၂၄ ဒီဇင်ဘာ ၂၀၁၉ - ၁၉:၅၀
လပြတၱာ (ပင္လယ္ေလး) တံတားကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္တက္ေရာက္ ဖြင့္လွစ္ေပး

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဧရာဝတီတိုင္းေဒသႀကီး၊ လပြတၱာၿမိဳ႕နယ္ကို ဒီကေန႔ ဒီဇင္ဘာ ၂၄ ရက္မနက္က သြားေရာက္ၿပီး လပြတၱာတံတား ဖြင့္ပြဲအခမ္း အနားကို တက္ေရာက္ဖြင့္လွစ္ခဲ့ပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဧရာဝတီတိုင္းေဒသႀကီး၊ လပြတၱာၿမိဳ႕နယ္ကို ဒီကေန႔ ဒီဇင္ဘာ ၂၄ ရက္မနက္က သြားေရာက္ၿပီး လပြတၱာတံတား ဖြင့္ပြဲအခမ္းအနားကို တက္ေရာက္ဖြင့္လွစ္ခဲ့ပါတယ္။

လပြတၱာ(ပင္လယ္ေလး)တံတားဟာလပြတၱာ – ေျမာင္းျမ – အိမ္မဲ လမ္းေပၚမွာ ပင္လယ္ေလးျမစ္ကို ျဖတ္ၿပီ  ႀကိဳးဆိုင္းတံတားအျဖစ္၁၉၉၈ခုႏွစ္ကစတင္ဖြင့္လွစ္အသုံးျပဳခဲ့ၿပီး ေနာက္ပိုင္းမွာ တံတားခံႏိုင္ဝန္ က်ဆင္းခဲ့လို႔ ျပဳျပင္ ျပင္ဆင္အဆင့္ျမႇင့္ ေဆာင္႐ြက္ခဲ့ရတာပါ။

လပြတၱာတံတားကို အဆင့္ျမႇင့္တင္ ေဆာင္႐ြက္ရာမွာ ပင္မတံတား ၊ Steel Box Girder ၊ သံကူကြန္ကရစ္ ဘိုးပိုင္ အမ်ိဳးအစာနဲ႔ ေျမာင္းျမဘက္ကမ္းမွာ အရွည္ ၃၇၀ ေပ ၊ ပင္မတံတား အရွည္ ၆၀၀ ေပ ၊ လပြတၱာ ဘက္ကမ္းမွာ အရွည္ ၃၇၀ ေပ  စုစုေပါင္း တံတားအရွည္ ၁၃၄၀ ေပ ရွိပါတယ္လို႔ ေဆာက္လုပ္ေရးဌာန သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ပင္လယ္ေလးတံတားၿပီးစီးဖြင့္ လွစ္ေပးခဲ့သည့္ အတြက္ ေဒသတြင္းသြားလာမႈနဲ႔ ကုန္စည္စီးဆင္းမႈ လြယ္ကူလ်င္ျမန္လာႏိုင္ေတာ့မယ္လို႔  ေဒသခံေတြက ေျပာပါတယ္။

တံတားတည္ေဆာက္တာနဲ႔ ပတ္သက္ၿပီး ေရလယ္ခန္းတည္ေဆာက္တာ၊ ခ်ိတ္ဆက္ လုပ္ငန္းေတြကို ဇူလိုင္လက စတင္ေဆာင္႐ြက္ခဲ့ၿပီး ခန္းဖြင့္ အက်ယ္ စုစုေပါင္း ၃၉၆ ဒသမ ၂၄ မီတာရွိေၾကာင္း သိရပါတယ္။

ပင္လယ္ေလးျမစ္ကူး မူလႀကိဳးတံတားေဟာင္းမွာ ခံႏိုင္ရည္ဝန္ က်ဆင္းလာတဲ့အတြက္ေဆာက္လုပ္ေရးဝန္ႀကီးဌာနတံတားဦးစီးဌာနတည္ေဆာက္ေရးအဖြဲ႕(၁)မွျပည္ေထာင္စု ဘတ္ဂ်က္နဲ႔ ၂၀၁၈ ခုႏွစ္ ေအာက္တိုဘာ ၁ ရက္က စတင္ကာ ျပန္လည္ျပဳျပင္တည္ေဆာက္ ခဲ့တာ ျဖစ္ပါတယ္။

လပြတၱာတံတားဟာ ေရလမ္းကင္းလြတ္ အျမင့္ ၂၉ ေပ၊ ေရလမ္းကင္းလြတ္ အက်ယ္ ၁၉၂ ေပရွိၿပီး တံတားခြင့္ျပဳတန္ခ်ိန္ တန္ ၆၀ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဟာ တံတားဖြင့္ပြဲအခမ္းအနားတက္ေရာက္ၿပီးပုသိမ္ၿမိဳ႕မွရန္ကုန္ၿမိဳ႕သို႔ေလေၾကာင္းခရီးနဲ႔ဒီကေန႔မြန္းလြဲပိုင္းမွာျပန္လည္ ေရာက္ရွိလာပါတယ္။

Unicode

လပွတ္တာ (ပင်လယ်လေး) တံတားကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်တက်ရောက် ဖွင့်လှစ်ပေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်ကို ဒီကနေ့ ဒီဇင်ဘာ ၂၄ ရက်မနက်က သွားရောက်ပြီး လပွတ္ တာတံတား ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ဖွင့်လှစ်ခဲ့ပါတယ်။

လပွတ္တာ(ပင်လယ်လေး)တံတားဟာ လပွတ္တာ – မြောင်းမြ – အိမ်မဲ လမ်းပေါ်မှာ ပင်လယ်လေးမြစ်ကို ဖြတ်ပြီး  ကြိုးဆိုင်းတံတား အဖြစ် ၁၉၉၈ ခုနှစ်ကစတင်ဖွင့် လှစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းမှာ တံတားခံနိုင်ဝန် ကျဆင်းခဲ့လို့ ပြုပြင် ပြင်ဆင်အဆင့်မြှင့် ဆောင်ရွက်ခဲ့ရတာပါ။

လပွတ္တာတံတားကို အဆင့်မြှင့်တင် ဆောင်ရွက်ရာမှာ ပင်မတံတား ၊ Steel Box Girder ၊ သံကူကွန်ကရစ် ဘိုးပိုင် အမျိုးအစာနဲ့ မြောင်းမြဘက်ကမ်းမှာ အရှည် ၃၇၀ ပေ ၊ ပင်မတံတား အရှည် ၆၀၀ ပေ ၊ လပွတ္တာ ဘက်ကမ်းမှာ အရှည် ၃၇၀ ပေ  စုစုပေါင်း တံတားအရှည် ၁၃၄၀ ပေ ရှိပါတယ်လို့ ဆောက်လုပ်ရေးဌာန သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပင်လယ်လေးတံတားပြီးစီးဖွင့် လှစ်ပေးခဲ့သည့် အတွက် ဒေသတွင်းသွားလာမှုနဲ့ ကုန်စည်စီးဆင်းမှု လွယ်ကူလျင်မြန်လာနိုင်တော့မယ်လို့ ဒေသခံတွေကပြောပါတယ်။

တံတားတည်ဆောက်တာနဲ့ ပတ်သက်ပြီး ရေလယ်ခန်းတည်ဆောက်တာ၊ ချိတ်ဆက် လုပ်ငန်းတွေကို ဇူလိုင်လက စတင်ဆောင်ရွက်ခဲ့ပြီး ခန်းဖွင့် အကျယ် စုစုပေါင်း ၃၉၆ ဒသမ ၂၄ မီတာရှိကြောင်း သိရပါတယ်။

ပင်လယ်လေးမြစ်ကူး မူလကြိုးတံတားဟောင်းမှာ ခံနိုင်ရည်ဝန် ကျဆင်းလာတဲ့အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့ (၁)မှ ပြည်ထောင်စု ဘတ်ဂျက်နဲ့ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်က စတင်ကာ ပြန်လည်ပြုပြင်တည်ဆောက် ခဲ့တာ ဖြစ်ပါတယ်။

လပွတ္တာတံတားဟာ ရေလမ်းကင်းလွတ် အမြင့် ၂၉ ပေ၊ ရေလမ်းကင်းလွတ် အကျယ် ၁၉၂ ပေရှိပြီး တံတားခွင့်ပြုတန်ချိန် တန် ၆၀ ဖြစ်တယ်လို့လည်း သိရပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ တံတားဖွင့်ပွဲအခမ်းအနား တက်ရောက်ပြီး ပုသိမ်မြို့မှ ရန်ကုန်မြို့သို့ လေကြောင်းခရီးနဲ့ ဒီကနေ့ မွန်းလွဲပိုင်း မှာ ပြန်လည် ရောက်ရှိလာပါတယ်။

====================================

END / 251