၂၀ ဒီဇင်ဘာ ၂၀၁၉ - ၁၄:၄၀
ရဲတပ္ဖြဲ႕ေလးခုက က်ပ္ သန္း ၆၀၀ ေက်ာ္ အလြဲသုံးစားလုပ္ခဲ့ဟု စာရင္းစစ္ခ်ဳပ္တင္ျပ

ျပည္ထဲေရးဝန္ႀကီးဌာနလက္ေအာက္ ရဲတပ္ဖြဲ႕ေလးခုက က်ပ္ သန္း ၆၀၀ ေက်ာ္အလြဲသုံးစားလုပ္ခဲ့ဟု စာရင္း စစ္ခ်ဳပ္က ျပည္ ေထာင္စုလႊတ္ေတာ္မွာ အစီရင္ခံတင္ျပခဲ့ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ျပည္ထဲေရးဝန္ႀကီးဌာနလက္ေအာက္ ရဲတပ္ဖြဲ႕ေလးခုက က်ပ္သန္း ၆၀၀ ေက်ာ္အလြဲသုံးစားလုပ္ခဲ့ဟု စာရင္း စစ္ခ်ဳပ္က ျပည္ေထာင္စုလႊတ္ေတာ္မွာ အစီရင္ခံတင္ျပခဲ့ပါတယ္။

ျပည္ေထာင္စုစာရင္းစစ္ခ်ဳပ္႐ုံးက ဒီဇင္ဘာ ၁၇ ရက္ေန႔ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ၂၀၁၈ ခုႏွစ္ ဧၿပီကေန စက္တင္ဘာလထိ ၆ လအတြက္ စစ္ေဆးေတြ႕ရွိ ခ်က္ အစီရင္ခံစာကို တင္သြင္းတာမွာ အခုလိုတင္ျပခဲ့တာပါ။

ျပည္ထဲေရးဝန္ႀကီးဌာန၊ ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ရဲ႕ ဟိုပန္ခ႐ိုင္ရဲတပ္ဖြဲ႕႐ုံး၊ မႏၲေလး အမွတ္(၄) လုံၿခဳံေရးရဲတပ္ဖြဲ႕ခြဲ (ေ႐ႊစာရံ)၊ စစ္ကိုင္း အမွတ္(၃) ရဲေလ့က်င့္ေရးသင္တန္း ေက်ာင္းနဲ႔ ေရနံေခ်ာင္း အမွတ္ (၁) ေရနံေျမလုံၿခဳံေရးရဲတပ္ဖြဲ႕ခြဲတို႔က ၂၀၁၇-၁၈ ဘ႑ာေရးႏွစ္မွာ က်ပ္သန္း ၆၀၀ ေက်ာ္ အလြဲသုံးစားလုပ္ခဲ့တယ္လို႔ ျပည္ေထာင္စုစာရင္း စစ္ခ်ဳပ္ ဦးေမာ္သန္းကိုယ္တိုင္ အစီရင္ခံခဲ့တာပါ။

“အလြဲသုံးစားျပဳေငြေတြျဖစ္တဲ့ ဟိုပန္ခ႐ိုင္ရဲတပ္ဖြဲ႕မႈး႐ုံး က်ပ္သန္း ၄၀၇ ဒသမ ၄၀၉၊ အမွတ္(၄) လုံၿခဳံေရး ရဲတပ္ဖြဲ႕ခြဲ (ေ႐ႊစာရံ) မႏၲေလး က်ပ္သန္း ၈၇ ဒႆမ ၈၉၄၊ အမွတ္(၃) ရဲေလ့က်င့္ေရးသင္တန္းေက်ာင္း စစ္ကိုင္းၿမိဳ႕ က်ပ္သန္း ၁၀၀ ဒႆမ ၅၀၅၊ အမွတ္(၁) ေရနံေျမလုံၿခဳံေရး ရဲတပ္ဖြဲ႕ခြဲ (ေရနံေခ်ာင္း) က်ပ္သန္း ၂၀ ဒႆမ ၈၅၃ တို႔မွာ ဟိုပန္ခ႐ိုင္ရဲတပ္ဖြဲ႕မႈး႐ုံး အလြဲသုံးစားျပဳေငြမွအပ က်န္အလြဲသုံးစားျပဳေငြေတြကို သက္ဆိုင္ရာေငြ ထုတ္စာရင္းေတြကို ျပန္လည္ေပးသြင္းၿပီးျဖစ္တာ ေတြ႕ရွိရပါတယ္ ” လို႔ ဦးေမာ္သန္းက ဆိုပါတယ္။

ဟိုပန္ခ႐ိုင္ရဲတပ္ဖြဲ႕မႈး႐ုံးရဲ႕ အလြဲသုံးစားျပဳေငြေတြကို အတတ္ႏိုင္ဆုံးျပန္လည္ရရွိေရး ႀကိဳးပမ္းေဆာင္႐ြက္ဖို႔နဲ႔ ႐ုံးခ်ဳပ္နဲ႔ ေဒသအသီးသီးရွိ ႐ုံးဌာနေတြက ဌာနတြင္း ႀကီးၾကပ္ ကြပ္ကဲမႈစနစ္ကို ျပန္လည္စိစစ္ျပင္ဆင္ဖို႔နဲ႔ လိုက္နာေဆာင္႐ြက္ေရး ႀကီးၾကပ္ကြပ္ကဲဖို႔ လိုအပ္တယ္လို႔လည္း ေျပာပါတယ္။

ဒါအျပင္ ပဲခူးတိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႈး႐ုံးရဲ႕ ကဝၿမိဳ႕နယ္ ကဒါက္စိန္နယ္ေျမရဲစခန္း(အခ်ဳပ္ပါ) အေဆာက္အအုံတလုံးေဆာက္လုပ္တဲ့လုပ္ငန္း (က်ပ္သန္း ၇၆ ဒသမ ၃၀၄) ကို စစ္ေဆးတာမွာလည္း ဘ႑ာေရးႏွစ္အတြင္း ၿပီးစီးေအာင္ ေဆာင္႐ြက္ႏိုင္ျခင္း မရွိတဲ့အတြက္ က်ပ္သန္း ၁၉ ဒသမ ၀၇၆ ကို ဘ႑ာေရးႏွစ္လြန္ အသုံးစရိတ္ စာရင္း တင္ေဆာင္႐ြက္ခဲ့ေပမယ့္ ၂၀၁၈ ခုႏွစ္ ဇြန္လ ၂၄ ထိ ၿပီးစီးမႈမရွိေၾကာင္း ေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနအေနနဲ႔လည္း ေျမာက္ဥကၠလာပၿမိဳ႕နယ္ သုဓမၼာလမ္း၊ ေျမကြက္အမွတ္ (၁၃၇/၈)၊ ဦးပိုင္အမွတ္(င)၊ ေျမဧရိယာ ၁ ဒသမ ၃၃၁ ဧကကို အေထြေထြအထူးကု ေဆး႐ုံတည္ေဆာက္ဖို႔ တႏွစ္ က်ပ္သိန္း ၁၂၀၊ ေျမပရီမီယံေၾကး တႏွစ္ က်ပ္သိန္း ၁၀၀ ႏႈန္းနဲ႔ ႏွစ္ ၅၀ ငွားရမ္း စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာမွာ သမၼတ႐ုံးကို မတင္ျပမီ ခ်ဳပ္ဆိုခဲ့တဲ့အတြက္ သမၼတ႐ုံးရဲ႕ ခြင့္ျပဳလမ္းၫြန္းခ်က္နဲ႔အညီ ေဆာင္႐ြက္ဖို႔ လိုအပ္တယ္လို႔လည္း အစီရင္ခံခဲ့ပါတယ္။

Unicode

ရဲတပ်ဖွဲ့လေးခုက ကျပ် သန်း ၆၀၀ ကျော် အလွဲသုံးစားလုပ်ခဲ့ဟု စာရင်းစစ်ချုပ်တင်ပြ

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက် ရဲတပ်ဖွဲ့လေးခုက ကျပ် သန်း ၆၀၀ ကျော် အလွဲသုံးစားလုပ်ခဲ့ဟု စာရင်း စစ်ချုပ်က ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံ တင်ပြ ခဲ့ပါတယ်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက ဒီဇင်ဘာ ၁၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ၂၀၁၈ ခုနှစ် ဧပြီကနေ စက်တင်ဘာလထိ ၆ လအတွက် စစ်ဆေး တွေ့ရှိချက် အစီရင်ခံစာကို တင်သွင်းတာမှာ အခုလိုတင်ပြခဲ့တာပါ။

ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့ရုံး၊ မန္တလေး အမှတ်(၄) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ (ရွှေစာရံ)၊ စစ်ကိုင်း အမှတ်(၃) ရဲလေ့ကျင့်ရေးသင် တန်းကျောင်းနဲ့ ရေနံချောင်း အမှတ် (၁) ရေနံမြေလုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့က ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်း ၆၀၀ ကျော် အလွဲသုံးစားလုပ်ခဲ့တယ်လို့ ပြည် ထောင်စုစာရင်း စစ်ချုပ် ဦးမော်သန်းကိုယ်တိုင် အစီရင်ခံခဲ့တာပါ။

“အလွဲသုံးစားပြုငွေတွေဖြစ်တဲ့ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှုးရုံး ကျပ်သန်း ၄၀၇ ဒသမ ၄၀၉၊ အမှတ်(၄) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (ရွှေစာရံ) မန္တလေး ကျပ်သန်း ၈၇ ဒဿမ ၈၉၄၊ အမှတ်(၃) ရဲလေ့ကျင့်ရေးသင်တန်းကျောင်း စစ်ကိုင်းမြို့ ကျပ်သန်း ၁၀၀ ဒဿမ ၅၀၅၊ အမှတ်(၁) ရေနံမြေလုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (ရေနံချောင်း) ကျပ်သန်း ၂၀ ဒဿမ ၈၅၃ တို့မှာ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှုးရုံး အလွဲသုံးစားပြုငွေမှအပ ကျန်အလွဲသုံးစားပြုငွေတွေကို သက်ဆိုင်ရာငွေ ထုတ်စာရင်းတွေကို ပြန်လည်ပေးသွင်းပြီးဖြစ်တာ တွေ့ရှိရပါတယ် ” လို့ ဦးမော်သန်းက ဆိုပါတယ်။

ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှုးရုံးရဲ့ အလွဲသုံးစားပြုငွေတွေကို အတတ်နိုင်ဆုံးပြန်လည်ရရှိရေး ကြိုးပမ်းဆောင်ရွက်ဖို့နဲ့ ရုံးချုပ်နဲ့ ဒေသအသီးသီးရှိ ရုံးဌာနတွေက ဌာနတွင်း ကြီးကြပ်ကွပ်ကဲမှုစနစ်ကို ပြန်လည်စိစစ်ပြင်ဆင်ဖို့နဲ့ လိုက်နာဆောင်ရွက်ရေး ကြီးကြပ်ကွပ်ကဲဖို့ လိုအပ်တယ်လို့လည်း ပြောပါတယ်။

ဒါအပြင် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှုးရုံးရဲ့ ကဝမြို့နယ် ကဒါက်စိန်နယ်မြေရဲစခန်း(အချုပ်ပါ) အဆောက်အအုံတလုံးဆောက်လုပ်တဲ့လုပ်ငန်း (ကျပ်သန်း ၇၆ ဒသမ ၃၀၄) ကို စစ်ဆေးတာမှာလည်း ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခြင်း မရှိတဲ့အတွက် ကျပ်သန်း ၁၉ ဒသမ ၀၇၆ ကို ဘဏ္ဍာရေးနှစ်လွန် အသုံးစရိတ် စာရင်းတင်ဆောင်ရွက်ခဲ့ပေမယ့် ၂၀၁၈ ခုနှစ် ဇွန်လ ၂၄ ထိ ပြီးစီးမှုမရှိကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေနဲ့လည်း မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်း၊ မြေကွက်အမှတ် (၁၃၇/၈)၊ ဦးပိုင်အမှတ်(င)၊ မြေဧရိယာ ၁ ဒသမ ၃၃၁ ဧကကို အထွေထွေအထူးကု ဆေးရုံတည်ဆောက်ဖို့ တနှစ် ကျပ်သိန်း ၁၂၀၊ မြေပရီမီယံကြေး တနှစ် ကျပ်သိန်း ၁၀၀ နှုန်းနဲ့ နှစ် ၅၀ ငှားရမ်း စာချုပ်ချုပ်ဆိုခဲ့ တာမှာ သမ္မတရုံးကို မတင်ပြမီ ချုပ်ဆိုခဲ့တဲ့အတွက် သမ္မတရုံးရဲ့ ခွင့်ပြုလမ်းညွန်းချက်နဲ့အညီ ဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း အစီရင်ခံခဲ့ပါတယ်။

====================================

END / 251