အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
အီရန်အစ္စလာမ်မစ်သမ္မတ နိုင်ငံ ၏ မြို့ တော် တီဟီရန်တွင် သန်းပေါင်းများစွာတက်ရောက်သည့် သောကြာနမာဇ် တွင် သောကြာနမာဇ်ရှေ့ဆောင် ဆရာတော် ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဲဟ်မဒ် ခါသေမီ အနေဖြင့် ဓာတ်ဆီ ဈေးနှုန်းများ မြင့်တက်သည့် ကိစ္စ နှင့်ပတ်သက်ပြီး အီရန် ပြုသူ လူထု ၏ ခံစားချက်စိတ်နေသဘောထား နှင့် စိတ်လှုပ်ရှားမှု ဘက်သို့ ညွှန်ပြ၍ အီရန် လက်ရှိ အစိုးရ အနေဖြင့် ကုန်ဈေးနှုန်း မြင့်တက်မှု ကို ထိန်းးချုပ် နိုင်ဖို့ နှင့် အီရန်ပြည်သူ လူထု ၏ စားဝတ်နေရေး အခက်အခဲ ပြဿနာ များကို ဖြေရှင်းပေး နိုင်ဖို့ ဂရုပြု သင့်ကြောင်း သောကြာခွသ်ဗာ တွင် မိန့်ကြားခဲ့ပါတယ်။
သောကြာနမာဇ်ရှေ့ဆောင် ဆရာတော် အနေဖြင့် ပြည်သူလူထု အတွက် ဝန်ဆောင်မှု ပြုပေးခြင်းသည် အလွန်တရာ ကြီးမားသည့် ဂုဏ်ဖြစ်ကြောင်း ၊ အလ္လာဟ် ဟို အရှင်မြတ် သခင်သည် မိမိ၏ကျေးကျွန် (အဖန်းဆင်းခံများ) အတွက် ဝန်ဆောင်မှု ပြုပေးသူအား သဘောကျ နှစ်မြို့ ကြောင်း မည်သူမဆို အလ္လာဟ် ဟို အရှင်မြတ် သခင်အား သဘောကျ နှစ်မြို့ အောင် ထားမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့် လည်း ၎င်း ဘက်မှ ရပ်တည်ပေးမည် ဖြစ်ကြောင်း ၊ လူကြီးမင်းတို့ အနေဖြင့် အလ္လာဟ်ဟို အရှင်မြတ် အား ကူညီဖေးမ မည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် သခင်အနေဖြင့် လည်း လူကြီးမင်းတို့ အား သက်တောင့်သက်သာရှိမှု နှင့် စိတ်အေးချမ်း သာယာ မှုကို ပေးသနားတော်မူမည် ဖြစ်ကြောင်း သောကြာခွသ်ဗာ တွင် မိန့် ကြားခဲ့ပါတယ်။
ဆရာတော် ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဲဟ်မဒ် ခါသေမီ အနေဖြင့် နိုင်ငံ အတွင်း လက်ရှိ မငြိမ်မသက် ဖြစ်ပေါ်နေသည့် ဘက်သို့ ညွှန်ပြ၍ အီရန် နိုင်ငံသူ ၊နိုင်ငံသားများ အနေဖြင့် သတိအသိ ရှိပြီး နိုးကြားမှုနှင့် အတူ ရန်သူများ၏ အကွက်ချစီစဉ်မှုများကို မအောင်မြင်အောင် ပြု ခဲ့ကြောင်း ၊ရန်သူများ အနေဖြင့် လည်း အီရန်နိုင်ငံ အတွင်း မတည်ငြိမ် အောင် မငြိမ်မသက်ဖြစ်အောင် ဆူပူအောင် ၃ နှစ်အလျှင်ကတည်းက မိမိတို့ ၏ အေဂျင်များ ဖြင့် ကြိုးပမ်းစေမှု ကိုဝန်ခံခဲ့ကြောင်း ငွေရေးကြေးရေး ကိစ္စ အတွက် ဆော်ဒီ မှ တာဝန်ယူ ဆောင်ရွက်ခဲ့ ပြီး အစီအစဉ်များ ကို အမေရိကန်မှ ချမှတ်ခဲ့ကြောင်း သို့သော် အီရန်ပြည်သူလူထု အနေဖြင့် အလွန် ကြီးမားသည့် သတိအသိဖြင့် ရန်သူများ၏ အိပ်မက်များ ကို ပျက်ပြား စေ ခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဆော်ဒီထက် ပိုမို၍ ကြီးမား သည့် မကောင်းဆိုးဝါး မှာ အမေရိကန် ဖြစ်ကြောင်း ၊ အီရန်ပြည်သူ လူထု နှင့် အတူ အလ္လာဟ် ဟို အရှင်မြတ် ရှိကြောင်း အီရန် ပြည်သူလူထု အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် ၏ အကူအညီအဖေးအမတော်ဖြင့် ရန်သူများ၏ မသန့်ရှင်းသည့် စီမံကိန်းမှန်သမျှ များ ကို မအောင်မြင် အောင် ပြုနိုင်ခဲ့ကြောင်း သောကြာခွသ်ဗာ တွင် ဟောကြားခဲ့ပါတယ်။
ဆရာတော် ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အဲဟ်မဒ် ခါသေမီ အနေဖြင့် အီရန် လက်ရှိ အစိုးရ အား အီရန်ပြည်သူ လူထု ၏ စားဝတ်နေရေး အခက်အခဲ ပြဿနာ များကို ဖြေရှင်းပေး နိုင်ဖို့ အစွမ်းကုန် ကြိုးစားပေးရန် သောကြာခွသ်ဗာ တွင် တိုက်တွန်း ဟောကြားခဲ့ပါတယ်။ အီရန် အစ္စလာမ်မစ်တော်လှန် ရေး ကို ကမ္ဘာပေါ် ရှိမည်သည့် အင်အား ကမျှ အောင်နိုင်မည် မဟုတ်ကြောင်း အကြောင်းမှာ အလ္လာဟ်ဟို အရှင် မြတ် အနေဖြင့် ကျောထောက် နောက်ခံ ပြုပေးနေသည့်အတွက် ဖြစ်ကြောင်း လည်း ဟောကြားခဲ့ပါတယ်။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
END / 251