကာင္း ၎က  ရွင္းလင္းသည္။

စက္မႈဝန္ႀကီးဌာန လက္ ေအာက္ရွိ စက္မႈလက္မႈလုပ္ငန္း မ်ား အသြင္ကူးေျပာင္းမႈလုပ္ငန္း စဥ္တြင္ အဓိကအားျဖင့္ အပိုင္း ႏွစ္ပိုင္းရွိၿပီး ပထမပိုင္းမွာစက္မႈ ဝန္ႀကီးဌာန လက္ေအာက္ရွိ ပုံ ေသပိုင္ ပစၥည္းမ်ားကို ပုဂၢလိက က႑သို႔ မဟာဗ်ဴဟာက်က် လႊဲ ေျပာင္းျခင္းျဖစ္ၿပီး ဒုတိယအပိုင္း မွာ စက္မႈလက္မႈလုပ္ငန္းမ်ားႏွင့္ SME အခန္းက႑ကို ထိေရာက္ စြာ ထိန္းေက်ာင္းျမႇင့္တင္ႏိုင္ေစ ရန္ မူဝါဒခ်မွတ္ျခင္း၊ ထိန္း ေက်ာင္းျခင္း၊ လူသားအရင္းအ ျမစ္ပ်ိဳးေထာင္ျခင္းမ်ားကို ထိ ေရာက္စြာ လုပ္ေဆာင္ႏိုင္ေသာ ဖြဲ႕စည္းပုံသို႔ အသြင္ကူးေျပာင္း ျခင္းတို႔ျဖစ္သည္ဟု ဦးဆက္ ေအာင္က ရွင္းလင္း သည္။

ဝန္ႀကီးဌာနႏွစ္ခု ေပါင္း စည္းျခင္း၏ အေျခခံမူဝါဒမွာ လက္ရွိ စက္မႈဝန္ႀကီးဌာနလက္ ေအာက္ရွိ စက္႐ုံ၊ အလုပ္႐ုံမ်ား  ကို ၎တို႔၏ မဟာဗ်ဴဟာအေရး ပါမႈႏွင့္ စီးပြားျဖစ္ရပ္တည္ႏိုင္မႈ  အေပၚ အေျခခံ၍ အုပ္စုခြဲျခား သတ္မွတ္ကာ အသြင္ကူးေျပာင္း မႈကို စနစ္တက်လုပ္ေဆာင္ရန္ ျဖစ္သည္ဟု ဦးဆက္ေအာင္က  ရွင္းလင္းသည္။

ဝန္ႀကီးဌာနႏွစ္ခု ပူးေပါင္း ဖြဲ႕စည္းျခင္းအားျဖင့္ စက္မႈဝန္ ႀကီးဌာန၏ ရပ္ဆိုင္းထားေသာ စက္႐ုံ၊ အလုပ္႐ုံမ်ားကို ေလ့လာ သုံးသပ္ခဲ့ေသာ ႏိုင္ငံေတာ္အတိုင္ ပင္ခံပုဂၢိဳလ္ဦးေဆာင္သည့္ ႏိုင္ငံ ေတာ္ စီးပြားေရးရာေပါင္းစပ္ ညႇိႏႈိင္းေရး ေကာ္မတီ (NECC) ႏွင့္ ပိုမိုနီးကပ္စြာ ခ်ိတ္ဆက္ ေဆာင္႐ြက္ႏိုင္မည္ဟု ဦးဆက္ ေအာင္ကေျပာသည္။

ထို႔အျပင္ စက္မႈဝန္ႀကီးဌာန လက္ေအာက္ရွိ ဝန္ထမ္းမ်ား သည္ ၎တို႔ကြၽမ္းက်င္မႈ၊ သ ေဘာဆႏၵမ်ားႏွင့္ ကိုက္ညီသည့္ လုပ္ငန္းတာဝန္မ်ားကို ဌာနသစ္ ျဖစ္ေသာ စက္မႈ၊ စီမံကိန္းႏွင့္ ဘ႑ာ ေရးဝန္ႀကီးဌာနအတြင္း ကူးေျပာင္းလုပ္ကိုင္ႏိုင္မည္ဟု  ဆိုသည္။

စက္မႈဝန္ႀကီး ဌာနလက္ ေအာက္တြင္ ဝန္ႀကီး႐ုံး၊ စက္မႈ ပူးေပါင္းေဆာင္႐ြက္ေရး ဦးစီး ဌာန၊ စက္မႈႀကီးၾကပ္ေရးႏွင့္စစ္ ေဆးေရးဦးစီးဌာနဟူ၍ ဦးစီးဌာန သုံးခုရွိၿပီး အမွတ္(၁) အႀကီးစား စက္မႈ လုပ္ငန္း၊ အမွတ္ (၂) အ ႀကီးစားစက္မႈလုပ္ငန္း၊ အမွတ္ (၃) အႀကီးစားစက္မႈလုပ္ငန္းႏွင့္ ျမန္မာ့ေဆးဝါးလုပ္ငန္းဟူ၍ လုပ္ ငန္းေလးခုရွိသည္။

စက္မႈပူးေပါင္းေဆာင္႐ြက္ ေရးဦးစီးဌာန လက္ေအာက္တြင္  ဝန္ထမ္းဦးေရ ၄၄၀ ခန႔္ရွိၿပီး ဌာန ၁၀ ခုျဖင့္ ဖြဲ႕စည္းထားကာ စက္မႈ ႀကီးၾကပ္ေရးႏွင့္ စစ္ေဆးေရးဦးစီး ဌာနလက္ေအာက္တြင္ ဝန္ထမ္း ၁,၄၈၆ ဦးရွိၿပီး ဌာန ၁၀ ခုျဖင့္ ဖြဲ႕စည္းထားေၾကာင္း ဦးဆက္ ေအာင္က လႊတ္ေတာ္၌ရွင္းလင္းသည္။

စက္မႈဝန္ႀကီးဌာန ျပည္ ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ခ်ိဳ ကို အစိုးရအဖြဲ႕မွ အနားေပးၿပီး ေလးလခန႔္အၾကာတြင္ ယခုကဲ့ သို႔ စက္မႈဝန္ႀကီးဌာနႏွင့္ စီမံကိန္း ႏွင့္ ဘ႑ာေရးဝန္ႀကီးကို တစ္ခု တည္း အျဖစ္ ျပင္ဆင္ေပါင္းစည္းရန္ စီစဥ္ျခင္းျဖစ္သည္။

ဦးခင္ေမာင္ခ်ိဳကို အနား ေပးၿပီးေနာက္ စက္မႈဝန္ႀကီးအ ျဖစ္ စီမံကိန္းႏွင့္ဘ႑ာေရးဝန္ ႀကီး ဦးစိုးဝင္းကတြဲဖက္ကိုင္တြယ္ ခဲ့သည္။ စက္မႈဝန္ႀကီးေဟာင္း  ဦးခင္ေမာင္ခ်ိဳကို ဇူလိုင္ ၂၇ ရက္တြင္ တာဝန္မွအနားေပးခဲ့ၿပီး ႏွစ္ပတ္ေက်ာ္အၾကာ ၾသဂုတ္ ၁၅ တြင္ စက္မႈဝန္ႀကီးဌာန ဒုတိယ ဝန္ႀကီးအျဖစ္ ေဒါက္တာမင္းရဲပိုင္ ဟိန္းကို ခန႔္အပ္တာဝန္ေပးခဲ့ သည္။

Unicode

အရှုံးပေါ်နေသည့် နိုင်ငံပိုင်စက်ရုံများကို ပုဂ္ဂလိက လွှဲပြောင်းရာ၌
မြန်ဆန်ထိရောက်စေရေးအတွက် ဝန်ကြီးဌာနနှစ်ခု ပေါင်းစည်းခြင်းဟုဆို
စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံ ၅၇ ရုံအနက် ၅၄ ရုံ အရှုံးပေါ်နေ

အရှုံးပေါ်နေ သည့် နိုင်ငံပိုင်စက်ရုံများကို ပုဂ္ဂလိက အသွင်ပြောင်းရာတွင်  ပိုမိုမြန်ဆန် ထိရောက်နိုင်စေရေး စက်မှုဝန်ကြီးဌာနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့ကို တစ် ခုတည်း အဖြစ် ပေါင်းစည်းခြင်း ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာ ရေးဒုဝန်ကြီး ဦးဆက်အောင်က ရှင်းလင်းသည်။

ထိုဝန်ကြီးဌာနနှစ်ခု ပေါင်း စည်းမည့်အစီအစဉ်နှင့် ပက် သက်၍ နိုင်ငံတော်သမ္မတတာဝန် ပေးချက်အရ ဦးဆက်အောင်က နိုဝင်ဘာ ၁၅ ရက်တွင် ကျင်းပ သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ရှင်းလင်းတင်ပြ ခဲ့သည်။ လက်ရှိစက်မှုဝန်ကြီးဌာန လက်အောက်တွင်ရှိသည့် နိုင်ငံ ပိုင်စက်ရုံ ၅၇ ရုံအနက် စက်ရုံ လေးရုံသာ အမြတ်ဖြင့်လည်ပတ် နေပြီး ကျန် ၅၄ ရုံမှာ အရှုံးပေါ် နေကြောင်း ၎င်းကဆိုသည်။

ဈေးကွက်စီးပွားရေးစနစ်နှင့် အညီ နိုင်ငံတော်၏ ထုတ်လုပ်မှု ကို မြှင့်တင်နိုင်ရေး အဆိုပါအရှုံး ပေါ်နေသည့် စက်ရုံများကို ပုဂ္ဂလိကသို့ စနစ်တကျလွှဲပြောင်း နိုင်ရန် အလွန်အ ရေးကြီးကြောင်း၊ ပူးပေါင်းဝန်ကြီးဌာနအနေဖြင့် ထို  လုပ်ငန်းများ လုပ်ဆောင်မည် ဖြစ်ကြောင်း ဦးဆက်အောင်က လွှတ်တော်၌ရှင်းပြသည်။

ထိုသို့ ပုဂ္ဂလိက လွှဲပြောင်း ရာတွင် အစုရှယ်ယာများ၊ ပိုင် ဆိုင်မှုများ၊ အစိုးရ-ပုဂ္ဂလိက ပူး ပေါင်းဆောင်ရွက်မှု PPP စာချုပ် များကို စီမံခန့်ခွဲနိုင်ရန်နှင့် ဘဏ္ဍာ ငွေယိုစီးမှုများ နည်း ပါးစေရန် လိုအပ်သည့် ဆောင်ရွက်မှုများ ကို ယခုပူးပေါင်းဖွဲ့စည်းမည့်  ဝန်ကြီးဌာနအနေဖြင့် ဆောင် ရွက်ပါက ပိုမိုမြန်ဆန်ထိရောက် မည်ဟု ၎င်းကဆိုသည်။

လက်ရှိစက်မှုဝန်ကြီးဌာန၏  ဖွဲ့စည်းပုံမှာ ဗဟိုအုပ်ချုပ်သည့်စီး ပွားရေးစနစ်အတွက် လိုအပ် သည့် အုပ်ချုပ်ရေးယန္တရားများ နှင့်ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အ ထည်ဖော်ရာ တွင် အ ရေးပါသော လုပ်ငန်းစဉ်များကို ရောထွေးစွာ ဖွဲ့စည်းထားသည်ကို  တွေ့ရကြောင်း ဦးဆက်အောင်က ပြောသည်။

လက်ရှိနိုင်ငံတော်၏ စီးပွား ရေးစနစ်သည် ဈေးကွက်စီးပွား ရေးစနစ်ကို ဦးတည်နေသဖြင့် ထိုဈေးကွက်စီးပွားရေး စနစ်ကို အကောင်အထည်ဖော်နိုင်မည့် စက်မှုကဏ္ဍဆိုင်ရာမူဝါဒများနှင့် ကြီးကြပ်မှုများကို ဆောင်ရွက်နိုင် မည့် ဖွဲ့စည်းပုံအသစ်တစ်ခုသို့  အသွင်ကူးပြောင်းခြင်းသည် အ လွန်အရေးကြီးကြောင်း ၎င်းက  ရှင်းလင်းသည်။

စက်မှုဝန်ကြီးဌာန လက် အောက်ရှိ စက်မှုလက်မှုလုပ်ငန်း များ အသွင်ကူးပြောင်းမှုလုပ်ငန်း စဉ်တွင် အဓိကအားဖြင့် အပိုင်း နှစ်ပိုင်းရှိပြီး ပထမပိုင်းမှာစက်မှု ဝန်ကြီးဌာန လက်အောက်ရှိ ပုံ သေပိုင်ပစ္စည်းများကို ပုဂ္ဂလိက ကဏ္ဍသို့ မဟာဗျူဟာကျကျ လွှဲ ပြောင်းခြင်းဖြစ်ပြီး ဒုတိယအပိုင်း မှာ စက်မှုလက်မှုလုပ်ငန်းများနှင့် SME အခန်းကဏ္ဍကို ထိရောက် စွာ ထိန်းကျောင်းမြှင့်တင်နိုင်စေ ရန် မူဝါဒချမှတ်ခြင်း၊ ထိန်း ကျောင်းခြင်း၊ လူသားအရင်းအ မြစ်ပျိုးထောင်ခြင်းများကို ထိ ရောက်စွာ လုပ်ဆောင်နိုင်သော ဖွဲ့စည်းပုံသို့ အသွင်ကူးပြောင်း ခြင်းတို့ဖြစ်သည်ဟု ဦးဆက် အောင်က ရှင်းလင်းသည်။

ဝန်ကြီးဌာနနှစ်ခု ပေါင်း စည်းခြင်း၏ အခြေခံမူဝါဒမှာ လက်ရှိ စက်မှုဝန်ကြီးဌာနလက် အောက်ရှိ စက်ရုံ၊ အလုပ်ရုံများ  ကို ၎င်းတို့၏ မဟာဗျူဟာအရေး ပါမှုနှင့် စီးပွားဖြစ်ရပ်တည် နိုင်မှု  အပေါ် အခြေခံ၍ အုပ်စုခွဲခြား သတ်မှတ်ကာ အသွင်ကူးပြောင်း မှုကို စနစ်တကျလုပ်ဆောင်ရန် ဖြစ်သည်ဟု ဦးဆက်အောင်က  ရှင်းလင်းသည်။

ဝန်ကြီးဌာနနှစ်ခု ပူးပေါင်း ဖွဲ့စည်းခြင်းအားဖြင့် စက်မှုဝန် ကြီးဌာန၏ ရပ်ဆိုင်းထားသော စက်ရုံ၊ အလုပ်ရုံများကို လေ့လာ သုံးသပ်ခဲ့သော နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် နိုင်ငံ တော် စီးပွားရေးရာပေါင်းစပ် ညှိနှိုင်းရေး ကော်မတီ (NECC) နှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက် ဆောင်ရွက်နိုင်မည်ဟု ဦးဆက် အောင်ကပြောသည်။

ထို့အပြင် စက်မှုဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများ သည် ၎င်းတို့ကျွမ်းကျင်မှု၊ သ ဘောဆန္ဒများနှင့် ကိုက်ညီသည့် လုပ်ငန်းတာဝန်များကို ဌာနသစ် ဖြစ်သော စက်မှု၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအတွင်း ကူးပြောင်းလုပ်ကိုင်နိုင်မည်ဟု  ဆိုသည်။

စက်မှုဝန်ကြီး ဌာနလက် အောက်တွင် ဝန်ကြီးရုံး၊ စက်မှု ပူးပေါင်းဆောင်ရွက်ရေး ဦးစီး ဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ် ဆေးရေးဦးစီးဌာနဟူ၍ ဦးစီးဌာန သုံးခုရှိပြီး အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း၊ အမှတ် (၂) အ ကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းနှင့် မြန်မာ့ဆေးဝါးလုပ်ငန်းဟူ၍ လုပ် ငန်းလေးခုရှိသည်။

စက်မှုပူးပေါင်းဆောင်ရွက် ရေးဦးစီးဌာန လက်အောက်တွင်  ဝန်ထမ်းဦးရေ ၄၄၀ ခန့်ရှိပြီး ဌာန ၁၀ ခုဖြင့် ဖွဲ့စည်းထားကာ စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာနလက်အောက်တွင် ဝန်ထမ်း ၁,၄၈၆ ဦးရှိပြီး ဌာန ၁၀ ခုဖြင့် ဖွဲ့စည်းထားကြောင်း ဦးဆက် အောင်က လွှတ်တော်၌ရှင်းလင်းသည်။

 စက်မှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးခင်မောင်ချို ကို အစိုးရအဖွဲ့မှ အနားပေးပြီး လေးလခန့်အကြာတွင် ယခုကဲ့ သို့ စက်မှုဝန်ကြီးဌာနနှင့် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးကို တစ်ခု တည်းအဖြစ် ပြင်ဆင်ပေါင်းစည်းရန် စီစဉ်ခြင်းဖြစ်သည်။

ဦးခင်မောင်ချိုကို အနား ပေးပြီးနောက် စက်မှုဝန်ကြီးအ ဖြစ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန် ကြီး ဦးစိုးဝင်းကတွဲဖက်ကိုင်တွယ် ခဲ့သည်။ စက်မှုဝန်ကြီးဟောင်း  ဦးခင်မောင်ချိုကို ဇူလိုင် ၂၇ ရက်တွင် တာဝန်မှအနားပေးခဲ့ပြီး နှစ်ပတ်ကျော်အကြာ သြဂုတ် ၁၅ တွင် စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ဒေါက်တာမင်းရဲပိုင် ဟိန်းကို ခန့်အပ်တာဝန်ပေးခဲ့ သည်။

====================================

END / 251