၂၃ ဒီဇင်ဘာ ၂၀၁၉ - ၁၅:၁၆
ဒုသမၼတ ေနအိမ္တြင္ က်င္းပသည့္ ခရစၥမတ္ပြဲေတာ္ ႏိုင္ငံေတာ္အႀကီးအကဲမ်ား တက္ေရာက္

ခရစၥမတ္ပြဲေတာ္နဲ႔ ေက်းဇူးေတာ္ခ်ီးမြမ္းျခင္း အခမ္းအနားကို ဒီဇင္ဘာ၂၁ရက္ညေနကေနျပည္ေတာ္ရွိဒုသမၼတဦးဟင္နရီဗန္ထီးယူရဲ႕ ေနအိမ္မွာ က်င္းပရာမွာ ႏိုင္ငံေတာ္ သမၼတ ဦး ဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္တို႔ အပါအဝင္ ႏိုင္ငံေတာ္ အႀကီးအကဲေတြ တက္ ေရာက္ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

ခရစၥမတ္ပြဲေတာ္နဲ႔ ေက်းဇူးေတာ္ခ်ီးမြမ္းျခင္း အခမ္းအနားကို ဒီဇင္ဘာ ၂၁ ရက္ ညေနက ေနျပည္ေတာ္ရွိ ဒုသမၼတ ဦးဟင္နရီဗန္ထီးယူရဲ႕ ေနအိမ္မွာ က်င္းပရာမွာ ႏိုင္ငံေတာ္ သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔ အပါအဝင္ ႏိုင္ငံေတာ္ အႀကီးအကဲေတြ တက္ေရာက္ပါတယ္။

အခမ္းအနားမွာ  သာသနာပိုင္ခ်ဳပ္ႀကီး စတီဗင္သန္းျမင့္ဦး၊ ရန္ကုန္ ကက္သလစ္ဂိုဏ္းခ်ဳပ္ သာသနာလက္ေထာက္ဆရာေတာ္ႀကီး Rev. John Saw Yaw Han၊ သိကၡာ ေတာ္ရဆရာႀကီး ေဒါက္တာတင္ေမာင္ထြန္း၊ သိကၡာေတာ္ရဆရာေတာ္ ေဒါက္တာေအးမင္း၊ ဘာသာေပါင္းစုံခ်စ္ၾကည္ညီၫြတ္ေရးအသင္းဥကၠ႒ဦးေသာင္းထိုက္တို႔ကခရစၥမတ္ တရားေဒသနာ ေဟာၾကား ဂုဏ္ေတာ္ ခ်ီးမြမ္း ဆုေတာင္းေမတၱာပို႔သခဲ့ၾကပါတယ္။

ခရစ္ယာန္ လူငယ္အသင္းအဖြဲ႕ေတြနဲ႔  ႏိုင္ငံေက်ာ္ ေတးသံရွင္ေတြကလည္း ခရစၥမတ္ ဓမၼေတးေတြ သီဆိုခဲ့ၾကသလို  ႏိုင္ငံေတာ္သမၼတ ဦးဝင္းျမင့္နဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္တို႔က ႏႈတ္ခြန္းဆက္ စကားေျပာၾကား ဆုမြန္ေကာင္းေတာင္းေပးခဲ့ၾကတယ္ လို႔ သမၼတ႐ုံးက သတင္းထုတ္ျပန္ပါတယ္။

Unicode

ဒုသမ္မတ နေအိမ်တွင် ကျင်းပသည့် ခရစ္စမတ်ပွဲတော် နိုင်ငံတော်အကြီးအကဲများ တက်ရောက်  

ခရစ္စမတ်ပွဲတော်နဲ့ ကျေးဇူးတော်ချီးမွမ်းခြင်း အခမ်းအနားကို ဒီဇင်ဘာ ၂၁ ရက် ညနေက နေပြည်တော်ရှိ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူရဲ့ နေအိမ်မှာ ကျင်းပရာမှာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် နိုင်ငံတော် အကြီးအကဲတွေ တက်ရောက်ပါတယ်။

အခမ်းအနားမှာ  သာသနာပိုင်ချုပ်ကြီး စတီဗင်သန်းမြင့်ဦး၊ ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ် သာသနာလက်ထောက်ဆရာတော်ကြီး Rev. John Saw Yaw Han၊ သိက္ ခာတော်ရဆရာကြီးဒေါက်တာတင်မောင်ထွန်း၊ သိက္ခာတော်ရဆရာတော် ဒေါက်တာအေးမင်း၊ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအသင်းဥက္ကဋ္ဌ ဦးသောင်းထိုက် တို့က  ခရစ္စမတ် တရားဒေသနာ ဟောကြား ဂုဏ်တော် ချီးမွမ်း ဆုတောင်းမေတ္တာပို့သခဲ့ကြပါတယ်။

ခရစ်ယာန် လူငယ်အသင်းအဖွဲ့တွေနဲ့  နိုင်ငံကျော် တေးသံရှင်တွေကလည်း ခရစ္စမတ် ဓမ္မတေးတွေ သီဆိုခဲ့ကြသလို  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က နှုတ်ခွန်းဆက် စကားပြောကြား ဆုမွန်ကောင်းတောင်းပေးခဲ့ကြတယ် လို့ သမ္မတရုံးက သတင်းထုတ်ပြန်ပါတယ်။

====================================

END / 251