အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ေ႐ြးေကာက္ပြဲဆိုင္ရာ သတင္းအမွားေတြ၊ အမုန္းစကားေတြနဲ႔ သတင္းအတုအေယာင္ေတြ ကာကြယ္တားဆီးဖို႔ အစီအစဥ္ေတြနဲ႔ ပတ္သက္ၿပီး ျပည္ေထာင္စုေ႐ြးေကာက္ ပြဲေကာ္မရွင္ ဥကၠ႒ ဦးလွသိန္းနဲ႔ ေဖ့စ္ဘြတ္ခ္ကုမၸဏီရဲ႕ အေရွ႕ေတာင္အာရွဆိုင္ရာ ျပည္သူ႔ေရးရာမူဝါဒ ဒါ႐ိုက္တာ ရဖဲလ္ဖရန္ကယ္လို႔ ေတြ႕ဆုံေဆြးေႏြးၾကပါတယ္။
ဒီဇင္ဘာ ၁၈ ရက္ မနက္ ၁၀ နာရီက ေနျပည္ေတာ္ရွိ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠ႒႐ုံး အစည္းအေဝးခန္းမမွာ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတာလို႔ ေကာ္မရွင္ကသ တင္းထုတ္ျပန္ပါတယ္။
ေတြ႕ဆုံရာမွာ ၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ေ႐ြးေကာက္ပြဲဆိုင္ရာ ျပည္သူလူထုအသိပညာေပးျခင္းနဲ႔ မဲဆႏၵရွင္အသိပညာေပးျခင္းတို႔အတြက္ ေဖ့စ္ ဘြတ္ခ္မွ ကူညီေဆာင္႐ြက္ေပးႏိုင္မည့္လုပ္ငန္းစဥ္ေတြေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။
ေတြ႕ဆုံပြဲကို ေကာ္မရွင္အဖြဲ႕ဝင္နဲ႔ ေကာ္မရွင္႐ုံးက တာဝန္ရွိသူမ်ား တက္ေရာက္ခဲ့ၾကၿပီး ေဆြးေႏြးတဲ့အေၾကာင္းအရာအေသးစိတ္နဲ႔ ေရွ႕ဆက္လုပ္ေဆာင္မယ့္ အစီအစဥ္ေတြ ကိုေတာ့ သတင္းမွာ ေဖာ္ျပထားျခင္းမရွိေသးပါဘူး။
၂၀၂၀ ေ႐ြးေကာက္ပြဲနီး လာတာနဲ႔အမွ် ေဖ့စ္ဘြတ္ခ္ကိုအသုံးျပဳၿပီး ႏိုင္ငံေရးပါတီအလိုက္ မဲဆြယ္စည္း႐ုံးဖို႔အတြက္ နည္းလမ္းတစ္ခုအေနနဲ႔ အသုံးျပဳလာၾကတာ မ်ားလာ ေနပါတယ္။
ေဖ့စ္ဘြတ္ခ္ေပၚကေန မဲဆြယ္စည္း႐ုံးတာေတြကို ေ႐ြးေကာက္ပြဲေကာ္မရွင္အပါအဝင္သ သက္ဆိုင္ရာတာဝန္ရွိ အဖြဲ႕အစည္းေတြအေနနဲ႔ ထိန္းခ်ဳပ္ဖို႔လိုေနၿပီလို႔ ႏိုင္ငံေရးပါတီ တခ်ိဳ႕နဲ႔ ေ႐ြးေကာက္ပြဲေလ့လာေစာင့္ၾကည့္ေနသူေတြက ေျပာပါတယ္။
၂၀၂၀ ျပည့္ႏွစ္ အေထြေထြေ႐ြးေကာက္ပြဲကို ဘယ္လပိုင္းမွာ က်င္းပမယ္ဆိုတာကိုေတာ့ ျပည္ေထာင္စုေ႐ြးေကာက္ပြဲ ေကာ္မရွင္က ထုတ္ျပန္ေၾကညာျခင္းမရွိေသးပါဘူး။
Unicode
သတင်းတုများတားဆီးရန် ရွေးကောက်ပွဲကော်မရှင်နှင့် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဆွေးနွေး
ရွေးကောက်ပွဲဆိုင်ရာ သတင်းအမှားတွေ၊ အမုန်းစကားတွေနဲ့ သတင်းအတုအယောင်တွေ ကာကွယ်တားဆီးဖို့ အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနဲ့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ အရှေ့တောင်အာရှဆိုင်ရာ ပြည်သူ့ရေးရာမူဝါဒ ဒါရိုက်တာ ရဖဲလ်ဖရန်ကယ်လို့ တွေ့ဆုံ ဆွေးနွေးကြပါတယ်။
ဒီဇင်ဘာ ၁၈ ရက် မနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ ကော် မရှင်ကသတင်းထုတ်ပြန်ပါတယ်။
တွေ့ဆုံရာမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူလူထုအသိပညာပေးခြင်းနဲ့ မဲဆန္ဒရှင်အသိပညာပေးခြင်းတို့အတွက် ဖေ့စ်ဘွတ်ခ်မှ ကူညီဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းစဉ်တွေဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲကို ကော်မရှင်အဖွဲ့ဝင်နဲ့ ကော်မရှင်ရုံးက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးတဲ့အကြောင်းအရာအသေးစိတ်နဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် အစီအ စဉ်တွေကိုတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိသေးပါဘူး။
၂၀၂၀ ရွေးကောက်ပွဲနီး လာတာနဲ့အမျှ ဖေ့စ်ဘွတ်ခ်ကိုအသုံးပြုပြီး နိုင်ငံရေးပါတီအလိုက် မဲဆွယ်စည်းရုံးဖို့အတွက် နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုလာကြတာ များလာ နေပါတယ်။
ဖေ့စ်ဘွတ်ခ်ပေါ်ကနေ မဲဆွယ်စည်းရုံးတာတွေကို ရွေးကောက်ပွဲကော်မရှင်အပါအဝင်သ သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းတွေအနေနဲ့ ထိန်းချုပ်ဖို့လိုနေပြီလို့ နိုင်ငံ ရေးပါတီ တချို့နဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်နေသူတွေက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကို ဘယ်လပိုင်းမှာ ကျင်းပမယ်ဆိုတာကိုတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေညာခြင်းမရှိသေး ပါဘူး။
====================================
END / 251
၁၉ ဒီဇင်ဘာ ၂၀၁၉ - ၁၇:၁၅
News ID: 995134
ေ႐ြးေကာက္ပြဲဆိုင္ရာ သတင္းအမွားေတြ၊ အမုန္းစကားေတြ နဲ႔ သတင္းအတုအေယာင္ေတြ ကာကြယ္တားဆီးဖို႔ အစီအ စဥ္ေတြနဲ႔ ပတ္သက္ၿပီး ျပည္ေထာင္စုေ႐ြးေကာက္ ပြဲေကာ္မ ရွင္ ဥကၠ႒ ဦးလွသိန္းနဲ႔ ေဖ့စ္ဘြတ္ခ္ကုမၸဏီရဲ႕ အေရွ႕ေတာင္ အာရွဆိုင္ရာ ျပည္သူ႔ေရးရာမူဝါဒ ဒါ႐ိုက္တာ ရဖဲလ္ဖရန္ ကယ္လို႔ ေတြ႕ဆုံေဆြးေႏြးၾကပါတယ္။