၁၄ ဒီဇင်ဘာ ၂၀၁၉ - ၁၁:၃၀
လွ်ပ္စစ္က႑တြင္ သုံးႏွစ္ေက်ာ္အတြင္း က်ပ္ဘီလီယံ ၂,၃၀၀ ေက်ာ္အစိုးရ ရင္းႏွီးျမႇဳပ္ႏွံ

ဒီခ်ဳပ္အစိုးရလက္ထက္ သုံးႏွစ္ေက်ာ္အတြင္း လွ်ပ္စစ္ က႑ တြင္ ေငြက်ပ္ ၂,၃၂၇ ဘီလီ ယံေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ ႀကီး ဦးဝင္း ခိုင္ ကေျပာသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ဒီခ်ဳပ္အစိုးရလက္ထက္  သုံးႏွစ္ေက်ာ္အတြင္း လွ်ပ္စစ္ က႑တြင္ ေငြက်ပ္ ၂,၃၂၇ ဘီလီ ယံေက်ာ္ ရင္းႏွီးျမႇဳပ္ႏွံခဲ့ေၾကာင္း လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ ႀကီး ဦးဝင္းခိုင္ ကေျပာသည္။

လက္ရွိ အစိုးရသက္တမ္း အတြင္း လွ်ပ္စစ္မဂၢါဝပ္ ၉၀၀ ေက်ာ္ထုတ္လုပ္ၿပီး ၂၀၂၀ တြင္ မဂၢါဝပ္ ၁,၀၀၀ ထပ္မံတိုးထုတ္ မည္ဟု ဒီဇင္ဘာ ၁၃ ရက္ကေန ျပည္ေတာ္တြင္ျပဳ လုပ္သည့္ တစ္ႏိုင္ငံလုံး  လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ၅၀ ရာခိုင္ႏႈန္း ျပည့္ေျမာက္သည့္အခမ္းအနား၌ ျပည္ေထာင္စုဝန္ႀကီးကေျပာသည္။

အစိုးရတာဝန္ယူခ်ိန္က စ တင္ၿပီး ႏိုင္ငံ့ဘ႑ာရန္ပုံေငြမွ လွ်ပ္စစ္ဓာတ္အားအတြက္ အ သုံးစရိတ္ကို ဦးစားေပးခြဲေဝေပးခဲ့ ေၾကာင္း ယင္းအခမ္းအနား၌ ႏိုင္ ငံေတာ္သမၼတ ဦး ဝင္းျမင့္က အ ဖြင့္မိန႔္ခြန္း၌ ထည့္သြင္းေျပာၾကား သည္။

ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ ဓာတ္အားတိုးတက္သုံးစြဲမႈက ႏွစ္ စဥ္ ၁၅ ရာခိုင္ႏႈန္းမွ ၁၉ ရာခိုင္ ႏႈန္းအထိရွိသည္။ အစိုးရအေန ျဖင့္ တာဝန္စတင္ယူခ်ိန္က တစ္ ႏိုင္ငံလုံး၌ လွ်ပ္ စစ္ဓာတ္အားသုံး စြဲမႈ ၃၄ ရာခိုင္ႏႈန္းရွိေသာ္လည္း ၂၀၁၉ ဒီဇင္ဘာတြင္ သုံးစြဲမႈက ၅၀ ရာခိုင္ႏႈန္းတိုးတက္လာမည္ ျဖစ္ေၾကာင္း သမၼတဦးဝင္းျမင့္က ေျပာသည္။

လက္ရွိအစိုးရသက္တမ္းအ တြင္း ေရအားလွ်ပ္စစ္ဓာတ္အား ေပးစက္႐ုံ သုံး႐ုံ၊ အပူစြမ္းအင္ ဓာတ္အားေပးစက္႐ုံ ေျခာက္႐ုံ၊  ေနေရာင္ျခည္စြမ္းအင္သုံးဓာတ္  အားေပးစက္႐ုံ တစ္႐ုံ ဓာတ္အား ေပးစက္႐ုံ စုစုေပါင္း ၁၀ ႐ုံတည္ ေဆာက္ခဲ့သည္။

ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ ဓာတ္အားအတြက္ ရင္းႏွီးျမႇဳပ္ႏွံ ရန္ တစ္ႏွစ္လွ်င္ ကန္ေဒၚလာ ႏွစ္ ဘီလီယံခန႔္ သုံးစြဲရန္လိုအပ္သည္ ဟု စြမ္းအင္ပညာရွင္အခ်ိဳ႕က ေျပာသည္။

Unicode

လျှပ်စစ်ကဏ္ဍတွင် သုံးနှစ်ကျော်အတွင်း ကျပ်ဘီလီယံ ၂,၃၀၀ ကျော်အစိုးရ ရင်းနှီးမြှုပ်နှံ

ဒီချုပ်အစိုးရလက်ထက်  သုံးနှစ်ကျော်အတွင်း လျှပ်စစ် ကဏ္ဍတွင် ငွေကျပ် ၂,၃၂၇ ဘီလီ ယံကျော် ရင်းနှီးမြှုပ်နှံခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် ကပြောသည်။

လက်ရှိ အစိုးရသက်တမ်း အတွင်း လျှပ်စစ်မဂ္ဂါဝပ် ၉၀၀ ကျော်ထုတ်လုပ်ပြီး ၂၀၂၀ တွင် မဂ္ဂါဝပ် ၁,၀၀၀ ထပ်မံတိုးထုတ် မည်ဟု ဒီဇင်ဘာ ၁၃ ရက်ကနေ ပြည် တော်တွင်ပြုလုပ်သည့် တစ်နိုင်ငံလုံး  လျှပ်စစ်ဓာတ်အားသုံးစွဲမှု၅၀ ရာခိုင်နှုန်း ပြည့်မြောက်သည့်အခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးကပြောသည်။

အစိုးရတာဝန်ယူချိန်က စ တင်ပြီး နိုင်ငံ့ဘဏ္ဍာရန်ပုံငွေမှ လျှပ်စစ်ဓာတ်အားအတွက် အ သုံးစရိတ်ကို ဦးစားပေးခွဲဝေပေးခဲ့ ကြောင်း ယင်းအခမ်းအနား၌ နိုင် ငံတော် သမ္မတ ဦးဝင်းမြင့်က အ ဖွင့်မိန့်ခွန်း၌ ထည့်သွင်းပြောကြား သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ် ဓာတ်အားတိုးတက်သုံးစွဲမှုက နှစ် စဉ် ၁၅ ရာခိုင်နှုန်းမှ ၁၉ ရာခိုင် နှုန်းအထိရှိသည်။ အစိုးရအနေ ဖြင့် တာဝန်စတင်ယူချိန်က တစ် နိုင်ငံလုံး၌ လျှပ်စစ်ဓာတ်အားသုံး စွဲမှု ၃၄ ရာခိုင်နှုန်းရှိသော်လည်း ၂၀၁၉ ဒီဇင်ဘာတွင် သုံးစွဲမှုက ၅၀ ရာခိုင်နှုန်းတိုးတက်လာမည် ဖြစ်ကြောင်း သမ္မတ ဦးဝင်းမြင့်က ပြောသည်။

လက်ရှိအစိုးရသက်တမ်းအ တွင်း ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံ သုံးရုံ၊ အပူစွမ်းအင် ဓာတ်အားပေးစက်ရုံ ခြောက်ရုံ၊  နေရောင်ခြည်စွမ်းအင်သုံးဓာတ်  အား ပေးစက်ရုံ တစ်ရုံ ဓာတ်အား ပေးစက်ရုံ စုစုပေါင်း ၁၀ ရုံတည် ဆောက်ခဲ့သည်။

မြန်မာနိုင်ငံတွင် လျှပ်စစ် ဓာတ်အားအတွက် ရင်းနှီးမြှုပ်နှံ ရန် တစ်နှစ်လျှင် ကန်ဒေါ်လာ နှစ် ဘီလီယံခန့် သုံးစွဲရန်လိုအပ်သည် ဟု စွမ်းအင်ပညာရှင်အချို့က ပြောသည်။

====================================

END / 251