၂၄ နိုဝင်ဘာ ၂၀၁၉ - ၂၀:၀၃
ရဲဟ်ဗရ် အင်ကေလာဗ် မှ အာယာသွလ္လာဟ် မီးရ်မိုဟမ္မဒ်ဒီ ၏ အလ္လာဟ်အမိန့် ခံယူမှု အတွက် ဝမ်းနည်း သဝဏ်လွှာ ပေးပို့

ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ မှ သီလသမာဓိ ရှိသည့် ဟဇရသ် အာယာသွလ္လာဟ် ဟာဂ်ျ ဆရက်ဒ် အဗူလ်ဖွာစ်လ် မီးရ်မိုဟမ္မဒ်ဒီ ၏ အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့် ခံယူမှု အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ပါတယ် ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ

ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ မှ သီလသမာဓိ ရှိသည့် ဟဇရသ် အာယာသွလ္လာဟ် ဟာဂ်ျ ဆရက်ဒ် အဗူလ်ဖွာစ်လ် မီးရ်မိုဟမ္မဒ်ဒီ ၏ အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့် ခံယူမှု အတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ ခဲ့ပါတယ် ။

ရဲဟ်ဗရ် အင်ကေလာဗ် ဘက်မှ ပေးပို့ခဲ့သည့် ဝမ်းနည်း သဝဏ်လွှာ ၏ စာသားများ မှာ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

بسم الله الرحمن الرحیم

သီလသမာဓိ ရှိသည့် ဟဇရသ် အာယာသွလ္လာဟ် ဟာဂ်ျ ဆရက်ဒ် အဗူလ်ဖွာစ်လ် မီးရ်မိုဟမ္မဒ်ဒီ ၏ အလ္လာဟ်ဟို အရှင်မြတ် ၏ အမိန့် ခံယူမှု အတွက်မရ်ဟွန်မ်၏ ဆွေမျိုးသားချင်းများ ၊ သား သမီး များ နှင့် အခြားကျန်ရစ်သူ မိသားစုဝင်များ နှင့်မရ်ဟွန်မ်အား လေးစား ကြည်ညို ကြသူများ အားလုံး ၊မရ်ဟွန်မ်၏ မိတ်ဆွေများအားလုံး ကို ဝမ်းနည်း ကြောင်း ပြောကြားအပ်ပါသည် ။

ဤကြီးမားသည့် မရ်ဟွန်မ် အာလင်မ်ကြီး သည် ကျက်သရေမင်္ဂလာ ရှိသည့် မိမိဘဝ လမ်းကြောင်း ကို သီလ သမာဓိဖြင့် တန်ဆာဆင် ကုန်ဆုံးစေခဲ့ပါသည်။ အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ အတွက် ဝန်ဆောင်မှု အကျိုးပြုမှု ၏ အရင်းမြစ် လည်း ဖြစ်ခဲ့ပါသည်။ နှစ်ပေါင်းများစွာ မဂ်ျလစ်စေ ခိုဗ်ရ်ဂန် ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း ၊ ရှိုရာယေ အာလီယေ ကစာအီယေ ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း နှင့် တက္ကသိုလ် တွင် တာဝန်ခံ လူကြီး အဖြစ် လည်းကောင်း တာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

အလ္လာဟ်ဟို အရှင်မြတ် သခင်ထံတော်မှ မရ်ဟွန်မ် အတွက် မဂ်ဖေရသ် နှင့်ရဲဟ်မသ်ရရှိရန် ဟရှ်ရ် တွင် မိမိ၏ ဘိုးတော်များ (မိုဟမ္မဒ် (صلّی الله علیه وآله ) အာလေ့မိုဟမ္မဒ် (علیهم السّلام) ) တို့နှင့်အတူ ပြန်လည် ရှင်သန် ထမြောက် နိုင်ရန် ဒိုအာပြုပါသည်။

ဆရက်ဒ် အလီ ခါမေနာအီ

နိုဝင်ဘာလ ၂၄ ရက်နေ့ ၊ခရစ်သက္ကရာဇ် ၂၀၁၉        

 

တင်ပြရန် လိုအပ်သည့်အချက်မှာ မရ်ဟွန်မ် အတွက် မဂ်ျလစ် နှင့်ကုရ်အာန်ခွာနီ အား ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာအီ ဘက်မှ နိုဝင်ဘာလ ၂၅ ရက်နေ့ ခရစ်သက္က်ရစ် ၂၀၁၉ ခုနှစ် တနင်းလာနေ့ တွင် မဂ်ရစ်ဗ် နှင့်အေရှာ နမာဇ် အပြီး ဟဇရသ် မအ်စူမာယေကွမ်း (سلام الله علیها) ၏ ရောင်ဇာတော် တွင် ပြုလုပ်မည် ဖြစ်ပါသည်။

===============================================================

END / 251