၁၄ ဒီဇင်ဘာ ၂၀၁၉ - ၁၂:၀၅
ႏိုင္ငံသိကၡာက်မည့္ကိစၥရပ္မ်ား မလုပ္ေဆာင္ရန္ ေဒၚေအာင္ဆန္းစုၾကည္ တိုက္တြန္း နယ္သာလန္ေအာက္လႊတ္ေတာ္သို႔ သြားေရာက္ရန္အစီအစဥ္ ပယ္ဖ်က္ခ

နယ္သာလန္ႏိုင္ငံသို႔ ေရာက္ရွိေနေသာ ေဒၚေအာင္ဆန္းစု ၾကည္သည္ လာေရာက္ဝန္းရံသည့္ ဥေရာပေရာက္ ျမန္မာအ သိုင္းအဝိုင္းမ်ားႏွင့္ ယမန္ေန႔က သည္ေဟ့ဂ္ၿမိဳ႕ရွိ ဟီလ္ တန္ဟို တယ္၌ ေတြ႕ဆုံခဲ့သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


နယ္သာလန္ႏိုင္ငံသို႔ ေရာက္ရွိေနေသာ ေဒၚေအာင္ဆန္းစုၾကည္သည္ လာေရာက္ဝန္းရံသည့္ ဥေရာပေရာက္ ျမန္မာအသိုင္းအဝိုင္းမ်ားႏွင့္ ယမန္ေန႔က သည္ေဟ့ဂ္ၿမိဳ႕ရွိ ဟီလ္ တန္ဟိုတယ္၌ ေတြ႕ဆုံခဲ့သည္။

ႏိုင္ငံသိကၡာက်မည့္ ကိစၥရပ္မ်ား မလုပ္ေဆာင္ရန္ႏွင့္ မိမိကိုယ္၏သိကၡာႏွင့္ ႏိုင္ငံ့သိကၡာ သည္ တစ္ထပ္တည္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစု ၾကည္က ယမန္ ေန႔တြင္ေျပာၾကားသည္။

အျပည္ျပည္ဆိုင္ရာတရား ႐ုံး(ICJ)၌ သုံးရက္ၾကာတရားရင္ ဆိုင္ေျဖရွင္းမႈမ်ားအၿပီး နယ္သာ လန္ႏိုင္ငံ သည္ေဟ့ဂ္ၿမိဳ႕၌ ဥေရာ ပေရာက္ ျမန္မာအသိုက္အဝန္း ႏွင့္ေတြ႕ဆုံစဥ္ ေဒၚေအာင္ဆန္းစု ၾကည္က ယင္းသို႔ ထည့္သြင္းမွာ ၾကားျခင္းျဖစ္သည္။

‘‘ဒီႏိုင္ငံကို ကူညီခ်င္ရင္ ပထမဆုံး ကိုယ့္ကိုယ္ကိုယ္တန္ဖိုး ရွိေအာင္ေနရမယ္။ အေမအၿမဲပဲ ေျပာတယ္။ ကိုယ့္ႏိုင္ငံသိကၡာက်မယ့္ အလုပ္မလုပ္နဲ႔။ ဘယ္ေတာ့မွ မလုပ္နဲ႔။ ေလာဘ၊ ေဒါသ၊ ေမာဟ ေဆာင္ၿပီးလုပ္လိုက္ရင္ ကိုယ့္ႏိုင္ငံသိကၡာက်မယ္။ ကိုယ့္ႏိုင္ငံသိကၡာက်ရင္ ကိုယ္သိကၡာက်မွာ။ ကိုယ့္ႏိုင္ငံသိကၡာနဲ႔ ကိုယ့္သိကၡာနဲ႔တစ္ထပ္တည္း ဆိုတာ အၿမဲမွတ္ထားပါ’’ ဟု ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္က ေျပာသည္။

ဆက္လက္၍ ေဒၚေအာင္ဆန္းစုၾကည္က တကယ့္မ်ိဳးခ်စ္ စိတ္ဆိုသည္မွာ တစ္ဖက္သားကို  မုန္းတီးျခင္းမဟုတ္သကဲ့သို႔ မိမိကိုယ္ကိုယ္ အမႊမ္းတင္ျခင္းလည္း မဟုတ္ေၾကာင္း ရွင္းျပခဲ့သည္။

‘‘ကိုယ့္သိကၡာကို မထိေစခ်င္သလို ကိုယ့္ႏိုင္ငံရဲ႕ သိကၡာကို လည္း မထိေစခ်င္တဲ့စိတ္ရွိရ မယ္။ကိုယ့္ႏိုင္ငံကိုမထိရင္ကိုယ့္ ကိုလည္း မထိဘူး’’ ဟု ေဒၚေအာင္ဆန္းစု ၾကည္က ဆိုသည္။

လက္ရွိ ျမန္မာႏိုင္ငံသည္ တိုးတက္ႏိုင္ေျခလမ္းစမ်ားေပၚ ေနသည့္ တစ္ၿပိဳင္နက္တြင္ စိန္ ေခၚမႈမ်ားလည္း ျဖစ္ေပၚလာၿပီး ယင္းကလည္း ေလာက၏သ ေဘာတရားပင္ျဖစ္ ေၾကာင္းႏွင့္ စိန္ေခၚမႈမ်ားကို အေကာင္းဆုံး နည္းျဖင့္ ရင္ဆိုင္ေက်ာ္လႊားမည္ ျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစု ၾကည္က  ဆက္လက္ေျပာသည္။

ဂမ္ဘီယာက ျမန္မာကို ဂ်ီႏို ဆိုက္ကြန္ဗင္းရွင္း ခ်ိဳးေဖာက္ သည္ဟူေသာစြပ္စြဲခ်က္ျဖင့္   အ ျပည္ျပည္ဆိုင္ရာတရား႐ုံး(ICJ)၌  ေလွ်ာက္ထားခဲ့ၿပီး အဆိုပါအမႈကို  ျမန္မာႏိုင္ ငံကိုယ္စားလွယ္အျဖစ္   ေဒၚေအာင္ဆန္းစုၾကည္က ဦး ေဆာင္ေျဖရွင္းမႈအေပၚ နယ္သာ လန္အထိ ျမန္မာႏိုင္ငံႏွင့္ ဥေရာပ  တစ္ဝန္းမွ လိုက္ပါသြားေရာက္ ေထာက္ခံသူမ်ား ကို ေက်းဇူးတင္ ေၾကာင္း ေျပာၾကားခဲ့သည္။

ICJ ၌ တရားရင္ဆိုင္ရာ တြင္ျဖစ္ေစ၊ မည္သည့္အေရးကိစၥ တြင္ျဖစ္ေစ ျမန္မာအစိုးရအေန ျဖင့္ မူအရ အခ်က္ႏွစ္ခုကို အေျခ ခံၿပီး ယင္းအခ်က္ႏွစ္ခုမွာ ႐ိုးသား ေျဖာင့္မတ္ မႈႏွင့္ ယဥ္ေက်းသိမ္ ေမြ႕မႈတို႔ျဖစ္ေၾကာင္း ေဒၚေအာင္ ဆန္းစုၾကည္က ေျပာသည္။

‘‘႐ိုင္းပ်တဲ့ စကားေတြမေျပာ ရဘူး။ အဲဒါဟာ ကိုယ့္ႏိုင္ငံကို ေရာင္ျပန္ဟပ္တယ္’’ ဟု ၎က ေျပာသည္။

ICJ တြင္ အမႈရင္ဆိုင္ရာ၌ ဂမ္ဘီယာေရွ႕ေနက ျမန္မာအစိုး ရသည္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ ဂ်ာ) မ်ားအေပၚ လူမ်ိဳးေရး၊ ဘာ သာေရးအရ ခြဲျခား႐ိုင္းျပသည့္ အသုံးအႏႈန္း မ်ားကို သည္းခံခြင့္ျပဳ ေပးေနသည္ဟု ေလွ်ာက္လဲတင္ သြင္းခဲ့ၿပီး ျမန္မာေရွ႕ေနက ယင္း သည္ ျမန္မာအစိုးရ၏ မူဝါဒ မဟုတ္ေၾကာင္း ျပန္လည္ေခ်ပခဲ့ ရသည္။

ထို႔အျပင္ ႏိုင္ငံေတာ္၏ အ တိုင္ပင္ခံပုဂၢိဳလ္သည္ ယမန္ေန႔ တြင္ သည္ေဟ့ဂ္ၿမိဳ႕ရွိ နယ္သာ လန္ေအာက္လႊတ္ေတာ္ Tweede Kamer သို႔ သြားေရာက္ရန္ စီစဥ္ ထားမႈကို ပယ္ဖ်က္ခဲ့ေၾကာင္း အမ္စတာဒမ္အေျခစိုက္ NL Timesက ယမန္ေန႔တြင္ေဖာ္ျပသည္။

မူလက ႏိုင္ငံေတာ္၏အတိုင္ ပင္ခံပုဂၢိဳလ္ႏွင့္ ေအာက္လႊတ္ ေတာ္ႏိုင္ငံျခားေရးရာေကာ္မတီ တို႔ေတြ႕ဆုံရန္ စီစဥ္ထားမႈကို ေဒၚေအာင္ဆန္းစုၾကည္၏ အစီ အစဥ္တြင္ မေမွ်ာ္ လင့္သည့္ ေျပာင္းလဲမႈျပဳလုပ္ခဲ့၍  ပယ္ဖ်က္ ရျခင္းျဖစ္ေၾကာင္း Tweede Kamer က ထုတ္ျပန္သည္ဟုဆို သည္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဦး ေဆာင္သည့္ ျမန္မာကိုယ္စား လွယ္အဖြဲ႕သည္ ယေန႔(ဒီဇင္ဘာ  ၁၄)ရက္ မြန္းလြဲပိုင္းတြင္ ေနျပည္ ေတာ္သို႔ ျပန္ လည္ေရာက္ရွိမည္ ျဖစ္သည္။

Unicode

နိုင်ငံသိက္ခာကျမည့်ကိစ္စရပ်များ မလုပ်ဆောင်ရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
နယ်သာလန်အောက်လွှတ်တော်သို့ သွားရောက်ရန်အစီအစဉ် ပယ်ဖျက်ခဲ့ဟုဆို

နယ်သာလန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် လာရောက်ဝန်းရံသည့် ဥရောပရောက် မြန်မာအသိုင်းအဝိုင်းများနှင့် ယမန်နေ့က သည်ဟေ့ဂ်မြို့ ရှိ ဟီလ်တန်ဟိုတယ်၌ တွေ့ဆုံခဲ့သည်။

နိုင်ငံသိက္ခာကျမည့် ကိစ္စရပ်များ မလုပ်ဆောင်ရန်နှင့် မိမိကိုယ်၏သိက္ခာနှင့် နိုင်ငံ့သိက္ခာ သည် တစ်ထပ်တည်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန် နေ့တွင်ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာတရား ရုံး(ICJ)၌ သုံးရက်ကြာတရားရင် ဆိုင်ဖြေရှင်းမှုများအပြီး နယ်သာ လန်နိုင်ငံ သည်ဟေ့ဂ်မြို့၌ ဥရော ပရောက် မြန်မာအသိုက်အဝန်း နှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစု ကြည်က ယင်းသို့ ထည့်သွင်းမှာ ကြားခြင်းဖြစ်သည်။

‘‘ဒီနိုင်ငံကို ကူညီချင်ရင် ပထမဆုံး ကိုယ့်ကိုယ်ကိုယ်တန်ဖိုး ရှိအောင်နေရမယ်။ အမေအမြဲပဲ ပြောတယ်။ ကိုယ့်နိုင်ငံသိက္ခာကျမယ့် အလုပ်မလုပ်နဲ့။ ဘယ်တော့မှ မလုပ်နဲ့။ လောဘ၊ ဒေါသ၊ မောဟ ဆောင်ပြီးလုပ်လိုက်ရင် ကိုယ့်နိုင်ငံသိက္ခာကျမယ်။ ကိုယ့်နိုင်ငံသိက္ခာကျရင် ကိုယ်သိက္ခာကျမှာ။ ကိုယ့်နိုင်ငံသိက္ခာနဲ့ ကိုယ့် သိက္ခာနဲ့တစ်ထပ်တည်းဆိုတာ အမြဲမှတ်ထားပါ’’ ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

ဆက်လက်၍ ဒေါ်အောင် ဆန်းစုကြည်က တကယ့်မျိုးချစ် စိတ်ဆိုသည်မှာ တစ်ဖက်သားကို  မုန်းတီးခြင်းမဟုတ်သကဲ့သို့ မိမိ ကိုယ်ကိုယ် အမွှမ်းတင်ခြင်းလည်း မဟုတ်ကြောင်း ရှင်းပြခဲ့သည်။

‘‘ကိုယ့်သိက္ခာကို မထိစေ ချင်သလို ကိုယ့်နိုင်ငံရဲ့ သိက္ခာကို လည်း မထိစေချင်တဲ့စိတ်ရှိရ မယ်။   ကိုယ့်နိုင်ငံကိုမထိရင်ကိုယ့် ကိုလည်း မထိဘူး’’ ဟု ဒေါ်အောင် ဆန်းစုကြည်က ဆိုသည်။

လက်ရှိ မြန်မာနိုင်ငံသည် တိုးတက်နိုင်ခြေလမ်းစများပေါ် နေသည့် တစ်ပြိုင်နက်တွင် စိန် ခေါ်မှုများလည်း ဖြစ်ပေါ်လာပြီး ယင်းကလည်း လောက၏သ ဘောတရားပင် ဖြစ်ကြောင်းနှင့် စိန်ခေါ်မှုများကို အကောင်းဆုံး နည်းဖြင့် ရင်ဆိုင်ကျော်လွှားမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစု ကြည်က  ဆက်လက်ပြောသည်။

ဂမ်ဘီယာက မြန်မာကို ဂျီနို ဆိုက်ကွန်ဗင်းရှင်း ချိုးဖောက် သည်ဟူသောစွပ်စွဲချက်ဖြင့်   အ ပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌  လျှောက်ထားခဲ့ပြီး အဆိုပါအမှုကို  မြန် မာနိုင်ငံကိုယ်စားလှယ်အဖြစ်   ဒေါ်အောင်ဆန်းစုကြည်က ဦး ဆောင်ဖြေရှင်းမှုအပေါ် နယ်သာ လန်အထိ မြန်မာနိုင်ငံနှင့် ဥရောပ  တစ်ဝန်းမှ လိုက်ပါသွားရောက် ထောက်ခံသူများကို ကျေးဇူးတင် ကြောင်း ပြောကြားခဲ့သည်။

ICJ ၌ တရားရင်ဆိုင်ရာ တွင်ဖြစ်စေ၊ မည်သည့်အရေးကိစ္စ တွင်ဖြစ်စေ မြန်မာအစိုးရအနေ ဖြင့် မူအရ အချက်နှစ်ခုကို အခြေ ခံပြီး ယင်းအချက်နှစ်ခုမှာ ရိုးသား ဖြောင့်မတ်မှုနှင့် ယဉ်ကျေးသိမ် မွေ့မှုတို့ဖြစ်ကြောင်း ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

‘‘ရိုင်းပျတဲ့ စကားတွေမပြော ရဘူး။ အဲဒါဟာ ကိုယ့်နိုင်ငံကို ရောင်ပြန်ဟပ်တယ်’’ ဟု ၎င်းက ပြောသည်။

ICJ တွင် အမှုရင်ဆိုင်ရာ၌ ဂမ်ဘီယာရှေ့နေက မြန်မာအစိုး ရသည် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင် ဂျာ) များအပေါ် လူမျိုးရေး၊ ဘာ သာရေးအရ ခွဲခြားရိုင်းပြသည့် အသုံးအနှုန်းများကို သည်းခံခွင့်ပြု ပေးနေသည်ဟု လျှောက်လဲတင် သွင်းခဲ့ပြီး မြန်မာရှေ့နေက ယင်း သည် မြန်မာအစိုးရ၏ မူဝါဒ မဟုတ်ကြောင်း ပြန်လည်ချေပခဲ့ ရသည်။

ထို့အပြင် နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ်သည် ယမန်နေ့ တွင် သည်ဟေ့ဂ်မြို့ရှိ နယ်သာ လန်အောက်လွှတ်တော် Tweede Kamer သို့ သွားရောက်ရန် စီစဉ် ထားမှုကို ပယ်ဖျက်ခဲ့ကြောင်း အမ်စတာဒမ်အခြေစိုက် NL Timesက ယမန်နေ့တွင်ဖော်ပြသည်။

မူလက နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်နှင့် အောက်လွှတ် တော်နိုင်ငံခြားရေးရာကော်မတီ တို့တွေ့ဆုံရန် စီစဉ်ထားမှုကို ဒေါ်အောင်ဆန်းစုကြည်၏ အစီ အစဉ်တွင် မမျှော်လင့်သည့် ပြောင်းလဲမှုပြုလုပ်ခဲ့၍  ပယ်ဖျက် ရခြင်းဖြစ်ကြောင်း Tweede Kamer က ထုတ်ပြန်သည်ဟုဆို သည်။

နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦး ဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ယနေ့(ဒီဇင်ဘာ  ၁၄)ရက် မွန်းလွဲပိုင်းတွင် နေပြည် တော် သို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

====================================

END / 251