အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ICJတြင္ ျမန္မာကို တရားစြဲဆိုမႈအေပၚတုံ႔ျပန္မည့္အေျခအေနကို အစိုးရအဖြဲ႕ထိပ္တန္းတာဝန္ရွိသူမ်ားအား ရွင္းလင္း တင္ျပေနစဥ္
အျပည္ျပည္ဆိုင္ ရာ တရား႐ုံး(ICJ)တြင္ တရားရင္ ဆိုင္မည့္အေရးႏွင့္ ပတ္သက္၍ ႏိုဝင္ဘာ ၂၃ရက္ နံနက္ပိုင္းတြင္ ႏိုင္ငံေတာ္သမၼတအိမ္ေတာ္၌ အရပ္ဘက္-စစ္ဘက္ ေခါင္း ေဆာင္မ်ားကို ျပည္ေထာင္စုဝန္ႀကီးႏွစ္ဦးကရွင္းလင္းခဲ့သည္။
အဆိုပါရွင္းလင္းပြဲသို႔ ႏိုင္ငံ ေတာ္သမၼတ ဦးဝင္းျမင့္၊ ႏိုင္ငံ ေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ေဒၚ ေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ မႉးႀကီးမင္းေအာင္လႈိင္ အပါအ ဝင္ ျပည္ ေထာင္စုဝန္ႀကီးမ်ား၊ တိုင္းေဒသႀကီး၊ ျပည္နယ္ဝန္ ႀကီးခ်ဳပ္မ်ား တက္ေရာက္ခဲ့သည္။
ICJ ၌ တရားစြဲဆိုခံရမႈအ ေျခအေန၊ ႏိုင္ငံေတာ္၏အတိုင္ ပင္ခံပုဂၢိဳလ္ ဦးေဆာင္သြားေရာက္ မည့္ကိစၥႏွင့္ ႏိုင္ငံတကာမွအ ေကာင္းဆုံးေရွ႕ေနမ်ား ငွားရမ္း ထားသည့္ အေျခအေနမ်ားကို ႏိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ အျပည္ျပည္ ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရး ဝန္ႀကီး ဦးေက်ာ္တင္တို႔က ရွင္း လင္းခဲ့သည္။
‘‘ေကာင္းပါတယ္။ ရွင္းတာ က ဘယ္လိုလုပ္ၾကမယ္ဆိုတာ။ အစီအစဥ္ေတြေပါ့။ တျခား ေျပာ စရာမရွိပါဘူး’’ ဟု ယင္းရွင္း လင္းပြဲသို႔ တက္ေရာက္ခဲ့သည့္ ကခ်င္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဒါက္ တာခက္ေအာင္က မွတ္ခ်က္ျပဳ သည္။ရွင္းလင္းပြဲသို႔ တပ္ခ်ဳပ္ႏွင့္ ဒုတပ္ခ်ဳပ္တို႔ တက္ေရာက္ခဲ့ၿပီး ရွင္းလင္းပြဲႏွင့္ပတ္သက္၍သီးျခားမွတ္ခ်က္ျပဳရန္ မရွိေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကား ေရးအဖြဲ႕အတြင္းေရးမႉး ဗိုလ္မႉး ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။
တစ္နာရီေက်ာ္ ၾကာျမင့္ သည့္ ရွင္းလင္းပြဲ၌ မည္သူကမွ် ေမးခြန္းေမးျမန္းျခင္း၊ ျဖည့္စြက္ ေဆြးေႏြးျခင္းမ်ား မျပဳေၾကာင္း ေဆြးေႏြးပြဲတက္ေရာက္ခဲ့သည့္ ဝန္ႀကီးခ်ဳပ္တစ္ဦးက ဆိုသည္။
Unicode
ICJ တွင်တရားစွဲဆိုမှု အရပ်ဘက်-စစ်ဘက်ခေါင်းဆောင်များကို ဝန်ကြီးနှစ်ဦး ရှင်းလင်း
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ICJတွင် မြန်မာကို တရားစွဲဆိုမှုအပေါ်တုံ့ပြန်မည့်အခြေအနေကို အစိုးရအဖွဲ့ထိပ်တန်းတာဝန်ရှိသူများအား ရှင်းလင်းတင်ပြနေစဉ်
အပြည်ပြည်ဆိုင် ရာ တရားရုံး(ICJ)တွင် တရားရင် ဆိုင်မည့်အရေးနှင့် ပတ်သက်၍ နိုဝင်ဘာ ၂၃ရက် နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတအိမ်တော်၌ အရပ်ဘက်-စစ်ဘက် ခေါင်း ဆောင်များကို ပြည်ထောင်စုဝန်ကြီးနှစ်ဦးကရှင်းလင်းခဲ့သည်။
အဆိုပါရှင်းလင်းပွဲသို့ နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင် အပါအ ဝင် ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ဝန် ကြီးချုပ်များ တက်ရောက်ခဲ့သည်။
ICJ ၌ တရားစွဲဆိုခံရမှုအ ခြေအနေ၊ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဦးဆောင်သွားရောက် မည့်ကိစ္စနှင့် နိုင်ငံတကာမှအ ကောင်းဆုံးရှေ့နေများ ငှားရမ်း ထားသည့် အခြေအနေများ ကို နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကျော်တင်တို့က ရှင်း လင်းခဲ့သည်။
‘‘ကောင်းပါတယ်။ ရှင်းတာ က ဘယ်လိုလုပ်ကြမယ်ဆိုတာ။ အစီအစဉ်တွေပေါ့။ တခြား ပြော စရာမရှိပါဘူး’’ ဟု ယင်းရှင်း လင်းပွဲသို့ တက်ရောက်ခဲ့သည့် ကချင်ပြည်နယ် ဝန်ကြီး ချုပ်ဒေါက် တာခက်အောင်က မှတ်ချက်ပြု သည်။ရှင်းလင်းပွဲသို့ တပ်ချုပ်နှင့် ဒုတပ်ချုပ်တို့ တက်ရောက်ခဲ့ပြီး ရှင်းလင်းပွဲနှင့်ပတ်သက်၍သီးခြားမှတ်ချက်ပြုရန် မရှိကြောင်း တပ်မ တော်သတင်းမှန် ပြန်ကြား ရေးအဖွဲ့အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောသည်။
တစ်နာရီကျော် ကြာမြင့် သည့် ရှင်းလင်းပွဲ၌ မည်သူကမျှ မေးခွန်းမေးမြန်းခြင်း၊ ဖြည့်စွက် ဆွေးနွေးခြင်းများ မပြုကြောင်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် ဝန်ကြီးချုပ်တစ်ဦးက ဆိုသည်။
====================================
END / 251
၂၄ နိုဝင်ဘာ ၂၀၁၉ - ၁၀:၅၁
News ID: 988923
ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္ တင့္ေဆြက ICJတြင္ ျမန္မာကို တရားစြဲဆိုမႈအေပၚတုံ႔ျပန္မည့္အေျခအေ နကို အစိုးရအဖြဲ႕ထိပ္တန္းတာဝန္ရွိသူမ်ားအား ရွင္းလင္း တင္ျပေနစဥ္