
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ေဆးပညာကြၽမ္းက်င္မႈ ပုံတူေလ့က်င့္ေရးႏွင့္ သုေတသနဌာန (ရန္ကုန္)ကို ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဒီကေန႔ တက္ေရာက္ဖြင့္လွစ္လိုက္ပါတယ္။
ေဆးပညာကြၽမ္းက်င္မႈ ပုံတူေလ့က်င့္ေရးနဲ႔ သုေတသနဌာန(MEDICAL SKILL, SMULATION AND RESEARCH CENTER)ဟာ ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္ ၿမိဳ႕မေက်ာင္းလမ္းနဲ႔ မင္းရဲေက်ာ္စြာလမ္းေထာင့္မွာ တည္ရွိၿပီး ၈ ထပ္ အေဆာက္အအုံျဖစ္ပါတယ္။
အဆိုပါ ဌာနကို ေဆးလက္ေတြ႕ကုသမႈအတြက္လိုအပ္တဲ့ ကြၽမ္းက်င္မႈေတြ ေလ့က်င့္ႏိုင္ေရး၊ တကၠသိုလ္ေတြရဲ႕ ေဆးသုေတသနလုပ္ငန္းေတြ ပိုမိုတိုးခ်ဲ႕ေဆာင္႐ြက္ႏိုင္ေရး၊ ႏိုင္ငံတကာအဆင့္မီ ကြၽမ္းက်င္တတ္ေျမာက္တဲ့ ဆရာဝန္ေတြ ေမြးထုတ္ေပးေရး၊ ႏိုင္ငံတကာအဆင့္မီ ေလ့က်င့္ေရးဌာန ေပၚေပါက္လာေစေရး၊ လူနာေဘးကင္းလုံၿခဳံမႈ ပိုမိုရရွိေစေရး ရည္႐ြယ္ၿပီး ဖြင့္လွစ္တာ ျဖစ္ပါတယ္။
Unicode
ဆေးပညာသုတေသနဌာန နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ဖွင့်လှစ်
ဆေးပညာကျွမ်းကျင်မှု ပုံတူလေ့ကျင့်ရေးနှင့် သုတေသနဌာန (ရန်ကုန်)ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ တက်ရောက်ဖွင့်လှစ်လိုက်ပါတယ်။
ဆေးပညာကျွမ်းကျင်မှု ပုံတူလေ့ကျင့်ရေးနဲ့ သုတေသနဌာန(MEDICAL SKILL, SMULATION AND RESEARCH CENTER)ဟာ ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မြို့မကျောင်းလမ်းနဲ့ မင်းရဲကျော်စွာလမ်းထောင့်မှာ တည်ရှိပြီး ၈ ထပ် အဆောက်အအုံဖြစ်ပါတယ်။
အဆိုပါ ဌာနကို ဆေးလက်တွေ့ကုသမှုအတွက်လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ လေ့ကျင့်နိုင်ရေး၊ တက္ကသိုလ်တွေရဲ့ ဆေးသုတေသနလုပ်ငန်းတွေ ပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး၊ နိုင်ငံတကာအဆင့်မီ ကျွမ်းကျင်တတ်မြောက်တဲ့ ဆရာဝန်တွေ မွေးထုတ်ပေးရေး၊ နိုင်ငံတကာ အဆင့်မီလေ့ကျင့်ရေးဌာန ပေါ်ပေါက်လာစေရေး၊ လူနာဘေးကင်းလုံခြုံမှု ပိုမိုရရှိစေရေး ရည်ရွယ်ပြီး ဖွင့်လှစ်တာ ဖြစ်ပါတယ်။
====================================
END / 251