အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အျမန္ဆုံးေခၚယူေပးဖို႔ လႊတ္ေတာ္ေကာ္မတီ ၂ ခုရဲ႕ ကိုယ္စားလွယ္ေတြက လႊတ္ေတာ္ဥကၠ႒ဆီ လက္မွတ္ေရးထိုး ေတာင္းဆိုထားပါတယ္။
ရန္ကုန္တိုင္းလႊတ္ေတာ္အစည္းအေဝးကို စက္တင္ဘာလကတည္းက ရပ္နားထားခဲ့ၿပီး လႊတ္ေတာ္ေခၚယူေပးဖို႔ကို ဘ႑ာေရး၊စီမံကိန္းႏွင့္စီးပြားေရးေကာ္မတီနဲ႔ ျပည္သူ႔ေငြစာရင္း ေကာ္မတီတို႔က ကိုယ္စားလွယ္ေတြက ေတာင္းဆိုထားတာပါ။
ရန္ကုန္တိုင္းစာရင္းစစ္ခ်ဳပ္အစီရင္ခံစာကို စာရင္းစစ္ခ်ဳပ္က နဝမပုံမွန္အစည္းအေဝးထဲက လႊတ္ေတာ္နဲ႔အစိုးရကို ေပးပို႔ခဲ့ၿပီး ဒသမပုံမွန္အစည္းအေဝးအထိ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေဆြးေႏြး ခြင့္မရေသးတာေၾကာင့္ အျမန္ဆုံးေဆြးေႏြးႏိုင္ဖို႔ အခုလို တင္ျပတာလို႔ သိရပါတယ္။
တိုင္းစာရင္းစစ္ခ်ဳပ္အစီရင္ခံစာကို အရင္ႏွစ္ေတြက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ျဖန႔္ေဝခဲ့ၿပီး အခုႏွစ္မွာေတာ့ ကိုယ္စားလွယ္ေတြကို မေဝေတာ့ဘဲ ျပည္သူ႔ေငြစာရင္းေကာ္မတီရဲ႕ ေလ့လာ ေတြ႕ရွိခ်က္ အစီရင္ခံစာအေပၚကိုပဲ ေဆြးေႏြးခြင့္ ရရွိေတာ့မွာျဖစ္ပါတယ္။
၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအခန္း(၄)ပုဒ္မ ၁၇၉မွာ တိုင္းေဒသႀကီး(သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ေခၚယူေပးဖို႔ ကိုယ္စားလွယ္ဦးေရစုစုေပါင္းရဲ႕ ၄ပုံ၁ပုံက ေတာင္းဆိုရင္ လႊတ္ေတာ္ဥကၠ႒က အထူးအစည္းအေဝးကို အျမန္ဆုံးေခၚယူက်င္းပရမယ္လို႔ ျပ႒ာန္းထား ပါတယ္။
ရန္ကုန္တိုင္းလႊတ္ေတာ္မွာ ေ႐ြးေကာက္ခံကိုယ္စားလွယ္ ၉၂ ေယာက္၊ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ ၃၁ ေယာက္ စုစုေပါင္း ၁၂၃ ဦး ရွိပါတယ္။
Unicode
ရန်ကုန်တိုင်းလွှတ်တော် အမြန်ခေါ်ရန် လွှတ်တော်အမတ်များလက်မှတ်ထိုး တောင်းဆို
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အမြန်ဆုံးခေါ်ယူပေးဖို့ လွှတ်တော်ကော်မတီ ၂ ခုရဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်ဥက္ကဋ္ဌဆီ လက်မှတ်ရေးထိုး တောင်းဆိုထားပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေးကို စက်တင်ဘာလကတည်းက ရပ်နားထားခဲ့ပြီး လွှတ်တော်ခေါ်ယူပေးဖို့ကို ဘဏ္ဍာရေး၊စီမံကိန်းနှင့်စီးပွားရေးကော်မတီနဲ့ ပြည်သူ့ငွေစာရင်း ကော် မတီတို့က ကိုယ်စားလှယ်တွေက တောင်းဆိုထားတာပါ။
ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာကို စာရင်းစစ်ချုပ်က နဝမပုံမှန်အစည်းအဝေးထဲက လွှတ်တော်နဲ့အစိုးရကို ပေးပို့ခဲ့ပြီး ဒသမပုံမှန်အစည်းအဝေးအထိ လွှတ်တော်ကိုယ်စားလှယ် တွေ ဆွေးနွေးခွင့်မရသေးတာကြောင့် အမြန်ဆုံးဆွေးနွေးနိုင်ဖို့ အခုလို တင်ပြတာလို့ သိရပါတယ်။
တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာကို အရင်နှစ်တွေက လွှတ်တော်ကိုယ်စားလှယ်တွေကို ဖြန့်ဝေခဲ့ပြီး အခုနှစ်မှာတော့ ကိုယ်စားလှယ်တွေကို မဝေတော့ဘဲ ပြည်သူ့ငွေစာရင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက် အစီရင်ခံစာအပေါ်ကိုပဲ ဆွေးနွေးခွင့် ရရှိတော့မှာဖြစ်ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း(၄)ပုဒ်မ ၁၇၉မှာ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ခေါ်ယူပေးဖို့ ကိုယ်စားလှယ်ဦးရေစုစုပေါင်းရဲ့ ၄ပုံ၁ပုံက တောင်းဆိုရင် လွှတ်တော် ဥက္ကဋ္ဌက အထူးအစည်းအဝေးကို အမြန်ဆုံးခေါ်ယူကျင်းပရမယ်လို့ ပြဋ္ဌာန်းထား ပါတယ်။
ရန်ကုန်တိုင်းလွှတ်တော်မှာ ရွေးကောက်ခံကိုယ်စားလှယ် ၉၂ ယောက်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃၁ ယောက် စုစုပေါင်း ၁၂၃ ဦး ရှိပါတယ်။
====================================
END / 251
၂ ဒီဇင်ဘာ ၂၀၁၉ - ၁၇:၁၆
News ID: 990868
ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္ အျမန္ဆုံးေခၚယူေပးဖို႔ လႊတ္ေတာ္ ေကာ္မတီ ၂ ခုရဲ႕ ကိုယ္စားလွယ္ေတြက လႊတ္ေတာ္ဥကၠ႒ဆီ လက္ မွတ္ေရးထိုး ေတာင္းဆိုထားပါတယ္။