အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အစိုးရအေနနဲ႔ တာဝန္ယူမႈ၊ တာဝန္ခံမႈအျပည့္နဲ႔ ရခိုင္နဲ႔ ရွမ္းေျမာက္ လုံၿခဳံေရးကိစၥေတြကို ကာလုံအစည္းအေဝးအျမန္ေခၚၿပီး ေဆာင္႐ြက္သင့္တယ္လို႔ တပ္မေတာ္သားတဦးက ေျပာဆိုလိုက္ပါတယ္။
ဦးစိုင္းသန္းႏိုင္အပါအဝင္ ကိုယ္စားလွယ္ ၁၄၅ ဦးတင္သြင္းထားတဲ့ ဒုတိယအႀကိမ္ ဖြဲ႕စည္းပုံျပင္ဆင္ေရးဥပေဒၾကမ္းအေပၚ ပူးေပါင္းေကာ္တီရဲ႕ အစီရင္ခံကို ဒီဇင္ဘာ ၉ ရက္ေန႔ ျပည္ေထာင္စုလႊတ္ ေတာ္မွာ ေဆြးေႏြးၾကတာမွာ အခုလိုေျပာတာပါ။
တပ္မေတာ္အစိုးရအေနနဲ႔ လြတ္လပ္ေရးႀကိဳးပမ္းခဲ့တဲ့ကာလကစၿပီး ႏိုင္ငံေရးအေျခေနေတြ၊ ကာကြယ္ေရးႏွင့္ လုံၿခဳံေရး၊ အဘက္ဘက္က ယိမ္းယိုင္ေနတဲ့ စီးပြားေရး၊ အုပ္ခ်ဳပ္ေရးနဲ႔ တရား စီရင္ေရးအေျခေနေတြကို သင္ခန္းစာယူၿပီး ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒကို ေရးဆြဲျပ႒ာန္းခဲ့ၿပီး ဒီလို ေရးဆြဲခဲ့တဲ့ေနရာမွာ ႏိုင္ငံေတာ္ကို ထိန္းေက်ာင္းႏိုင္မယ့္ ေကာ္မတီတစ္ခုျဖစ္တဲ့ အမ်ိဳးသား ကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီကို ဖြဲ႕စည္းခဲ့တယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေက်ာ္စန္းလင္းက ဆိုပါတယ္။
ရခိုင္ျပည္နယ္အတြင္းမွာ ARSA နဲ႔ AA တို႔ရဲ႕တိုက္ခိုက္မႈေတြ၊ ရွမ္းျပည္ေျမာက္ပိုင္းေဒသမွာ TNLA၊ MNDAA၊ AA တို႔ရဲ႕ တိုက္ခိုက္မႈေတြနဲ႔ ပတ္သက္လို႔ ကာလုံေခၚယူၿပီး အၾကမ္းဖက္ ေသာင္း က်န္းသူေတြအျဖစ္ တရားဝင္ေၾကညာသင့္သလို၊ ၿမိဳ႕႐ြာေတြအတြင္း ဝင္ေရာက္လာတဲ့ ေသာင္းက်န္းသူေတြနဲ႔ အဖ်က္သမားေတြကို ေဖာ္ထုတ္ဖို႔ ဖ်က္သိမ္းထားတဲ့ ဧည့္စာရင္းဥပေဒနဲ႔ လုံၿခဳံေရး ဆိုင္ရာကန႔္သတ္ခ်က္ေတြကို ျပန္လည္ေဖာ္ေဆာင္ ေပးသင့္ တယ္လို႔ ေျပာပါတယ္။
“ေသာင္းက်န္းသူေတြရဲ႕ တိုက္ခိုက္မႈျဖစ္စဥ္တိုင္း တပ္မေတာ္က အျမန္ဆုံးလိုက္လံ တိုက္ခိုက္ ေခ်မႈန္းေနေပမယ့္ အစိုးရအေနနဲ႔ မည္သည့္ေဆာင္႐ြက္ခ်က္မွ လုပ္ေဆာင္ထားျခင္း မရွိေသးတာကို ေတြ႕ရပါတယ္။ ရခိုင္ျပည္နယ္အေရးဟာ တစ္ႏိုင္ငံလုံးအေရးမဟုတ္၊ ျပည္နယ္ေလး တစ္ခုရဲ႕ ျပႆနာျဖစ္တယ္လို႔ ယူဆခဲ့ရင္ ရခိုင္ျပည္နယ္မွာရွိတဲ့ အျခားအမတ္မင္းေတြနဲ႔ ျပည္နယ္ အစိုးရတာဝန္ရွိသူေတြ ထပ္ၿပီး အဖမ္းခံေနရဦးမွာပါပဲ။ ဒါေၾကာင့္ ရခိုင္ျပည္နယ္နဲ႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းေဒသေတြရဲ႕ လုံၿခဳံေရးကိစၥေတြကို ကာလုံအျမန္ဆုံးေခၚယူၿပီး အစိုးရက တာဝန္ယူမႈ၊ တာဝန္ခံမႈအျပည့္နဲ႔ ေဆာင္႐ြက္သြားသင့္ေၾကာင္း အႀကံျပဳအပ္ပါတယ္ “လို႔ ဗိုလ္မႉးခ်ဳပ္ ေက်ာ္စန္းလင္းက ေျပာပါတယ္။
တိုင္းေဒသႀကီး တစ္ခုပဲျဖစ္ျဖစ္၊ ျပည္နယ္တစ္ခုပဲျဖစ္ျဖစ္ မလုံၿခဳံရင္ ဒါမွမဟုတ္ မကာ ကြယ္ႏိုင္ရင္ ဒီမိုကေရစီဖက္ဒရယ္စနစ္ ေဖာ္ေဆာင္မႈကို ေႏွာင့္ေႏွးေစတာေၾကာင့္ ႏိုင္ငံေတာ္အေရးကိစၥေတြ အတြက္ ၂ လ တႀကိမ္ ကာလုံအစည္းအေဝး ေခၚသင့္တယ္လို႔ ဆိုပါတယ္။
အလားတူ တပ္မေတာ္သားကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ဗိုလ္မႉးႀကီး သန႔္ဇင္ကလည္း ကာလုံဟာ ႏိုင္ငံရဲ႕ကာကြယ္ေရး၊ လုံၿခဳံေရးကိစၥေတြကို ေတြ႕ဆုံေဆြးေႏြးညႇိႏႈိင္းဖို႔ Platform တစ္ခုျဖစ္ၿပီး ေျခဥက အခ်င္းခ်င္းတိုင္ပင္ေဆြးေႏြးဖို႔ လိုအပ္လို႔ ဖြဲ႕စည္းခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။
“အေျခခံဥပေဒက လိုအပ္လို႔ေဆာင္႐ြက္ရန္ ခ်မွတ္ထားေပမယ့္ လိုက္ပါေဆာင္႐ြက္မႈ မရွိတာ ေတြ႕ရွိရမွာ ျဖစ္ပါတယ္။ ဥပေဒျပဳေရးနဲ႔ အုပ္ခ်ဳပ္ေရးအႀကီးအကဲေတြဟာ ႏိုင္ငံေတာ္ရဲ႕ အသက္ျဖစ္တဲ့ အေျခခံဥပေဒက သတ္မွတ္တာကို အေကာင္အထည္ေဖာ္ ေဆာင္႐ြက္သင့္တယ္လို႔ သုံးသပ္ရပါတယ္ ” လို႔ ဗိုလ္မႉးႀကီး သန႔္ဇင္က ဆိုပါတယ္။
အခုလို ကာလုံေခၚသင့္တဲ့အခ်ိန္မွာ ေခၚရမယ့္ပုဂၢိဳလ္က မေခၚတဲ့အတြက္ အျခားအဖြဲ႕ဝင္ ေတြက ကာလုံေခၚေပးဖို႔ ေတာင္းဆိုခြင့္မရွိတဲ့အတြက္ ဦးစိုင္းသန္းႏိုင္အပါအဝင္ ကိုယ္စားလွယ္ ၁၄၅ ဦးက ဒုတိအႀကိမ္ ဖြဲ႕စည္းပုံျပင္ဆင္ေရးဥပေဒၾကမ္းကို ျဖည့္စြက္တင္သြင္းရျခင္းျဖစ္တယ္လို႔ ေျပာပါတယ္။
Unicode
ကာလုံအမြန်ခေါ်ယူဆောင်ရွက်ရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တိုက်တွန်း
အစိုးရအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ရခိုင်နဲ့ ရှမ်းမြောက် လုံခြုံရေးကိစ္စတွေကို ကာလုံအစည်းအဝေးအမြန်ခေါ်ပြီး ဆောင်ရွက်သင့်တယ်လို့ တပ်မတော်သားတဦးက ပြောဆို လိုက်ပါတယ်။
ဦးစိုင်းသန်းနိုင်အပါအဝင် ကိုယ်စားလှယ် ၁၄၅ ဦးတင်သွင်းထားတဲ့ ဒုတိယအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းအပေါ် ပူးပေါင်းကော်တီရဲ့ အစီရင်ခံကို ဒီဇင်ဘာ ၉ ရက်နေ့ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးကြတာမှာ အခုလိုပြောတာပါ။
တပ်မတော်အစိုးရအနေနဲ့ လွတ်လပ်ရေးကြိုးပမ်းခဲ့တဲ့ကာလကစပြီး နိုင်ငံရေးအခြေနေတွေ၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ အဘက်ဘက်က ယိမ်းယိုင်နေတဲ့ စီးပွားရေး၊ အုပ်ချုပ်ရေးနဲ့ တရား စီရင်ရေးအခြေနေတွေကို သင်ခန်းစာယူပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းခဲ့ပြီး ဒီလို ရေးဆွဲခဲ့တဲ့နေရာမှာ နိုင်ငံတော်ကို ထိန်းကျောင်းနိုင်မယ့် ကော်မတီတစ်ခုဖြစ်တဲ့ အမျိုး သား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖွဲ့စည်းခဲ့တယ်လို့ ဗိုလ်မှူးချုပ် ကျော်စန်းလင်းက ဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ ARSA နဲ့ AA တို့ရဲ့တိုက်ခိုက်မှုတွေ၊ ရှမ်းပြည်မြောက်ပိုင်းဒေသမှာ TNLA၊ MNDAA၊ AA တို့ရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ကာလုံခေါ်ယူပြီး အကြမ်းဖက် သောင်းကျန်းသူတွေအဖြစ် တရားဝင်ကြေညာသင့်သလို၊ မြို့ရွာတွေအတွင်း ဝင်ရောက်လာတဲ့ သောင်းကျန်းသူတွေနဲ့ အဖျက်သမားတွေကို ဖော်ထုတ်ဖို့ ဖျက်သိမ်းထားတဲ့ ဧည့်စာရင်းဥပဒေနဲ့ လုံခြုံရေးဆိုင်ရာကန့်သတ်ချက်တွေကို ပြန်လည်ဖော်ဆောင် ပေးသင့် တယ်လို့ ပြောပါတယ်။
“သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုဖြစ်စဉ်တိုင်း တပ်မတော်က အမြန်ဆုံးလိုက်လံ တိုက်ခိုက် ချေမှုန်းနေပေမယ့် အစိုးရအနေနဲ့ မည်သည့်ဆောင်ရွက်ချက်မှ လုပ်ဆောင်ထားခြင်း မရှိသေးတာကို တွေ့ရပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ တစ်နိုင်ငံလုံးအရေးမဟုတ်၊ ပြည်နယ်လေး တစ်ခုရဲ့ ပြဿနာဖြစ်တယ်လို့ ယူဆခဲ့ရင် ရခိုင်ပြည်နယ်မှာရှိတဲ့ အခြားအမတ်မင်းတွေနဲ့ ပြည်နယ် အစိုးရတာဝန်ရှိသူတွေ ထပ်ပြီး အဖမ်းခံနေရဦးမှာပါပဲ။ ဒါကြောင့် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွေရဲ့ လုံခြုံရေးကိစ္စတွေကို ကာလုံအမြန်ဆုံးခေါ်ယူပြီး အစိုးရက တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ ဆောင်ရွက်သွားသင့်ကြောင်း အကြံပြုအပ်ပါတယ် “လို့ ဗိုလ်မှူးချုပ် ကျော်စန်းလင်းက ပြောပါတယ်။
တိုင်းဒေသကြီး တစ်ခုပဲဖြစ်ဖြစ်၊ ပြည်နယ်တစ်ခုပဲဖြစ်ဖြစ် မလုံခြုံရင် ဒါမှမဟုတ် မကာ ကွယ်နိုင်ရင် ဒီမိုကရေစီဖက်ဒရယ်စနစ် ဖော်ဆောင်မှုကို နှောင့်နှေးစေတာကြောင့် နိုင်ငံတော်အရေး ကိစ္စတွေ အတွက် ၂ လ တကြိမ် ကာလုံအစည်းအဝေး ခေါ်သင့်တယ်လို့ ဆိုပါတယ်။
အလားတူ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူးကြီး သန့်ဇင်ကလည်း ကာလုံဟာ နိုင်ငံရဲ့ကာကွယ်ရေး၊ လုံခြုံရေးကိစ္စတွေကို တွေ့ဆုံဆွေးနွေးညှိနှိုင်းဖို့ Platform တစ် ခုဖြစ်ပြီး ခြေဥက အချင်းချင်းတိုင်ပင်ဆွေးနွေးဖို့ လိုအပ်လို့ ဖွဲ့စည်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
“အခြေခံဥပဒေက လိုအပ်လို့ဆောင်ရွက်ရန် ချမှတ်ထားပေမယ့် လိုက်ပါဆောင်ရွက်မှု မရှိတာ တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးအကြီးအကဲတွေဟာ နိုင်ငံတော်ရဲ့ အ သက်ဖြစ်တဲ့ အခြေခံဥပဒေက သတ်မှတ်တာကို အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့ သုံးသပ်ရပါတယ် ” လို့ ဗိုလ်မှူးကြီး သန့်ဇင်က ဆိုပါတယ်။
အခုလို ကာလုံခေါ်သင့်တဲ့အချိန်မှာ ခေါ်ရမယ့်ပုဂ္ဂိုလ်က မခေါ်တဲ့အတွက် အခြားအဖွဲ့ဝင် တွေက ကာလုံခေါ်ပေးဖို့ တောင်းဆိုခွင့်မရှိတဲ့အတွက် ဦးစိုင်းသန်းနိုင်အပါအဝင် ကိုယ်စားလှယ် ၁၄၅ ဦးက ဒုတိအကြိမ် ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းကို ဖြည့်စွက်တင်သွင်းရခြင်းဖြစ်တယ်လို့ ပြောပါတယ်။
====================================
END / 251
၉ ဒီဇင်ဘာ ၂၀၁၉ - ၁၇:၀၉
News ID: 992588
အစိုးရအေနနဲ႔ တာဝန္ယူမႈ၊ တာဝန္ခံမႈအျပည့္နဲ႔ ရခိုင္နဲ႔ ရွမ္းေျမာက္ လုံၿခဳံေရးကိစၥေတြကို ကာလုံအစည္းအေဝးအျမန္ေခၚၿပီး ေဆာင္႐ြက္ သင့္တယ္လို႔ တပ္မေတာ္သားတဦးက ေျပာဆိုလိုက္ပါတယ္။