၁၁ ဒီဇင်ဘာ ၂၀၁၉ - ၂၀:၂၆
ေဒါက္တာေအးေမာင္ႏွင့္ စာေရးဆရာ ေဝဟင္ေအာင္အမႈ အထူးအယူခံတင္သြင္းမႈ ေလွ်ာက္လဲခ်က္ေပး

ေဒါက္တာေအး ေမာင္ႏွင့္ စာေရးဆရာ ေဝဟင္ ေအာင္အမႈ အထူးအယူခံဝင္ခြင့္ ျပဳရန္ သင့္၊ မသင့္ႏွင့္ ပတ္သက္၍ ယမန္ ေန႔ (ဒီဇင္ဘာ ၁၀ ရက္) က ျပည္ေထာင္စုတရားလႊတ္ ေတာ္ ခ်ဳပ္႐ုံးတြင္ ေလွ်ာက္လဲခ်က္ေပး ခဲ့သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


 ေဒါက္တာေအး ေမာင္ႏွင့္ စာေရးဆရာ ေဝဟင္ ေအာင္အမႈ အထူးအယူခံဝင္ခြင့္ ျပဳရန္ သင့္၊ မသင့္ႏွင့္ ပတ္သက္၍ ယမန္ေန႔ (ဒီဇင္ဘာ ၁၀ ရက္) က ျပည္ေထာင္စုတရား လႊတ္ေတာ္ ခ်ဳပ္႐ုံးတြင္ ေလွ်ာက္လဲခ်က္ေပး ခဲ့သည္။

ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ဖြဲ႕စည္းထားသည့္ အစိုးရကို လက္နက္ကိုင္အၾကမ္းဖက္ နည္းလမ္း ျဖင့္ ၿဖိဳဖ်က္ရန္ ႀကိဳးပမ္းျခင္းမရွိဘဲ ေဟာေျပာခ်က္သက္သက္ျဖစ္ ေၾကာင္း ေလွ်ာက္လဲခ်က္ေပးခဲ့ သည္ဟု ေဒါက္တာေအးေမာင္ႏွင့္ စာေရးဆရာ ေဝဟင္ေအာင္တို႔၏ ေရွ႕ေနမ်ားက ေျပာသည္။ ထို႔အ ျပင္ ေဟာေျပာခ်က္မ်ားကို ဖုန္း ျဖင့္ အသံဖမ္းထားေသာ္လည္း တရားစြဲအဖြဲ႕က တင္ျပရာတြင္ မူရင္းဖုန္းကို မတင္ျပဘဲ စီဒီေခြ တစ္ခုသာ တင္ျပခဲ့ေၾကာင္း ေလွ်ာက္လဲခ်က္ေပးခဲ့သည္ဟု ၎တို႔က ဆိုသည္။

‘‘ျပည္ေထာင္စုတရားလႊတ္ ေတာ္ခ်ဳပ္က စုံညီခုံ႐ုံးနဲ႔ ျပန္လည္ ၾကားနာေပးဖို႔အတြက္ အထူး အယူခံေလွ်ာက္ထားတယ္။ အဲဒီ ေလွ်ာက္လႊာကို လက္ခံသင့္၊ မသင့္ ဒီေန႔ ေလွ်ာက္လဲခ်က္ေပး ရတာေပါ့’’ဟု ေဒါက္တာေအး ေမာင္ဘက္မွ တရားလႊတ္ေတာ္ ေရွ႕ေန ဦးခင္ႏုက ေျပာသည္။

လက္ရွိတြင္ အစိုးရေရွ႕ေန မ်ားက ေလွ်ာက္လဲခ်က္ ေပးစရာ မလိုေသးဘဲ အထူးအယူခံကို ၾကားနာရန္ တရားသူႀကီးက ဆုံး ျဖတ္မည္ျဖစ္ေၾကာင္း ၎က ရွင္း ျပသည္။

ေဒါက္တာေအးေမာင္ အမႈ အယူခံကို ျပည္နယ္တရားလႊတ္ ေတာ္ႏွင့္ ျပည္ေထာင္စုတရား လႊတ္ေတာ္တို႔က ၾကားနာသည့္အ ဆင့္သို႔ မေရာက္ဘဲ အယူခံတင္ သြင္းစဥ္မွာပင္ ပလပ္ခံခဲ့ရသည္။

ယင္းအမႈမ်ားကို လက္မခံ ဘဲ ပလပ္ခံရသည့္ အမိန႔္ကို ရရွိ ခဲ့သျဖင့္ စစ္ေတြခ႐ိုင္႐ုံးက ခ်မွတ္ ထားသည့္ အမိန႔္ႏွင့္ ပတ္သက္၍ အေၾကာင္းျခင္းရာအေပၚ ဥပေဒႏွင့္ ညီ၊ မညီကို ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္႐ုံးသို႔ အထူးအယူခံခြင့္ တင္သြင္းေလွ်ာက္ ထားရျခင္းျဖစ္ေၾကာင္း စာေရး ဆရာ ေဝဟင္ေအာင္၏ တရား လႊတ္ေတာ္ေရွ႕ေနက ေျပာသည္။

ေဒါက္တာေအးေမာင္ႏွင့္ စာေရးဆရာ ေဝဟင္ေအာင္တို႔ကို ရေသ့ေတာင္ၿမိဳ႕နယ္ရွိ ေဟာ ေျပာပြဲတစ္ခုတြင္ ေဟာေျပာခ်က္မ်ားႏွင့္ ပတ္သက္၍ ရခိုင္ျပည္နယ္အစိုးရက တရားစြဲဆိုကာ စစ္ေတြ ခ႐ိုင္တရား႐ုံးက ႏိုင္ငံေတာ္ အ ၾကည္ညိဳပ်က္ေစမႈ ပုဒ္မ ၅၀၅ (ခ)ႏွင့္ ႏိုင္ငံေတာ္ ပုန္ကန္မႈ ပုဒ္မ ၁၂၂ တို႔ျဖင့္ ေထာင္ဒဏ္ ၂၂ ႏွစ္ ခ်မွတ္ခဲ့သည္။

 ေဒါက္တာေအးေမာင္ကို အမိန႔္ခ်စဥ္က စစ္ေတြအက်ဥ္း ေထာင္၌ ထားရွိေသာ္လည္း ၿပီးခဲ့ သည့္ ဧၿပီလဆန္းတြင္ အင္းစိန္ အက်ဥ္းေထာင္သို႔ ေျပာင္းေ႐ႊ႕ခဲ့ သည္။

လက္ရွိတြင္ ေဒါက္တာေအး ေမာင္သည္ က်န္းမာေနၿပီး ျပင္ ဆင္မႈကို ခြင့္ျပဳ၍ လြတ္ေျမာက္ လာမည္ဟု ယုံၾကည္ေၾကာင္း ဦးခင္ႏုက ဆိုသည္။

Unicode

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အမှု အထူးအယူခံတင်သွင်းမှု လျှောက်လဲချက်ပေး

 ဒေါက်တာအေး မောင်နှင့် စာရေးဆရာ ဝေဟင် အောင်အမှု အထူးအယူခံဝင်ခွင့် ပြုရန် သင့်၊ မသင့်နှင့် ပတ်သက်၍ ယမန်နေ့ (ဒီဇင်ဘာ ၁၀ ရက်) က ပြည်ထောင်စုတရားလွှတ်တော် ချုပ်ရုံးတွင် လျှောက်လဲချက်ပေး ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားသည့် အစိုးရကို လက်နက်ကိုင်အကြမ်းဖက် နည်းလမ်း ဖြင့် ဖြိုဖျက်ရန် ကြိုးပမ်းခြင်းမရှိဘဲ ဟောပြောချက်သက်သက်ဖြစ် ကြောင်း လျှောက်လဲချက်ပေးခဲ့ သည်ဟု ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့၏ ရှေ့နေများက ပြောသည်။ ထို့အ ပြင် ဟောပြောချက်များကို ဖုန်း ဖြင့် အသံဖမ်းထားသော်လည်း တရားစွဲအဖွဲ့က တင်ပြရာတွင် မူရင်းဖုန်းကို မတင်ပြဘဲ စီဒီခွေ တစ်ခုသာ တင်ပြခဲ့ကြောင်း လျှောက်လဲချက်ပေးခဲ့သည်ဟု ၎င်းတို့က ဆိုသည်။

‘‘ပြည်ထောင်စုတရားလွှတ် တော်ချုပ်က စုံညီခုံရုံးနဲ့ ပြန်လည် ကြားနာပေးဖို့အတွက် အထူး အယူခံလျှောက်ထားတယ်။ အဲဒီ လျှောက်လွှာကို လက်ခံသင့်၊ မသင့် ဒီနေ့ လျှောက်လဲချက်ပေး ရတာပေါ့’’ဟု ဒေါက်တာအေး မောင်ဘက်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်နုက ပြောသည်။

လက်ရှိတွင် အစိုးရရှေ့နေ များက လျှောက်လဲချက် ပေးစရာ မလိုသေးဘဲ အထူးအယူခံကို ကြားနာရန် တရားသူကြီးက ဆုံး ဖြတ်မည်ဖြစ်ကြောင်း ၎င်းက ရှင်း ပြသည်။

ဒေါက်တာအေးမောင် အမှု အယူခံကို ပြည်နယ်တရားလွှတ် တော်နှင့် ပြည်ထောင်စုတရား လွှတ်တော်တို့က ကြားနာသည့်အ ဆင့်သို့ မရောက်ဘဲ အယူခံတင် သွင်းစဉ်မှာပင် ပလပ်ခံခဲ့ရသည်။

ယင်းအမှုများကို လက်မခံ ဘဲ ပလပ်ခံရသည့် အမိန့်ကို ရရှိ ခဲ့သဖြင့် စစ်တွေခရိုင်ရုံးက ချမှတ် ထားသည့် အမိန့်နှင့် ပတ်သက်၍ အကြောင်းခြင်းရာအပေါ် ဥပဒေနှင့် ညီ၊ မညီကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးသို့ အထူးအယူခံခွင့် တင်သွင်းလျှောက် ထားရခြင်းဖြစ်ကြောင်း စာရေး ဆရာ ဝေဟင်အောင်၏ တရား လွှတ်တော်ရှေ့နေက ပြောသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်ရှိ ဟော ပြောပွဲတစ်ခုတွင် ဟောပြောချက်များနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရက တရားစွဲဆိုကာ စစ်တွေ ခရိုင်တရားရုံးက နိုင်ငံတော် အ ကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နှင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ တို့ဖြင့် ထောင်ဒဏ် ၂၂ နှစ် ချမှတ်ခဲ့သည်။

 ဒေါက်တာအေးမောင်ကို အမိန့်ချစဉ်က စစ်တွေအကျဉ်း ထောင်၌ ထားရှိသော်လည်း ပြီးခဲ့ သည့် ဧပြီလဆန်းတွင် အင်းစိန် အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ သည်။

လက်ရှိတွင် ဒေါက်တာအေး မောင်သည် ကျန်းမာနေပြီး ပြင် ဆင်မှုကို ခွင့်ပြု၍ လွတ်မြောက် လာမည်ဟု ယုံကြည်ကြောင်း ဦးခင်နုက ဆိုသည်။

====================================

END / 251